၁ ။ CCTV ဆိုတာ တခ်ိန္လံုး မ်က္ေစ့ေဒါက္ေထာက္ၾကည့္ေနႏိုင္မွ တခုခုျဖစ္ရင္ ခ်က္ခ်င္းသိတာပါ။ အဲလိုၾကည့္မေနလ်င္ ျဖစ္ၿပီးမွ ျပန္ၾကည့္လို႔ပဲရပါတယ္။ ကာကြယ္လို႔မရပါ။ နပ္တဲ့သူခိုးက CCTV စက္ပါျဖဳတ္သြားလို႔ ဘာမွတ္တမ္းမွ မက်န္ခဲ့တာ ေတြ႕ဖူးပါတယ္။
၂၊ မျဖစ္ခင္ကာကြယ္ခ်င္လ်င္ Burgler alarm စနစ္ေတြ ဝယ္လို႔ရပါတယ္။ တံခါးဟသြားလ်င္ ျမည္တဲ့ Door sensor , တံခါးေရွ႕၊ ျပဳတင္းေပါက္၊ အခန္းထဲ က လႈပ္ရွားမႈေတြ ရွိလ်င္ ျမည္တဲ့ Motion sensor ေတြ တပ္ရပါတယ္။ အိမ္ေမြး တိရိစာၦန္ရွိလို႔ လိုက္ကာေလထဲလြင့္လို႔ မေတာ္တဆ ထထျမည္မွာ ၊ လူမေနဘဲထားခဲ့တဲ့ဆိုင္မွာ တပ္မွာ၊ စသည္အေျခအေနေတြကို ထည့္တြက္ၿပီး ကိုယ္လိုသလိုေရြးတပ္လို႔ရပါတယ္။ Motion sensor ကို မီးလံုး မီးေခ်ာင္းအနီးမွာတပ္မိလ်င္ ပိုးေကာင္ဖမ္းတဲ့ အိမ္ေႁမွာင္ေတြေၾကာင့္ ထျမည္ပါတယ္။ စနစ္ကိုလိုက္လို႔ တခ်ိဳ႕က
အင္တာနက္ခ်ိတ္ထားၿပီးလ်င္ alert message ကို ဖုန္းထဲ အီးေမးထဲပို႔ေပးပါတယ္။ SIM ထည့္ထားၿပီး ထည့္ေပးထားတဲ့ နံပတ္ေတြကို ေခၚေပးတာလည္းရွိပါတယ္။
၃။ တခ်ိဳ႕ CCTV မွာ alarm system တြဲတပ္လို႔ရပါတယ္။ သူလဲ အီးေမးတို႔ မက္ေဆ့တို႔ ပို႔ပါတယ္
၄။ အာမခံေသတၱာ၊ မီးခံေသတၱာဆိုတာ ေသးလ်င္ မ ၿပီး ယူသြားလိုရတာေၾကာင့္ အဲလို မျဖစ္ေအာင္ နံရံမွာ အေသစြဲထားရပါတယ္။ တခ်ိဳ႕ေတြက အေနာက္နံရံ (သို႔) အခင္းနဲ႔ မူလီေတြနဲ႔ အခိုင္အမာစြဲထားပါတယ္။ အဲလိုစြဲမထားလ်င္ေတာ့ ေသာ့ခတ္ထားတဲ့ ေလးလံေသာ ေသတၱာတလံုးဆိုတာထက္မပိုပါဘူး။ ကြန္ကရစ္နဲ႔ ငံုထားလ်င္ အစိုဓါတ္မမ်ားဖို႔ သတိထားသင့္ပါတယ္။ မိုးတြင္းမွာ အထဲကပစၥည္းေတြ ပိုက္ဆံကပါလာတဲ့ မွိုတက္လို႔ လူကိုလည္း က်န္းမာေရးထိခ်ဳက္ပါတယ္။ မဝယ္ခင္ မိမိထားမယ့္ေနရာကိုလိုက္ၿပီး ေသာ့ အမ်ိဳးစားကိုလည္း လိုအပ္ခ်က္အလိုက္ ေသေသခ်ာခ်ာေရြးဝယ္သင့္ပါတယ္။တန္ဖိုးႀကီးတာေတြ ထည့္ဖို႔ ျဖစ္တာေၾကာင့္ ေသတၱာတန္ဖိုးကို အေလးထားမေရြးသင့္ပါ။
ကိုယ္သိသေလာက္မွ်ေဝတာပါ။
သူတို႔ကလက္နက္ပါတတ္သလို လူသတ္မိ္ဖို႔ ဝန္ေလးမယ္မထင္။ security alarm ျမည္လ်င္ေတာ့ ဆက္မဝင္ပဲ ထြက္ေျပးဖို႔ မ်ားပါတယ္။ ပတ္ဝန္းက်င္ပါႏိုးတာကိုး ။ ရပ္ကြက္ မီးကင္ရွိရင္လဲ သတိထားမိေစပါတယ္။ alarm ျမည္လ်င္ မီးတခ်ိဳ႕ကို remote နဲ႔ ဖြင့္လိုက္လ်င္ သူတို႔ ဆက္မႀကိဳးစားလိုၾကပါ။ အိမ္အျပင္မွာ Security စနစ္တပ္ထားေၾကာင္း ကပ္ထားတာက အူေၾကာင္ေၾကာင္ႏိုင္တယ္ထင္ၾကေပမယ့္ စာဖတ္တတ္တဲ့ သူခိုးကိုေတာ့ အဟန့္ျဖစ္ေစပါတယ္။
Friday, June 14, 2019
Blind spots / လမ္းဆုံကိုမျဖတ္ခင္ ဘာေၾကာင့္ ရပ္၊ၾကည့္၊ ၿပီးမွသြား သင့္တာလဲ (လမ်းဆုံကိုမဖြတ်ခင် ကားကိုဘာကြောင့် ရပ်၊ကြည့်၊ ပြီးမှသွား သင့်တာလဲ)
အေမရိကားေရာက္မိတ္ေဆြတေယာက္က သူဟိုမွာကားေမာင္းတာ ဒါဏ္၂ခါထိဖူးတယ္၊ ၂ခါလုံး Stop sign မွာမရပ္လို႔တဲ့။
သူတို႔ဆီမွာ လမ္းဆုံေရာက္လို႔ ကိုယ့္လမ္းမွာ Stop sign ရွိလ်င္ အျခားလမ္းေပၚမွာ ကားမရွိလည္း ရပ္မ်ဥ္းေနာက္မွာ ရပ္ကိုရပ္ရတယ္ဆိုပဲ။
အျခားလမ္းေပၚမွာ ကားမွမရွိတာ ဘာလို႔ရပ္ရမွာလည္းလို႔ေမးစရာရွိလာပါတယ္။
ဟုတ္ကဲ့ အဲတာ အေရးႀကီးပါတယ္။
အျခားလမ္းေပၚမွာ ကားမွမရွိတာ မဟုတ္ဘဲ ရွိတဲ့ကားက ကိုယ့္ရဲ႕ blind spot ထဲေရာက္ေနလို႔ မျမင္ဘဲ ကိုယ္က လမ္းေပၚမွာကားမရွိဘူးလို႔ထင္တာ ျဖစ္နိုင္လို႔ပါ။
ကားေမာင္းတဲ့အခါ ကိုယ္မျမင္ႏိုင္တဲ့ blind spots ဆိုတာေတြရွိပါတယ္။
အဲဒီ blind spots ေတြထဲမွာေရာက္ေနတဲ့ ယာဥ္/ လူ စသည္တို႔ကို မျမင္လို႔ မေတာ္တဆျဖစ္ၾကတာ အေတာ္မ်ားလို႔ပါ။
ကားအမ်ိဳးစားအလိုက္ blind spots ေတြမတူၾကေပမဲ့ အားလုံးနီးပါးႀကဳံရတဲ့ blind spots ေတြရွိပါတယ္။
လူအမ်ားစုက Blind spots လို႔ဆိုလိုက္လ်င္ ပုံ ၁ မွာလို ဝဲယာေနာက္ၾကည့္မွန္ရဲ႕ ျမင္ကြင္းတို႔ကို ေက်ာ္လာၿပီး မ်က္ေစ့ရဲ႕ ေဘးဘက္ျမင္ကြင္းထဲ ဝင္မလာေသးတဲ့ blind spots ေတြနဲံ အလယ္ေနာက္ၾကည့္မွန္နဲ႔ ေဘးဘက္ ေနာက္ၾကည့္မွန္ ၾကားက ေပ်ာက္ေနတဲ့ မိမိ အေနာက္ဘက္ ဝဲယာ ေဘးႏွစ္ဘက္က blind spots ေတြကိုပဲ သိၾကပါတယ္၊
![]() |
| ပုံ ၁ (က) ဝဲယာေနာက္ၾကည့္မွန္ရဲ႕ ျမင္ကြင္းတို႔ကို ေက်ာ္လာၿပီး မ်က္ေစ့ရဲ႕ ေဘးဘက္ျမင္ကြင္းထဲ ဝင္မလာေသးတဲ့ blind spots |
![]() |
| ပုံ ၁ (ခ) ဝဲယာေနာက္ၾကည့္မွန္ရဲ႕ ျမင္ကြင္းတို႔ကို ေက်ာ္လာၿပီး မ်က္ေစ့ရဲ႕ ေဘးဘက္ျမင္ကြင္းထဲ ဝင္မလာေသးတဲ့ blind spots |
ပုံ ၂ မွာလို မိမိအေရွ႕ ဝဲယာမွာလည္း pillar blind spots
ပံု၂ (ခ) ထဲမွာ ကားအျဖဴနဲ႔ ကားအျပာ၂စီးလုံး လမ္းဆုံကို တသမတ္အရွိန္ေတြနဲ႔ ခ်ည္းကပ္လာရာမွာ
ကားအျဖဴေမာင္းသူရဲ႕ ယာဘက္က Blind spot မွာ ကားအျပာက ေပ်ာက္ေနပါတယ္။
ကားအျဖဴ ေနရာ ၁ နဲ႔ ၂ ေတြကိုေရာက္စဥ္မွာ ေမာင္းသူက ကားအျပာကိုလုံးဝ မျမင္ရဘဲ ေနရာ ၃ ကို ေရာက္ေတာ့မွ ကားအျပာရဲ႕တပိုင္းတစကိုျမင္
အဲဒီအခ်ိန္မွာ ရပ္ဖို႔ေနာက္က်သြားတာကို ေတြ႕ရမွာျဖစ္ပါတယ္။
ပုံ ၃ မွာလို႔ ကားရဲ႕ အေရွ႕တည့္တည့္ နဲ႔ အေနာက္တည့္တည့္ အနိမ့္ပိုင္းေတြ ရွိတယ္ဆိုတာကို သတိမမူမိတတ္ပါဘူး။ စနစ္က်တဲ့ ယာဥ္ေမာင္းသင္တန္းေတြမွာေတာ့ သင္ၾကားေပးမွာပါ။
ျမန္မာျပည္မွာက ေခတ္အဆက္ဆက္ ယာဥ္ေမာင္းလိုင္စင္ကို နည္းမ်ိဳးစုံနဲ႔ရ ၾကေတာ့ သိန္းေထာင္ေက်ာ္တန္ကားသာေမာင္းေနတယ္ ယာဥ္စည္းကမ္း လမ္းစည္းကမ္းေတြကို မသိသူက အမ်ားသား။
