Thursday, July 2, 2020

#Hello_Max! #Ready_to_wake_up?

#Hello_Max! #Ready_to_wake_up?

အင်ဒိုနီးရှား Lionair နဲ့ အီသီယိုးပီးယားအဲယားလိုင်း လေယာဉ်တွေပျက်ကျပြီးနောက် ၂၀၁၉ မတ်လလယ်ကစပြီးမြေမှာနားနေရတဲ့ Being 737Max .
မြေပြင်မှာရပ်နားနေရသော Southwest  737 Max လေယာဉ်များ


လေယာဉ်အမျိုးအစားတခုထဲနဲ့အော်ဒါ ၅၀၀၀ ကျော်ရလို့အရောင်းအသွက်ဆုံးလို့ ဘိုးအင်းကကြွားခဲ့တဲ့ Max၊
အဲယားဘတ်စ်ရဲ့ A320 Neo A321 Neo တွေကို ဈေးကွက်လုဖို့ ပျံသန်းခွင့်လက်မှတ်တွေရဖို့ အလောတကြီး နဲ့ ဖုံးဖိပြီးလုပ်ခဲ့တာတွေ အဆင့်ကျော်ခဲ့တာတွေကြောင့် ဘိုးအင်းသာမက စစ်ဆေးပြီး လက်မှတ်ထုတ်ပေးတဲ့ အမေရိကန်လေကြောင်းအာဏာပိုင် FAA ပါာအကြီးကျယ် သိက္ခကျစေခဲ့တဲ့ Max
အရှိန်လျှော့ပြီးထုတ်နေတာတောင် ထုတ်ပြီးသားတွေကို ဝယ်သူလက်အပ်လို့မရသေးလို့ ထားစရာနေရာတွေရှားပြီးထုတ်လုပ်တာ ခေတ္တရပ်လိုက်ရတဲ့ Max
 ထုတ်ပြီးသော်လည်း ဝယ်သူလက်အပ်မရလို့စက်ရုံမှာသောင်တင်နေသောပိုက်ဘောများ 
လေကြောင်းလိုင်းများစွာကို ဒေါ်လာ သန်းပေါင်းများစွားဆုံးရှုံးစေခဲ့တဲ့ Max
လူအသက် လေးရာနီးပါးနဲ့ရင်းနှီးပြီးမှ လေယာဉ်ရဲ့ အားနည်းချက်တွေကို လက်ခံပြီး ပြင်ဖို့ လုပ်ဆောင်ဲခဲ့တာအခုဆိုတနှစ်ကျော်ပါပြီ။

ပြီးခဲ့တဲ့ ဇွန်လ ၂၉-၃၀ နဲ့ ဇူလိုင်တရက်နေ့တွေမှာတော့ FAA အင်ဂျင်နီယာနဲ့ပိုင်းလော့တွေ Max ကိုပျံသန်းခွင့်လိုင်စင်ပြန်ပေးနိုင်ဖို့ စစ်ဆေးစမ်းသပ်ပျံသန်းမှု #Certification_Flights တွေလုပ်ခဲ့ပါတယ်။

https://www.seattletimes.com/business/boeing-aerospace/faa-begins-re-certification-flights-on-boeing-737-max/

ပျံသန်းတဲ့ လမ်းကြောင်းတွေကို Flight Radar 24 website မှာတင်ထားပါတယ်။
ဒီစမ်းသပ်မှုတွေပြီးဆုံးပြီးနောက် FAA ထုတ်ပြန်တဲ့ အစီရင်ခံစာကို အခြားအဖွဲ့တွေ နိုင်ငံတကာလေကြောင်းအာဏာပိုင်ပိုင်တွေ ပြန်လှန်သုံးသပ်ပြီး ညှိနိုင်းဆုံးဖြတ်စရာတွေလုပ်ရဦးမှာပါ။






ပိုင်းလော့တွေကိုဘယ်လိုသင်တန်းပေးမယ်၊ ပိုင်းလော့လက်စွဲမှာဘာတွေပြင်မယ်၊ လေကြောင်းလိုင်းတွေကို ဘာတွေ အသိပေးထားရမယ်စသည်ဖြင့် လုပ်စရာတွေ အားလုံးပြီးလို့ မြေမှာရပ်နားခိုင်းထားတဲ့ အမိန့်ကိုပြန်ရုပ်၊ ပိုင်းလော့တွေလဲ အဆင်သင့်ဖြစ်လျှင်တော့ Max တွေကိုကောင်းကင်ယံမှာ ပြန်တွေ့ကြရတော့မှာပါ။

စီးမယ့်ခရီးသည်တွေက ဘယ်လိုယုံယုံကြည်ကြည်နဲ့စီးကြမယ်တော့မသိပါ၊
ဒါပေမယ့်ခရီးသည်အများစုက လက်မှတ်သာဝယ်လိုက်တယ် ဘာလေယာဉ်စီးရမယ်ဆိုတာ သိလည်းမသိ၊ စိတ်လည်းမဝင်စားကြပါ။

