Saturday, January 25, 2020

 ဝူဟန်းဗိုင်းရပ်စ်ရန် ကာကွယ်ဖို့ နှာခေါင်းစည်းနဲ့ လက်ဆေးခြင်း ဘာက ပိုအရေးကြီးလဲ 

လူအများစုက နှာခေါင်းစည်းစည်းတာက မိမိကိုပိုပြီးကာကွယ်နိုင်တယ်လို့ထင်သလို
အဲလိုလုပ်ဖို့ အကြံပြုထားတာတွေ ဆိုရှယ်မီဒီယာမှာ အများကြီးပြန့်နေပါတယ်။

ဝူဟန်းကစတဲ့ ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ “2019-nCoV.” အသက်ရှူလမ်းကြောင်းကတဆင့်ကူးတဲ့ ဗိုင်းရပ်စ ပါ။ 
ဒီလိုပိုးတွေကူးစက်မခံရအောင်ကာကွယ်နည်းတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO နဲ့ အမေရိကန်ဗဟိုရောဂါထိန်းချုပ်ရေးဌာန CDC  တို့ကထုတ်ပြန်ထားတာရှိပါတယ်။ 
အဲဒါတွေကိုမြန်မာပြန်ဆိုပေးထားပါတယ်။ 
 အဲဒီထဲမှာ မိမိကိုကူးစက်မခံရအောင်ကာကွယ်တဲ့နည်းတွေထဲမှာ နှာခေါင်းစည်းသုံးဖို့မပါတာကိုတွေ့ရပါလိမ့်မယ်။ 
အဓိကက လက်ဆေးဖို့ပါ။ 
ကျန်းမာရေးဌာနေတွေဆိုတာ ပြည်သူလူထုကို ကူးစက်ရောဂါ ကာကွယ်ရေးပညာပေးတဲ့အခါ ရောဂါ မဖြစ်သေးသူတွေ ရောဂါရှိသူထံမှ ကူးစက်မခံရအောင် ပညာပေးရသလို  ရောဂါ ရှိနေသူ၊ ရှိနိုင်သူတွေက သူတို့ကိုယ်ထဲက ပိုးတွေ သူတပါးထံပြန့်မသွားအောင် လုပ်ဆောင်နေထိုင်ဖို့ကိုလည်းပညာပေးရပါတယ်။ 
ဒီနေရာမှာ နှာခေါင်းစည်းက မိမိထံက ပိုးတွေ အသက်ရှူထုတ်တဲ့အခါ၊ ချောင်းဆိုးနှာချေတဲ့အခ့ါ အနားမှာရှိသူတွေ ထံပြန့်မသွားအောင် ကာကွယ်ဖို့ နည်းလမ်းတခုအနေနဲ့ အကြံပေးတာပါ။ 

WHO၏ လူထုအတွက် ရောဂါပိုးနဲ့ အထိတွေ့နည်းအောင် ဆက်လက်မပြန့်ပွားအောင် ဆောင်ရွက်ရန်အကြံပေးချက်များ 
၁. လက်မကို အရက်ပျံ သို့မဟုတ် ဆပ်ပြာနဲ့ မကြာမကြာသန့်ရှင်းရေးလုပ်ပါ
၂. ချောင်းဆိုးနှာခြေလျင် နှာခေါင်းနဲ့ပါးစပ်ကို  တံတောင်ကွေး သို့မဟုတ် တစ်သျှုးစက္ကူနဲ့အုပ်ကာထားပါ။ ပြီးတာနဲ့ အဲဒီတစ်သျှူးကိုချက်ချင်းစနစ်တကျစွန်းပြစ်ပြီး လက်ကိုသေချာဆေးပါ. (မိမိထံမှာ ပိုးရှိလျင် သူတပါးကို မကူးအောင်ကာကွယ်တာ) 
၃. ဖျားနာ ချောင်းဆိုးနေသူတွေနဲ့ ဝေးဝေးနေပါ ။ နည်းဆုံး တမီတာ ( သုံးပေကျော်)
၄. သင့်မှာ ကိုယ်ပူ၊ချောင်းဆိုး၊ အသက်ရှူခက်လျင် ကျန်းမာရေးဌာနကိုစောလျင်စွားသွားပြပါ။ မိမိလတ်တလောသွားခဲ့တဲ့ ခရီးတွရှိလျင် ကျန်းမာရေးဝန်ထမ်း ကို ထုတ်ပြောပြပါ။ 
၅. လောလောဆယ် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားတယ်ဆိုတဲ့ တိရိစ္ဆာန်ဈေးကို မဖြစ်မနေသွားရပါက အကာအကွယ်တွေမဝတ်ဘဲ သက်ရှိ တိရိစ္ဆာန်တွေနား မသွားပါနဲ့ ၊ တိရိစ္ဆာန်တွေထိထားတဲ့ မျက်နှာပြင်တွေကို မထိမိပါစေနဲ့၊ 
၆. သားငါးအစိမ်းသို့မဟုတ် မကျက် တကျက်တို့ကို စားခြင်းမှ ရှောင်ကျဉ်ပါ။ အသားစိမ်း နို့စိမ်း တိရိစ္ဆာန်အင်္ဂါ အစိမ်းများကို ကိုင်တယ်လျင် လိုအပ်သော အကာကွယ်များကို စနစ်တကျသုံးပါ။ အစားအစာများနဲ အသားငါးစိမ်းများ အကြားရောဂါပိုးမပြန့်ပွားအောင် သန့်ရှင်းရေးဂရုစိုက်ပါ အသားငါးစိမ်းနဲ့ အသင့်စားနိုင်သော အစာတွေကိုရောမထား မသိမ်းပါနဲ့ ။ 












CDC

 ၁.  လက်တွေကို စက္ကန့် ၂၀ အနည်းဆုံး ရေနဲ့ဆပ်ပြာနဲ့ သေချာဆေးပါ။ ရေနဲ့ ဆပ်ပြာမရှိပါက အရက်ပျံ လက်သန့်ရှင်းအရည်နဲ့ သန့်ရှင်းရေးလုပ်ပါ။ 
၂. ဆေးကြာမထားသေးသောလက်နဲ့ မျက်နှာ၊ နှာခေါင်း တို့ကို မထိမကိုင်မိပါစေနဲ့ 
၃. နေမကောင်းသူတွေနဲ့ နီးနီးကပ်ကပ် မနေပါနဲ့ 
၄. နေမကောင်းလျင် လူအများကြားထဲ့ မသွားပါနဲ့ ။
၅. ချောင်းဆိုးနှာခြေလျင် နှာခေါင်းနဲ့ပါးစပ်ကို  တံတောင်ကွေး သို့မဟုတ် တစ်သျှုးစက္ကူနဲ့အုပ်ကာထားပါ။ ပြီးတာနဲ့ အဲဒီတစ်သျှူးကိုချက်ချင်းစနစ်တကျစွန်းပြစ်ပြီး လက်ကိုသေချာဆေးပါ
၆. မကြာခဏထိကိုင်မိတဲ့ မျက်နှာပြင်တွေကို သန်ံရှင်းပြီးပိုးသတ်ပါ။





ဒီအထင်ကရ အဖွဲ့၂ခုလုံးက ဝူဟန်းဗိုင်းရပ်နဲ့ တခြားအသက်ရှူလမ်းကကူးတဲ့ ဗိုင်းရပ်တွေကိုကူစက်မခံရအောင်ကာကွယ်ဖို့  လက်ဆေးရန်နဲ့ တကိုယ်ရည်သန့်ရှင်းရေးကိုသာ ပြောထားပါတယ်။ 
နှာခေါင်းစည်းတပ်ဖို့မပြောပါ။ 
ဒါပေမယ့်ကိုယ်ကနေမကောင်းလျင် သူတပါးဆီရောဂါပိုးမပြန့်အောင် ပါးစပ်နဲ့နှာခေါင်းကို အုပ်ကာဖို့နဲ့ပြီးတာနဲ့ လက်ဆေးဖိုသာပြောပါတယ်။ 
ဒါကြောင့်နှာခေါင်းစည်းတပ်ပြီး မိမိကိုယ်မိမိအကာအကွယ်ရပြီထင်နေသူများ 
လက်ကိုမကြာခဏ ဆေးခြင်းနဲ့တကိုယ်ရည်သန့်ရှင်းရေးကသာ မိမိကိုကာကွယ်ပေးမှာဖြစ်ပြီး နှာခေါင်းစည်းကတော့ စာရင်းထဲတောင် မပါပါ၊ သူတပါးဆီကိုပိုးမပြန့်အောင်သာကာကွယ်ပါတယ်။ 