![]() |
| ပုံ ၃ ယာဥ္ေမာင္းမျမင္ရတဲ့ ကားရဲ႕ အေရွ႕တည့္တည့္ နဲ႔ အေနာက္တည့္တည့္ အနိမ့္ပိုင္း blind spots ေတြ |
ကားေလကာမွန္ရဲ႕ ေပါင္ႏွစ္ခုဟာ မိမိအေရွ႕ ဝဲယာမွာမွာ ကားတစီးကို ျမင္ကြင္းကေန အသာကေလး ေပ်ာက္သြားေစပါတယ္။
အလယ္ေနာက္ၾကည့္မွန္မွာ ခ်ိတ္ထားတဲ့ ပန္းကံုးတို႔ ဘုရားပံုတို႔ ကလည္း blind spot ျဖစ္ေစပါတယ္။
![]() |
| အလယ္ေနာက္ၾကည့္မွန္မွာ ခ်ိတ္ထားတဲ့ ပန္းကံုးတို႔ ဘုရားပံုတို႔ ကလည္း blind spot ျဖစ္ေစပါတယ္။ |
ႏွစ္စီးလုံးက လမ္းဆုံကို ခ်ဥ္းကပ္လာတဲ့ အရွိန္ကမေျပာင္းလ်င္ အဲဒီ ကန႔္လန႔္လမ္းေပၚကကားဟာ Blind spots ထဲကေနထြက္မလာဘဲ ၂စီးသား လမ္းဆုံမွာ တိုက္မိႏိုင္ပါတယ္။
အဲဒီကား ကိုယ့္ရဲ႕ Blind spot ထဲကေနထြက္လာဖို႔က ကားတစီးစီက ေမာင္းေနတဲ့ အရွိန္ကို ေျပာင္းလိုက္ဖို႔လိုပါတယ္။ ဒါေတာင္ passenger ဘက္က Blind spot ေနာက္ကြယ္ကကားဆို အရွိန္ကိုေျပာင္းၿပီးလည္း ခ်က္ခ်င္းလည္းမျမင္ရပါ။
အဲလိုျမင္ရေအာင္တစီးကလမ္းဆုံရပ္မ်ဥ္းမွာ ရပ္ရပါတယ္။
![]() |
| "ရပ္၊ၾကည့္၊သြား" |
အဲဒါေၾကာင့္ တူညီလမ္းဆုံပင္ျဖစ္ပါေစ တလမ္းထိပ္မွာ ရပ္မ်ဥ္းတားထားေပးပါတယ္။
ျမန္မာျပည္လမ္းဆုံတခ်ိဳ႕မွာလည္း ရပ္မ်ဥ္းေတြနဲ႔ "ရပ္၊ၾကည့္၊သြား" ဆိုတဲ့ ဆိုင္းဘုတ္ေတြရွိပါတယ္။
ကိုယ္က ရပ္လိုက္ခ်ိန္ (သို႔) အရွိန္ေလွ်ာ့လိုက္ခ်ိန္ က်မွ Blind Spot ထဲမွာ ကြယ္ေနတဲ့အရာက ျမင္ကြင္းထဲကိုေရာက္လာတာပါ။
ေနာက္တခုကေတာ့ ယာဥ္ေမာင္းရဲ႕ ေဘးခုံေပၚကသူပါ။
တခါက ေဘးကသူက ေျခနင္းေပၚက်သြားတဲ့ ပစၥည္းကို ကုန္းအေကာက္မွာ ကန႔္လန႔္ျဖတ္လမ္းကလာတဲ့ကားကို သူ႔ေခါင္းကကြယ္ၿပီး လုံးဝ မျမင္လိုက္လို႔ တိုက္မလို ျဖစ္ဖူးပါတယ္။
လမ္းဆုံေတြမွာ ယာဥ္ေမာင္းရဲ႕ ေဘးခုံေပၚကသူက ေဘး ျမင္ကြင္းကို မကြယ္မိေအာင္ သတိထားသင့္ပါတယ္။
ကိုယ္ကကားေမာင္းသူမဟုတ္လို႔ ဒါေတြကို သိစရာမလိုဘူးလို႔ေတာ့မထင္ပါနဲ႔၊
လမ္းအသုံးျပဳသူမွန္သမွ် လမ္းျဖတ္ကူးသူ၊ စက္ဘီး ဆိုင္ကယ္စီးသူေတြလဲ ကားေမာင္းသူရဲ႕ Blind spot မွာေရာက္ေနလွ်င္ အႏၲရာယ္ရွိတာေၾကာင့္ Blind spot ကို ေရွာင္ႏိုင္ဖို႔ သိထားသင့္ပါတယ္။
ကိုယ္က ကားရဲ႕ အေ႐ွ႕ဘက္ေဘးမွာ႐ွိလုိ႔ ယာဥ္ေမာင္းကျမင္မွာပါလို႔ေတာ့ တထစ္ခ်မယံုလိုက္ပါနဲ႔။
ယာဥ္အႏၲရာယ္ကင္းေဝးၾကပါေစ
ဖိုးသုည
3/05/2018
လမ်းဆုံကိုမဖြတ်ခင် ကားကိုဘာကြောင့် ရပ်၊ကြည့်၊ ပြီးမှသွား သင့်တာလဲ (Unicode)
အမေရိကားရောက်မိတ်ဆွေတယောက်က သူဟိုမှာကားမောင်းတာ ဒါဏ်၂ခါထိဖူးတယ်၊ ၂ခါလုံး Stop sign မှာမရပ်လို့တဲ့။
သူတို့ဆီမှာ လမ်းဆုံရောက်လို့ ကိုယ့်လမ်းမှာ Stop sign ရှိလျင် အခြားလမ်းပေါ်မှာ ကားမရှိလည်း ရပ်မျဉ်းနောက်မှာ ရပ်ကိုရပ်ရတယ်ဆိုပဲ။
အခြားလမ်းပေါ်မှာ ကားမှမရှိတာ ဘာလို့ရပ်ရမှာလည်းလို့မေးစရာရှိလာပါတယ်။
ဟုတ်ကဲ့ အဲတာ အရေးကြီးပါတယ်။
အခြားလမ်းပေါ်မှာ ကားမှမရှိတာ မဟုတ်ဘဲ ရှိတဲ့ကားက ကိုယ့်ရဲ့ blind spot ထဲရောက်နေလို့ မမြင်ဘဲ ကိုက လမ်းပေါ်မှာကားမရှိဘူးလို့ထင်တာ ဖြစ်နိုင်လို့ပါ။
ကားမောင်းတဲ့အခါ ကိုယ်မမြင်နိုင်တဲ့ blind spots ဆိုတာတွေရှိပါတယ်။
အဲဒီ blind spots တွေထဲမှာရောက်နေတဲ့ ယာဉ်/ လူ စသည်တို့ကို မမြင်လို့ မတော်တဆဖြစ်ကြတာ အတော်များလို့ပါ။
ကားအမျိုးစားအလိုက် blind spots တွေမတူကြပေမဲ့ အားလုံးနီးပါးကြုံရတဲ့ blind spots တွေရှိပါတယ်။
လူအများစုက Blind spots လို့ဆိုလိုက်လျင် ပုံ ၁ ကလို အလယ်နောက်ကြည့်မှန်နဲ့ ဘေးဘက် နောက်ကြည့်မှန် ကြားက ပျောက်နေတဲ့ မိမိ အနောက်ဘက် ဝဲယာ ဘေးနှစ်ဘက်က blind spots
ဝဲယာနောက်ကြည့်မှန်ရဲ့ မြင်ကွင်းတို့ကို ကျော်လာပြီး မျက်စေ့ရဲ့ ဘေးဘက်မြင်ကွင်းထဲ ဝင်မလာသေးတဲ့ blind spots တွေကိုပဲ သိကြပါတယ်၊
ပုံ ၂ မှာလို မိမိအရှေ့ ဝဲယာမှာလည်း pillar blind spots နဲ့
ပုံ ၃ မှာလို့ ကားရဲ့ အရှေ့တည့်တည့် နဲ့ အနောက်တည့်တည့် အနိမ့်ပိုင်းတွေ ရှိတယ်ဆိုတာကို သတိမမူမိတတ်ပါဘူး။
စနစ်ကျတဲ့ ယာဉ်မောင်းသင်တန်းတွေမှာတော့ သင်ကြားပေးမှာပါ။
မြန်မာပြည်မှာက ခေတ်အဆက်ဆက် ယာဉ်မောင်းလိုင်စင်ကို နည်းမျိုးစုံနဲ့ရ ကြတော့ သိန်းထောင်ကျော်တန်ကားသာမောင်းနေတယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို မသိသူက အများသား။
pillar blind spots
ကားလေကာမှန်ရဲ့ ပေါင်နှစ်ခုဟာ မိမိအရှေ့ ဝဲယာမှာမှာ ကားတစီးကို မြင်ကွင်းကနေ အသာကလေး ပျောက်သွားစေပါတယ်။
အလယ်နောက်ကြည့်မှန်မှာ ချိတ်ထားတဲ့ ပန်းကုံးတို့ ဘုရားပုံတို့ ကလည်း blind spot ဖြစ်စေပါတယ်။
တခါတလေမှာ လမ်းဆုံကို ချဉ်းကပ်လာတဲ့ ကားမောင်းသူရဲ့ Blind spots ထဲမှာအရှေ့က ကန့်လန့်ဖြတ်လမ်းမှာ လမ်းဆုံကို ချဉ်းကပ်လာတဲ့ကားကရောက်နေတတ်ပါတယ်။
နှစ်စီးလုံးက လမ်းဆုံကို ချဉ်းကပ်လာတဲ့ အရှိန်ကမပြောင်းလျင် အဲဒီ ကန့်လန့်လမ်းပေါ်ကကားဟာ Blind spots ထဲကနေထွက်မလာဘဲ ၂စီးသား လမ်းဆုံမှာ တိုက်မိနိုင်ပါတယ်။
အဲဒီကား ကိုယ့်ရဲ့ Blind spot ထဲကနေထွက်လာဖို့က ကားတစီးစီက မောင်းနေတဲ့ အရှိန်ကို ပြောင်းလိုက်ဖို့လိုပါတယ်။ ဒါတောင် passenger ဘက်က Blind spot နောက်ကွယ်ကကားဆို အရှိန်ကိုပြောင်းပြီးလည်း ချက်ချင်းလည်းမမြင်ရပါ။
အဲလိုမြင်ရအောင်တစီးကလမ်းဆုံရပ်မျဉ်းမှာ ရပ်ရပါတယ်။