တကယ်တော့ ခရီးသွားတွေ အလွန်နည်းသွားတဲ့ ကိုဗစ်ကပ်ရောဂါကာလနဲ့ ကပ်လွန်ကာလတွေမှာ ခရီးဝေးပျံလေယာဉ်ကြီးတွေ ခရီးသည် ထက်ဝက်လောက်ရဖို့တောင်မလွယ်လို့ သိပ်လည်းမကြီး၊ ခရီးအတော်ဝေးဝေးကိုလည်းပျံနိုင်၊ ပျံသန်းစားရိတ်လည်းသက်သာတဲ့ 737Max တွေက လေကြောင်းလိုင်းတွေအတွက် အသုံးတည့်မယ်လို့ ထင်ရပါတယ်။

ဒီကနေ့ ဇူလိုင် ၂ ရက် မှာပဲ နိုဝင်ဘာရွေးကောက်ပွဲအတွက် အတင်းမဲဆွယ်နေတဲ့ သမကြီးထရမ့် က ဘိုးအင်းကုမ္ပဏီကို Greatest company in the world လို့ကောင်းချီးပေးပြောသွားပါတယ်။
သူဒီလိုမပြောခင် ဇွန် ၃၀ ရက်မှာ seattletimes သတင်းစာမျက်နှာမှာတော့ အမေရိကန် ပို့ဆောင်ရေးဌာ စုံစမ်းစစ်ဆေးရေးမှူးချုပ်ရဲ့ နောက်နေ့ထွက်မည့်အစီရင်ခံစာမှာ 737 Max ကို စထုတ်ပြီးနောက် ပျံသန်းခွင့်လက်မှတ် မြန်မြန်ထုတ်ပေးနိုင်အောင် စစ်ဆေးတဲ့ FAA ကို MCAS ရဲ့အရေးပါမှုနဲ့ ပတ်သက်ပြီး ဘိုးအင်းကုမ္ပဏီက တမင်တကာထိန်ချန်မှုတွေလုပ်ခဲ့ ပါတယ် ဆိုတာပါလာမယ်လို့ ရေးလိုက်ပါတယ်။
လေယာဉ်ဦးပိုင်းအလွန်အမင်းမော့သွားလျင် လေထဲမှ ပြုတ်ကျနိုင်သဖြင့် ဦးပိုင်းကိုပြန်နှိမ့်ချပေးစေနဲ့ MCAS  စနစ်က လေယာဉ်နှစ်စီးပျက်ကျခြင်းရဲ့ တရားခံ


ဘာပဲဖြစ်ဖြစ် တနှစ်ကျော်မြေနားထားရတဲ့၊ လောလောဆယ်မှာလည်းအသုံးတည့်မည့် 737Max တွေပျံသန်းခွင့်ရလျင်တော့ ကိုဗစ်ကြောင့် ဒုက္ခ အကြီးကျယ်ရောက်နေတဲ့ လေကြောင်းလိုင်းတွေ အတွက် အနည်းငယ် အသက်ရှူချောင်လာနိုင်မယ်လို့မျှော်လင့်မိကြောင်းပါ။

ဖိုးသုည
02/07/2020




Wednesday, April 22, 2020

စောစောရှာ app ကိုဘယ်လိုသုံးမလဲ


စောစောရှာ app ကိုဘယ်လိုသုံးမလဲ 


အပြင်ထွက်တဲ့အခါ ကိုယ့်အနီးအနားမှာ COVID-19 ရောဂါဖြစ်ပွားသူရှိမရှိ သိရှိနိုင် အောင် ကြည့်ပေးမယ့် စောစောရှာဆိုတဲ့  app ကလေးကို မြန်မာ့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့  MCF  တိုပူးပေါင်းထုတ်လိုက်ပါပြီ။ 
လောလောဆယ်မှာတော့ အန်းဒွိုက်ဗားရှင်းသာတွေ့ရပြီး ဒီလင့်https://www.sawsawshar.gov.mm/#/sawsawshar ကနေဒေါင်းလို့ရပါတယ်။

ဘာလုပ်လို့ရတယ်၊ ဘာတွေ အသုံးတည့်တယ်ဆိုတာတွေကို ရှင်းပြထားတာကို ရှာလို့မတွေ့ပါ။
စမ်းကြည့်လို့ရသလောက် ရေးပေးပါမယ်