မိမိကိုတကယ် ကာကွယ်ဖို့ဆို N95 mask   အတူ တခြားကာကွယ်ရေး ဝတ်စုံ PPE  အပြည့်စုံကို ဝတ်မှ အကာကွယ်ရပါတယ် ဆိုတာ အသိပေးပါရစေ

ဒေါက်တာအောင် 
25-01-2020



WHO’s standard recommendations for the general public to reduce exposure to and transmission of a range of illnesses are as follows, which include hand and respiratory hygiene, and safe food practices:
  • Frequently clean hands by using alcohol-based hand rub or soap and water;
  • When coughing and sneezing cover mouth and nose with flexed elbow or tissue – throw tissue away immediately and wash hands;
  • Avoid close contact with anyone who has fever and cough;
  • If you have fever, cough and difficulty breathing seek medical care early and share previous travel history with your health care provider;
  • When visiting live markets in areas currently experiencing cases of novel coronavirus, avoid direct unprotected contact with live animals and surfaces in contact with animals;
  • The consumption of raw or undercooked animal products should be avoided. Raw meat, milk or animal organs should be handled with care, to avoid cross-contamination with uncooked foods, as per good food safety practices.











CDC

  • Wash your hands often with soap and water for at least 20 seconds. If soap and water are not available, use an alcohol-based hand sanitizer.
  • Avoid touching your eyes, nose, and mouth with unwashed hands.
  • Avoid close contact with people who are sick.
  • Stay home when you are sick.
  • Cover your cough or sneeze with a tissue, then throw the tissue in the trash.
  • Clean and disinfect frequently touched objects and surfaces.
These are every day habits that can help prevent the spread of several viruses. CDC does have specific guidance for travelers.

ကိုးကား
https://www.cdc.gov/coronavirus/2019-ncov/about/prevention-treatment.html
https://www.who.int/emergencies/diseases/novel-coronavirus-2019/advice-for-public

မှတ်ချက် 
https://b-wise-2b-healthy.blogspot.com/2020/01/blog-post.html မှ ကုးယူခေါ်ပြပါသည်။ 

Thursday, January 23, 2020

ဘတ်ဂျက်လေကြောင်း လက်မှတ်ဝယ်မယ်ဆိုလျင် ပိုသက်သာတဲ့ လက်မှတ်ရအောင်ဘယ်လို ရှာမလဲ

ဘတ်ဂျက်လေကြောင်း လက်မှတ်ဝယ်မယ်ဆိုလျင် ပိုသက်သာတဲ့ လက်မှတ်ရအောင်ဘယ်လို ရှာမလဲ 


လေယာဉ်လက်မှတ်ဝယ် လျှင်  Return Ticket ကိုဝယ်တာ One way Ticket  ၂စောင်ထက် အများကြီး ဈေးသက်သာတယ် လို့ ကျနော်တို့ အများစုသိထားပါတယ်။ လိုင်းကြီးတွေအတွက်မှန်ပါတယ်။
အခုနောက်ပိုင် AirAsia လို ဘတ်ဂျက်လေကြောင်းတွေ က  point to point ဆိုတဲ့ ခရီးတဖြတ်စာဝန်ဆောင်မှု ပေးတဲ့ စနစ်ကိုသုံးလာတဲ့ အခါမှာတော့ အဲဒီ နိယာမကိုမလိုက်နာတော့ပါဘူး။
ဘယ်လိုဝယ်ဝယ် ခရီးတကြောင်းဈေးက မပြောင်းပါ။
သူတို့ဟာခရီးသည်တွေကိုဆွဲဆောင်ဖို့ ခရီးတခုထဲမှာတောင် လက်မှတ်တွေကို ဈေးအမျိုးမျိုးခွဲပြီး ကစားပါတယ်။
အသွားခရီးကို အလွန်နည်းအောင်ချပြီး တလအတွင်း အပြန်ခရီးစဉ်တွေအားလုံးကိုဈေးတင်ထားတာမျိုးလည်းတွေ့ဖူးပါတယ်။ အများစုက အလယ်ခရီးသွားလျင် တလမပြည့်ခင် ပြန်ကြတာကိုး။
ဈေးချတဲ့အခါ ခရီးစတဲ့ ဒေသတခုအတွက်ဈေးချပေမယ့် နောက်ဒေသတခုကစတဲ့ခရီးမှာတော့ ဈေးများနေနိုင်ပါတယ်။
ဒါကြောင့် လက်မှတ် ဝယ်တဲ့ အခါ ဝယ်လို့ရနိုင်တဲ့ နည်းမျိုးစုံနဲ့စမ်ပြီး ဈေးနှုန်းတွေကိုယှဉ်ကြည့်လျင် ပိုသက်သာတဲ့လက်မှတ်ရနိုင်ပါတယ်။


စဉ်းစားရမည့်အချက်တွေကတော့ 


၁. အသွားပြန် Return တခါတည်းဝယ်တာနဲ့ အသွားသတ်သတ် အပြန်သတ်သတ် One way ခွဲဝယ်တာဈေးကွာသလား။
၂. ငွေချေတဲ့အခါ ဝန်ဆောင်စားရိတ် Processing  fees ပေးရသေးလား ? (၂ ခါခွဲဝယ်လျင်  ၂ခါကုန်မှာဖြစ်လို့ပါ)
၃. ၂ဆင့်ခရီးတွေမှာ ပစ္စည်းကို ချက် သရူး Luggage check through ရသလား ။ ခွဲဝယ်လျင် ချက်သရူး check through မရလို့ ပစ္စည်းပြန်ရွေး ပြန်အပ် ဖို့ အချိန် ပိုလိုသလို ဗီဇာလည်းလိုပါတယ်။
၄. အုပ်စုလိုက်ဝယ်လို့အားလုံးအတွက် ဈေးကများနေလျင် လူခွဲဝယ်ကြည့်ပါ။ သက်သာတဲ့ ဈေးနဲ့ တယောက်စာ ၂ ယောက်စာရနိုင်ပါတယ်။



အဲလိုစမ်းဖို့  ခရီး တို၂ ခုနဲ့ ၂ဆင့်ခရီးတခုကို ဝယ်ပုံ ပုံစံအမျိုးမျိုးပြောင်းပြီး လက်မှတ် ဈေးတွေကိုနှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။
ဒီတွေ့ရှိချက် ဟာ စမ်းတဲ့အချိန်နဲ့ ခရီးစဉ်တွေအတွက်မှန်ပေမယ့် နောင်တချိန်မှာ အလားတူခရီးတွေဖြစ်စေဦ တခြားမတူနဲ့ခရီးတွေမှာဖြစ်စေ ရလာဒ်ခြင်းမတူဖြစ်နိုင်ပါတယ်။

ရန်ကုန် ကွာလာလမ်ပွာ 

1st April to 11 April Yangon (RGN)   to Kuala Lumpur (KUL) ကို Return ticket  value pack   ပါလျင် (237 SGD) ကျပြီး  တကြောင်းစီခွဲဝယ်လျင် value pack အပါ  (200.35 SGD)ပဲကျပါတယ်။ 
 ငွေချေတဲ့အခါ Processing fees လည်းထပ်မကုန်ပါ 

အဲဒီခရီးမျိုးကို ကျနေ်ာ တကြောင်းစီခွဲဝယ်ပါတယ်။ 





Yangon Melbourne (  Kuala Lumpur transit) ခရီး



ဝယ်လို့ရတဲ့ နည်းလေးမျိုးရှိပါတယ်။ 
(1)   အသွားအပြန် Return 855.83 SGD 
(2) Yangon Melbourne (Kuala Lumpur transit)  တကြောင်းစီ One way  798.1 SGD
(3)  Yangon  -> Kuala Lumpur One way
Kuala Lumpur <-> Melbourne  Return
Kuala Lumpur -> Yangon One way   ဆိုပြီးသုံးဖြတ်ဝယ်လျင်  756.48 SGD 
(4) Yangon  -> Kuala Lumpur One way
Kuala Lumpur -> Melbourne  One way
Melbourne -> Kuala Lumpur One way
Kuala Lumpur -> Yangon One way   လေးဖြတ်ဝယ်လျင် 752.93 SGD 

