Thursday, April 6, 2017

Adding recovery email to an Mi account ( Mi account setting တွင် email ထပ်ဖြည်ခြင်း)( Mi account setting တြင္ email ထပ္ျဖည္ျခင္း)

How to add an recovery email to Mi account (Mi account တွင် email ထည့်သွင်းခြင်း)

Designer account ဖွင့်ချင်လို့ ဖုန်းနံပတ်နဲ့ ဖွင့်ထားတဲ့ Mi account  ကို ဖျက်ပြီး  Gmail  နဲ့  နောက်ထပ် Mi account အသစ်တခု ထပ်ဖွင့်စရာမလိုပါဘူး။ လက်ရှိ ရှိပြီးသား  Mi account မှာ email ( Gmail)  ထပ်ဖြည့်ပေးလိုက်ရင် ရပါတယ်။ Mi account  မှာ ဖုန်းနံပတ်ရော email ( Gmail)  ပါပါရှိတာက အကောင့် လုံခြုံရေး အတွက်လဲ ပိုကောင်းပါတယ်။
အဲဒီလို လက်ရှိ ဖုန်းနံပတ်နဲ့ ဖွင့်ထားတဲ့ဖုန်းမှာ email ( Gmail)  ထပ်ထည့်မယ်ဆိုရင် လိုအပ်တာတွေကတော့.
1.       Mi account
2.        ဝင်လာတဲ့ စာတွေကို ကိုယ်တိုင် အချိန်မရွေး ဖွင့်ဖတ်နိုင်တဲ့ ကိုယ်ပိုင် Active email ( Gmail)
3.       ဝင်လာတဲ့ မက်ဆေ့ကို လက်ခံရန် Mi account  ဖွင့်ထားတဲ့ နံပတ်နဲ့ဖုန်း

Mi account မှာ  email ထည့်နိုင်တဲ့နည်း၃ခုရှိပါတယ်။ 
၁. မီအကောင့်ဝင်ထားတဲ့ ဖုန်းရဲ့ ဆက်တင်ထဲမှာ။
၂. ဖုန်းရဲ့ ဝက်ဘ် ဘရောင်ဇာမှာ
၃. ကွန်ပြူတာ ဝက်ဘ်ဘရောင်ဇာမှာ.

(Designer account ဖြင့္ခ်င္လို႔ ဖုန္းနံပတ္နဲ႔ ဖြင့္ထားတဲ့ Mi account  ကို ဖ်က္ၿပီး  Gmail  နဲ႔  ေနာက္ထပ္ Mi account အသစ္တခု ထပ္ဖြင့္စရာမလိုပါဘူး။ လက္ရွိ ရွိၿပီးသား  Mi account မွာ email ( Gmail)  ထပ္ျဖည့္ေပးလိုက္ရင္ ရပါတယ္။ Mi account  မွာ ဖုန္းနံပတ္ေရာ email ( Gmail)  ပါပါရွိတာက အေကာင့္ လုံျခဳံေရး အတြက္လဲ ပိုေကာင္းပါတယ္။
အဲဒီလို လက္ရွိ ဖုန္းနံပတ္နဲ႔ ဖြင့္ထားတဲ့ဖုန္းမွာ email ( Gmail)  ထပ္ထည့္မယ္ဆိုရင္ လိုအပ္တာေတြကေတာ့.
1.       Mi account
2.       ဝင္လာတဲ့ စာေတြကို  ကိုယ္တိုင္အခ်ိန္မေရြး ဖြင့္ဖတ္နိုင္တဲ့ ကိုယ္ပိုင္ Active email ( Gmail)
3.       ဝင္လာတဲ့ မက္ေဆ့ကို လက္ခံရန္ Mi account  ဖြင့္ထားတဲ့ နံပတ္နဲ႔ဖုန္း

Mi account မွာ  email ထည့္နိုင္တဲ့နည္း၃ခုရွိပါတယ္။ 
၁. မီအေကာင့္ဝင္ထားတဲ့ ဖုန္းရဲ့ ဆက္တင္ထဲမွာ။
၂. ဖုန္းရဲ့ ဝက္ဘ္ ဘေရာင္ဇာမွာ
၃. ကြန္ျပဴတာ ဝက္ဘ္ဘေရာင္ဇာမွာ.ဪ 

ပထမဆုံး မီအကောင့်ဝင်ထားတဲ့ ဖုန်းရဲ့ ဆက်တင်ထဲမှာ email ( Gmail)ထပ်ဖြည့်တာကို အရင် လုပ်ပြပါမယ်။

ပထမဆုံး မီအေကာင့္ဝင္ထားတဲ့ ဖုန္းရဲ့ ဆက္တင္ထဲမွာ email ( Gmail)ထပ္ျဖည့္တာကို အရင္ လုပ္ျပပါမယ္။

      ၁. ဖုန်းရဲ့ setting ထဲက  Mi account ကို ဝင်ပါ။
၁     ၁.  ဖုန္းရဲ့ setting ထဲက  Mi account ကို ဝင္ပါ။

2      ၂. ကိုယ်ရေး အချက် အလက်တွေကို ဖြည့်ဖို့ အကောင့် နာမည်နဲ့ နံပတ် နေရာကို နှိပ်ပါ။
      ၂. ကိုယ္ေရး အခ်က္ အလက္ေတြကို ျဖည့္ဖို႔ အေကာင့္ နာမည္နဲ႔ နံပတ္ ေနရာကို ႏွိပ္ပါ။

3      ၃.  အကောင့်မှာ email ထပ်ဖြည့်ရန် Phone & email ခေါင်းစဉ်အောက်က email (None လို့ပြနေမယ်)  ကို နှိပ်ပါ.
      ၃.  အေကာင့္မွာ email ထပ္ျဖည့္ရန္ Phone & email ေခါင္းစဥ္ေအာက္က email (None လို႔ျပေနမယ္)  ကို ႏွိပ္ပါ.ေနရာကို ႏွိပ္ပါ။

၄.     email ထပ်ဖြည့်ရန် Mi account ကမိမိ အကောင့် ဖြစ်ကြောင်း သက်သေပြရန် ဆက်လုပ်ဖို့ OK  ကို နှိပ်ပါ။
       ၄.     email ထပ္ျဖည့္ရန္ Mi account ကမိမိ အေကာင့္ ျဖစ္ေၾကာင္း သက္ေသျပရန္ ဆက္လုပ္ဖို႔ OK  ကို ႏွိပ္ပါ။ (None လို႔ျပေနမယ္)  ကို ႏွိပ္ပါ.ေနရာကို ႏွိပ္ပါ။

5    ၅   Mi account  ဖွင့်ထားတဲ့ ဖုန်းနံပတ်ကို စိစစ်ရေး နံပတ် (Verification code) ပို့ရန် မိမိဖုန်းနံပတ် ဟုတ်မဟုတ် စိစစ်၍Send ကို နှိပ်ပါ။
       ၅   Mi account  ဖြင့္ထားတဲ့ ဖုန္းနံပတ္ကို စိစစ္ေရး နံပတ္ (Verification code) ပို႔ရန္ မိမိဖုန္းနံပတ္ ဟုတ္မဟုတ္ စိစစ္၍ Send ကို ႏွိပ္ပါ။