အသုံးဝင်ပုံ

(၁)  Quarantine (သို့) surveillance လုပ်ခံထားရသူတွေရဲ့ ကျန်းမာရေးနဲ့တည်ရှိတဲ့နေရာကို တနေ့နှစ်ခါ သတင်းပို့ရန်သုံးဖို့။
(၂) အများစုက အိမ်ပြင်ထွက်တိုင်း မိမိကျန်းမာရေး အခြေအနေကို သတင်းပို့ပြီး ထွက်လျင် ကိုယ့်အနီးအနားမှာ COVID-19 ရောဂါဖြစ်ပွားသူရှိမရှိ သိရှိနိုင်။
(၃) app သုံးနေသူတဦးမှာ covid -10  ဗိုင်းရပ်စ်တွေ့လျင် သူသွားခဲ့တဲ့ ခရီးရာဇဝင်နဲ့အနီးကပ်ရှိခဲ့ဖူးသူတွေကို အလွယ်တကူရှိဖွေ သတိပေး စစ်ဆေးနိုင်။
(၄) ရောဂါပိုးရှိ သူလို့သံသယရှိသူနဲ့ အနီးကပ်ရှိဖူးကြောင်းသိရှိပါက သတင်းပို့ရန် ဖုန်းနံပတ်များပါရှိ။

ဘယ်လိုသုံးမလဲ

အန်းဒွိုက်ဗားရှင်းသာတွေ့ရပြီး https://www.sawsawshar.gov.mm/#/sawsawshar ဒီလင့်ကနေဒေါင်းလို့ရပါတယ်။ နောက်ဆုံးဗားရှင်း (22-4-20) က Version: 1.1.40 ပါ။
ပထမဆုံး App   ကို   Download လုပ်ပြီးလျင် install လုပ်ရပါမယ်။ (ပုံ ၁)

တခါ မိမိဖုန်းရဲ့တည်နေရာ   Location   ဖုန်းကင်မ--ရာနဲ့  Photo  တွေကိုသုံးလို့ရအောင် ပါမစ်ရှင်ပေးဖို့မေးပါမယ်။  Allow  လုပ်ပေးပါ။ (ပုံ ၂)

App  ကိုဖွင့်ပြီး သူသတ်မှတ်ထားတဲ့  Terms and conditions  တွေကို လက်ခံပေးရပါမယ်။ ပြီးလျင် ဘယ်ဖက်အပေါ်ထောင့်က အစင်းသုံးခုကိုနှိပ်ပါ။
စိစစ်ခြင်း (Verify)
(မြေပုံ)  Map
(သတင်းပို့) Report
 ဆိုတဲ့ မီနျူးသုံးခုပေါ်လာပါတယ်၊ (ပုံ ၃)
  

စိစစ်ခြင်း (Verify)

စိစစ်ခြင်း (Verify) ကိုနှိပ်ပြီး မိမိဖုန်းနံပတ်ကိုဖြည့်ပါ (နိုင်ငံသင်္ကေတ +95 ထည့်စရာမလိုပါ၊ ၀၉ ကနေစထည့်ပါ) ပြီးလျင် Next  ကိုနှိပ်ပါ၊ 
တခါသုံးစကားဝှက်ကို SMS နဲ့ပို့ပေးပါမယ်၊ 
အဲဒီနံပတ်ကို ဖြည့်ပြီး  verify  လုပ်ပါ၊ ပြီးသွားလျင် “ စိစစ်ခြင်း (Verify)“ စာလုံးမှိန်သွားပြီး အပေါ်က ပရိုဖိုင်းကိုဖြည့်ဖို့ ခဲတံပုံပေါ်လာပါမယ်။ 
မိမိဖုန်းနံပတ်ကို နိုင်ငံသင်္ကေတ “+95” ခံပြီးပြပါမယ်။   
QR code  လေးလည်းရပါမယ်။ (ပုံ ၄)

ပြီးလျက် ဘယ်ဖက်အပေါ်က လူပုံဘေးကခဲတံကိုနှိပ်ပြီး မိမိ အကြောင်း အချက်အလက်များကို ဖြည့်သွင်းကာ  တိုင်း၊ ခရိုင်၊ မြို့နယ်အမည်များကို ညာဘက်က အောက်စိုက်မျှားကိုနှိပ်ပြီးရွေးပါ။ ပြီးလျင် အောက်မှာရှိတဲ့ “ ပြင်ဆင်မည်” ဆိုတဲ့ခလုပ်ကိုနှိပ်ပါ။ ဖြည့်တာမှားလည်းပြန်ပြင်လို့ရပါတယ်။ (ပုံ ၅)

ဒါဆို မိမိဖုန်းနံပတ်နဲ့ ပရိုဖိုင်းထည့်တာပြီးပါပြီ။

(မြေပုံ)  Map

ကတော့ မိမိရဲ့တည်နေရာကို မြေပုံမှာပြတာဖြစ်ပြီး  အနားမှာ  ဗိုင်းရပ်စ်ရှိနိုင်သူရှိလျင် ပြမယ်လို့ယူဆရပါတယ်။   မိမိသွားခဲ့တဲ့ လမ်းကြောင်းကိုလည်း GPS နဲ့ အလိုလျောက် မှတ်ထားပြီး မြေပုံမှာပြပါတယ်။ (ပုံ ၆ နဲ့ ၇)