 ဒီခရီးမှာ  နှစ်ကြောင်ခွဲဝယ်တဲ့ option 2    ကင်္ကာပူဒေါ်လာ 57.7 လောက်သက်သာပြီး ပစ္စည်းပြန်ရွေးစရာမလိုလို့  အပြန်မှာ  ရန်ကုန်ကို မနက်လေယာဉ်နဲ့ပြန်လို့ရပါတယ်. အလုပ်ဘာမှမရှုပ်ဘဲ  ငွေသက်သာပါတယ်။
ငွေချေတဲ့အခါ Processing fees လည်းထပ်မကုန်ပါ။

option  3 နဲ့  4 မှာ Luggage check through မရလို့ ကွာလာလမ်ပွာမှာ  ပစ္စည်းပြန်ရွေး ပြန်အပ်ရမှာဖြစ်လို့ ရန်ကုန် အပြန်  မနက်လေယာဉ်နဲ့ လိုက်လို့မရပဲ ညနေလေယာဉ်နဲ့ပဲပြန်ရမှာပါ. အသွားအပြန် တခါတည်းဝယ်တာထက် လူတဦးကို  စင်္ကာပူ ဒေါ်လာ တရာစီလောက်သက်သာပေမယ့်. အလုပ်ရှုပ်တာ နဲ့ အချိန် ၁၀ နာနာရီလောက်ပို ကုန်တာတန်ရဲ့လားလို့ တွေ့စရာပါ။ လူများလျင် တော့ အကုန်အကျသက်သာတာပိုကွားသွားပါတယ်. တယောက်တည်းဆိုလျင်တော့ စင်္ကာပူဒေါ်လာ 57.7 လောက်သက်သာတဲ့  Option 2  နဲ့ ပဲ တန်ပါတယ်။
checked luggage  မပါသူတွေကတော့  အဲဒီပြသနာတွေပို ပူစရာမလိုလို့ ပိုသက်သာတဲ့ option  3 နဲ့  4 က ပိုတန်ပါတယ်၊

- လေယာဉ် ၂ဆင့်စီးရတဲ့ ဒီလိုခရီးတွေမှာ   Luggage check through  ရတဲ့ အခါ Layover time  ( Transit) တနာရီကျော်နဲ့ လောက်နိုင်ပေမယ့် ခရီးစဉ်ခွဲဝယ်လိုက်လျင် Luggage check through   မပေးတော့တာများပါတယ်။
- Luggage check through မရတဲ့ ခရီးစဉ်တွေအတွက်  transit time သုံးနာရီနဲ့တောင် မလောက်ပါ။
- ခရီးစဉ်ခွဲဝယ်လိုက်လျင် Luggage  ပြန် ရွေးပြန်အပ်ရတဲ့ဒုက္ခ၊ အင်မီဂရေးရှင်းဖြတ်ဖို့ ဗီဇာ မရှိလျှင်  transit visa လျှောက်ရလို့ အချိန်ကြာမှာ၊ ပစ္စည်း တွေ ပြန်ချက်အင်လုပ်ရလို့ တန်းစီရတာ ၊ အင်မီဂရေးရှင်းပြန်ဖြတ်ရလို့ အချိန်ကြာတာ  အလုပ်ရှုပ်မှာတွေကိုလည်းထည့်တွက်ရပါမယ်။
- transit time ကြာလို့ အစားအသောက်ဝယ်စားရလျင်ပိုကုန်တာကိုလည်းထည့်တွက်ပါ။

 ရန်ကုန် ဘန်ကောက်  1st Feb  6th Feb - 



ဒီခရီးစဉ်မှာတော့  return ticket  တခါတည်းဝယ်တာနဲ့   one way  ၂စောင်ခွဲဝယ်တာမှာ လက်မှတ်ခ သက်သာတာ သိပ်နည်းပါတယ်။
တခါ ခရက်ဲစ်ကဒ်သုံးခကိုဖထပ်ယူတဲ့ အတွက်  ၂ခါခွဲဝယ်လျင်  Processing  fees ၂ခါပေးရတာမို့  return ticket  နဲ့ ရင်းဂစ် 761.46 ကျတဲ့ လက်မှတ်ကို ခွဲဝယ်တဲ့အခါ 16.59 ရင်းဂစ် ပိုပေးရပြီး 778.41 ရင်းဂစ်ကျသွားပါတယ်။
ဒီလိူအနေအထားမှာတော့ အသွားပြန် တခါတည်းဝယ်ရတာပိုတန်ပါတယ်။

အုပ်စုနဲ့ သွားတဲ့အခါ. 

လေကြောင်းလိုင်းတွေက လက်မှတ်ရောင်းတဲ့အခါ ခရီးတခု ကလပ်စ်တခုထဲမှာ  ဈေး သုံးလေးမျိုးခွဲရောင်းပါတယ်. ဈေးပေါတဲ့ လက်မှတ်ကတော့ အရေအတွက် အကန့်သတ်နဲ့ပဲပါပါတယ်။
ကိုယ်ကတယောက်တည်းအတွက် ဈေးကိုကြည့်လျင် ဈေးပေါတဲ့လက်မှတ်ရနိုင်ပေမယ် ့ လေးငါးယောက်စာတခါတည်းရှာလျင်တော့  အနည်းဆုံးဈေးနဲ့ လက်မှတ်က အားလုံးအတွက်မလောက်တဲ့ အခါ အားလုံး အတူတူရမယ့်ဈေးကိုပဲပြပါတယ်။ အဲဒီအခါ အားလုံး ဈေးပိုပေးရပါတော့တယ်။
ဥပမာကွာလာလမ်ပွာကထိုင်ပေသွားတဲ့လက်မှတ် ခရီးချင်းအတူတူကို တယောက်အတွက်ရှာတော့ 334.00 ရင် ဂစ်လို့ပြပြီး လေးယောက်စာရှာတဲ့အခါ တယောက်ကို 594.00 ရင်းဂစ် ဖြစ်သွားပါတယ်။
တယောက်ကို ရင်းဂစ် ၂၆၀ နဲ့လေးယောက်စာ ရင်းဂစ် ၁၀၄၀ ပိုပေးရတော့မှာပါ။
အဲဒီမှာ လေးယောက်စာဈေး အပေါ်မှာ အနည်းဆုံး 334.00 လို့ပြနေလို့ အဲဒီ 334.00 ဈေးနဲ့လက်မှတ် နည်းနည်းရှိနေတာသိနိုင်ပါတယ်။
ဒီတော့တယောက် စာ အရင် ရှာပါ  334.00 ရလျက် တယောက်ထပ်တိုးပြီးကြည့်ပါ။
ဒီလိုနဲ့ 334.00 နဲ့ ၂ ယောက်ရရ သုံးယောက်ရရ အရင်ဝယ်ပါ။ ပြီးမှကျန်တဲ့သူကို ဝယ်လျင် 594.00 ပေးရပေမယ့် ၂ ယောက် 334.00 ရ လျင် 520 သက်သာသွားပါပြီ. ခုံအတူမရမှာစိုးလို့ခုံနေရာဝယ်သည့်တိုင် သက်သာတဲ့ 520 နဲ့ ယှဉ်လို့မရပါ။
ဒါကြောင့် ဈေးအနည်းဆုံးလက်မှတ်ကျန်နေပါလျက် အုပ်စုလိုက်ဝယ်လို့အားလုံးအတွက် ဈေးကများနေလျင် လူခွဲဝယ်ကြည့်ပါ။ သက်သာတဲ့ ဈေးနဲ့ တယောက်စာ ၂ ယောက်စာရနိုင်ပါတယ်။




ဖိုးသုည
24-01-2020


Monday, January 6, 2020

သတ်မှတ်ချက် ပြည့်မှီသော မြန်မာနိုင်ငံသားများ ထိုင်ဝမ်နိုင်ငံသို့ ဝင် ရန် Multiple entry visa ဗီဇာကို အွန်လိုင်းကနေလျှောက်ထားနိုင်