အဲဒါကြောင့် တူညီလမ်းဆုံပင်ဖြစ်ပါစေ တလမ်းထိပ်မှာ ရပ်မျဉ်းတားထားပေးပါတယ်။
မြန်မာပြည်လမ်းဆုံတချို့မှာလည်း ရပ်မျဉ်းတွေနဲ့ "ရပ်၊ကြည့်၊သွား" ဆိုတဲ့ ဆိုင်းဘုတ်တွေရှိပါတယ်။
ကိုယ်က ရပ်လိုက်ချိန် (သို့) အရှိန်လျှော့လိုက်ချိန် ကျမှ Blind Spot ထဲမှာ ကွယ်နေတဲ့အရာက မြင်ကွင်းထဲကိုရောက်လာတာပါ။
နောက်တခုကတော့ ယာဉ်မောင်းရဲ့ ဘေးခုံပေါ်ကသူပါ။
တခါက ဘေးကသူက ခြေနင်းပေါ်ကျသွားတဲ့ ပစ္စည်းကို ကုန်းအကောက်မှာ ကန့်လန့်ဖြတ်လမ်းကလာတဲ့ကားကို သူ့ခေါင်းကကွယ်ပြီး လုံးဝ မမြင်လိုက်လို့ တိုက်မလို ဖြစ်ဖူးပါတယ်။
လမ်းဆုံတွေမှာ ယာဉ်မောင်းရဲ့ ဘေးခုံပေါ်ကသူက ဘေး မြင်ကွင်းကို မကွယ်မိအောင် သတိထားသင့်ပါတယ်။
ကိုယ်ကကားမောင်းသူမဟုတ်လို့ ဒါတွေကို သိစရာမလိုဘူးလို့တော့မထင်ပါနဲ့၊
လမ်းအသုံးပြုသူမှန်သမျှ လမ်းဖြတ်ကူးသူ၊ စက်ဘီး ဆိုင်ကယ်စီးသူတွေလဲ ကားမောင်းသူရဲ့ Blind spot မှာရောက်နေလျှင် အန္တရာယ်ရှိတာကြောင့် Blind spot ကို ရှောင်နိုင်ဖို့ သိထားသင့်ပါတယ်။
ယာဉ်အန္တရာယ်ကင်းဝေးကြပါစေ
ဖိုးသုည
3/05/2018
Thursday, June 13, 2019
ခ်စ္လြန္းလို႔အႀကံႀကီးႀကံ၊ ေထာင္တသက္စံ (ချစ်လွန်းလို့အကြံကြီးကြံ၊ ထောင်တသက်စံ)
ခ်စ္လြန္းလို႔အႀကံႀကီးႀကံ၊ ေထာင္တသက္စံ
ဟန္ေဆာင္ ေလယာဥ္ျပန္ေပးဆြဲမႈနဲ႔ တရားစြဲခံရတဲ့ အိႏၵိယႏိုင္ငံသား စီးပြားေရးသမား Birju Salla ကို တရား႐ုံးတခုက အဂၤါေန႔က ေထာင္ဒါဏ္တသက္နဲ႔ေငြဒါဏ္ ႐ူပီး သန္း၅၀ ခ်မွတ္လိုက္ပါတယ္။သူက ၂၀၁၇ ေအာက္တိုဘာလက အိႏၵိယႏိုင္ငံ မြန္ဘိုင္ ကေန ေဒလီ ကိုပ်ံတဲ့ ဂ်က္အဲယားေဝး ေလယာဥ္ flight 9W-339 ေပၚမွာ “ျပန္ေပးသမား ၁၂ေယာက္နဲ႔ ေဖါက္ခြဲေရးပစၥည္းေတြပါတယ္၊ ေလေယာဥ္ကို ပါကစၥတန္ႏိုင္ငံထိန္းခ်ဳပ္ထားနဲ႔ ကက္ရွ္မီးယားျပည္နယ္ကို လမ္းေၾကာင္းေျပာင္းပ်ံပါ” လို႔ ၿခိမ္းေျခာက္တဲ့စာကို Business class ေလယာဥ္ အိမ္သာထဲမွာခ်ထားတဲ့တာပါ။ အဲဒီစာကို ေလယာဥ္မယ္တေယာက္ကေတြ႕ၿပီး ေနာက္ေလယာဥ္ကို Ahmedabad ေလဆိပ္မွာ အရးေပၚဆင္းသက္ခဲ့ပါတယ္။ ေလယာဥ္ကို သီးသန္႔ေနရာမွာ ရပ္ေစၿပီး ခရီးသည္နဲ႔ ဝန္ထမ္းေတြကိုလည္း တဦးခ်င္း စစ္ေဆး မွတ္တမ္းတင္၊ ေလယာဥ္တစီးလုံးကိုလည္း ရွာေဖြၿပီး ဘာမွမေတြ႕မွ ေဒလီကို ခရီးဆက္ခဲ့ရပါတယ္။ ခရီးဆက္ရာမွာ အဲယားမာရွယ္ ၂ေယာက္ပါလိုက္ပါခဲ့ၿပီး ပုံမွန္ထက္ ၇ နာရီ ေနာက္က်ၿပီးမွ ေဒလီကိုေရာက္ပါေတာ့တယ္။
ေလယာဥ္ဝန္ထမ္းေတြက Birju Salla တေယာက္တည္းသာ အဲဒီ အိမ္သာကိုသုံးခဲ့တယ္လို႔ စစ္ေဆးသူေတြကို ေျပာခဲ့တယ္ဆိုပါတယ္။ သူက အူရ္ဒူစာမတတ္လို႔ ေရးထားတဲ့စာကို ဂူးဂဲလ္ကိုသုံးၿပီး ဘာသာျပန္ခဲ့တဲ့ အတြက္လည္း အဲဒီစာနဲ႔ Birju Salla ကို ဆက္စပ္လို႔ ရသြားနဲ႔အတြက္ သူ႔ကိုဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။ သူသာအီေကာ္ေနာ္မီတန္းမွာစီးၿပီး အဲဒီကအိမ္သာထဲမွာ စာကိုထားခဲ့ရင္ေတာ့ ဆက္စပ္ဖို႔ အဲဒီေလာက္ လြယ္မယ္ မထင္ပါါ။
သူဟာ အနည္းဆုံးေထာင္ဒါဏ္ တသက္ကေန ေသဒါဏ္အထိ အျပစ္ေပးလို႔ရတဲ့ အိႏၵိယရဲ႕ အပိုင္စီးမႈဆိုင္ရာ ဥပေဒအသစ္ (၂၀၁၆) နဲ႔ စီရင္တာကိုခံရတဲ့ ပထမဆုံး တရားခံျဖစ္ပါတယ္။
သူကေလယာဥ္ကို အပိုင္စီးဖို႔ အားမထုတ္ခဲ့ေသာ္လည္း အဲလိုၿခိမ္းေျခာက္စာကိုထားတာဟာ အပိုင္စီးဖို႔ႀကံစည္တယ္လို႔ ယူဆလို႔ရတယ္လို႔ ဥပေဒအရာရွိကဆိုခဲ့ပါတယ္။ သူ႔ရဲ႕ လုပ္ရပ္က ခရီးသည္နဲ႔ ေလယာဥ္အမႈထမ္းေတြရဲံလုံၿခဳံေရးကို ၿခိမ္းေျခာက္တာပဲလို႔ တာဝန္ရွိသူေတြကဆိုပါတယ္။
ေလထဲက ဖူးစာနဲ့ ေထာင္တန္တဲ့ အၾကံ
Birju Kishore Salla က အိႏၵိယႏိုင္ငံ မြန္ဘိုင္းၿမိဳ႕က စီးပြားေရးလုပ္ငန္းရွင္တဦးျဖစ္ၿပီး မၾကာခဏခရီးထြက္ရသူျဖစ္ပါတယ္။ ေလယာဥ္မယ္ေတြဂ႐ုစိုက္ၾကတဲ့ Business class ကေနမၾကာခဏစီးတဲ့ ဘီရာဂ်ဴးတေယာက္ ေဒလီက ဂ်က္အဲယားေဝး ေလယာဥ္မယ္တဦးနဲ႔ ရည္ငံမိပါေတာ့တယ္။သူ႔ခ်စ္သူကို မြန္ဘိုင္းမွာ သူနဲ႔အတူလာေနဖို႔ အႀကိမ္ႀကိမ္ခၚခဲ့ေပမယ့္ သူမကျငင္းပယ္ေနခဲ့ပါတယ္။
အႀကံႀကီးသူဘီရာဂ်ဴးက သူမအလုပ္လုပ္ေနတဲ့ ဂ်က္အဲယားေဝးသာ နာမည္ပ်က္လို႔ ေဒလီခရီးစဥ္ေတြကိုဖ်က္သိမ္းလိုက္ရရင္ေတာ့ သူ႔ခ်စ္သူေလယာဥ္မယ္လည္းအလုပ္ျပဳတ္မယ္။ အဲဒီအခါမွာေတာ့ သူမလည္း သူ႔စကားနားေထာင္ကာ သူနဲ႔လိုက္ေနမယ္လို႔ ေမွ်ာ္လင့္ၿပီး ဒီလိုလုပ္ခဲ့တာဆိုပါတယ္။
ကံဆိုးခ်င္ေတာ့ သူ႔ကေထာင္ဒါဏ္တသက္နဲ႔ ေငြဒါဏ္က်ခံရကာနီး ဒီႏွစ္ဆန္းပိုင္းဧၿပီလမွာ သူဒုကၡေပးခ်င္တဲ့ ဂ်က္အဲယားေဝးႀကီး စီးပြားတကယ္ပ်က္ၿပီး ျပည္တြင္းျပည္ပခရီးစဥ္အားလုံးရပ္နာထားရပါၿပီ။
သူကေတာ့ ခ်စ္သူနဲ႔ အိမ္ေထာင္မက်ဘဲ အက်ဥ္းေထာင္ တသက္လုံးက်ခံရပါေတာ့မယ္။
ဘီရာဂ်ဴးရဲ႕ေရွ႕ေနကေတာ့ အယူခံဝင္ဦးမယ္ဆိုပါတယ္။
တခ်ိဳ႕သူေတြအတြက္ေတာ့ အခ်စ္ဆိုတာ မ်က္စိမပါ႐ုံမက ဦးေႏွာက္ကိုပါ အေမွာင္ဖုံးေစတာကလား။
ဖိုးသုည
13-6-19
ချစ်လွန်းလို့အကြံကြီးကြံ၊ ထောင်တသက်စံ (ယူနီကုဒ်)
ဟန်ဆောင် လေယာဉ်ပြန်ပေးဆွဲမှုနဲ့ တရားစွဲခံရတဲ့ အိန္ဒိယနိုင်ငံသား စီးပွားရေးသမား Birju Salla ကို တရားရုံးတခုက အင်္ဂါနေ့က ထောင်ဒါဏ်တသက်နဲ့ငွေဒါဏ် ရူပီး သန်း၅၀ ချမှတ်လိုက်ပါတယ်။