(သတင်းပို့) Report (ပုံ ၈)

ဆိုတာကတော့ မိမိကျန်းမာရေးအခြေအနေကို  ဖြည့်ပြီး သတင်းပို့ဖို့ပါ။ မိမိအခြေအနေဘေးမှအကွက်ကိုနှိပ်ပြီး အမှန်ခြစ်ပေးပါ။ ပြီးလျင်အောက်က "အတည်ပြုပါ (submit) " ကိုနှိပ်ပါ။
Quarantine (သို့) surveillance လုပ်ခံထားရသူတွေ ကတော့ တနေ့နှစ်ခါ မဖြစ်မနေ သတင်းပို့ရမှာဖြစ်ပေမယ့် သာမန်ပြည်သူတွေလည်း အပြင်မထွက်ခင် မိမိကျန်းမာရေးအခြေအနေကိုဖြည့်ပြီး သတင်းပို့ထားခြင်းဖြင့် ကျန်းမာရေးဌာနနဲ့ အခြားသူများကိုလည်း ကူညီရာရောက်ပါတယ်။
App က background မှာ အလုပ်လုပ်နေချိန်မှာ တနေရာကနေ တနေရာကို ရွေ့လျားသွားတာရှိလျင် နိုတီဖီကေးရှင်းအနေနဲ့ပြပါတယ်။
App ကိုဖွင့် လိုက်တဲ့အခါ ပင်မစာမျက်နှာ ဘယ်ဘက်အောက်မှာ အချိန်ကာလတခုအတွင်း နေရာဘယ်နှစ်ခုကိုသွားထားတယ်၊ ဘယ်မှမသွားဘူးဆိုတာကို “ 1 Location “  (သို့) “ No movement”  ဆိုပြီးပြပါတယ်။
အဲဒီဘားရဲ့အပေါ်နားမှာတော့ ဘယ်အချိန်ထိ ကိုဗစ်ကူးစက်ခံထားရသူနဲ့ အနီးကပ်ထိတွေ့မှုရှိတယ်၊ မရှိဘူးဆိုတာကိုပြပါတယ်။ ရက်စွဲကို တော့ လ၊ ရက်၊ ခုနှစ် ဆိုတဲ့ အစီစဉ်နဲ့ပြပါတယ်။ (ပုံ ၉)

ညာဘက်ကစာမျက်နှာကတော့ မိမိရောက်ခဲ့တဲ့နေရာတွေကို ပြတာပါ။  GPS ကိုအောဒိနိတ် လောင်ဂျီတျူဒ် လတ္တီတျုဒ်တို့နဲ့ပြပါတယ်။   
APP  ကအလိုလျောက် နေရာကို မှတ်သားပေးတာရှိသလို မိမိဘာသာ  GPS Check In  ဆိုတဲ့ခလုပ်ကိုနှိပ်ပြီး မှတ်သားလို့လည်းရပါတယ်။ 
QR Check In ဆိုတာကတော့  Quarantine နဲ့ surveillance လုပ်ထားသူတွေအတွက် သတ်မှတ်နေရာကို  QR Code  ပေးထားပြီး  Check In လုပ်ဖို့  scan  လုပ်ရမယ်ထင်ပါတယ်။

နေရာတခုချင်းစီဘေးကမျှားကို နှိပ်ပြီး အဲဒီနေရာနဲ့ ပတ်သက်တဲ့အချက်အလက်တွေ ဖြည့်ပေးလို့ရပါတယ်။ ဥပမာ “ အိမ်” “ ရုံး” “ ဆိုင်” စသည်ဖြင့်မှတ်ထားလို့ရပါတယ်။ (ပုံ ၁၀)

မိမိ ရောက်နေတဲ့နေရာကို ကျန်းမာရေးဌာနကို သတင်းပို့ချင်လျင်ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် ကျန်းမာရေးဌာနကို ဆက်သွယ်သတင်းပို့ချင်လျင် (ဥပမာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူနဲ့ အနီးကပ်ရှိခဲ့လို့ (သို့) အနီးကပ်ရှိခဲ့သူတဦးအကြောင်)  ညာဘက် အထက်ထောင့်ကအစက်သုံးခုကိုနှိပ်ပါ။ ဆက်သွယ်ရန် ( contact) ကိုနှိပ်ပြီး ဖုန်းနံပတ်ကိုရှာလို့ရပါတယ်။
Quarantine နဲ့ surveillance လုပ်ထားသူတွေအတွက် အိမ်မှာပဲရှိနေကြောင်းသတင်းပို့မယ်ဆိုလျင် ပထမဆုံး မိမိတည်နေရာကိုပြတဲ့စာရင်းမှာ အိမ်နေရာဟုတ်မဟုတ် အရင်စစ်ပါ၊။ ဒီနေရာမှာ အိမ်ရဲ့ တည်နေရာကိုအမည်ပေးထားလျင် သိဖို့လွယ်ပြီး လောင်ဂျီတျူဒ် လတ္တီတျုဒ်တို့နဲ့ပြနေလျင် နေရာမှန် မမှန်မသေချာ ပါက GPS Check In  ဆိုတဲ့ခလုပ်ကိုနှိပ်ပြီး တည်နေရာ အသစ်ကိုပြပြီးတော့မှ သတင်းပို့ပါ။