သတ်မှတ်ချက် ပြည့်မှီသော မြန်မာနိုင်ငံသားများ  ထိုင်ဝမ်နိုင်ငံသို့ ဝင် ရန်  Multiple entry visa ဗီဇာကို အွန်လိုင်းကနေလျှောက်ထားနိုင်

မြန်မာနိုင်ငံသားတွေထိုင်ဝမ်ကိုဝင်ခွင့်ဗီဇာကို လျှောက်နိုင်တဲ့ ထိုင်ဝမ် စီးပွားရေးနဲ့ ယဉ်ကျေးမှုကောင်စစ်ရုံးကို အမှတ် ၉၇/၁၀၁ (အေ)၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မှာ ၂၀၁၆ မတ်လကစလို့ပြန်ဖွင့်ခဲ့ပြီးဖြစ်ပါတယ်။

ပုံမှန် ဗီဇာလျှောက်မယ်ဆိုလျင်

အဲဒီရုံးရဲ့  website လင့် https://www.roc-taiwan.org/mm_mm/cat/11.html မှာ ဗီဇာလျှောက်ဖို့လမ်းညွှန်ချက်နဲ့ လင့် https://visawebapp.boca.gov.tw/BOCA_EVISA/ တွေရှိပါတယ်။ ပွဲစားမလိုပဲ အဲဒီရုံးမှာကိုယ်တိုင်လျှောက်နိုင်ပါတယ်။

အဲလိုလျှောက်ဖို့လိုတဲ့ စာရွက်စာတန်းတွေကို ဒီလင့်မှာ ဒေါင်းပြီး ဖတ်လို့ရပါတယ်။
https://www.roc-taiwan.org/uploads/sites/238/2016/10/%E7%B0%BD%E8%AD%89%E6%87%89%E7%B9%B3%E6%96%87%E4%BB%B6.pdf

Multiple entry visa ဗီဇာကို အွန်လိုင်းကနေလျှောက်ထားနိုင် ( ၁၅မိနစ်အတွင်းအကုန်ပြီး)

၂၀၁၇ ဇွန်လ ၂ ရက်မှာတော့ မြန်မာအပါအဝင် ၇ နိုင်ငံကနိုင်ငံသားတွေ သူတို့သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ကိုက်ညီလျင် ထိုင်ဝမ်နိုင်ငံသို့ ဝင် ရောက်ရန် Multiple entry ဗီဇာကို အွန်လိုင်းကနေ https://niaspeedy.immigration.gov.tw/nia_southeast/ ဝဘ်ဆိုဒ်မှာလျှောက်လို့ရပြီလို့ကြေငြာပါတယ်။
ကြေငြာချက် အပြည့်အစုံ (၂၀၁၉ စက်တင်ဘာမှာ လိုအပ်ချက်တွေကို ပြန်ပြင်ထားပါတယ်။) ကိုဒီလင့်မှာ ဖတ်လို့ရပါတယ်။
https://www.roc-taiwan.org/mm_mm/post/197.html


မိမိလျှောက်တာ ကိုလက်ခံလို့အတည်ပြုပေးလျင် Travel Authorization Certificate ကိုချပေးတာဖြစ်ပြီး အဲဒါကို ပရင့်ထုတ်ထားပြီး ထိုင်ဝမ်ကိုဝင်တဲ့ ထွက်တဲ့အခါ ပတ်စ်ပို့နဲ့အတူ ပြရမှာပါ။
အဲဒီ Travel Authorization Certificate လျှောက်ဖို့ အကြုံးမဝင်သူတွေနဲ့၊ လျှောက်သော်လည်း ငြင်းပယ်ခံရသူတွေကတော့ ပုံမှန်အတိုင်း သူတို့နိုင်ငံရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှူ ကောင်စစ်ရုံး ( သံရုံး အစား) တွေကိုသွားလျှောက်ပြီး ဗီဇာလျှောက်ရမှာပါ။
ဗီဇာလျှောက်ထားခြင်း , အတည်ပြုခြင်း အဆင့်ဆင့် 


ဘယ်လိုသူတွေ လျှောက်ခွင့်ရှိသလဲ

လိုအပ်ချက် ၂ မျိုးရှိပါတယ်။ 

၁။ အခြေခံအချက်အလက် သုံးခု( အချက် အလက် သုံးခုလုံးနဲ့ကိုက်ညီရမည်):

  1. အသုံးပြုသောနိုင်ငံကူးလက်မှတ်သည် ၆လ သက်တမ်းအထက်ရှိရမည်(ဆိုလိုသည်မှာ ထိုင်ဝမ်ဝင်ချိန်တွင် ရှိရမည့်သက်တမ်းဖြစ်သည်, အင်တာနက်ပေါ်တွင်သွားလျှောက်ချိန်က သက်တမ်းမဟုတ်ပါ)။
  2. အပြန်လေယာဉ်လက်မှတ်,သင်္ဘောလက်မှတ်, သို့မဟုတ် နောက်သွားမည့်နေရာ၏ လေယာဉ်လက်မှတ် ,သင်္ဘောလက်မှတ်.
  3. ယခင်ထိုင်ဝမ်တွင် အလုပ်ကြမ်းနှင့် အလုပ်ခန့်ထားခံဘူးခြင်းမရှိသူ.


၂။ အထူးအချက်အလက် ၂ ခု (အောက်ပါအချက်အလက်များထဲမှ တစ်ခုသာလိုအပ်မည်):

အထူးအချက်အလက် ၁,

1. လက်ရှိအခုချိန်တွင် အမေရိကန်,ကနေဒါ, ဗြိတိသျှ, ဂျပန်, သြစတြေလျ, နယူူးဇီလန်, ကိုရီးယား, အီးယူူနိုင်ငံ, အထဲမှ နိုင်ငံတစ်နိုင်ငံ၏ 

(a)ယာယီ သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြား : (သို့မဟုတ်) 
(b)သက်တမ်းရှိ ဆဲ ဗီဇာ(အီးဗီဇာအပါအဝင်) (သို့မဟုတ်) 
(c)သက်တမ်းကုန်ပြီး ဆယ်နှစ်အတွင်းရှိသော နေထိုင်ခွင့်ကဒ်ပြား သို့မဟုတ်ဗီဇာ. (ပြည်ဝင်ချိန်တွင် တင်ပြရမည် မပြနိုင်ပါကပြည်ဝင်ခွင့်ပြုမည်မဟုတ်ပါ)
※လက်ရှိ သြစတြေလျ, နယူူးဇီလန်နိုင်ငံ၏ e-ဗီဇာဖြင့်လျှောက်ထားလျှင် ၎င်းe-ဗီဇာသည် သက်တမ်းမ ကုန်သေးသော ဗီဇာဖြစ်ရမည်။
※ဂျပန်ဗီဇာဖြင့်လျှောက်ထားသူသည် ဂျပန်န်ုင်ငံကိုဝင်ထားသည့်မှတ်တမ်း သို့မဟုတ် ဂျပန်သို့သွားမည့် လေယာဉ်(သင်္ဘော) လက်မှတ်ပြရမည်.

အထူးအချက်အလက် ၂

2. ယခုတွင် လွန်ခဲ့သော ၁၀ နှစ်အတွင်းကထုတ်ပေးသော ထိုင်ဝမ်ဗီဇာ သို့မဟုတ်ထိုင်ဝမ် နေထိုင်ခွင့်ကဒ် ပြားကိုင်ဆောင်ထားပြီး ပြစ်မှုကျူးလွန်းခြင်းမရှိသူ; ကိုင်ဆောင်ထားသော ထိုင်ဝမ်ဗီဇာမှတ်ချက်ပေါ်တွင် 「FL」(ရွေ့ပြောင်းလုပ်သား),「X」(အခြား) ,「P」with Special Permission from MOFA (「Kuan-Hong Project」စာရွက်စာတမ်း သို့မဟုတ် e-ဗီဇာသည် အရင်ပုံစံအတိုင်း ) သို့မဟုတ်နေထိုင်ခွင့်ကဒ် ပြားပေါ်တွင် (ရွေ့ပြောင်းလုပ်သား) ဖြင့်ရေးထားလျှင်လျှောက်လို့မရပါ.