သူက ၂၀၁၇ အောက်တိုဘာလက အိန္ဒိယနိုင်ငံ မွန်ဘိုင် ကနေ ဒေလီ ကိုပျံတဲ့ ဂျက်အဲယားဝေး လေယာဉ် flight 9W-339 ပေါ်မှာ “ပြန်ပေးသမား ၁၂ယောက်နဲ့ ဖေါက်ခွဲရေးပစ္စည်းတွေပါတယ်၊ လေယောဉ်ကို ပါကစ္စတန်နိုင်ငံထိန်းချုပ်ထားနဲ့ ကက်ရှ်မီးယားပြည်နယ်ကို လမ်းကြောင်းပြောင်းပျံပါ” လို့ ခြိမ်းခြောက်တဲ့စာကို Business class လေယာဉ် အိမ်သာထဲမှာချထားတဲ့တာပါ။ အဲဒီစာကို လေယာဉ်မယ်တယောက်ကတွေ့ပြီး နောက် လေယာဉ်ကို Ahmedabad လေဆိပ်မှာ အရးပေါ်ဆင်းသက်ခဲ့ပါတယ်။ လေယာဉ်ကို သီးသန့်နေရာမှာ ရပ်စေပြီး ခရီးသည်နဲ့ ဝန်ထမ်းတွေကိုလည်း တဦးချင်း စစ်ဆေး မှတ်တမ်းတင်၊ လေယာဉ်တစီးလုံးကိုလည်း ရှာဖွေပြီး ဘာမှမတွေ့မှ ဒေလီကို ခရီးဆက်ခဲ့ရပါတယ်။ ခရီးဆက်ရာမှာ အဲယားမာရှယ် ၂ယောက်ပါလိုက်ပါခဲ့ပြီး ပုံမှန်ထက် ၇ နာရီ နောက်ကျပြီးမှ ဒေလီကိုရောက်ပါတော့တယ်။
လေယာဉ်ဝန်ထမ်းတွေက Birju Salla တယောက်တည်းသာ အဲဒီ အိမ်သာကိုသုံးခဲ့တယ်လို့ စစ်ဆေးသူတွေကို ပြောခဲ့တယ်ဆိုပါတယ်။ သူက အူရ်ဒူစာမတတ်လို့ ရေးထားတဲ့စာကို ဂူးဂဲလ်ကိုသုံးပြီး ဘာသာပြန်ခဲ့တဲ့ အတွက်လည်း အဲဒီစာနဲ့ Birju Salla ကို ဆက်စပ်လို့ ရသွားနဲ့အတွက် သူ့ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သူသာအီကော်နော်မီတန်းမှာစီးပြီး အဲဒီကအိမ်သာထဲမှာ စာကိုထားခဲ့ရင်တော့ ဆက်စပ်ဖို့ အဲဒီလောက် လွယ်မယ် မထင်ပါ။
သူဟာ အနည်းဆုံးထောင်ဒါဏ် တသက်ကနေ သေဒါဏ်အထိ အပြစ်ပေးလို့ရတဲ့ အိန္ဒိယရဲ့ အပိုင်စီးမှုဆိုင်ရာ ဥပဒေအသစ် (၂၀၁၆) နဲ့ စီရင်တာကိုခံရတဲ့ ပထမဆုံး တရားခံဖြစ်ပါတယ်။
သူကလေယာဉ်ကို အပိုင်စီးဖို့ အားမထုတ်ခဲ့သော်လည်း အဲလိုခြိမ်းခြောက်စာကိုထားတာဟာ အပိုင်စီးဖို့ကြံစည်တယ်လို့ ယူဆလို့ရတယ်လို့ ဥပဒေအရာရှိကဆိုခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်က ခရီးသည်နဲ့ လေယာဉ်အမှုထမ်းတွေရဲံလုံခြုံရေးကို ခြိမ်းခြောက်တာပဲလို့ တာဝန်ရှိသူတွေကဆိုပါတယ်။
လေထဲက ဖူးစာနဲ့ ထောင်တန်တဲ့ အကြံ
Birju Kishore Salla က အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး မကြာခဏခရီးထွက်ရသူဖြစ်ပါတယ်။ လေယာဉ်မယ်တွေဂရုစိုက်ကြတဲ့ Business class ကနေမကြာခဏစီးတဲ့ ဘီရာဂျူးတယောက် ဒေလီက ဂျက်အဲယားဝေး လေယာဉ်မယ်တဦးနဲ့ ရည်ငံမိပါတော့တယ်။
သူ့ချစ်သူကို မွန်ဘိုင်းမှာ သူနဲ့အတူလာနေဖို့ အကြိမ်ကြိမ်ခါ်ခဲ့ပေမယ့် သူမကငြင်းပယ်နေခဲ့ပါတယ်။
အကြံကြီးသူဘီရာဂျူးက သူမအလုပ်လုပ်နေတဲ့ ဂျက်အဲယားဝေးသာ နာမည်ပျက်လို့ ဒေလီခရီးစဉ်တွေကိုဖျက်သိမ်းလိုက်ရရင်တော့ သူ့ချစ်သူလေယာဉ်မယ်လည်းအလုပ်ပြုတ်မယ်။ အဲဒီအခါမှာတော့ သူမလည်း သူ့စကားနားထောင်ကာ သူနဲ့လိုက်နေမယ်လို့ မျှော်လင့်ပြီး ဒီလိုလုပ်ခဲ့တာဆိုပါတယ်။
ကံဆိုးချင်တော့ သူ ထောင်ဒါဏ်တသက်နဲ့ ငွေဒါဏ်ကျခံရကာနီး ဒီနှစ်ဆန်းပိုင်းဧပြီလမှာ သူဒုက္ခပေးချင်တဲ့ ဂျက်အဲယားဝေးကြီး စီးပွားတကယ်ပျက်ပြီး ပြည်တွင်းပြည်ပခရီးစဉ်အားလုံးရပ်နာထားရပါပြီ။
သူကတော့ ချစ်သူနဲ့ အိမ်ထောင်မကျဘဲ အကျဉ်းထောင် တသက်လုံးကျခံရပါတော့မယ်။
ဘီရာဂျူးရဲ့ရှေ့နေကတော့ အယူခံဝင်ဦးမယ်ဆိုပါတယ်။
တချို့သူတွေအတွက်တော့ အချစ်ဆိုတာ မျက်စိမပါရုံမက ဦးနှောက်ကိုပါ အမှောင်ဖုံးစေတာကလား။
ဖိုးသုည
13-6-19
Tuesday, June 11, 2019
ေမာင္းရင္ (ဖုန္း)မပြတ္နဲ့ ပြတ္ရင္ မေမာင္းနဲ့(မောင်းရင် (ဖုန်း)မပွတ်နဲ့ ပွတ်ရင် မမောင်းနဲ့)
ေမာင္းရင္ (ဖုန္း)မပြတ္နဲ့ ပြတ္ရင္ မေမာင္းနဲ့
မႏွစ္က ႏွစ္ကုန္ ပုဂံသြားလည္ေတာ့ ကားငွားရတယ္။ကားဆရာက အေမာင္းကြၽမ္းတယ္၊ ရည္မြန္တယ္ သေဘာေကာင္းတယ္။
သူ႔ကို ခရီးစကတည္းက ကားေမာင္းရင္းဖုန္းေျပာတာကို မႀကိဳက္ေၾကာင္း အႏၲရာယ္မ်ားေၾကာင္း သြယ္ဝိုက္ေျပာထားတယ္။
သူကလည္းႏိုင္ငံျခားသားေတြနဲ႔အငွားလိုက္ရင္ ဖုန္း မေျပာရဲေၾကာင္းေျပာျပတယ္။
ခက္တာက သူက ကားသုံးစီးေထာင္ထားေတာ့ အလုပ္ကိစၥေတြဖုန္းခဏခဏဝင္တယ္။
ကားေမာင္းရင္ ဖုန္းေျပာတဲ့ ကိစၥကို ႀကဳံတိုင္းသြယ္ဝိုက္ေျပာေပမယ့္ကိုယ္ေတာ္ကမမႈ၊
ကိုယ္ကလည္း အၿမဲမေျပာခ်င္ဘူး၊ စိတ္အေႏွာက္ယွက္ျဖစ္ရင္ အက္ဆိဒင့္ျဖစ္မွာစိုးရေသးတယ္၊
ကိုယ္ေတြအားလုံးအသက္က သူလက္ထဲမွာေလ။
ဒါကလြဲရင္ အလုပ္မွာ ေစတနာကေတာ့ အျပည့္ပဲ။
ခရီးဆုံးတဲ့အထိ ဘာမွမျဖစ္ဘဲ အျပန္ၾကေတာ့ အျမန္လမ္းေပၚမွာ ညခရီးျဖစ္ကေရာ။
ဆရာသမားက ဖုန္းထဲက သီခ်င္းေတြတပုဒ္ၿပီးတပုဒ္ ရွာၿပီး ကားစပီကာနဲ႔ ခ်ိတ္ဖြင့္တယ္။
ဒါေတာ့မရေတာ့ဘူး။

ညဘက္ အမွာင္ထဲ တနာရီကီလို ၉၀ နဲ႔ေမာင္းေနတုန္း ဖုန္းတဖက္ပြတ္ၿပီး သီခ်င္းရွာတာကို သည္းမခံႏိုင္ေတာ့ ။ ကိုယ္လည္း တကယ္ေၾကာက္တာ။

ကို **. ဘာသီခ်င္းရွာခ်င္လည္းေျပာ၊ က်ေနာ္ရွာေပးမယ္။
မဟုတ္ရင္ ကားရပ္ၿပီးရွာခ်င္ရွာဗ်ာ ကားေမာင္းရင္းဒီလို သီခ်င္းရွာတာကေတာ့ အလြန္အႏၲရာယ္မ်ားတယ္၊ အိပ္ခ်င္ရင္ ကားရပ္အိပ္လို႔ရတယ္။ လဘက္ရည္ဝင္ေသာက္ခ်င္လည္းရတယ္၊ ေနာက္က်မွာကို မပူဘူး လို႔ ေျပာလိုက္တယ္။
ဒီေတာ့မွ ရပါတယ္ အကိုဆိုၿပီး ဖုန္းခ်လိုက္တယ္။
အမွန္ကသူ႔ အလုပ္ေပၚထားတဲ့ ေစတနာေၾကာင့္ ေဘာက္ဆူးေပးဖို႔ စဥ္းစားထားတာ၊
ခရီးစကတည္းက ေျပာထားပါလ်က္ ကားေမာင္းရင္းဖုန္းေျပာ ႐ုံမက အျမန္လမ္းမွာေမာင္းရင္း ဖုန္းထဲက သီခ်င္းကိုရွာလို႔ လ်ာထားတဲ့ေဘာက္ဆူး မေပးျဖစ္ခဲ့ ဘူး၊
စိတ္ေတာ့မေကာင္းဘူး။ သူကလည္းႏိုင္ငံျခားသားစီးေတာ့ ဖုန္းမေျပာဘဲေမာင္းၿပီး ကိုယ္ေတြက သတိေပးလ်က္နဲ႔ ကားေမာင္းရင္းဖုန္း သုံးတာကိုး.