Terms and conditions

ကတော့ဒီ app ကိုရေးစွဲသူနဲ့ သုံးစွဲသူတွေအကြားထားရှိတဲ့ သဘောတူညီချက်တွေပါ။

About

ကတော့ app အကြောင်းပါ။ ဗားရှင်းနဲ့ ပူးပေါင်းထုတ်လုပ်တဲ့ အဖွဲ့အစည်းတွေရဲ့တံဆိပ်တွေပါပါတယ်။ (ပုံ ၁၁)
update ရှိလျင်  Notification ပြပါတယ်။  (ပုံ ၁၂) 

 သတိပြုရန်

၁။ မိမိတည်နေရာကို ပိုတိတိကျကျရနိုင်ရန် Location မှာ GPS  ကိုဖွင့်ထားရပါတယ်။
၂။ APP ကိုပိတ်ဖို့ Android ဖုန်းတွေမှာ  Back ကို ၂ ခါနှိပ်ရပါတယ်။  
၃။ APP ကိုလုံးဝ ပိတ်တာမဟုတ်လျင် နောက်ကွယ်မှာ ဆက်ပြီးအလုပ်လုပ်နေပါတယ်ရွေ့ရှားမှုရှိလျင် တမိနစ်တခါလောက် တည်နေရာကိုသတင်းပို့ပါတယ်။
၄။ GPS   သုံးလို့ ဘက်ထရီစားပါတယ်။ အိမ် အတွင်း၊ အဆောက်အဦအတွင်းမှာ နေလျင် GPS   signal  မကောင်းလို့ ဘက်ထရီပိုစားပါတယ်။ ကောင်းတာကတော့ အိမ်ထဲ ၊ အဆောက်အဦထဲမှာနေလျင် သတ်မှတ်ထားတဲ့အချိန်တွေမှာ သတင်းပို့ပြီးတာနဲ့ APP နဲ့ GPS ကိုပြန်ပိတ်ပါ။
 အပြင်ထွက်လျင်တော့ APP ကို background မှာ run နေခိုင်းတာပိုအသုံးတည့်ပါတယ်။ ဒါမှ ကိုယ့်အနားမှာ ဗိုင်းရပ်စ်ကူးခရံရ သူရှိလျင် သိနိုင်မှာပါ။
သုံးစွဲသူတွေ များမှ ပိုအသုံးတည့်လို့ မိမိကိုလည်းကာကွယ်ရင်း သူတပါးကိုလည်း ကူညီပြီးသားဖြစ်သွားအောင် လူတိုင်းသုံးသင့်သလို အိမ်ပြင်ထွက်ကာနီး App ကိုဖွင့်ပြီး ကျန်းမာရေးအခြေအနေကို တခါတည်း  သတင်းပို့ပေးပြီးမှထွက်တာ ကောင်းမယ်လို့ယူဆကြောင်းပါ။

ဖိုးသုည
22-04-2020
https://share-knwge.blogspot.com/2020/04/app.html

(Zawgyi)


ေစာေစာရွာ app ကိုဘယ္လိုသုံးမလဲ



အျပင္ထြက္တဲ့အခါ ကိုယ့္အနီးအနားမွာ COVID-19 ေရာဂါျဖစ္ပြားသူရွိမရွိ သိရွိႏိုင္ ေအာင္ ၾကည့္ေပးမယ့္ ေစာေစာရွာဆိုတဲ့  app ကေလးကို ျမန္မာ့က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနနဲ႔  MCF  တိုပူးေပါင္းထုတ္လိုက္ပါၿပီ။

ေလာေလာဆယ္မွာေတာ့ အန္းဒြိဳက္ဗားရွင္းသာေတြ႕ရၿပီး ဒီလင့္https://www.sawsawshar.gov.mm/#/sawsawshar ကေနေဒါင္းလို႔ရပါတယ္။



ဘာလုပ္လို႔ရတယ္၊ ဘာေတြ အသုံးတည့္တယ္ဆိုတာေတြကို ရွင္းျပထားတာကို ရွာလို႔မေတြ႕ပါ။

စမ္းၾကည့္လို႔ရသေလာက္ ေရးေပးပါမယ္



အသုံးဝင္ပုံ

(၁)  Quarantine (သို႔) surveillance လုပ္ခံထားရသူေတြရဲ႕ က်န္းမာေရးနဲ႔တည္ရွိတဲ့ေနရာကို တေန႔ႏွစ္ခါ သတင္းပို႔ရန္သုံးဖို႔။