6     ၆.  ပြီးလျှင် ယာဘက်မှ စာလိမ်ကို ဝဲဘက်က အကွက်သို့ ကူးထည့်ပါ။
     ၆.  ၿပီးလၽွင္ ယာဘက္မွ စာလိမ္ကို ဝဲဘက္က အကြက္သို႔ ကူးထည့္ပါ။

7    ၇.    ပြီးလျှင် Submit ကို နှိပ်ပါ။ Mi service မှ ကုဒ်နံပတ်ကို အကောင့် မှတ်ပုံတင်ထားသော ဖုန်းသို့ မက်ဆေ့ဖြင့်ပို့ပါမည်။
       ၇.   ၿပီးလၽွင္ Submit ကို ႏွိပ္ပါ။ Mi service မွ ကုဒ္နံပတ္ကို အေကာင့္ မွတ္ပုံတင္ထားေသာ ဖုန္းသို႔ မက္ေဆ့ျဖင့္ပို႔ပါမည္။

        ၈. မက်ဆေ့နဲ့ပို့လာတဲ့ ကုဒ်နံပတ်ကိုဖွင့်တဲ့ အခါ လက်ရှိsetting နေရာကနေ လုံးဝ (လုံးဝ) မထွက်ပါနဲ့။ ဒီအတိုင်းထားပါ။ ဝင်လာတဲ့ မက်ဆေ့ကို နိုတီဘားမှာ ဖတ်လို့မရလျင် နိုတီဘားမှ ဆွဲချ၍ဖွင့်ပါ။
     ၈. မက္ေဆ့နဲ႔ပို႔လာတဲ့ ကုဒ္နံပတ္ကိုဖြင့္တဲ့ အခါ လက္ရွိ setting ေနရာကေန လုံးဝ (လုံးဝ) မထြက္ပါနဲ႔။ ဒီအတိုင္းထားပါ။ ဝင္လာတဲ့ မက္ေဆ့ကို နိုတီဘားမွာ ဖတ္လို႔မရလ်င္ နိုတီဘားမွ ဆြဲခ်၍ဖြင့္ပါ။

9     ၉. တမိနစ်ကျော်လို့မှ မက်ဆေ့မရောက်လျင် Resend ကိုနှိပ်၍ ထပ်တောင်းနိုင်သည်။ 
     ၉. တမိနစ္ေက်ာ္လို႔မွ မက္ေဆ့မေရာက္လ်င္ Resend ကိုႏွိပ္၍ ထပ္ေတာင္းနိုင္သည္။ 

         ၁၀. ကုဒ် ထပ်တောင်းပါက မက်ဆေ့ ၂ခုလုံးဝင်လာလျင် မှားနိုင်ပါသည်။ မက်ဆေ့ ရောက်ချိန်ကို ကြည့်ပြီး နောက်ဆုံးမက်ဆေ့ခ်ျက ကုဒ်ကိုယူပါ။
         ၁၀. ကုဒ္ ထပ္ေတာင္းပါက မက္ေဆ့ ၂ခုလုံးဝင္လာလ်င္ မွားနိုင္ပါသည္။ မက္ေဆ့ ေရာက္ခ်ိန္ကို ၾကည့္ၿပီး ေနာက္ဆုံးမက္ေဆ့ခ္်က ကုဒ္ကိုယူပါ။။ 

          ၁၁.  မက်ဆေ့ဖွင့် ပြီး ကုဒ်နံပတ် ကူးလျင် မက်ဆေ့မှ ပြန်ထွက်ပါက Back ကို တချက်ချင်း  ဖြည်းဖြည်း နှိပ် ထွက်လျင် စောစောက ချန်ထားခဲ့ သော ဆက်တင် မှကုဒ်ဖြည့်ရန်နေရာကို ပြန်ရောက်ပါသည်။
      Back ကို မြန်မြန်နှိပ်မိ၍ ဆက်တင်ပါ ပြန်ထွက်သွားပါက၊ ရလာသည့်ကုဒ်ဖြည့်ရန် နေရာမရှိတော့ သဖြင့် အစမှ ပြန်စရပါလိမ့်မည်။
          ၁၁.  မက္ေဆ့ဖြင့္ ၿပီး ကုဒ္နံပတ္ ကူးလ်င္ မက္ေဆ့မွ ျပန္ထြက္ပါက Back ကို တခ်က္ခ်င္း  ျဖည္းျဖည္း ႏွိပ္ ထြက္လ်င္ ေစာေစာက ခ်န္ထားခဲ့ ေသာ ဆက္တင္ မွကုဒ္ျဖည့္ရန္ေနရာကို ျပန္ေရာက္ပါသည္။

      Back ကို ျမန္ျမန္ႏွိပ္မိ၍ ဆက္တင္ပါ ျပန္ထြက္သြားပါက၊ ရလာသည့္ကုဒ္ျဖည့္ရန္ ေနရာမရွိေတာ့ သျဖင့္ အစမွ ျပန္စရပါလိမ့္မည္။

1    ၁၂.   သို့မဟုတ်ပါက ဝဲဘက် အောက်က Menu ခလုပ်ကို တချက်နှိပ်ပြီး Recent apps တွေ ထဲမှ setting ကို ဖွင့်၍လဲရပါသည်။
   ၁၂.   သို႔မဟုတ္ပါက ဝဲဘက္ ေအာက္က Menu ခလုပ္ကို တခ်က္ႏွိပ္ၿပီး Recent apps ေတြ ထဲမွ setting ကို ဖြင့္၍လဲရပါသည္။

1    ၁၃. မက်ဆေ့နဲ့ ရလာတဲ့ကုဒ်ကို ဝဲဘက်က အကွက်မှာပြန်ဖြည့်ပြီး Submit  ကိုနှိပ်ပါ။
    ၁၃. မက္ေဆ့နဲ႔ ရလာတဲ့ကုဒ္ကို ဝဲဘက္က အကြက္မွာျပန္ျဖည့္ၿပီး Submit  ကိုႏွိပ္ပါ။

         ၁၄  ပြီးလျင်တော့ email address ဆိုတဲ့ အကွက်ထဲမှာ ကိုယ့်ရဲ့ email (Gmail) ကို ဖြည့်ပြီး Next ကိုနှိပ်       ပါ။
       ၁၄  ၿပီးလ်င္ေတာ့ email address ဆိုတဲ့ အကြက္ထဲမွာ ကိုယ့္ရဲ့ email (Gmail) ကို ျဖည့္ၿပီး Next ကိုႏွိပ္ပါ။

1      ၁၅. Mi service မှ မိမိပေးထားသော email (Gmail) သို့ အတည်ပြုရန် (verification email) စာတစောင်          ပို့ပါမည်။ ထိုစာကိုဖွင့်၍ ပေးထားသောလင့်ကိုနှိပ်ပြီး မိမိ email (Gmail) ကို အတည်ပြုရပါမည်။  
      ၁၅. Mi service မွ မိမိေပးထားေသာ email (Gmail) သို႔ အတည္ျပဳရန္ (verification email) စာတေစာင္  ပို႔ပါမည္။ ထိုစာကိုဖြင့္၍ ေပးထားေသာလင့္ကိုႏွိပ္ၿပီး မိမိ email (Gmail) ကို အတည္ျပဳရပါမည္။  