ေနာင္ကို ကားငွားရင္ ကားေမာင္းစဥ္ ဖုန္းမသုံးရဆိုတဲ့ စည္းကမ္းကို စငွားကတည္းက ေသခ်ာေျပာရမယ္။ တခုခုျဖစ္ရင္ ကားေပၚပါတဲ့တမိသားစုလုံးဒုကၡေရာက္မွာ။
ဖိုးသုည
11/6/19
မောင်းရင် (ဖုန်း)မပွတ်နဲ့ ပွတ်ရင် မမောင်းနဲ့
မနှစ်က နှစ်ကုန် ပုဂံသွားလည်တော့ ကားငှားရတယ်။ (Unicode)
ကားဆရာက အမောင်းကျွမ်းတယ်၊ ရည်မွန်တယ် သဘောကောင်းတယ်။
သူ့ကို ခရီးစကတည်းက ကားမောင်းရင်းဖုန်းပြောတာကို မကြိုက်ကြောင်း အန္တရာယ်များကြောင်း သွယ်ဝိုက်ပြောထားတယ်။
အိပ်ချင်ရင် နား၊ စားချင်ရင်ရပ်စား ကိုယ်တွေက ပြသနာမရှိဘူး၊ ဘေးကင်းဖို့ အဓိကလို့ပြောထားတယ်။
သူကလည်းနိုင်ငံခြားသားတွေနဲ့အငှားလိုက်ရင် ဖုန်း မပြောရဲကြောင်းပြောပြတယ်။
ခက်တာက သူက ကားသုံးစီးထောင်ထားတော့ အလုပ်ကိစ္စတွေဖုန်းခဏခဏဝင်တယ်။
ကားမောင်းရင် ဖုန်းပြောတဲ့ ကိစ္စကို ကြုံတိုင်းသွယ်ဝိုက်ပြောပေမယ့်ကိုယ်တော်ကမမှု၊
ကိုယ်ကလည်း အမြဲမပြောချင်ဘူး၊ စိတ်အနှောက်ယှက်ဖြစ်ရင် အက်ဆိဒင့်ဖြစ်မှာစိုးရသေးတယ်၊
ကိုယ်တွေအားလုံးအသက်က သူလက်ထဲမှာလေ။
ဒါကလွဲရင် အလုပ်မှာ စေတနာကတော့ အပြည့်ပဲ။
ခရီးဆုံးတဲ့အထိ ဘာမှမဖြစ်ဘဲ အပြန်ကြတော့ အမြန်လမ်းပေါ်မှာ ညခရီးဖြစ်ကရော။
ဆရာသမားက ဖုန်းထဲက သီချင်းတွေတပုဒ်ပြီးတပုဒ် ရှာပြီး ကားစပီကာနဲ့ ချိတ်ဖွင့်တယ်။
ဒါတော့မရတော့ဘူး။
ညဘက် အမှာင်ထဲ တနာရီကီလို ၉၀ နဲ့မောင်းနေတုန်း ဖုန်းတဖက်ပွတ်ပြီး သီချင်းရှာတာကို သည်းမခံနိုင်တော့ ။ ကိုယ်လည်း တကယ်ကြောက်တာ။
ကို **. ဘာသီချင်းရှာချင်လည်းပြော၊ ကျနော်ရှာပေးမယ်။
မဟုတ်ရင် ကားရပ်ပြီးရှာချင်ရှာဗျာ ကားမောင်းရင်းဒီလို သီချင်းရှာတာကတော့ အလွန်အန္တရာယ်များတယ်၊ အိပ်ချင်ရင် ကားရပ်အိပ်လို့ရတယ်။ လဘက်ရည်ဝင်သောက်ချင်လည်းရတယ်၊ နောက်ကျမှာကို မပူဘူး လို့ ပြောလိုက်တယ်။
ဒီတော့မှ ရပါတယ် အကိုဆိုပြီး ဖုန်းချလိုက်တယ်။
အမှန်ကသူ့ အလုပ်ပေါ်ထားတဲ့ စေတနာကြောင့် ဘောက်ဆူးပေးဖို့ စဉ်းစားထားတာ၊
ခရီးစကတည်းက ပြောထားပါလျက် ကားမောင်းရင်းဖုန်းပြော ရုံမက အမြန်လမ်းမှာမောင်းရင်း ဖုန်းထဲက သီချင်းကိုရှာလို့ လျာထားတဲ့ဘောက်ဆူး မပေးဖြစ်ခဲ့ ဘူး၊
စိတ်တော့မကောင်းဘူး။ သူကလည်းနိုင်ငံခြားသားစီးတော့ ဖုန်းမပြောဘဲမောင်းပြီး ကိုယ်တွေက သတိပေးလျက်နဲ့ ကားမောင်းရင်းဖုန်း သုံးတာကိုး.
နောင်ကို ကားငှားရင် ကားမောင်းစဉ် ဖုန်းမသုံးရဆိုတဲ့ စည်းကမ်းကို စငှားကတည်းက သေချာပြောရမယ်။ တခုခုဖြစ်ရင် ကားပေါ်ပါတဲ့တမိသားစုလုံးဒုက္ခရောက်မှာ။
ဖိုးသုည
11/6/19
Sunday, June 9, 2019
ဘိုးအင္းရဲ႕ 777X ေလယာဥ္ေတြကို အခ်ိန္မွီအပ္ႏွံႏိုင္ပါ့မလား (ဘိုးအင်းရဲ့ 777X လေယာဉ်တွေကို အချိန်မှီအပ်နှံနိုင်ပါ့မလား )
ဘိုးအင္းရဲ႕ 777X ေလယာဥ္ေတြကို အခ်ိန္မွီအပ္ႏွံႏိုင္ပ့ါမလား
သက္တမ္းကုန္လို႔ နားသြားတဲ့ ဂ်မ္ဘိုဂ်က္ 747 ေတြေနရာကို အစားထိုးဖို႔ ထုတ္တဲ့ 777X-8 နဲ႔ -9 ေလယာဥ္ ေတြဟာ အင္ဂ်င္၂ လုံးတပ္ ခရီးသည္တင္ေလယာဥ္ေတြထဲမွာ အႀကီးဆုံးျဖစ္လာမွာပါ။
![]() |
| 777X |
![]() |
| GE9X အင္ဂ်င္နဲ႔ 737-800 အ႐ြယ္ကို ႏႈိင္းယွဥ္ျပပုံ |
အေတာင္ေတြက ရွည္လြန္းလို႔ကြင္းထဲမွာ ရပ္လ်င္ အဖ်ား ၁၂ ေပကို ေခါက္ထားရမယ့္ေလယာဥ္ႀကီး ၂စီးဟာ Seattle စက္႐ုံကထြက္လို႔ ေျမျပင္စမ္းသပ္မႈေတြစတင္ေနၿပီျဖစ္ပါတယ္။ ဂ်ာမဏီက Lufthansa ေလၾကာင္းက launch customer အေနနဲ႔ ပထမဆုံး 777X ေလယာဥ္ကို ၂၀၁၉ ႏွစ္ကုန္ (သို႔) ၂၀၂၀ ႏွစ္ဆန္းမွာလက္ခံရရွိမယ္လို႔ဆိုပါတယ္။
Emirates ေလေၾကာင္းကေတာ့ သူတို႔ရဲ႕ ပထမဆုံး777-9 ကို ၂၀၂၀ ဇြန္လေႏွာင္းပိုင္းမွာစတင္ေျပးဆြဲဖို႔ စီစဥ္ထားပါတယ္။
![]() |
| ေလယာဥ္ကြင္းတြင္ဂိတ္ထိုးလ်င္ေခါက္ထားမည့္အေတာင္ဖ်ား |
737Max ရဲ႕ MCAS system နဲ႔ Leading edge slats ျပသနာေတြနဲ႔ နပန္လုံးေနရတဲ့ဘိုးအင္းခမ်ာ အခုထြက္မယ့္ 777X-9 ရဲ႕ GE9X အင္ဂ်င္မွာ ျပသနာအခ်ိဳ႕နဲ႔ ရင္ဆိုင္ရျပန္ပါၿပီ။
777X-9 ရဲ႕ပထမဆုံး စမ္းသပ္ပ်ံသန္းမႈကို ဒီဇြန္လ ၂၆ ရက္ေန႔လို႔ သတ္မွတ္ထားတာပါ။
အခုဒီအင္ဂ်င္ျပသနာေၾကာင့္ စမ္းသပ္ပ်ံသန္းမယ့္ရက္ကို အတည္မျပဳႏိုင္ေသးသလို ေလေၾကာင္းလိုင္းေတြကို အပ္ႏွံႏိုင္မယ့္ရက္ကိုလည္း ေျပာင္းလဲႏိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။
ေလယာဥ္အသစ္ေတြကိုထုတ္တဲ့အခါမေမွ်ာ္လင့္ထားတဲ့ျပသနာဆိုတာကေတာ့ ႀကဳံရစၿမဲပါ။
737Max ထုတ္စဥ္ကလည္း ေႏွာင့္ေႏွးမႈေတြရွိခဲ့လို႔ ေဘးအႏၲရာယ္ကင္းရွင္းေရးအတြက္စစ္ေဆးတဲ့ အဆင့္ေတြမွာ ေသေသခ်ာခ်ာမစစ္တာ၊ ပ်ံသန္းခြင့္ရဖို႔ FAA အင္ဂ်င္နီယာေတြကို ဖိအားေပးၿပီး လက္မွတ္ေတြ ရယူခဲ့တာေတြရွိခဲ့တယ္လို႔ သတင္းေတြထြက္ခဲ့တာပါ။