(၂) အမ်ားစုက အိမ္ျပင္ထြက္တိုင္း မိမိက်န္းမာေရး အေျခအေနကို သတင္းပို႔ၿပီး ထြက္လ်င္ ကိုယ့္အနီးအနားမွာ COVID-19 ေရာဂါျဖစ္ပြားသူရွိမရွိ သိရွိႏိုင္။

(၃) app သုံးေနသူတဦးမွာ covid -10  ဗိုင္းရပ္စ္ေတြ႕လ်င္ သူသြားခဲ့တဲ့ ခရီးရာဇဝင္နဲ႔အနီးကပ္ရွိခဲ့ဖူးသူေတြကို အလြယ္တကူရွိေဖြ သတိေပး စစ္ေဆးႏိုင္။

(၄) ေရာဂါပိုးရွိ သူလို႔သံသယရွိသူနဲ႔ အနီးကပ္ရွိဖူးေၾကာင္းသိရွိပါက သတင္းပို႔ရန္ ဖုန္းနံပတ္မ်ားပါရွိ။



ဘယ္လိုသုံးမလဲ

အန္းဒြိဳက္ဗားရွင္းသာေတြ႕ရၿပီး https://www.sawsawshar.gov.mm/#/sawsawshar ဒီလင့္ကေနေဒါင္းလို႔ရပါတယ္။ ေနာက္ဆုံးဗားရွင္း (22-4-20) က Version: 1.1.40 ပါ။

ပထမဆုံး App   ကို   Download လုပ္ၿပီးလ်င္ install လုပ္ရပါမယ္။ (ပုံ ၁)



တခါ မိမိဖုန္းရဲ႕တည္ေနရာ   Location   ဖုန္းကင္မ--ရာနဲ႔  Photo  ေတြကိုသုံးလို႔ရေအာင္ ပါမစ္ရွင္ေပးဖို႔ေမးပါမယ္။  Allow  လုပ္ေပးပါ။ (ပုံ ၂)



App  ကိုဖြင့္ၿပီး သူသတ္မွတ္ထားတဲ့  Terms and conditions  ေတြကို လက္ခံေပးရပါမယ္။ ၿပီးလ်င္ ဘယ္ဖက္အေပၚေထာင့္က အစင္းသုံးခုကိုႏွိပ္ပါ။

စိစစ္ျခင္း (Verify)

(ေျမပုံ)  Map

(သတင္းပို႔) Report

 ဆိုတဲ့ မီန်ဴးသုံးခုေပၚလာပါတယ္၊ (ပုံ ၃)



စိစစ္ျခင္း (Verify)

စိစစ္ျခင္း (Verify) ကိုႏွိပ္ၿပီး မိမိဖုန္းနံပတ္ကိုျဖည့္ပါ (ႏိုင္ငံသေကၤတ +95 ထည့္စရာမလိုပါ၊ ၀၉ ကေနစထည့္ပါ) ၿပီးလ်င္ Next  ကိုႏွိပ္ပါ၊

တခါသုံးစကားဝွက္ကို SMS နဲ႔ပို႔ေပးပါမယ္၊

အဲဒီနံပတ္ကို ျဖည့္ၿပီး  verify  လုပ္ပါ၊ ၿပီးသြားလ်င္ “ စိစစ္ျခင္း (Verify)“ စာလုံးမွိန္သြားၿပီး အေပၚက ပ႐ိုဖိုင္းကိုျဖည့္ဖို႔ ခဲတံပုံေပၚလာပါမယ္။

မိမိဖုန္းနံပတ္ကို ႏိုင္ငံသေကၤတ “+95” ခံၿပီးျပပါမယ္။ 

QR code  ေလးလည္းရပါမယ္။ (ပုံ ၄)

ၿပီးလ်က္ ဘယ္ဖက္အေပၚက လူပုံေဘးကခဲတံကိုႏွိပ္ၿပီး မိမိ အေၾကာင္း အခ်က္အလက္မ်ားကို ျဖည့္သြင္းကာ  တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္အမည္မ်ားကို ညာဘက္က ေအာက္စိုက္မွ်ားကိုႏွိပ္ၿပီးေ႐ြးပါ။ ၿပီးလ်င္ ေအာက္မွာရွိတဲ့ “ ျပင္ဆင္မည္” ဆိုတဲ့ခလုပ္ကိုႏွိပ္ပါ။ ျဖည့္တာမွားလည္းျပန္ျပင္လို႔ရပါတယ္။ (ပုံ ၅)