1      ၁၆.  ဝင်လာသော email ကို Notification bar မှဖြစ်စေ Gmail app မှဖြစ်စေ ဖွင့်ပါ။
     ၁၆.  ဝင္လာေသာ email ကို Notification bar မွျဖစ္ေစ Gmail app မွျဖစ္ေစ ဖြင့္ပါ။

         ၁၇.   မိမိ email (Gmail) ကို အတည်ပြုရန် ဝင်လာသောစာမှ  Here  ကိုနှိပ်ပေးပါ။ 
          ၁၇.   မိမိ email (Gmail) ကို အတည္ျပဳရန္ ဝင္လာေသာစာမွ  Here  ကိုႏွိပ္ေပးပါ။

                  ၁၈. အဲဒီလို အတည်ပြုပေးပြီးလျင်တော့ ကိုယ့်ရဲ့ Mi account မှာ email  (Gmail) ချိတ်ပြီးသွားပါ                        ပြီ။
                    ၁၈. အဲဒီလို အတည္ျပဳေပးၿပီးလ်င္ေတာ့ ကိုယ့္ရဲ့ Mi account မွာ email  (Gmail) ခ်ိတ္ၿ             ပီး  သြားပါ  ၿပီ။

           ၁၉. .  Mi account  မှာ email  ပါရှိပြီ ဖြစ်၍  ဤအကောင့်ကိုသုံးပြီး Designer account ဖွင့်ချင်လျင် ဖွင့်လို့ရပါပြီ။
          ၁၉. Mi account  မွာ email  ပါရွိၿပီ ျဖစ္၍  ဤအေကာင့္ကိုသုံးၿပီး Designer account ဖြင့္ခ်င္လ်င္ ဖြင့္လို႔ရပါၿပီ။

         အားလုံး အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။
         ဖိုးသုည
         ၆-၄-၂၀၁၇

         အားလုံး အဆင္ေျပၾကမယ္လို႔ ေမၽွာ္လင့္ပါတယ္။
         ဖိုးသုည

         ၆-၄-၂၀၁၇

Friday, February 3, 2017

ခြေထောက်ကို ဆားရေစိမ်ပြီး စက်နဲ့ အဆိပ်ထုတ်မလား၊ အစားသောက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းလုပ်မလား။

ခြေထောက်ကို ဆားရေစိမ်ပြီး စက်နဲ့ အဆိပ်ထုတ်မလား၊ အစားသောက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းလုပ်မလား။

အခုလို သတင်း အချက် အလက်တွေ ပွင့်လင်းလာတဲ့ ခေတ်ကြီးမှာ လောလောဆယ် ခေတ်စားနေတဲ့ ခြေထောက်ရေစိမ်ပြီး အဆိပ်ထုတ်တဲ့ စက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှာဖွေခဲ့ပါတယ်။
စနစ်တကျ သုတေသနလုပ်ထားတဲ့ အထောက်အထားတွေ မတွေ့ရပါ။

စက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ခန္ဓာထဲက အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်တွေကို စက်က ခြေထောက်စိမ်ထားတဲ့ ဆားရည်က တဆင့် ionize  လုပ်တဲ့ နည်းတဲ့ ဖယ်ထုတ်ပေးတယ်။ အဲဒီ အဆိပ်တွေထွက်လာလို့ ရေအရောင်ပြောင်းတယ်. အမြှုပ်ထွက်တယ်လို့ ပြောပါတယ်။

- မလေးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့  ၂၀၀၅ ခုရီပို့တခုမှာ PLATINUM DETOX MACHINE နဲ့ ပတ်သက်ပြီး ဘာသုတေသန အချက်အလက်မှ မရှိသလို ထုတ်လုပ်သူဘက်ကလဲ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ သုတေသနအထောက်အထား ဘာမှ မပေးနိုင်ခဲ့ ဘူးလို့ပါပါတယ်။

- Nutritional body care ဆိုတဲ့ ဆေးခန်းကတော့  AOK စက်နဲ့ အဆိပ်အတောက်တွေကို ဘယ်လို ဖယ်ရှားပေးတယ်လို့ ရေးထားပေမဲ့ အောက်ဆုံးမှာ The AOK program does not intend to diagnose, treat, mitigate, prevent or cure any disease.  ဒီလိုအဆိပ်ထုတ်ခြင်းသည် ရောဂါတခုခုကို စစ်ဆေးပေးခြင်း ကုသပေးခြင်း မဟုတ်သလို ကာကွယ်ပေးတာလဲ မဟုတ်ပါဘူးလို့ မသိမသာ ဝန်ခံထားပါတယ်။  

- ၂၀၁၀ မှာ တော့ Deborah  နဲ့ အဖွဲ့က ဒီလို  စက်တွေနဲ့ အဆိပ်ထုတ်တာ တကယ် အကျိုးရှိ မရှိ ၁၂ပတ် ကြာစမ်းသပ်မှုတွေလုပ်ခဲ့ပါတယ်။

သူတို့ဟာ သာမန်ရေ၊ ပေါင်းခံရေ ၂မျိုးလုံးနဲ့  စက်ကို မသုံးခင်နဲ့  သုံးအပြီး ရေထဲက သတ္တုဓါတ်ပြောင်းလဲမှူကို ခြေထောက် စိမ်ပြီးရော၊ မစိမ်တာနဲ့ ပါ စမ်းပါတယ်။
အဆိပ်ထုတ်တဲ့ လူတွေရဲ့ ဆီးနဲ့ ဆံပင် (အဆိပ်ဓါတ်တွေ တော်တော်များများကို ကျောက်ကပ်ကစွန့်တာ မို့လို့ ဆီးထဲမှာ အများဆုံးပါပါတယ်။ ဆံပင်မှာကတော့ ခန္ဓာထဲကအဆိပ်ဓါတ်များ ပါဝင်ပြီး မပျောက်တော့တာမို့လို့ ဆံပင် အရင်းနဲ့ အဖျားမှာ ပါဝင်တဲ့ ဓါတ်တွေကို ကြည့်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်ဓါတ်တွေ ဘယ်တုန်းက ဘယ်လောက်များတယ်. နောက်တော့ ဘယ်လို ပြောင်းသွားတယ်ဆိုတာ သိနိုင်ပါတယ်။) မှာ ပါတဲ့ အဆိပ်ဖြစ်စေနိုင်တဲ့ ဓါတ်တော်တော်များများ ကို စစ်ဆေးကြပါတယ်။

မိနစ် ၃၀ ကြာ စက်နဲ့အဆိပ်ထုတ်တဲ့ အလုပ်လုပ်ပြီးရင် ပေါင်းခံရေဖြစ်စေ၊ ပိုက်ကလာတဲ့ ရေဖြစ်စေ၊ ရေထဲက သတ္တုဓါတ်တချို့ပိုများလားပါတယ်။ အဲလိုဖြစ်တာက ရေထဲမှာ ခြေထောက် မထည့်ထားလဲ ဒီလိုပဲဖြစ်ပါတယ်။ အဲဒီတော့ ခြေထာက်ထဲကနေ အဆိပ်တွေ ရေထဲကိုရောက်လာတယ်ဆိုတာ မဟုတ်ဘူးလို့ အဖြေထွက်လာပါတယ်။