ဒီ 777X မွာေတာ့ ဒီလို ျပသနာေတြမရွိေအာင္ လုပ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
ဖိုးသုည
09-06-19
ဘိုးအင်းရဲ့ 777X လေယာဉ်တွေကို အချိန်မှီအပ်နှံနိုင်ပါ့မလား (ယူနီကုဒ်)
![]() |
| 777X |
သက်တမ်းကုန်လို့ နားသွားတဲ့ ဂျမ်ဘိုဂျက် 747 တွေနေရာကို အစားထိုးဖို့ ထုတ်တဲ့ 777X-8 နဲ့ -9 လေယာဉ် တွေဟာ အင်ဂျင်၂ လုံးတပ် ခရီးသည်တင်လေယာဉ်တွေထဲမှာ အကြီးဆုံးဖြစ်လာမှာပါ။
![]() |
| Add caption |
ခရီးသည် ၃၅၀ ကလေ ၄၂၅ ထိ ဆန့်နိုင်တဲ့ ဒီလေယာဉ်ကြီးတွေထုတ်မယ့်စီမံကိန်းကို ၂၀၁၃ ကစခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့မှာ တပ်ဆင်မှုတွေပြီးလို့ အများပြည်သူကို ထုတ်ပြမယ်ဆို့ ပြင်ဆင်ထားပေမယ့် 737Max တွေကို မြေမှာနားဖို့ ကြေငြာရတဲ့ ကိစ္စနဲ့ တိုက်သွားတာကြောင့် ကုမ္ပဏီဝန်ထမ်းတွေကိုပဲပြသခဲ့တာဖြစ်ပါတယ်။
အဲဒီလေယာဉ်ကြီးတွေမှာ GE Aviation ကထုတ်တဲ့ ဧရာမ GE9X အင်ဂျင်ကြီး ၂လုံးကို အသုံးပြုမှာဖြစ်လို့ 7,525 နောတီကယ်မိုင်ကို မရပ်တမ်းပျံနိုင်မှာပါ။
![]() |
| GE9X အင်ဂျင်နဲ့ 737-800 အရွယ်ကို နှိုင်းယှဉ်ပြပုံ |
အတောင်တွေက ရှည်လွန်းလို့ကွင်းထဲမှာ ရပ်လျင် အဖျား ၁၂ ပေကို ခေါက်ထားရမယ့်လေယာဉ်ကြီး ၂စီးဟာ Seattle စက်ရုံကထွက်လို့ မြေပြင်စမ်းသပ်မှုတွေစတင်နေပြီဖြစ်ပါတယ်။ ဂျာမဏီက Lufthansa လေကြာင်းက launch customer အနေနဲ့ ပထမဆုံး 777X လေယာဉ်ကို ၂၀၁၉ နှစ်ကုန် (သို့) ၂၀၂၀ နှစ်ဆန်းမှာလက်ခံရရှိမယ်လို့ဆိုပါတယ်။
Emirates လေကြောင်းကတော့ သူတို့ရဲ့ ပထမဆုံး777-9 ကို ၂၀၂၀ ဇွန်လနှောင်းပိုင်းမှာစတင်ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။
![]() |
| လေယာဉ်ကွင်းတွင်ဂိတ်ထိုးလျင်ခေါက်ထားမည့်အတောင်ဖျား |
737Max ရဲ့ MCAS system နဲ့ Leading edge slats ပြသနာတွေနဲ့ နပန်လုံးနေရတဲ့ဘိုးအင်းခမျာ အခုထွက်မယ့် 777X-9 ရဲ့ GE9X အင်ဂျင်မှာ ပြသနာအချို့နဲ့ ရင်ဆိုင်ရပြန်ပါပြီ။
777X-9 ရဲ့ပထမဆုံး စမ်းသပ်ပျံသန်းမှုကို ဒီဇွန်လ ၂၆ ရက်နေ့လို့ သတ်မှတ်ထားတာပါ။
အခုဒီအင်ဂျင်ပြသနာကြောင့် စမ်းသပ်ပျံသန်းမယ့်ရက်ကို အတည်မပြုနိုင်သေးသလို လေကြောင်းလိုင်းတွေကို အပ်နှံနိုင်မယ့်ရက်ကိုလည်း ပြောင်းလဲနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
လေယာဉ်အသစ်တွေကိုထုတ်တဲ့အခါမမျှော်လင့်ထားတဲ့ပြသနာဆိုတာကတော့ ကြုံရစမြဲပါ။
737Max ထုတ်စဉ်ကလည်း နှောင့်နှေးမှုတွေရှိခဲ့လို့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်စစ်ဆေးတဲ့ အဆင့်တွေမှာ သေသေချာချာမစစ်တာ၊ ပျံသန်းခွင့်ရဖို့ FAA အင်ဂျင်နီယာတွေကို ဖိအားပေးပြီး လက်မှတ်တွေ ရယူခဲ့တာတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့တာပါ။
ဒီ 777X မှာတော့ ဒီလို ပြသနာတွေမရှိအောင် လုပ်မယ်လို့ မျှော်လင့်ရပါတယ်။
ဖိုးသုည
09-06-19
Saturday, June 8, 2019
လူဦးေရ ၂၅ ေယာက္တိုင္းမွာ တေယာက္ ကာလသားေရာဂါရ (လူဦးရေ ၂၅ ယောက်တိုင်းမှာ တယောက် ကာလသားရောဂါရ)
ကာလသားေရာဂါ ကူးစက္ခံရသူ တေန႔တသန္းေက်ာ္ရွိေန
ကမာၻ႔က်န္းမာေရးအဖြဲ႕ပႀကီးက ၂၀၁၉ ဇြန္ ၂ ရက္က ထုတ္ျပန္တဲ့ သတင္းတခုမွာ" ယေန႔ ကမာၻတြင္ ေသခ်ာကုသလ်င္ ေပ်ာက္ကင္းႏိုင္ေသာ ကာလသားေရာဂါ sexually transmitted infections (STIs) ကူးစက္ခံရသူ ေန႔စဥ္ တေန႔တသန္းေက်ာ္ရွိေန" တယ္လို႔ဆိုပါတယ္။
သုေတသနေတြ႕ရွိခ်က္မ်ားအရ ႏွစ္စဥ္ အသက္ ၁၅ ႏွစ္ နဲ႔ ၄၉ ႏွစ္ၾကား လူဦးေရ ၃၇၅ သန္းဟာ chlamydia, gonorrhoea, trichomoniasis, and syphilis ဆိုတဲ့ ကာလသားေရာဂါေတြကို ကူးစက္ခံေနရတယ္ဆိုပါတယ္။
တနည္းအားျဖင့္ လူဦးေရ ၂၅ ေယာက္တိုင္းမွာ တေယာက္ဟာ အဆိုပါကာလသားေရာဂါတခုခုသို႔မဟုတ္ထိုထက္ပိုၿပီး ကူးစက္ခံေနရတာပါ။
စာရင္းမ်ားအရ ၂၀၁၆ ႏွစ္မွာ
chlamydia ဆီးပူေညာင္းက် ေရာဂါကူးစက္ခံရသူ ၁၂၇ သန္း (အမ်ားစုေရာဂါလကၡဏာမခံစားရ)
gonorrhoea ဂႏို ဆီးပူေညာင္းက် ၈၇ သန္း
trichomoniasis, ၁၅၆ သန္း (70 % ေရာဂါလကၡဏာမခံစားရ)
syphilis (ဆစ္ဖလစ္) ၆.၃သန္း ရွိၿပီး (အမ်ားစုေရာဂါလကၡဏာမခံစားရ / သတိမထားမိလိုက္မီ လကၡဏာေပ်ာက္) အခုထိ ကာလသားေရာဂါျပန္႔ပြားမႈ ရပ္တန္႔ေအာင္ေဆာင္႐ြက္ခ်က္ေတြဟာ တိုးတက္မႈမရွိေသးတာကို ေတြ႕ရတယ္ဆိုပါတယ္။
ျပသနာတခုကေတာ့ ေရာဂါရွိသူအေတာ္မ်ားမ်ား ဟာ ဘာေရာဂါလကၡဏာကိုမွမခံစားရတဲ့အတြက္ စစ္ေဆးၿပီး ေဆးကုသမႉခံယူဖို႔ လိုမွန္း မသိၾကပါဘူး။
ေနာက္ျပသနာတခုကေတာ့ တခ်ိဳ႕ေဒသေတြမွာ ေရာဂါကိုစစ္ေဆးဖို႔ နဲ႔ စနစ္တက်ကုသေပးဖို႔ ေဆး႐ုံေဆးခန္းေတြနဲ႔ အလွမ္းကြာေဝးေနတာလည္းျဖစ္ပါတယ္။