ဥပမာများ 

ဥပမာ ၁။  အမေရိကန် မှာ အမြဲနေထိုင်ခွင့် Green card  ရရှိထားပြီး အဲဒီကဒ်က ၂၀၁၇ ဩဂုတ်လ ၂၁ ရက်မှာ သက်တန်းကုန်သွားတဲ့ မြန်မာတယောက် ထိုင်ဝမ်ကို ၂၀၂၀ မတ်လ ၂ ရက်မှာ ဝင်ချင်တယ်။ သူ့ကဒ် သက်တန်းကုန်တာ သူထိုင်ဝမ်ကိုဝင်မယ့်ရက်မှာ ၂နှစ်နဲ့ ၆လခွဲပဲရှိသေးလို့ သတ်မှတ်ထားတဲ့ "သက်တမ်းကုန်ပြီး ဆယ်နှစ်အတွင်းရှိသော နေထိုင်ခွင့်ကဒ်ပြား"ဆိုတဲ့ လိုအပ်ချက်ပြည့်မှီလို့ အထက်မှာ ဆိုထားတဲ့ Travel Authorization Certificate ကို အွန်လိုင်းကနေ လျှောက်ခွင့်ရှိပါတယ်။


ဥပမာ ၂ ။ မြန်မာတယောက်  ၂၀၁၇ တုန်းက အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ရထားတယ်။
အဲဒီဗီဇာရှိတဲ့ ပါစ့်ပို့အဟောင်းက လက်ထဲမှာ ရှိသလို၊ လက်ရှိပါစ့်ပို့နဲ့ အဲဒီပါ့စ်ပို့ ကူးပြောင်းတဲ့ မှတ်တမ်းလည်း စာအုပ်ထဲမှာရေးထားတယ်။
သူကထိုင်ဝမ်ကို ၂၀၂၀ မတ်လ ၂၀ ရက်မှာ ဝင်ဖို့ စီစဉ်ထားတယ်။
အဲဒီ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာသက်တန်းကုန်တဲ့ရက်က ၂၀၁၇  စက်တင်ဘာ ၅ ရက်ဖြစ်ပြီး သူ ထိုင်ဝမ်ကို ဝင်ချင်ထဲ့ ၂၀၂၀ မတ်လ ၂၀ ရက်မှာ သက်တန်းကုန်ပြီးတာ ၂နှစ်နဲ့ ၆လဆိုတော့  ၁၀ နှစ် မပြည့်သေးဘူး။ သက်တမ်းကုန်ပြီး ဆယ်နှစ်အတွင်းရှိသော ဗီဇာ ရှိတဲ့အတွက် အဲဒီဗီဇာကို ရည်ညွှန်း အကြောင်းပြုပြီး Travel Authorization Certificate ကို အွန်လိုင်းကနေ လျှောက်ခွင့်ရှိပါတယ်။





ဥပမာ ၃။  

ကျနော့ မှာ ၂၀၁၅ တုန်းက ထိုင်ဝမ်ဗီဇာတခုရထားဖူးပါတယ်။ ကျနော်ကထိုင်ဝမ်ကို ၂၀၂၀ မတ်လ ၂၀ ရက်မှာ ဝင်ဖို့ စီစဉ်ထားတယ်။

အဲဒီ ထိုင်ဝမ် ပြည်ဝင်ခွင့်ဗီဇာကိုထုတ်ပေး တဲ့ရက်က ၂၀၁၅ မေ ၂၂ ရက် ဆိုတော့ ကျနော် ထိုင်ဝမ်ကို ဝင်ချင်ထဲ့ ၂၀၂၀ မတ်လ ၂၀ ရက်မှ  ၁၀ နှစ် မပြည့်သေးဘူး။ ဗီဇာပေါ်မှာ USED ဆိုတာထုထားတယ်၊ VOID တို့ CANCELLED တို့ မဟုတ်ဘူး။  [FL}], [X], တို့မပါဘူး [P] ဆိုတာပါပေမယ့် with Special Permission from MOFA ဆိုတာ မပါဘူး  
အထူးအချက် အလက် ၂  "ယခုတွင် လွန်ခဲ့သော ၁၀ နှစ်အတွင်းကထုတ်ပေးသော ထိုင်ဝမ်ဗီဇာ ကိုင်ဆောင်ထားပြီး " နဲ့ကိုက်ညီတဲ့အတွက် အဲဒီဗီဇာကိုရည်ညွှန်းပြီး Travel Authorization Certificate ကို အွန်လိုင်းကနေ လျှောက်ခွင့်ရှိပါတယ်။


ဥပမာ ၄။ 
 မြန်မာနိုင်ငံသားတယောက် ထိုင်ဝမ်နိုင်ငံနေထိုင်ခွင့်ရထားတယ်။ အဲဒီကဒ်ကို  ၂၀၁၆ ဇန္နဝါရီလ ၂၈ ရက်မှာ ထုတ်ပေးခဲ့တယ်။ ၂၀၁၉  နှစ်ဆန်းမှာ သက်တန်းကုန်သွားပြီ.။
ထိုင်ဝမ်ကို ဝင်ချင်ထဲ့ ၂၀၂၀ မတ်လ ၂၀ ရက်မှာ အဲဒီကဒ်ကိုထုတ်ပေးတဲ့ကာလ ၁၀ နှစ် မပြည့်သေးဘူး။
အထူးအချက် အလက် ၂ "ယခုတွင် လွန်ခဲ့သော ၁၀ နှစ်အတွင်းကထုတ်ပေးသော ထိုင်ဝမ်ဗီဇာ သို့မဟုတ်ထိုင်ဝမ် နေထိုင်ခွင့်ကဒ် ပြားကိုင်ဆောင်ထားပြီး"  ဆိုတဲံ့အချက်နဲ့ကိုက်ညီတဲ့အတွက် အဲဒီဗီဇာကိုရည်ညွှန်းပြီး Travel Authorization Certificate ကို အွန်လိုင်းကနေ လျှောက်ခွင့်ရှိပါတယ်။


သတိထားရမည့်အချက်များ

*နေထိုင်ခွင့်သက်တမ်း ၁၄ ရက်၊ ခွင့်ပြုဗီဇာသက်တမ်းရက် ၉၀။ ဗီဇာသက်တမ်းမပြည့်မှီ(၇)ရက်အလိုတွင် အသစ်ပြန်လည်လျှောက် ထားနိုင်သည်။ သက်တမ်းအတွင်း ထပ်ခါထပ်ခါ အသုံးပြုနိုင်သည်။
*ဖြည့်စွတ်မှုမှားယွင်းပါက ချက်ချင်းအသစ်ပြန်လည်လျှောက်ထားနိုင်သည်။
*တရားဝင်နိုင်ငံကူးလက်မှတ်ဖြင့်လျှောက်ထားရမည်။ ယာယီ၊အရေးပေါ်နိုင်ငံကူးလက်မှတ် သို့မဟုတ် တရားမဝင်သောစာရွက်စာတမ်း နှင့် လျှောက်ထားလို့မရ။
*တရားဝင်ဗီဇာအသုံးပြုသူဖြစ်ရမည်။ အလုပ်အကိုင်ပါမစ် သို့မဟုတ် အခြားသောနည်းတူစာရွက်စာတမ်းများ အသုံးပြု၍မရ။
*အထက်ပါနိုင်ငံများ၏ ဗီဇာပေါ်တွင် VOID, CANCELLED သို့မဟုတ် CANCELLED WITHOUT PREJUDICE တံဆိပ်တုံးများထုထားပါက လျှောက်လို့မရပါ။
*သက်တမ်းကုန်ပြီး ဆယ်နှစ်အတွင်းရှိသော နေထိုင်ခွင့်ကဒ်ပြား သို့မဟုတ် ဗီဇာ ဆိုလိုသည်မှာ ယင်း ကဒ်ပြား သို့မဟုတ်ဗီဇာ သက်တမ်းပြည့်ပြီးရက်မှစ၍ (အကယ်၍၎င်းကဒ်ပြားသည် သက်တမ်းကုန်ဆုံး ရက်မပါပါက ကဒ်ပြားစတင်ထုပ်ပေးသောရက်ကိုမှတ်ယူမည်) ထိုင်ဝမ်ဝင်မည့်ရက်နှစ်ခုကြား ဆယ်နှစ်အတွင်း မကျော်ရ.
*အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြားပေါ်တွင် သက်တမ်းကုန်ဆုံးရက်မပါပါက ၎င်းကဒ်ပြား၏ကုန်ဆုံးရက်ကို [9999ခုနှစ်/12လ/31ရက်] နှင့်အစားထိုးရမည်.
*ခွင့်ပြုဗီဇာကို လေဆာမိတ္တူစက်ဖြင့် ကူးယူရန်အကြံ ပြုသည်.