ဆံပင် ( ၂ကြိမ်) နဲ့ ၂၄နာရီခံထားတဲ့ဆီး (၄ ကြီမ်) ကို  အဆိပ်မထုတ်မီနဲ့ အဆိပ်ထုတ်ပြီး နမူနာတွေမှာ ပါတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်တွေကို စစ်ဆေးခဲ့ပါတယ်။

စစ်ဆေး တွေ့ရှိချက်အားလုံးရဲ့ အဖြေတွေက ခြေထောက်ရေစိမ်ပြီး အဆိပ်ထုတ်တဲ့ စက်နဲ့ အဆိပ်ထုတ်ပေမဲ့ ခန္ဓာကိုယ်ထဲက အဆိပ်တွေဟာ တကယ်လျော့မသွားပဲ ရေထဲက ပြောင်းလဲမှုတွေကလဲ လူ့အန္ဓာက ထွက်လာတဲ့ အဆိပ်တွေကြောင့် ဖြစ်တာ မဟုတ်ဘူးလို့ အဖြေထွက်ပါတယ်။

မိနစ် ၃၀ ကြာ စက်နဲ့အဆိပ်ထုတ်တဲ့အခြ လူကခုံမှာထိုင်နေရပါတယ်။ လှုပ်ရှားမှု အလွန်နည်းပါတယ်။ ဖုန်းပဲ ပွတ်နေမှာပါ။

လေ့ကျင့်ခန်း မိနစ် ၃၀ လုပ်ရင်တော့ သွေးလှည့်ပတ်မှု ပိုကောင်းသလို နှလုံးနဲ့ အဆုတ်တွေလဲ သန်မာ၊ ခန္ဓာထဲက မလိုတဲ့ အဆိပ်တွေကိုလဲ ဆီးနဲ့ ချွေးကနေ ပိုမို စွန့်နိုင်ပြီး ကျန်းမာရေးကို အလွန် အထောက်အကူ ပြုတယ်ဆိုတာကိုတော့ သူတေသန ရာပေါင်းများစွာက သက်သေပြပြီး ဖြစ်သလို၊  ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးနဲ့ ကျန်းမာရေး ဌာနတွေအားလုံးကလဲ တိုက်တွန်းထားတာမို့ 
ဘာမှ မသေချာတဲ့ အဆိပ်ထုတ်စက်နဲ့ အဲလိုခုံပေါ်မှာ ထိုင်နေမဲ့ အစား  ကိုယ်လက်လှုပ်ရှားလုပ်ဖို့နဲ့ အစားသောက်ကို ကျန်းမာရေး အတွက် သင့်လျှော်တာကို ရွေးစားကြပါလို့ အကြံပြုပါရစေ။

ဖို့းသုည 04-02-2017
ကျမ်းကိုး
( လူတချို့ကတော့ နေရာတကာ သုတေသနလုပ်စရာ မလိုဘူးလို့ ဆိုပါတယ်၊ အဲဒီသူတွေပဲ သူတို့ မထောက်ခံတဲ့ ကိစ္စကိုတော့ သုတေသန အထောက်အထားမခိုင်လုံဘဲနဲ့ လာမပြောပါနဲ့လို့ ဆိုကြပြန်ပါတယ်။ )
 ***********************************************************

(ဇော်ဂျီဖွန့်)
 ေျခေထာက္ကို ဆားေရစိမ္ၿပီး စက္နဲ႔ အဆိပ္ထုတ္မလား၊ အစားေသာက္ဆင္ျခင္ၿပီး ေလ့က်င့္ခန္းလုပ္မလား။

အခုလို သတင္း အခ်က္ အလက္ေတြ ပြင့္လင္းလာတဲ့ ေခတ္ႀကီးမွာ ေလာေလာဆယ္ ေခတ္စားေနတဲ့ ေျခေထာက္ေရစိမ္ၿပီး အဆိပ္ထုတ္တဲ့ စက္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ ရွာေဖြခဲ့ပါတယ္။
စနစ္တက် သုေတသနလုပ္ထားတဲ့ အေထာက္အထားေတြ မေတြ႕ရပါ။

စက္ထုတ္လုပ္တဲ့ ကုမၸဏီေတြက ခႏၶာထဲက အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓါတ္ေတြကို စက္က ေျခေထာက္စိမ္ထားတဲ့ ဆားရည္က တဆင့္ ionize  လုပ္တဲ့ နည္းတဲ့ ဖယ္ထုတ္ေပးတယ္။ အဲဒီ အဆိပ္ေတြထြက္လာလို႔ ေရအေရာင္ေျပာင္းတယ္. အျမႇုပ္ထြက္တယ္လို႔ ေျပာပါတယ္။

- မေလးရွား က်န္းမာေရးဝန္ႀကီးဌာနရဲ့  ၂၀၀၅ ခုရီပို႔တခုမွာ PLATINUM DETOX MACHINE နဲ႔ ပတ္သက္ၿပီး ဘာသုေတသန အခ်က္အလက္မွ မရွိသလို ထုတ္လုပ္သူဘက္ကလဲ လိုအပ္တဲ့ ေဆးဘက္ဆိုင္ရာ သုေတသနအေထာက္အထား ဘာမွ မေပးနိုင္ခဲ့ ဘူးလို႔ပါပါတယ္။

- Nutritional body care ဆိုတဲ့ ေဆးခန္းကေတာ့  AOK စက္နဲ႔ အဆိပ္အေတာက္ေတြကို ဘယ္လို ဖယ္ရွားေပးတယ္လို႔ ေရးထားေပမဲ့ ေအာက္ဆုံးမွာ The AOK program does not intend to diagnose, treat, mitigate, prevent or cure any disease.  ဒီလိုအဆိပ္ထုတ္ျခင္းသည္ ေရာဂါတခုခုကို စစ္ေဆးေပးျခင္း ကုသေပးျခင္း မဟုတ္သလို ကာကြယ္ေပးတာလဲ မဟုတ္ပါဘူးလို႔ မသိမသာ ဝန္ခံထားပါတယ္။  

- ၂၀၁၀ မွာ ေတာ့ Deborah  နဲ႔ အဖြဲ႕က ဒီလို  စက္ေတြနဲ႔ အဆိပ္ထုတ္တာ တကယ္ အက်ိဳးရွိ မရွိ ၁၂ပတ္ ၾကာစမ္းသပ္မွုေတြလုပ္ခဲ့ပါတယ္။

သူတို႔ဟာ သာမန္ေရ၊ ေပါင္းခံေရ ၂မ်ိဳးလုံးနဲ႔  စက္ကို မသုံးခင္နဲ႔  သုံးအၿပီး ေရထဲက သတၱဳဓါတ္ေျပာင္းလဲမွူကို ေျခေထာက္ စိမ္ၿပီးေရာ၊ မစိမ္တာနဲ႔ ပါ စမ္းပါတယ္။
အဆိပ္ထုတ္တဲ့ လူေတြရဲ့ ဆီးနဲ႔ ဆံပင္ (အဆိပ္ဓါတ္ေတြ ေတာ္ေတာ္မ်ားမ်ားကို ေက်ာက္ကပ္ကစြန္႔တာ မို႔လို႔ ဆီးထဲမွာ အမ်ားဆုံးပါပါတယ္။ ဆံပင္မွာကေတာ့ ခႏၶာထဲကအဆိပ္ဓါတ္မ်ား ပါဝင္ၿပီး မေပ်ာက္ေတာ့တာမို႔လို႔ ဆံပင္ အရင္းနဲ႔ အဖ်ားမွာ ပါဝင္တဲ့ ဓါတ္ေတြကို ၾကည့္ၿပီး ခႏၶာကိုယ္ထဲက အဆိပ္ဓါတ္ေတြ ဘယ္တုန္းက ဘယ္ေလာက္မ်ားတယ္. ေနာက္ေတာ့ ဘယ္လို ေျပာင္းသြားတယ္ဆိုတာ သိနိုင္ပါတယ္။) မွာ ပါတဲ့ အဆိပ္ျဖစ္ေစနိုင္တဲ့ ဓါတ္ေတာ္ေတာ္မ်ားမ်ား ကို စစ္ေဆးၾကပါတယ္။