ဒါဆို မိမိဖုန္းနံပတ္နဲ႔ ပ႐ိုဖိုင္းထည့္တာၿပီးပါၿပီ။



(ေျမပုံ)  Map

ကေတာ့ မိမိရဲ႕တည္ေနရာကို ေျမပုံမွာျပတာျဖစ္ၿပီး  အနားမွာ  ဗိုင္းရပ္စ္ရွိႏိုင္သူရွိလ်င္ ျပမယ္လို႔ယူဆရပါတယ္။   မိမိသြားခဲ့တဲ့ လမ္းေၾကာင္းကိုလည္း GPS နဲ႔ အလိုေလ်ာက္ မွတ္ထားၿပီး ေျမပုံမွာျပပါတယ္။ (ပုံ ၆ နဲ႔ ၇)



(သတင္းပို႔) Report (ပုံ ၈)

ဆိုတာကေတာ့ မိမိက်န္းမာေရးအေျခအေနကို  ျဖည့္ၿပီး သတင္းပို႔ဖို႔ပါ။ မိမိအေျခအေနေဘးမွအကြက္ကိုႏွိပ္ၿပီး အမွန္ျခစ္ေပးပါ။ ၿပီးလ်င္ေအာက္က "အတည္ျပဳပါ (submit) " ကိုႏွိပ္ပါ။

Quarantine (သို႔) surveillance လုပ္ခံထားရသူေတြ ကေတာ့ တေန႔ႏွစ္ခါ မျဖစ္မေန သတင္းပို႔ရမွာျဖစ္ေပမယ့္ သာမန္ျပည္သူေတြလည္း အျပင္မထြက္ခင္ မိမိက်န္းမာေရးအေျခအေနကိုျဖည့္ၿပီး သတင္းပို႔ထားျခင္းျဖင့္ က်န္းမာေရးဌာနနဲ႔ အျခားသူမ်ားကိုလည္း ကူညီရာေရာက္ပါတယ္။

App က background မွာ အလုပ္လုပ္ေနခ်ိန္မွာ တေနရာကေန တေနရာကို ေ႐ြ႕လ်ားသြားတာရွိလ်င္ ႏိုတီဖီေကးရွင္းအေနနဲ႔ျပပါတယ္။

App ကိုဖြင့္ လိုက္တဲ့အခါ ပင္မစာမ်က္ႏွာ ဘယ္ဘက္ေအာက္မွာ အခ်ိန္ကာလတခုအတြင္း ေနရာဘယ္ႏွစ္ခုကိုသြားထားတယ္၊ ဘယ္မွမသြားဘူးဆိုတာကို “ 1 Location “  (သို႔) “ No movement”  ဆိုၿပီးျပပါတယ္။

အဲဒီဘားရဲ႕အေပၚနားမွာေတာ့ ဘယ္အခ်ိန္ထိ ကိုဗစ္ကူးစက္ခံထားရသူနဲ႔ အနီးကပ္ထိေတြ႕မႈရွိတယ္၊ မရွိဘူးဆိုတာကိုျပပါတယ္။ ရက္စြဲကို ေတာ့ လ၊ ရက္၊ ခုႏွစ္ ဆိုတဲ့ အစီစဥ္နဲ႔ျပပါတယ္။ (ပုံ ၉)

ညာဘက္ကစာမ်က္ႏွာကေတာ့ မိမိေရာက္ခဲ့တဲ့ေနရာေတြကို ျပတာပါ။  GPS ကိုေအာဒိနိတ္ ေလာင္ဂ်ီတ်ဴဒ္ လတၱီတ်ဳဒ္တို႔နဲ႔ျပပါတယ္။ 

APP  ကအလိုေလ်ာက္ ေနရာကို မွတ္သားေပးတာရွိသလို မိမိဘာသာ  GPS Check In  ဆိုတဲ့ခလုပ္ကိုႏွိပ္ၿပီး မွတ္သားလို႔လည္းရပါတယ္။

QR Check In ဆိုတာကေတာ့  Quarantine နဲ႔ surveillance လုပ္ထားသူေတြအတြက္ သတ္မွတ္ေနရာကို  QR Code  ေပးထားၿပီး  Check In လုပ္ဖို႔  scan  လုပ္ရမယ္ထင္ပါတယ္။



ေနရာတခုခ်င္းစီေဘးကမွ်ားကို ႏွိပ္ၿပီး အဲဒီေနရာနဲ႔ ပတ္သက္တဲ့အခ်က္အလက္ေတြ ျဖည့္ေပးလို႔ရပါတယ္။ ဥပမာ “ အိမ္” “ ႐ုံး” “ ဆိုင္” စသည္ျဖင့္မွတ္ထားလို႔ရပါတယ္။ (ပုံ ၁၀)