အဆိုးဆုံးကေတာ့ စနစ္တက် ကုမ်ဳမခံျခင္းရဲ႕ ေနာက္ဆက္တြဲ ေဆးယဥ္ပါးေသာပိုးမ်ား ( စူပါဂႏို) ျပန္႔ပြားေနလို႔ သုံးေနက်ေဆးေတြနဲ႔ ကုလို႔မရေတာ့တဲ့ျပသနာပါ။
ေရာဂါ လကၡဏာတခ်ိဳ႕
ဆစ္ဖလစ္ရာဂါသည္တခ်ိဳ႕မွာ ပါးစပ္နဲ႔ လိင္အဂၤါေတြမွာ နာက်င္မႈမရွိတဲ့ ခပ္မာမာ ရွန္ကာအနာတာေတြျဖစ္တတ္ သလို တခ်ိဳ႕မွာေတာ့
လက္ဖဝါးေျခဖဝါးအေရျပားကြာတာ
အေရျပားမွာ အဖုပိတ့္ထြက္တာ၊
ေပါင္ၿခံအက်ိတ္ေတြႀကီးတတ္ၿပီး ေရာဂါရင့္သြားလ်င္ လကၡဏာေတြ သူ႔ဟာသူျပန္ေပ်ာက္သြားတတ္ပါတယ္။
က်န္ေရာဂါသုံးမ်ိဳးကေတာ့
ဆီးပူျခင္း ဆီးက်င္ျခင္း
ဆီးလမ္းမွ ျပည္က်ျခင္း,
တန္ဆာမွာယားယံျခင္း ၊
ေဝွးေစ့ေယာင္ျခင္း၊
အမ်ိဳးသမီးမ်ား အျဖဴဆင္းျခင္း၊
ရာသီလာစဥ္နာက်င္ျခင္း စသည္ လကၡဏာမ်ားျပတတ္ပါတယ္။
https://www.cdc.gov/std/syphilis/images/chancre-penile.htm
https://www.cdc.gov/std/syphilis/images/rash-gbr.htm
https://www.cdc.gov/std/syphilis/images/rash-palmar.htm
ေနာက္ဆက္တြဲျပသနာမ်ား
အဆိုပါေရာဂါေတြကို ႏုစဥ္မွာ ေသခ်ာမကုပါက အာ႐ုံေၾကာနဲ႔ ႏွလုံး( ဆစ္ဖလစ္)၊ ေတြကို ထိခိုက္သလို ကေလးမရႏိုင္ဘဲ ၿမဳံသြားျခင္း၊ သားအိမ္ျပင္ပတြင္သေႏၶတည္ျခင္း၊ ကေလးအေသေမြးျခင္း၊ တို႔ျဖစ္ႏိုင္ပါတယ္။
ကာလသားေရာဂါကုးစက္ခံရသူတိုင္းမွာ အိတ္ခ်္အိုင္ဗြီပိုးနဲ႔ အသားဝါဘီပိုးကူစက္ခံရႏိုင္ေျခလည္းပိုမ်ားပါတယ္။
ဆစ္ဖလစ္ တမ်ိဳးတည္းေၾကာင့္ ကေလးအေသေမြးတာနဲ႔ ေမြးကင္းစကေလးေသဆုံးတဲ့ အေရအတြက္ဟာေတာင္ ၂၀၁၆ ႏွစ္မွာ ႏွစ္သန္းအထိရွိတယ္လို႔ ဆိုပါတယ္။
ကူးစက္ျခင္းနဲ႔ ကာကြယ္ျခင္း
ဒီေရာဂါေတြကူးစက္တာ အမ်ားစုက အကာကြယ္မယူတဲ့ လိင္ဆက္ဆံမႈပါ။
ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္းကလည္း ကာလသားေရာဂါကူးပါတယ္။
ေရာဂါရွိသူမိခင္ကေန ကေလးကိုကူးတာလည္းရွိပါတယ္။
ေနာက္တခုကေတာ့ ေရာဂါရွိသူရဲ႕ ေသြး/ ေသြးရည္ၾကည္ကို မသိလို႔သြင္းမိလ်င္လည္းကူးပါတယ္။
တကယ္ေတာ့ ေဘးအႏၲရာယ္ကင္းေသာ လိင္ဆက္ဆံေရး နဲ႔ ကြန္ဒုံးကို စနစ္တက် သုံးစြဲျခင္း စတဲ့ လိင္ပညာေပးျခင္းျဖင့္ အဲဒီကာလသားေရးဂါေတြမကူးစက္ေအာင္တားဆီးကာကြယ္ႏိုင္ပါတယ္။
ဘယ္သူေတြက ေရာဂါျဖန္႔ျဖဴးေနတာလဲ
ဒီေန႔ေခတ္မွာ ကာလသားေရာဂါကိုေပးတာ ျပည့္တန္ဆာတြခ်ည္းပဲ မဟုတ္ပါ။ အငွားမယား၊ အေပ်ာ္တြဲသူေတြကေန သမီးရည္းစား၊ အိမ္ေတာင္ဖက္အထိက ေရာဂါေပးႏိုင္ပါတယ္။တဦးကို တဦး ရာႏႈန္းျပည့္ယုံၾကည္ဖို႔ကခက္လာပါတယ္။
ေရာဂါရွိသူတခ်ိဳ႕မွာ ဘာေရာဂါလကၡဏာမွမျပလို႔ သူတို႔ကိုယ္သူတို႔ ေရာဂါမရွိဘူးထင္ၿပီး သူတို႔ရဲ႕အိမ္ေထာင္ဖက္နဲ႔ ဆက္ဆံရာကေနလည္း အိမ္ေထာင္ဖက္ကို ကူးစက္ႏိုင္ပါတယ္။
သူတို႔က ေသြးတို႔ ေသြးရည္ၾကည္တို႔ကိုလႉရာမွာ ပိုးစစ္လို႔ မရေသးတဲ့ကာလ (Window period) ျဖစ္ေနပါက မသိႏိုင္လို႔ ေနမေကာင္းသူေတြကိုသြင္းမိၿပီးလည္းကူးပါတယ္။
တခ်ိဳ႕ေတြက ျပည့္တန္ဆာတို႔ လို လူတကာနဲ႔ လိင္ဆက္ဆံသူေတြနဲ႔ မွသာ အကာကြယ္ ( ကြန္ဒုံး) သုံးၾကၿပီး အငွားမယား၊ အေပ်ာ္တြဲသူေတြ၊ သမီးရည္းစား ေတြမွာေတာ့ ေရာဂါမရွိႏိုင္ဘူးလို႔ယူဆၿပီး အကာအကြယ္မယူတတ္ၾကပါဘူး။
တကယ္ေတာ့ တလင္တမယားအျပင္က ဘယ္သူနဲ႔မဆို လိင္ဆက္ဆံလ်င္ အကာကြယ္ယူရမွာျဖစ္ပါတယ္။
အိမ္ေထာင္ရွင္မ်ား မိမိတို႔ အိမ္ေထာင္ဖက္အေပၚသစၥာရွိရမွာျဖစ္သလို အကယ္၍ အိမ္ေထာင္ျပင္ပမွာ ကိစၥေတြျဖစ္ခဲ့လ်င္လည္း အကာကြယ္ေသခ်ာယူသင့္ပါတယ္။
တခါက အမ်ိဳးသမီးမ်ားက်န္းမာေရးပညာေပး ေဟာေျပာပြဲတခုမွ ဆရာဝန္မႀကီးတေယာက္က ေျပာဖူးပါတယ္။ "မၾကာခဏခရီးသြားရတဲ့ ေယာက်ၤားတို႔ရဲ႕ အမ်ိဳးသမီးမ်ား မိမိတို႔ လင္ေယာက်ၤားအိတ္ထဲမွာ ကြန္ဒုံးေတြ႕လ်င္ စိတ္မဆိုးပါနဲ႔ ၊ သူက ကိုယ္နဲ႔ေဝးေနလို႔ အျပင္မွာ အေပ်ာ္ရွာေပမယ့္ ကိုယ့္ကို ေရာဂါမရေအာင္ကာကြယ္ေပးတယ္လို႔ ေက်းဇူးတင္ပါ။ ကြန္ဒုံးေတြ နည္းလာရင္ ဝယ္ျဖည့္ေပးလိုက္ပါ" တဲ့။
ကြန္ဒုံးသုံးျခင္းျဖင့္ မလိုလားအပ္ေသာ မေတာ္တဆ ကိုယ္ဝန္ရျခင္းမွ ကာကြယ္႐ုံသာမက အိတ္ခ်္အိုင္ဗြီအပါအဝင္ ကာလသားေရာဂါမ်ားကူးစက္ျခင္းကလည္းကာကြယ္ေပးပါတယ္။
ကုသျခင္း
ေရာဂါရွိသူမ်ားသာမက အိမ္ေထာင္ဖက္အပါအဝင္ သူတို႔နဲ႔ လိင္ဆက္ဖူးသူမ်ားကိုပါ ကုသဖို႔လိုပါတယ္။
စနစ္တက် ေဆးပတ္လည္ေအာင္ ကုရသလို ျပန္လည္စစ္ေဆးဖို႔လို ေကာင္းလိုႏိုင္ပါတယ္။
ေရာဂါ လုံးဝ ေပ်ာက္ကင္းခ်ိန္အထိ လိင္ဆက္ဆံျခင္းကို ေရွာင္ သင့္သလို မရွာင္ႏိုင္ပါက ကြန္ုဒုံးသုံးရပါမယ္။
ေဆးပတ္လည္ေအာင္ မေသာက္သူေတြေၾကာင့္ ေဆးယဥ္ပါးေသာပိုးမ်ား (ဥပမာ စူပါဂႏို) ျပန္႔ပြားေနၿပီျဖစ္တာေၾကာင့္ စနစ္တက်စစ္ေဆးကုသဖို႔ အေရးႀကီးေၾကာင္း သတင္းလက္ဆင့္
ကမ္းရပါတယ္.