မိနစ္ ၃၀ ၾကာ စက္နဲ႔အဆိပ္ထုတ္တဲ့ အလုပ္လုပ္ၿပီးရင္ ေပါင္းခံေရျဖစ္ေစ၊ ပိုက္ကလာတဲ့ ေရျဖစ္ေစ၊ ေရထဲက သတၱဳဓါတ္တခ်ိဳ႕ပိုမ်ားလားပါတယ္။ အဲလိုျဖစ္တာက ေရထဲမွာ ေျခေထာက္ မထည့္ထားလဲ ဒီလိုပဲျဖစ္ပါတယ္။ အဲဒီေတာ့ ေျခထာက္ထဲကေန အဆိပ္ေတြ ေရထဲကိုေရာက္လာတယ္ဆိုတာ မဟုတ္ဘူးလို႔ အေျဖထြက္လာပါတယ္။

ဆံပင္ ( ၂ႀကိမ္) နဲ႔ ၂၄နာရီခံထားတဲ့ဆီး (၄ ႀကီမ္) ကို  အဆိပ္မထုတ္မီနဲ႔ အဆိပ္ထုတ္ၿပီး နမူနာေတြမွာ ပါတဲ့ အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓါတ္ေတြကို စစ္ေဆးခဲ့ပါတယ္။

စစ္ေဆး ေတြ႕ရွိခ်က္အားလုံးရဲ့ အေျဖေတြက ေျခေထာက္ေရစိမ္ၿပီး အဆိပ္ထုတ္တဲ့ စက္နဲ႔ အဆိပ္ထုတ္ေပမဲ့ ခႏၶာကိုယ္ထဲက အဆိပ္ေတြဟာ တကယ္ေလ်ာ့မသြားပဲ ေရထဲက ေျပာင္းလဲမွုေတြကလဲ လူ႔အႏၶာက ထြက္လာတဲ့ အဆိပ္ေတြေၾကာင့္ ျဖစ္တာ မဟုတ္ဘူးလို႔ အေျဖထြက္ပါတယ္။

မိနစ္ ၃၀ ၾကာ စက္နဲ႔အဆိပ္ထုတ္တဲ့အၿခ လူကခုံမွာထိုင္ေနရပါတယ္။ လွုပ္ရွားမွု အလြန္နည္းပါတယ္။ ဖုန္းပဲ ပြတ္ေနမွာပါ။

ေလ့က်င့္ခန္း မိနစ္ ၃၀ လုပ္ရင္ေတာ့ ေသြးလွည့္ပတ္မွု ပိုေကာင္းသလို ႏွလုံးနဲ႔ အဆုတ္ေတြလဲ သန္မာ၊ ခႏၶာထဲက မလိုတဲ့ အဆိပ္ေတြကိုလဲ ဆီးနဲ႔ ေခၽြးကေန ပိုမို စြန္႔နိုင္ၿပီး က်န္းမာေရးကို အလြန္ အေထာက္အကူ ျပဳတယ္ဆိုတာကိုေတာ့ သူေတသန ရာေပါင္းမ်ားစြာက သက္ေသျပၿပီး ျဖစ္သလို၊  ကမၻာ့ က်န္းမာေရး အဖြဲ႕ႀကီးနဲ႔ က်န္းမာေရး ဌာနေတြအားလုံးကလဲ တိုက္တြန္းထားတာမို႔ 
ဘာမွ မေသခ်ာတဲ့ အဆိပ္ထုတ္စက္နဲ႔ အဲလိုခုံေပၚမွာ ထိုင္ေနမဲ့ အစား  ကိုယ္လက္လွုပ္ရွားလုပ္ဖို႔နဲ႔ အစားေသာက္ကို က်န္းမာေရး အတြက္ သင့္ေလၽွာ္တာကို ေရြးစားၾကပါလို႔ အႀကံျပဳပါရေစ။

ဖို႔းသုည 04-02-2017
က်မ္းကိုး
http://moh.gov.my/modules_resources/index/database_stores/99/347_40.pdf
https://www.ncbi.nlm.nih.gov/pubmed/22174728
https://www.ncbi.nlm.nih.gov/pmc/articles/PMC3228292/
https://www.hindawi.com/journals/jeph/2012/258968/
http://www.nutritionalbodycare.com/aok-ion-detox-footbath.html
( လူတခ်ိဳ႕ကေတာ့ ေနရာတကာ သုေတသနလုပ္စရာ မလိုဘူးလို႔ ဆိုပါတယ္၊ အဲဒီသူေတြပဲ သူတို႔ မေထာက္ခံတဲ့ ကိစၥကိုေတာ့ သုေတသန အေထာက္အထားမခိုင္လုံဘဲနဲ႔ လာမေျပာပါနဲ႔လို႔ ဆိုၾကျပန္ပါတယ္။ )

Monday, October 24, 2016

နေပူထဲရပ်ထားတဲ့ ကားနဲ့ ဘင်ဇင်း (ေနပူထဲရပ္ထားတဲ့ ကားနဲ႔ ဘင္ဇင္း)