*အင်ဒိုနီးရှားနိုင်ငံသားများ ဂျာပန်နိုင်ငံမှ ထုတ်ပေးသော Japan Visa Waiver Registrationကိုကိုင်ဆောင်ထားသူသည် ဤလျှောက်လွှာလျှောက်ထားလို့ရသည်။

လျှောက်ထားခြင်း 

https://niaspeedy.immigration.gov.tw/nia_southeast/ဆိုဒ်ကိုဝင်ပါ။

ညွှန်ကြားချက်တွေကို ကိုယ် ဖတ်ချင်တဲ့ဘာသာစကားကိုရွေးပါ။
လုပ်ငန်းစဉ်ကိုပြတဲ့ပုံအပြီးမှာ ဒီလိုလျှောက်ထားတာတဲ့ပတ်သက်တဲ့ရှင်းလင်းချက်ကိုကိုယ်ရွေးထားတဲ့ဘာသာစကားနဲ့ပြပါတယ်.


အဲဒီနောက်မှာတော့ ဗီဇာပုံစံကိုဖြည့်ရပါတယ်

ဖြည်ရမည့်အချက်အလက်တွေကတော့
(ဖြည့်တဲ့အကွက်ယာဘက်မှာ အောက်စိုက်မြှားကလေးရှိလျင် အကွက်ထဲမှာ ကလစ်နှိပ်၍ ပေါ်လာသောစာရင်းမှ ရွေးပေးပါ သို့မဟုတ် မိမိရှာလိုတဲ့စာလုံး၏အစ ၂လုံးသုံးလုံး ဥပမာ  Myanmar ကို mya လို့ရိုက်ရှာပြီး ရွေးပေးပါ။

  • မည်သည့်နိုင်ငံသား
  • မိမိအမည်ကိုအင်္ဂလိပ်လိုရေးပေးရာမှာတော့ Surname နဲ့ Given names ဆိုတာက ပြသနာပေးနိုင်ပါတယ်.
  • မျိုးရိုးနာမည်မရှိတဲ့မြန်မာနာမည်တွေကို Surname နဲ့ Given names ဖြည်ရာမှာ အမြဲတစေ တသမတ်တည်းဖြစ်အောင်ဖြည့်တာကောင်းပါတယ်၊။ အရင်ကဖြည့်ထားတဲ့ မှတ်တမ်းအဟောင်းကိုကြည့်ပြီးတူအောင်ဖြည့်ပါ။
  • ပါ့စ်ပို့နံပတ်
  • မွေးသက္ကရာဇ် ( ထိုင်ဝမ်က အမေရိကန်စနစ်သုံးလို့  ခုနှစ်၊ လ၊ ရက် ဆိုတဲ့အစီအစဉ်နဲ့ရေးပါတယ်.။
  • ကျား/ မ
  • ထိုင်ဝမ်ကိုဝင်မည့်လေယာဉ် / သင်္ဘောခရီးစဉ် အမှတ်
  • ထိုင်ဝမ်ကိုဝင်မည့် ခန့်မှန်းရက်စွဲ
  • မိမိအလုပ်အကိုင် ညာဘက် ကမျှားကိုနှိပ်ပြီးရွေးပါ
  • လာရောက်သည့်ရည်ရွယ်ချက်
  • မိမိနေရပ်နိုင်ငံကိုရွေးပါ
  • နေရပ်လိပ်စာကိုဖြည့်ပါ
  • ထိုင်ဝမ်တွင်တည်းမည့်လိပ်စာ / ဟိုတယ်အမည်
  • မိမိဖုန်းနံပတ်
  • အီးမေးလ်းလိပ်စာ ။ မရှိလျင်  Nil  ကို အမှတ်ခြစ်ပါ
  • ဘာအထောက်အထားကိုညွှန်းပြီး လျှောက်သည်ကိုဖေါ်ပြရန် (အမြဲနေထိုင်ခွင့် ပီအာ / ဗီဇာ)
  • ရည်ညွှန်းအထောက်အထားကို ထုတ်ပေးသည့်နိုင်ငံ
  • အဆိုပါ ရည်ညွှန်းအထောက်အထား ပီအာ/ ဗီဇာ နံပတ်


အားလုံးဖြည့်ပြီးလျှင် Next ကိုနှိပ်ပါ
ကိုယ်ဖြည့်ထားတာတွေကိုပြန်ပြပြီး စစ်ဆေးဖို့အခွင့်အရေးပေးတာပါ။
ပြင်ဖို့လိုလျှင် Back ကိုနှိပ်ပြီး ပုံစံဖြည့်တဲ့စာမျက်နှာကိုပြန်သွားပြီး ပြင်လို့ရပါတယ်။
အားလုံးမှန်လျှင် Valiated code ဆိုတဲ့နေရာက ပြထားတဲ့ စာလုံးတွေကိုပေးထားတဲ့ကွက်လပ်ထဲကူးထည့်ပြီး  Submitကိုနှိပ်ကာလျှောက်လွှာကိုတင်ပါ။
အားလုံးအဆင်ပြေလျင်  Approved ဆိုပြီး ပြပါတယ်။
အဲဒီစာမျက်နှာအောက်မှာ Print ကိုနှိပ်ပြီး ကျလာတဲ့  Travel Authorization Certificate PDF ဖိုင်ကိုသိမ်းပါ။  ထိုင်ဝမ်ဝင်လျင်ပြဖို့ တစောင်ကို ပရင့်ထုတ်ထားပါ။
လျှောက်လွှာဖြည့်ခြင်း

Travel Authorization Certificate

ထိုင်ဝမ်ကိုမဝင်ခင် https://acard.immigration.gov.tw/nia_acard မှာ ဆိုက်ရောက်ကဒ် Arrival card ပုံစံဖြည့်ထားပါ။
ဆိုက်ရောက်ကဒ်ကို အွန်လိုင်းမှာကြိုတင်ဖြည့်ပုံ
ကိုယ့်လျှောက်လွှာကို လက်မခံလျင်တော့ နီးစပ်ရာ ထိုင်ဝမ် စီးပွားရေးနဲ့ ယဉ်ကျေးမှုကောင်စစ်ရုံးကိုသွားလျှောက်လို့ရပါသေးတယ်။ 

ထိုင်ဝမ်ကိုဝင်တဲ့အချိန်မှာ

၁။  သက်တန်း ၆ လ အနည်းဆုံးရှိတဲ့ တရားဝင် ပါ့စ် ပို့ရယ်။
၂။ ပရင့်ထုတ်ထားတဲ့ Travel Authorization Certificate လည်းပြရမယ်။
၃။  Travel Authorization Certificate လျှောက်စဉ်က ရည်ညွှန်းထားတဲ့ နေထိုင်ခွင့်ကဒ် (သို့) ဗီဇာ
ဥပမာများတွင် အမေရိကန် အမြဲတန်းနေထိုင်ခွင့်ကဒ် (သို့) အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ပါတဲ့ ပါ့စ်ပို့စာအုပ် (သို့) ထိုင်ဝမ် ဗီဇာအဟောင်း (သို့)  ထိုင်ဝမ်မှာနေထိုင်ခွင်အဟောင်း တို့ကိုပြရမယ်။ ဗီဇာတွေက တခြားစာအုပ်ထဲမှာဆို အဲဒီစာအုပ်ကနေ လက်ရှိကိုင်နေတဲ့ ပါ့စ်ပို့စာအုပ်ကို ကူးပြောင်းပါတယ်ဆိုတာအထောက်အထားရှိရမယ်။
၄။ အပြန် လေယာဉ် / သင်္ဘောလက်မှတ် ( သို့) တခြားနိုင်ငံကိုဆက်သွားမယ့် လေယာဉ် / သင်္ဘောလက်မှတ် ။
၅။ အွန်လိုင်းကနေ ဆိုက်ရောက်ကဒ်လျှောက်ထားပြီးသားဖြစ်နေရမယ်။