မိမိ ေရာက္ေနတဲ့ေနရာကို က်န္းမာေရးဌာနကို သတင္းပို႔ခ်င္လ်င္ျဖစ္ေစ၊ အေၾကာင္းေၾကာင္းေၾကာင့္ က်န္းမာေရးဌာနကို ဆက္သြယ္သတင္းပို႔ခ်င္လ်င္ (ဥပမာ ဗိုင္းရပ္စ္ကူးစက္ခံထားရသူနဲ႔ အနီးကပ္ရွိခဲ့လို႔ (သို႔) အနီးကပ္ရွိခဲ့သူတဦးအေၾကာင္)  ညာဘက္ အထက္ေထာင့္ကအစက္သုံးခုကိုႏွိပ္ပါ။ ဆက္သြယ္ရန္ ( contact) ကိုႏွိပ္ၿပီး ဖုန္းနံပတ္ကိုရွာလို႔ရပါတယ္။

Quarantine နဲ႔ surveillance လုပ္ထားသူေတြအတြက္ အိမ္မွာပဲရွိေနေၾကာင္းသတင္းပို႔မယ္ဆိုလ်င္ ပထမဆုံး မိမိတည္ေနရာကိုျပတဲ့စာရင္းမွာ အိမ္ေနရာဟုတ္မဟုတ္ အရင္စစ္ပါ၊။ ဒီေနရာမွာ အိမ္ရဲ႕ တည္ေနရာကိုအမည္ေပးထားလ်င္ သိဖို႔လြယ္ၿပီး ေလာင္ဂ်ီတ်ဴဒ္ လတၱီတ်ဳဒ္တို႔နဲ႔ျပေနလ်င္ ေနရာမွန္ မမွန္မေသခ်ာ ပါက GPS Check In  ဆိုတဲ့ခလုပ္ကိုႏွိပ္ၿပီး တည္ေနရာ အသစ္ကိုျပၿပီးေတာ့မွ သတင္းပို႔ပါ။


Terms and conditions

ကေတာ့ဒီ app ကိုေရးစြဲသူနဲ႔ သုံးစြဲသူေတြအၾကားထားရွိတဲ့ သေဘာတူညီခ်က္ေတြပါ။

About

ကေတာ့ app အေၾကာင္းပါ။ ဗားရွင္းနဲ႔ ပူးေပါင္းထုတ္လုပ္တဲ့ အဖြဲ႕အစည္းေတြရဲ႕တံဆိပ္ေတြပါပါတယ္။ (ပုံ ၁၁)

update ရွိလ်င္  Notification ျပပါတယ္။  (ပုံ ၁၂)

 သတိျပဳရန္

၁။ မိမိတည္ေနရာကို ပိုတိတိက်က်ရႏိုင္ရန္ Location မွာ GPS  ကိုဖြင့္ထားရပါတယ္။

၂။ APP ကိုပိတ္ဖို႔ Android ဖုန္းေတြမွာ  Back ကို ၂ ခါႏွိပ္ရပါတယ္။

၃။ APP ကိုလုံးဝ ပိတ္တာမဟုတ္လ်င္ ေနာက္ကြယ္မွာ ဆက္ၿပီးအလုပ္လုပ္ေနပါတယ္ေ႐ြ႕ရွားမႈရွိလ်င္ တမိနစ္တခါေလာက္ တည္ေနရာကိုသတင္းပို႔ပါတယ္။

၄။ GPS   သုံးလို႔ ဘက္ထရီစားပါတယ္။ အိမ္ အတြင္း၊ အေဆာက္အဦအတြင္းမွာ ေနလ်င္ GPS   signal  မေကာင္းလို႔ ဘက္ထရီပိုစားပါတယ္။ ေကာင္းတာကေတာ့ အိမ္ထဲ ၊ အေဆာက္အဦထဲမွာေနလ်င္ သတ္မွတ္ထားတဲ့အခ်ိန္ေတြမွာ သတင္းပို႔ၿပီးတာနဲ႔ APP နဲ႔ GPS ကိုျပန္ပိတ္ပါ။

 အျပင္ထြက္လ်င္ေတာ့ APP ကို background မွာ run ေနခိုင္းတာပိုအသုံးတည့္ပါတယ္။ ဒါမွ ကိုယ့္အနားမွာ ဗိုင္းရပ္စ္ကူးခရံရ သူရွိလ်င္ သိႏိုင္မွာပါ။

သုံးစြဲသူေတြ မ်ားမွ ပိုအသုံးတည့္လို႔ မိမိကိုလည္းကာကြယ္ရင္း သူတပါးကိုလည္း ကူညီၿပီးသားျဖစ္သြားေအာင္ လူတိုင္းသုံးသင့္သလို အိမ္ျပင္ထြက္ကာနီး App ကိုဖြင့္ၿပီး က်န္းမာေရးအေျခအေနကို တခါတည္း  သတင္းပို႔ေပးၿပီးမွထြက္တာ ေကာင္းမယ္လို႔ယူဆေၾကာင္းပါ။



ဖိုးသုည

22-04-2020