ကားထဲဝင္ဝင္ခ်င္း ျပဴတင္မွန္ဖြင့္ျပိး ေလပူေတြထြက္ေစတာ ေကာင္းတဲ့ အက်င့္ပါ။
အဲကြန္း ဖြင့္တာ မဖြင့္တာ အဓိက မဟုတ္ပါ။
ေလပူေလ်ာ့ေတာ့ လူလဲေနသာ ေလလဲသန့္ ကားအဲကြန္းလဲ သက္သာ၊ ဆီလဲသက္သာတာေပါ့။
တခုရွိတာက အလစ္သမား ေတြက ကိုယ္ ျပူတင္းမွန္ဖြင့္ထားျပီး ကားထြက္ဖို့ အလုပ္ရွုပ္ေနတုန္း တဖက္ ျပူတင္း ေပါက္ကေန ကားထဲကခံုေပၚခ်ထားတဲ့ အိတ္ကို ဆြဲေျပးတတ္ၾကတယ္ဆိုတာပါဘဲ။
(တခုရွိတာက အလစ္သမား ေတြက ကိုယ္ ျပူတင္းမွန္ဖြင့္ထားျပီး ကားထြက္ဖို့ အလုပ္ရွုပ္ေနတုန္း တဖက္ ျပူတင္း ေပါက္ကေန ကားထဲကခံုေပၚခ်ထားတဲ့ အိတ္ကို ဆြဲေျပးတတ္ၾကတယ္ဆိုတာပါဘဲ။)
လံုျခံုေရးအတြက္ကေတာ့ (အထူးသျဖင့္ အမ်ိဳးသမီးမ်ား) ကားထဲေရာက္တာနဲ့ တံခါးေသာ့ ခ် ျပီး ပတ္ဝန္းက်င္ကို ေသခ်ာ စစ္ေဆးဖို့ပါ၊ ျပီးမွ ျပူတင္းဖြင့္ခ်င္ဖြင့္ေပါ့။
အဲကြန္းေတြက ၃၀% အျပင္ေလ ကို ထဲ့ေပးျပိး က်န္ ၇၀ % က အတြင္း က ေလေအးကို
ျပန္ လည္ပတ္ေစတယ္လို့ ဆိုပါတယ္။
ကားထဲမွာ ဘန္ဇင္းနည္းနည္း ရွိေပမဲ့ အဲကြန္းဖြင့္ရင္ အနည္းဆံုး အဲဒီထဲ ေလသန့္ ၃၀% လာေရာတယ္ဆိုတာလဲ သိထားဖို့လိုပါတယ္။
အဲကြန္းကို အျပင္ေလသြင္းျပီး ဖြင့္ရင္ေတာ့ ပိုေကာင္းတာေပါ့၊ ဆီေတာ့ နဲနဲပိုကုန္သြားသေပါ့။
တခုေျပာခ်င္တာက ေဆးလိပ္ေသာက္လို့ ၊ သူမ်ားေဆးလိပ္ေငြ့ကို ခဏခဏရွဴရလို့ ကင္ဆာျဖစ္နိုင္ေျခက ပိုေသခ်ာျပီး ကားထဲက ဘန္ဇင္းထက္ အႏၱရာယ္ ပိုမ်ားပါတယ္၊

ျပန့္ေနတဲ့ သတင္းက
( ကားေမာင္းတဲ့သူေတြ လုပ္ေလ့ရွိတဲ့ ဒီအမွားေတြက အသက္အႏၱရာယ္ကိုပါ ထိခိုက္ေစႏိုင္
-------
ကားေပၚထုိင္ျပီး အင္ဂ်င္ဖြင့္လိုက္တုိင္း သင့္က်န္းမာေရးနဲ႔ သင္နဲ႔ ရိွေနသူမ်ားရဲ႕ က်န္းမာေရး ထိခုိက္ေစတာ သိပါသလား။ အဲဒီအေၾကာင္း သိဖုိ႔ ဒီစာကို ဆက္ဖတ္ၾကည့္ပါ။ မ်ားေသာအားျဖင့္ ကားကို အျပင္မွာ ရပ္ထားတဲ့အခါ တံခါးဖြင့္တယ္။ အရိပ္ေကာင္းေကာင္းေလးမွာ ရပ္ထားတဲ့အခ်က္က ေရနံနဲ႔ ကတၱရာမွရတဲ့ ဗင္ဇင္း ဓာတ္ေဆးရည္ benzene ၄၀၀- ၈၀၀ မီလီဂရမ္ စုေဆာင္းႏုိင္ျခင္းေၾကာင့္ ျဖစ္ပါတယ္။
ဒီေနရာမွာ ကားကို အပူခ်ိန္ ၁၆ ဒီဂရီဆဲလ္စီးယပ္စ္ထက္ မ်ားတဲ့ ေနပူထဲ ရပ္ထားတဲ့အခါ benzene ပမာဏ ၂၀၀၀-၄၀၀၀ မီလီဂရမ္ ရရိွႏုိင္ျပီး လက္ခံႏုိင္တဲ့ အဆင့္ထက္ အဆ ၄၀ ေတာင္ ပုိျမင့္ပါတယ္။ ဒါကို မွန္တံခါးပိတ္ထားတဲ့ ကားေပၚထိုင္ျခင္းျဖင့္ လုပ္ေဆာင္မိႏုိင္ပါတယ္။ လူေတြ benzene ရွဴမိျပီး အဲဒီအဆိပ္ဟာ ေက်ာက္ကပ္၊ အသည္းနဲ႔ အရုိးတစ္ရွဴး အက်ဳိးသက္ေရာက္ေစတာ မသိၾကပါ။
ေလေအးေပးစက္ မဖြင့္မီ ဓာတ္ေငြ႔သြင္းျခင္းနဲ႔ ေလေအးေပးစက္က ပူေႏြးတဲ့ ေလဝင္ေလထြက္ ျဖစ္ေပၚေစတယ္။ အဲဒါေၾကာင့္ beneze ဟာ ေရာဂါျဖစ္ေစတဲ့ အဆိပ္အေတာက္ေတြပဲ ျဖစ္ပါတယ္။ ကားမွန္တံခါးကို ႏွစ္မိနစ္ ဖြင့္ထားျပီးေနာက္ A/C ဖြင့္ထားသင့္ ပါတယ္။ ျပီးတဲ့အျပင္ ကားစက္ႏုိးတဲ့အခါမွာလည္း ကားမွန္ကို ေနာက္ထပ္ ၂ မိနစ္ ဖြင့္လ်က္ ထားပါ။ အဆိပ္မသင့္ေအာင္ ကာကြယ္ဖုိ႔ အထူးရည္မွန္းခ်က္တစ္ခုအျဖစ္ ကားေပၚေရာက္ေနတုန္း ဒီအေလ့အက်င့္ ပ်ဳိးေထာင္ေပးသင့္ပါတယ္။
Ref:healthadvisor-team
ေပၚထြန္း - Trend Myanmar)