ဖိုးသုည
06/01/2020



Monday, December 16, 2019

ဈေးကွက်ထဲရှိ သာမန် FM ရေဒီယိုတလုံးကို လေဆိပ်ကဆက်သွယ်ရေးလှိုင်းတွေ မိအောင် ပြောင်းကြည့်မယ်။


ဈေးကွက်ထဲရှိ သာမန် FM ရေဒီယိုတလုံးကို လေဆိပ်ကဆက်သွယ်ရေးလှိုင်းတွေ မိအောင် ပြောင်းကြည့်မယ်။ 


(ဖြည့်စွက်။ ဒီပို့စ်မှာပြထားသလိုပြောင်းပြီးတဲ့အခါ  Short Wave SW လှိုင်းတွေကိုလည်းများသွားစေပါတယ်. 
မူလက SW 6 မှာ ဖမ်းလို့ရတာက  15.1 MHz -15.3 MHz  ဖြစ်ပြီး SW 7 မှာတော့  17.5 MHz - 17.9 MHz ဖမ်းလို့ရပါတယ်။ 
Radio NUG က  17.1 MHz မှာလွှင့်တော့ အဲဒီဖရီကွင်စီက  SW 6 နဲ့ SW7  ကြားထဲမှာ ပျောက်နေပါတယ်။ 
အောက်မှာ ပြထားသလို ပြုပြင်ပြီးတဲ့အခါမှာတော့ SW 6 မှာ ဖမ်းလို့ရတဲ့ ဖရီကွင်စီက 16.28 MHz -  17.38 
SW 7 မှာ 19.02 MHz- 19.86 MHz ထိ ဖမ်းလို့ရသွားပါတယ်။ 
အဲဒီတော့ Radio NUG ရဲ့ 17.1 MHz  ကို SW 6 မှာ ဖမ်းလို့ရသွားမှာ ဖြစ်ပါတယ်။ )




ATC; Union Air 337, Wind calm, runway  21, clear for take off.
Pilot; Clear for take off, Union Air 337.
ATC; Mann Royal 417, behind departing traffic line up, wait.
Pilot; Behind departing traffic line up, wait , Mann Royal 417

လေယာဉ် တွေကို ဓါတ်ပုံရိုက်ကြတဲ့ Plane spotter အတော်မျာများက လေဆိပ်က ATC ( Air traffic control) တာဝါနဲ့ ပိုင်းလော့တွေ ပြောဆိုကြတာကိုလည်းနားထောင်ချင်ကြပါတယ်။
တခါတလေ Flight radar 24 လို app တွေမှာ မပြတဲ့ လေယာဉ်တွေ (ဥပမာ စင်းလုံးငှားလေယာဉ်တွေ) အတက် အဆင်းလုပ်တာကို သူတို့စကားပြောတာတွေကနေ သိရှိနိုင်ပါတယ်။
လေကြောင်းပြောင်းလို့ပြေးလမ်း ပြောင်းတာတွေကိုလည်း ရေဒီယိုဆက်သွယ်ရေးကနေ သိနိုင်ပါတယ်။
ခက်တာက ဈေးကွက်ထဲမှာ ဝယ်လို့ရတဲ့  ရေဒီယိုတွေနဲ့ ဒီလို ဆက်သွယ်တဲ့ ဖရီကွင်စီကိုဖမ်းလို့မရပါ။ နိုင်ငံ အတော်များများမှာလည်း အဲဒီလိုင်း‌ တွေကို တရားဝင် ဖမ်းခွင့်မပြုပါ။ တချို့နိုင်ငံတွေ မှာတော့အဲလို ဖမ်းနားထောင်တာ ပြသနာမရှိရုံမျှမက အင်တာနက်မှာပါတင်ပြီး ရှဲထားတာကို ဖမ်းလို့ရနိုင်ပါတယ်။ https://www.liveatc.net/
အဲဒီဆက်သွယ်ရေးဖရီကွင်စီ VHS လှိုင်းတွေက 117.975 ကနေ 137 MHz အကြားမှာရှိပါတယ်။
117.975 – 137 MHz Air-ground and air-air communications (VHF voice and data) AM(R)S 
ဒီလှိုင်းတွေ ကို ဖမ်းလို့ရတဲ့ VHS ရေဒီယိုတွေ ကို တချိူ့နိုင်ငံတွေမှာ ဝယ်လို့ရပေမယ့် နိုင်ငံ အများစုမှာ အဲလို VHS ရေဒီယိုနဲ့ ဝေါ်ကီတော်ကီတွေကို ရေဒီယိုသုံးခွင့်လွှင့်ခွင့် လိုင်စင် ရထားတဲ့ အဖွဲ့အစည်းတွေကသာ သုံးခွင့်ရှိတာ များပါတယ်။
Airband Radio နမူနာ

ဈေးကွက်ထဲရှိ သာမန် FM ရေဒီယိုတလုံးဟာ အမြင့်ဆုံး ၁၀၈ MHz အထိပဲ ဖမ်းနိုင်ပါတယ်။  အဲဒီရေဒီယိုကို ATC ဆက်သွယ်ရေး air bands ဖမ်းလို့ရအောင် ပြုပြင်လိုက်လို့မရဘူးလားလို့ စမ်းကြည့်ချင်သူများလည်းရှိမှာပါ။
Analog FM ရေဒီယိုတွေကိုတော့ အဲဒီလို လုပ်လို့ရပါတယ်။ ဖမ်းလို့ရတဲ့ Frequency range ကိုကန့်သတ်ထားတာကို ပြင်လိုက်ပြီး demodulate လုပ်လိုက်တာလို့ဆိုပါတယ်။ နောက်ပိုင်းပေါ်တဲ့ Digital FM Radioတွေကိုတော့အဲလို ပြောင်းနည်းကိုရှာလို့မတွေ့သေးပါဘူး။  
အခက်အခဲတခုက ဒီလိုပြောင်းပြီးတဲ့ အခါ ရေဒီယိုက မီတာလှိုင်းတွေကို ပြတဲ့မီတာတံနဲ့ ရေဒီယိုဒိုင်ခွက်မှာ မူလက 70-108 MHz  ကို 70- 126 MHz ပြောင်းလိုက်တော့ အမှတ် အသားတွေက နေရာလွဲကုန်ပါတယ်။  ပြတာအကွားအဝေး စကေးလဲ လွဲပါတယ်။ မိမိဖမ်းချင်တဲ့ဖရီကွင်စီကို ဘယ်နေရာမှာရှိတယ်ဆိုတာကိုပြဖို့ အမှတ် အသားလည်းမရှိလို့ ခန့်မှန်ပြီး ဖမ်းရပါတယ်။  
တချို့ရေဒီယိုတွေမှာတော့ ဖမ်းနေတဲ့ဖရီကွင်စီကို LCD မှာပြတော့ ရှာရတာ ပိုလွယ်ပါတယ်။
ကံကောင်းစွာပဲ Tecsun R919 ရေဒီယိုကတော့ သူဖမ်းတဲ့ ဖရီကွင်စီကို LCD display နဲ့ ပြ‌ပေမယ့် analog  tuner သုံးထားလို့ air band  ဖမ်းလို့ရအောင် ပြောင်းဖို့ သင့်တော်တဲ့ ရေဒီယို တလုံးပါ။
Tecsun R919 

ကျနော်တို့မရင်းနှီးတဲ့  technical terms   တွေကိုရှောင်ပြီး အများနားလည်အောင် လက်တွေ့ဘယ်လို့လုပ်လို့ရတယ်ဆိုတာကလေးကိုပဲ ရေးမှာဖြစ်ပါတယ်။
(၁) ဖရီကွင်စီတွေကိုကန့်သတ်ထားတဲ့ ကွိုင်ကိုရှာပြီးချဲပေးရပါမယ်။
(၂)   လေးထောင့် အတုံးကလေးတွေထဲက လှည့်ထဲ့ ခလုပ်ကလေးတွေကို ဘယ်ဖက်ကိုလှည်ပေးရပါမယ်။

လိုအပ်သောပစ္စည်းများ

၁၊ Tecsun R919 Radio
၂၊  ဝက်အူလှည့် အပြားတခု
၃၊ ဝက်အူလှည့် အပေါင်း (အလတ်) တခု
၄၊ AA ဘက်ထရီ ၂လုံး