ဒီရွဲထားတဲ့ ထဲပါတဲ့ သတင္းကိုေတာ့ ခ်င့္ယံုၾကေပါ့ ဗ်ာ။ ကားတစီးထဲမွာ ဘန္ဇင္း ၂၀၀၀- ၄၀၀၀ မီလီဂရမ္ ရွိတယ္ ဆိုတဲ့ တုိင္းတာမွဳ မ်ိဳး မရွိပါ။ အေလးခ်ိန္တင္ေျပာလို့လဲမရပါ ၊ ေလထုပမာဏ ဘယ္ေလာက္မွာ (ဥပမာ က်ူပစ္မီတာ) ဘင္ဇင္းဘယ္ေလာက္ မီလီဂရမ္ဆိုတာမ်ိဳးဘဲ ေရးပါတယ္။
ပူရင္ ဘန္ဇင္းပိုထြက္တာ မွန္ပါတယ္။ ၄၀% ပိုထြက္တယ္ ဆိုတာအပူခ်ိန္ ၇၀ (ဆဲလ္စီးယပ္) စင္တီဂရိတ္မွပါ။
ဒီစာထဲပါတဲ့ ၁၆ ဆဲလ္စီးယပ္ ဆိုရင္ မပူယံုမက ခ်မ္းလို့ တုန္ေတာင္ေနပါတယ္။
ျမန္မာျပည္ အပူခ်ိန္ က ေျမျပန့္ဆို ၃၀ -၃၈ ဆဲလ္စီးယပ္ ေလာက္ ရွိျပီး ေနပူထဲ ကား တံခါးပိတ္ ရပ္ထားရင္ေတာ့ ၆၀-၇၀ ဆဲလ္စီးယပ္ ေရာက္ေကာင္း ေရာက္ပါလိမ့္မယ္။
ဒီ http://www.ncbi.nlm.nih.gov/pubmed/19729200 သုေတသနက e.g. benzene concentrations reached values of up to 149.1 microg m(-3). Overall concentrations were 40% higher in summer, with temperatures inside the cars reaching up to 70 degrees C ဆိုပါတယ္။
149.1 မိုက္ခရိုဂရမ္ဆိုတာ ၀.၁၄၉၁ မီလီဂရမ္ေပါ့။
ဘန္ဇင္းေၾကာင့္ ေသြးကင္ဆာေတြျဖစ္နိုင္ပါတယ္။ ေနပူထဲကကားထဲမွာ ဒိရွဲထားတဲ့ သတင္းထဲက ေလာက္မ်ားတဲ့ ဘန္ဇင္းေတြ့တယ္ဆိုတဲ့ သုေတသန မရွိေသးဘူးလို့ အေမရိကန္ ကင္ဆာ အဖြဲ့ကဆိုထားပါတယ္။
ျပန့္ေနတဲ့ သတင္းထဲက အခ်က္အလက္ တခုခ်င္းကို အခ်က္အလက္နဲ့ ရွင္းျပထားတာ ဒီမွာ ဖတ္နိုင္ပါတယ္။
http://blogs.cancer.org/…/is-your-car-killing-you-with-ben…/
တကယ္ေတာ့ ရပ္ထားတဲ့ အလံုပိတ္ ကားေတြထဲမွာ ဘန္ဇင္းသာမက volatile organic compounds (VOCs) ဆိုတဲ့ အေငြ့ ေပါင္းစံုပါပါတယ္။ အထူးသျဖင့္ေတာ့ ကားအသစ္ေတြ ေနပူပူၾကီးထဲရပ္ထားရင္ေပါ့။
ကားအသစ္ေတြထဲမွာေတာ့ ဗီႏိုင္း ကလိုရြိုက္ ကဒုကၡ ေပးေကာင္း ေပးႏိုင္တယ္လို့ဆိုပါတယ္။ ဗီႏိုင္း ကလိုရြိုက္ မ်ားမ်ားရွဴမိရင္ မူးေဝ ေအာ့အန္တာကေန သိပ္မ်ားရင္ သတိလစ္ႏိုင္ျပီး
အမ်ားၾကီးကို အၾကာၾကီး ရွဴမိ သူေတြဆိုရင္ေတာ့ အသည္း ကိုထိခိုက္ႏိုင္တယ္ အသည္းကင္ဆာ ျဖစ္ႏိုင္တယ္ ဆိုပါတယ္။
ဒါေပမဲ့ ကားထဲမွာေတာ့ အဲေလာက္ အႏၱရာယ္ ျဖစ္နိုင္တဲ့ ပမာဏ မေတြရပါဘူးတဲ့။
ဒီ http://greenguard.org/…/Reformat_Indoor_Air_Quality_Hazards… စာတမ္းကေတာ့ ကားအသစ္ဆို ပထမ ၆ လ ေလာက္ကို ေနပူထဲ ၾကာၾကာရပ္ထားရင္ ကားထဲဝင္တဲ့ အခါ အစပိုင္းမွာ အျပင္ေလနဲ့ လည္ပတ္ဖို့ (သို့) ျပူတင္းတျခမ္းခဏဖြင့္ ဖို့ အၾကံေပးပါတယ္။

(ယူနီကုဒ်)
ကားထဲဝင်ဝင်ချင်း ပြူတင်မှန်ဖွင့်ပြိး လေပူတွေထွက်စေတာ ကောင်းတဲ့ အကျင့်ပါ။ အဲကွန်း ဖွင့်တာ မဖွင့်တာ အဓိက မဟုတ်ပါ။ လေပူလျော့တော့ လူလဲနေသာ လေလဲသန့် ကားအဲကွန်းလဲ သက်သာ၊ ဆီလဲသက်သာတာပေါ့။ တခုရှိတာက အလစ်သမား တွေက ကိုယ် ပြူတင်းမှန်ဖွင့်ထားပြီး ကားထွက်ဖို့ အလုပ်ရှုပ်နေတုန်း တဖက် ပြူတင်း ပေါက်ကနေ ကားထဲကခုံပေါ်ချထားတဲ့ အိတ်ကို ဆွဲပြေးတတ်ကြတယ်ဆိုတာပါဘဲ။ (တခုရှိတာက အလစ်သမား တွေက ကိုယ် ပြူတင်းမှန်ဖွင့်ထားပြီး ကားထွက်ဖို့ အလုပ်ရှုပ်နေတုန်း တဖက် ပြူတင်း ပေါက်ကနေ ကားထဲကခုံပေါ်ချထားတဲ့ အိတ်ကို ဆွဲပြေးတတ်ကြတယ်ဆိုတာပါဘဲ။)
လုံခြုံရေးအတွက်ကတော့ (အထူးသဖြင့် အမျိုးသမီးများ) ကားထဲရောက်တာနဲ့ တံခါးသော့ ချ ပြီး ပတ်ဝန်းကျင်ကို သေချာ စစ်ဆေးဖို့ပါ၊ ပြီးမှ ပြူတင်းဖွင့်ချင်ဖွင့်ပေါ့။ အဲကွန်းတွေက ၃၀% အပြင်လေ ကို ထဲ့ပေးပြိး ကျန် ရ၀ % က အတွင်း က လေအေးကို ပြန် လည်ပတ်စေတယ်လို့ ဆိုပါတယ်။ ကားထဲမှာ ဘန်ဇင်းနည်းနည်း ရှိပေမဲ့ အဲကွန်းဖွင့်ရင် အနည်းဆုံး အဲဒီထဲ လေသန့် ၃၀% လာရောတယ်ဆိုတာလဲ သိထားဖို့လိုပါတယ်။ အဲကွန်းကို အပြင်လေသွင်းပြီး ဖွင့်ရင်တော့ ပိုကောင်းတာပေါ့၊ ဆီတော့ နဲနဲပိုကုန်သွားသပေါ့။ တခုပြောချင်တာက ဆေးလိပ်သောက်လို့ ၊ သူများဆေးလိပ်ငွေ့ကို ခဏခဏရှူရလို့ ကင်ဆာဖြစ်နိုင်ခြေက ပိုသေချာပြီး ကားထဲက ဘန်ဇင်းထက် အန္တရာယ် ပိုများပါတယ်၊
ပြန့်နေတဲ့ သတင်းက ( ကားမောင်းတဲ့သူတွေ လုပ်လေ့ရှိတဲ့ ဒီအမှားတွေက အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင် ------- ကားပေါ်ထိုင်ပြီး အင်ဂျင်ဖွင့်လိုက်တိုင်း သင့်ကျန်းမာရေးနဲ့ သင်နဲ့ ရှိနေသူများရဲ့ ကျန်းမာရေး ထိခိုက်စေတာ သိပါသလား။ အဲဒီအကြောင်း သိဖို့ ဒီစာကို ဆက်ဖတ်ကြည့်ပါ။ များသောအားဖြင့် ကားကို အပြင်မှာ ရပ်ထားတဲ့အခါ တံခါးဖွင့်တယ်။ အရိပ်ကောင်းကောင်းလေးမှာ ရပ်ထားတဲ့အချက်က ရေနံနဲ့ ကတ္တရာမှရတဲ့ ဗင်ဇင်း ဓာတ်ဆေးရည် benzene ၄၀၀- ၈၀၀ မီလီဂရမ် စုဆောင်းနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒီနေရာမှာ ကားကို အပူချိန် ၁၆ ဒီဂရီဆဲလ်စီးယပ်စ်ထက် များတဲ့ နေပူထဲ ရပ်ထားတဲ့အခါ benzene ပမာဏ ၂၀၀၀-၄၀၀၀ မီလီဂရမ် ရရှိနိုင်ပြီး လက်ခံနိုင်တဲ့ အဆင့်ထက် အဆ ၄၀ တောင် ပိုမြင့်ပါတယ်။ ဒါကို မှန်တံခါးပိတ်ထားတဲ့ ကားပေါ်ထိုင်ခြင်းဖြင့် လုပ်ဆောင်မိနိုင်ပါတယ်။ လူတွေ benzene ရှူမိပြီး အဲဒီအဆိပ်ဟာ ကျောက်ကပ်၊ အသည်းနဲ့ အရိုးတစ်ရှူး အကျိုးသက်ရောက်စေတာ မသိကြပါ။ လေအေးပေးစက် မဖွင့်မီ ဓာတ်ငွေ့သွင်းခြင်းနဲ့ လေအေးပေးစက်က ပူနွေးတဲ့ လေဝင်လေထွက် ဖြစ်ပေါ်စေတယ်။ အဲဒါကြောင့် beneze ဟာ ရောဂါဖြစ်စေတဲ့ အဆိပ်အတောက်တွေပဲ ဖြစ်ပါတယ်။ ကားမှန်တံခါးကို နှစ်မိနစ် ဖွင့်ထားပြီးနောက် A/C ဖွင့်ထားသင့် ပါတယ်။ ပြီးတဲ့အပြင် ကားစက်နိုးတဲ့အခါမှာလည်း ကားမှန်ကို နောက်ထပ် ၂ မိနစ် ဖွင့်လျက် ထားပါ။ အဆိပ်မသင့်အောင် ကာကွယ်ဖို့ အထူးရည်မှန်းချက်တစ်ခုအဖြစ် ကားပေါ်ရောက်နေတုန်း ဒီအလေ့အကျင့် ပျိုးထောင်ပေးသင့်ပါတယ်။ Ref:healthadvisor-team ပေါ်ထွန်း - Trend Myanmar)

ဒီရှဲထားတဲ့ ထဲပါတဲ့ သတင်းကိုတော့ ချင့်ယုံကြပေါ့ ဗျာ။ ကားတစီးထဲမှာ ဘန်ဇင်း ၂၀၀၀- ၄၀၀၀ မီလီဂရမ် ရှိတယ် ဆိုတဲ့ တိုင်းတာမှု မျိုး မရှိပါ။ အလေးချိန်တင်ပြောလို့လဲမရပါ ၊ လေထုပမာဏ ဘယ်လောက်မှာ (ဥပမာ ကျူပစ်မီတာ) ဘင်ဇင်းဘယ်လောက် မီလီဂရမ်ဆိုတာမျိုးဘဲ ရေးပါတယ်။ ပူရင် ဘန်ဇင်းပိုထွက်တာ မှန်ပါတယ်။ ၄၀% ပိုထွက်တယ် ဆိုတာအပူချိန် ရ၀ (ဆဲလ်စီးယပ်) စင်တီဂရိတ်မှပါ။ ဒီစာထဲပါတဲ့ ၁၆ ဆဲလ်စီးယပ် ဆိုရင် မပူယုံမက ချမ်းလို့ တုန်တောင်နေပါတယ်။ မြန်မာပြည် အပူချိန် က မြေပြန့်ဆို ၃၀ -၃၈ ဆဲလ်စီးယပ် လောက် ရှိပြီး နေပူထဲ ကား တံခါးပိတ် ရပ်ထားရင်တော့ ၆၀-၇၀ ဆဲလ်စီးယပ် ရောက်ကောင်း ရောက်ပါလိမ့်မယ်။ ဒီ http://www.ncbi.nlm.nih.gov/pubmed/19729200 သုတေသနက e.g. benzene concentrations reached values of up to 149.1 microg m(-3). Overall concentrations were 40% higher in summer, with temperatures inside the cars reaching up to 70 degrees C ဆိုပါတယ်။ 149.1 မိုက်ခရိုဂရမ်ဆိုတာ ၀.၁၄၉၁ မီလီဂရမ်ပေါ့။
ဘန်ဇင်းကြောင့် သွေးကင်ဆာတွေဖြစ်နိုင်ပါတယ်။ နေပူထဲကကားထဲမှာ ဒိရှဲထားတဲ့ သတင်းထဲက လောက်များတဲ့ ဘန်ဇင်းတွေ့တယ်ဆိုတဲ့ သုတေသန မရှိသေးဘူးလို့ အမေရိကန် ကင်ဆာ အဖွဲ့ကဆိုထားပါတယ်။ပြန့်နေတဲ့ သတင်းထဲက အချက်အလက် တခုချင်းကို အချက်အလက်နဲ့ ရှင်းပြထားတာ ဒီမှာ ဖတ်နိုင်ပါတယ်။ http://blogs.cancer.org/…/is-your-car-killing-you-with-ben…/

တကယ်တော့ ရပ်ထားတဲ့ အလုံပိတ် ကားတွေထဲမှာ ဘန်ဇင်းသာမက volatile organic compounds (VOCs) ဆိုတဲ့ အငွေ့ ပေါင်းစုံပါပါတယ်။ အထူးသဖြင့်တော့ ကားအသစ်တွေ နေပူပူကြီးထဲရပ်ထားရင်ပေါ့။ ကားအသစ်တွေထဲမှာတော့ ဗီနိုင်း ကလိုရွိုက် ကဒုက္ခ ပေးကောင်း ပေးနိုင်တယ်လို့ဆိုပါတယ်။ ဗီနိုင်း ကလိုရွိုက် များများရှူမိရင် မူးဝေ အော့အန်တာကနေ သိပ်များရင် သတိလစ်နိုင်ပြီး အများကြီးကို အကြာကြီး ရှူမိ သူတွေဆိုရင်တော့ အသည်း ကိုထိခိုက်နိုင်တယ် အသည်းကင်ဆာ ဖြစ်နိုင်တယ် ဆိုပါတယ်။ ဒါပေမဲ့ ကားထဲမှာတော့ အဲလောက် အန္တရာယ် ဖြစ်နိုင်တဲ့ ပမာဏ မတွေရပါဘူးတဲ့။ ဒီ http://greenguard.org/…/Reformat_Indoor_Air_Quality_Hazards… စာတမ်းကတော့ ကားအသစ်ဆို ပထမ ၆ လ လောက်ကို နေပူထဲ ကြာကြာရပ်ထားရင် ကားထဲဝင်တဲ့ အခါ အစပိုင်းမှာ အပြင်လေနဲ့ လည်ပတ်ဖို့ (သို့) ပြူတင်းတခြမ်းခဏဖွင့် ဖို့ အကြံပေးပါတယ်။