လုပ်ဆောင်ပုံ

ပထမဆုံး ရေဒီယို  နောက်ဖုံးကိုဖွင့်ပါ။ ဝက်အူသုံးလုံးရှိပါတယ်။
အန်တန်နာအခြေမှာ အနောက်ဖုံးကို ထိန်းတဲ့  ချိတ်ကလေးတခုရှိပါတယ်။ အဖုံးကို ဖြုတ်လျင် ဘက်ထရီ ဆက်တဲ့ စပရင်ကလေး‌တွေ ကို သတိထားပါ။





အဖုံးကို ဖြုတ်လျင် ဘက်ထရီ ဆက်တဲ့ စပရင်ကလေး‌တွေ ကို သတိထားပါ။
 ဆာကစ်ပြားပေါ်လာလျင် သူ့ကို စွဲထားတဲ့ ဝက်အူ၂လုံးကို ဖြုတ်ပြီးအရှေ့ဘက်ခြမ်းကိုလှန်ပါ။ ကြိုးတွေ ပြုတ်မထွက်အောင် သတိထားပါ။l


လိုင်းပြောင်းဖမ်းတဲ့ဘီးကလေးကို စွဲထားတဲ့ ဝက်အူကို ဖြုတ်ပြီး ဘီးကလေးကို ဖယ်လိုက်လျင် tunner capacitor ကလေးနဲ့ ကြေးရောင် ကွိုင်သေးသေးလေး ၂ ခုကိုတွေ့ပါတယ်။ တခုက FM ဖရီကွင်စီကိုကန့်သတ်ပေးထားတာဖစ်ပြီး သူကို ချဲ ပေးခြင်းဖြင့်ဖရီကွင်စီပိုတိုးလာပါတယ်။


ဘယ်ကွိုင်က ဖရီကွင်စီကို ကန့်သတ်ထားတာလည်းဆိုတာသိဖို့ ရေဒီယို ကို FM လိုင်းဖမ်းထားပြီး ကွိုင်ကို ဝက်အူလှည့်နဲ့ ထောက်ကြည့်ပါ။ အဲလို ထောက်လို့ ရေဒီယိုအသံပြောင်းလျင် အဲဒီကွိုင်ကို ချဲပေးရမှာပါ။ ချဲလို့ ရနိုင်သမျှချဲပေးပါ။
အဲလိုစမ်းကြည့်တော့ ဘေးဖက်ကကွိုင်ကို ထိရင် ဖမ်းထားတဲ့ FM  အသံပြောင်းသွားလို့ သူ့ကို  ရနိုင်သလောက်ချဲလိုက်ပါတယ်။
အဲဒီနားမှာ ရောင်စုံအတုံးကလေးတွေက frequency modulation ကို ထိန်းထားတဲ့ transformer လို့ဆိုပါတယ်။ FM လှိုင်းကို AM လှိုင်းဖမ်းလို့ရဖို့  အထဲက အတုံးကလေးကိုဝက်အူလှည့် အပြားကလေးသုံးပြီး ဘယ်ဘက်ကို ရသလောက် ပြန်လှည့်ပါဆိုပါတယ်။

တချို့ကတော့ ရေဒီယိုကို ဖွင့်ထားပြီး လိုင်း မမိတဲ့အချိန်ကြားရတဲ့ လေသံ အကျယ်ဆုံးရအောင် လှည့်ပါဆိုပါတယ်။
ပြီးလျင် လိုင်းချိန်တဲ့ ဘီးကိုပြန်တပ်ပါ။ ဆားကစ်ကိုပြန်တပ်လျင် ဘက်ထရီ စပရင်တွေအံဝင်အောင် ဂရုစိုက်ပေးပါ။ တခုနဲ့တခုထိလျင် ရှော့ခ် ရပါမယ်။
 ဆားကစ်ကို ဝက်အူမစွဲခင်  FM AM SW ပြောင်းတဲ့ ခလုပ်နဲ့ ဘေး က ခလုပ် နေရာမှန်အောင် သတိထားပါ။

အားလုံးပြီးလို့ပြန်တပ်ပြီး ရေဒီယိုကို ဖမ်းကြည့်လျင် ဖမ်းမိတဲ့ ဖရီကွင်စီ ၁၂၀ မီဂါဟာ့ဇ်ကျော်‌လာတာကို တွေ့ရပါမယ်။



ကိုယ်ဖမ်းချင်တဲ့ လိုင်းကို ဖမ်းကြည့်ပါ။ အဆက်အသွယ် မရှိချိန်မှာတော့ လေသံ အကျယ်ကြီးကြားနေရပေမယ့် အဆက် အသွယ် လုပ်ချိန်မှာတော့ အသံကို သဲသဲကွဲကွဲ ကြားရပါတယ်။
 FM ရေဒီယိုကို AM လိုင်းဖမ်းလို့ရအောင် ပြောင်းထားတာဖြစ်လို့  VHS လိုင်းဖမ်းဖို့ထုတ်ထားတဲ့ရေဒီယိုတွေလိုတော့ ဖမ်းအားမကောင်းနိုင်ပါ။ လေဆိပ် အနားမှာပဲဖမ်းလို့ရပါတယ်။ တာဝါကအသံက ကျယ်ပေမယ့်တချို့ပိုင်းလော့အသံတွေကတော့ တိုးပါတယ်။
 လေဆိပ် အလိုက် သုံးတဲ့ လှိုင်းတွေကို ဒီ ဆိုဒ်မှာ ရှာလို့ရပါတယ်။

မင်္ဂလာဒုံလေဆိပ်နားမှာတော့ တာဝါ လိုင်း 118.1 ကိုသေချာကြားရပါတယ်။
တခုရှိတာက သူတို့ဘာတွေပြောတယ်ဆိုတာကို လေကြောင်းဗဟုသုတအခြေခံမရှိလျင် နားလည်ဖို့မလွယ်ပါ။ 
https://www.facebook.com/phoethunyazero/videos/pcb.2530410660389420/2496912673911343/?type=3&theater&ifg=1
https://www.facebook.com/phoethunyazero/videos/pcb.2530410660389420/2496912363911374/?type=3&theater&ifg=1

ဖိုးသုည
16/12/19

မှတ်ချက်။ 
၁။ သူများစမ်းသပ်ထားတာကိုလိုက်လုပ်ကြည့်ပြီး ပြန်မျှဝေတာဖြစ်ပါတယ်။ ရေဒီယိုအကြောင်းနားလည်လို့မဟုတ်ပါ။ 
https://youtu.be/5kvxjNeWMxs
https://electronics.stackexchange.com/questions/16583/modify-an-am-fm-radio-to-an-airband-receiver-what-if-any-changes-to-the-demod
https://makezine.com/2019/12/04/a-hard-to-find-traditional-treat-recreated-with-ease/
https://makezine.com/projects/aircraft-band-receiver/

၂။ Tecsum R919 ရေဒီယိုကို ဆိုင်တွေမှာ မရလို့ ၁၃၇ လမ်းက ပင်နီစူလာ ကုမ္ပဏီ ရုံးမှာ သွားဝယ်ခဲ့ရပါတယ်။ တခြား analog FM ရေဒီယိုတွေလည်းသုံးလို့ရပါတယ်။ 
၃။ တချို့နိုင်ငံတွေမှာ လေကြောင်း ဆက်သွယ်ရေးလှိုင်းတွေကို ဖမ်းယူတာ ပြစ်မှုမြောက်တယ်ဆိုပါတယ်။ ဒီဘလော့က ဗဟုသုတအတွက် ပညာပေးစမ်းသပ်မှုအနေနဲ့ လုပ်ထားတာကို ရေးပြတာသာဖြစ်ပါတယ်။ ဒီဘလော့ကိုဖတ်ပြီး မိမိဖာသာစမ်းသပ်လို့ တခုခုဖြစ်ခဲ့လျင် စမ်းသပ်သူ၏တာဝန်သာဖြစ်ပြီး ဗွီဒီယို ဖန်တီးသူ၊ ဘလော့ရေးသူနဲ့ လုံးဝ မသက်ဆိုင်ပါကြောင်း ကြိုတင် သတိပေးပါရစေ။