အခုေခတ္စားလာေနတဲ့ LGBTေတြမွာလည္း ကာလသားေရာဂါေတြ ကူစက္ျပန္႔ပြားပါတယ္။ ပိုေတာင္ဆိုးတတ္ပါတယ္။
ဖိုးသုည
8/6/19
https://www.who.int/news-room/detail/06-06-2019-more-than-1-million-new-curable-sexually-transmitted-infections-every-day
https://www.cdc.gov/std/chlamydia/stdfact-chlamydia.htm
https://www.cdc.gov/std/trichomonas/stdfact-trichomoniasis.htm
https://www.cdc.gov/std/gonorrhea/stdfact-gonorrhea.htm
https://www.cdc.gov/std/syphilis/stdfact-syphilis.htm
ကာလသားရောဂါ ကူးစက်ခံရသူ တနေ့တသန်းကျော်ရှိနေ(ယူနီကုဒ်)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပကြီးက ၂၀၁၉ ဇွန် ၂ ရက်က ထုတ်ပြန်တဲ့ သတင်းတခုမှာ" ယနေ့ ကမ္ဘာတွင် သေချာကုသလျင် ပျောက်ကင်းနိုင်သော ကာလသားရောဂါ sexually transmitted infections (STIs) ကူးစက်ခံရသူ နေ့စဉ် တနေ့တသန်းကျော်ရှိနေ" တယ်လို့ဆိုပါတယ်။
သုတေသနတွေ့ရှိချက်များအရ နှစ်စဉ် အသက် ၁၅ နှစ် နဲ့ ၄၉ နှစ်ကြား လူဦးရေ ၃၇၅ သန်းဟာ chlamydia, gonorrhoea, trichomoniasis, and syphilis ဆိုတဲ့ ကာလသားရောဂါတွေကို ကူးစက်ခံနေရတယ်ဆိုပါတယ်။
တနည်းအားဖြင့် လူဦးရေ ၂၅ ယောက်တိုင်းမှာ တယောက်ဟာ အဆိုပါကာလသားရောဂါတခုခုသို့မဟုတ်ထိုထက်ပိုပြီး ကူးစက်ခံနေရတာပါ။
စာရင်းများအရ ၂၀၁၆ နှစ်မှာ
chlamydia ဆီးပူညောင်းကျ ရောဂါကူးစက်ခံရသူ ၁၂၇ သန်း (အများစုရောဂါလက္ခဏာမခံစားရ)
gonorrhoea ဂနို ဆီးပူညောင်းကျ ၈၇ သန်း
trichomoniasis, ၁၅၆ သန်း (70 % ရောဂါလက္ခဏာကိုမခံစားရ)
syphilis (ဆစ်ဖလစ်) ၆.၃သန်း ရှိပြီး (အများစုရောဂါလက္ခဏာမခံစားရ / သတိမထားမိလိုက်မီ လက္ခဏာပျောက်) အခုထိ ကာလသားရောဂါပြန့်ပွားမှု ရပ်တန့်အောင်ဆောင်ရွက်ချက်တွေဟာ တိုးတက်မှုမရှိသေးတာကို တွေ့ရတယ်ဆိုပါတယ်။
ပြသနာတခုကတော့ ရောဂါရှိသူအတော်များများ ဟာ ဘာရောဂါလက္ခဏာကိုမှမခံစားရတဲ့အတွက် စစ်ဆေးပြီး ဆေးကုသမှူခံယူဖို့ လိုမှန်း မသိကြပါဘူး။
နောက်ပြသနာတခုကတော့ တချို့ဒေသတွေမှာ ရောဂါကိုစစ်ဆေးဖို့ နဲ့ စနစ်တကျကုသပေးဖို့ ဆေးရုံဆေးခန်းတွေနဲ့ အလှမ်းကွာဝေးနေတာလည်းဖြစ်ပါတယ်။
အဆိုးဆုံးကတော့ စနစ်တကျ ကုမျုမခံခြင်းရဲ့ နောက်ဆက်တွဲ ဆေးယဉ်ပါးသောပိုးများ ( စူပါဂနို) ပြန့်ပွားနေလို့ သုံးနေကျဆေးတွေနဲ့ ကုလို့မရတော့တဲ့ပြသနာပါ။
ရောဂါ လက္ခဏာတချို့
ဆစ်ဖလစ်ရာဂါသည်တချို့မှာ ပါးစပ်နဲ့ လိင်အင်္ဂါတွေမှာ နာကျင်မှုမရှိတဲ့ ခပ်မာမာ ရှန်ကာအနာတာတွေဖြစ်တတ် သလို တချို့မှာတော့လက်ဖဝါးခြေဖဝါးအရေပြားကွာတာ
အရေပြားမှာ အဖုပိတ့်ထွက်တာ၊
ပေါင်ခြံအကျိတ်တွေကြီးတတ်ပြီး ရောဂါရင့်သွားလျင် လက္ခဏာတွေ သူ့ဟာသူပြန်ပျောက်သွားတတ်ပါတယ်။
ကျန်ရောဂါသုံးမျိုးကတော့
ဆီးပူခြင်း ဆီးကျင်ခြင်း
ဆီးလမ်းမှ ပြည်ကျခြင်း,
တန်ဆာမှာယားယံခြင်း ၊
ဝှေးစေ့ယောင်ခြင်း၊
အမျိုးသမီးများ အဖြူဆင်းခြင်း၊
ရာသီလာစဉ်နာကျင်ခြင်း စသည် လက္ခဏာများပြတတ်ပါတယ်။
https://www.cdc.gov/std/syphilis/images/chancre-penile.htm
https://www.cdc.gov/std/syphilis/images/rash-gbr.htm
https://www.cdc.gov/std/syphilis/images/rash-palmar.htm
နောက်ဆက်တွဲပြသနာများ
အဆိုပါရောဂါတွေကို နုစဉ်မှာ သေချာမကုပါက အာရုံကြောနဲ့ နှလုံး( ဆစ်ဖလစ်)၊ တွေကို ထိခိုက်သလို ကလေးမရနိုင်ဘဲ မြုံသွားခြင်း၊ သားအိမ်ပြင်ပတွင်သန္ဓေတည်ခြင်း၊ ကလေးအသေမွေးခြင်း၊ တို့ဖြစ်နိုင်ပါတယ်။ကာလသားရောဂါကုးစက်ခံရသူတိုင်းမှာ အိတ်ချ်အိုင်ဗွီပိုးနဲ့ အသားဝါဘီပိုးကူစက်ခံရနိုင်ခြေလည်းပိုများပါတယ်။
ဆစ်ဖလစ် တမျိုးတည်းကြောင့် ကလေးအသေမွေးတာနဲ့ မွေးကင်းစကလေးသေဆုံးတဲ့ အရေအတွက်ဟာတောင် ၂၀၁၆ နှစ်မှာ နှစ်သန်းအထိရှိတယ်လို့ ဆိုပါတယ်။
ကူးစက်ခြင်းနဲ့ ကာကွယ်ခြင်း
ဒီရောဂါတွေကူးစက်တာ အများစုက အကာကွယ်မယူတဲ့ လိင်ဆက်ဆံမှုပါ။
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကလည်း ကာလသားရောဂါကူးပါတယ်။
ရောဂါရှိသူမိခင်ကနေ ကလေးကိုကူးတာလည်းရှိပါတယ်။
နောက်တခုကတော့ ရောဂါရှိသူရဲ့ သွေး/ သွေးရည်ကြည်ကို မသိလို့သွင်းမိလျင်လည်းကူးပါတယ်။
တကယ်တော့ ဘေးအန္တရာယ်ကင်းသော လိင်ဆက်ဆံရေး နဲ့ ကွန်ဒုံးကို စနစ်တကျ သုံးစွဲခြင်း စတဲ့ လိင်ပညာပေးခြင်းဖြင့် အဲဒီကာလသားရေးဂါတွေမကူးစက်အောင်တားဆီးကာကွယ်နိုင်ပါတယ်။
ဘယ်သူတွေက ရောဂါဖြန့်ဖြူးနေတာလဲ
ဒီနေ့ခေတ်မှာ ကာလသားရောဂါကိုပေးတာ ပြည့်တန်ဆာတွချည်းပဲ မဟုတ်ပါ။ အငှားမယား၊ အပျော်တွဲသူတွေကနေ သမီးရည်းစား၊ အိမ်တောင်ဖက်အထိက ရောဂါပေးနိုင်ပါတယ်။တဦးကို တဦး ရာနှုန်းပြည့်ယုံကြည်ဖို့ကခက်လာပါတယ်။
ရောဂါရှိသူတချို့မှာ ဘာရောဂါလက္ခဏာမှမပြလို့ သူတို့ကိုယ်သူတို့ ရောဂါမရှိဘူးထင်ပြီး သူတို့ရဲ့အိမ်ထောင်ဖက်နဲ့ ဆက်ဆံရာကနေလည်း အိမ်ထောင်ဖက်ကို ကူးစက်နိုင်ပါတယ်။
သူတို့က သွေးတို့ သွေးရည်ကြည်တို့ကိုလှူရာမှာ ပိုးစစ်လို့ မရသေးတဲ့ကာလ (Window period) ဖြစ်နေပါက မသိနိုင်လို့ နေမကောင်းသူတွေကိုသွင်းမိပြီးလည်းကူးပါတယ်။
တချို့တွေက ပြည့်တန်ဆာတို့ လို လူတကာနဲ့ လိင်ဆက်ဆံသူတွေနဲ့ မှသာ အကာကွယ် ( ကွန်ဒုံး) သုံးကြပြီး အငှားမယား၊ အပျော်တွဲသူတွေ၊ သမီးရည်းစား တွေမှာတော့ ရောဂါမရှိနိုင်ဘူးလို့ယူဆပြီး အကာအကွယ်မယူတတ်ကြပါဘူး။
တကယ်တော့ တလင်တမယားအပြင်က ဘယ်သူနဲ့မဆို လိင်ဆက်ဆံလျင် အကာကွယ်ယူရမှာဖြစ်ပါတယ်။
အိမ်ထောင်ရှင်များ မိမိတို့ အိမ်ထောင်ဖက်အပေါ်သစ္စာရှိရမှာဖြစ်သလို အကယ်၍ အိမ်ထောင်ပြင်ပမှာ ကိစ္စတွေဖြစ်ခဲ့လျင်လည်း အကာကွယ်သေချာယူသင့်ပါတယ်။
တခါက အမျိုးသမီးများကျန်းမာရေးပညာပေး ဟောပြောပွဲတခုမှ ဆရာဝန်မကြီးတယောက်က ပြောဖူးပါတယ်။ "မကြာခဏခရီးသွားရတဲ့ ယောင်္ကျားတို့ရဲ့ အမျိုးသမီးများ မိမိတို့ လင်ယောင်္ကျားအိတ်ထဲမှာ ကွန်ဒုံးတွေ့လျင် စိတ်မဆိုးပါနဲ့ ၊ သူက ကိုယ်နဲ့ဝေးနေလို့ အပြင်မှာ အပျော်ရှာပေမယ့် ကိုယ့်ကို ရောဂါမရအောင်ကာကွယ်ပေးတယ်လို့ ကျေးဇူးတင်ပါ။ ကွန်ဒုံးတွေ နည်းလာရင် ဝယ်ဖြည့်ပေးလိုက်ပါ" တဲ့။
ကွန်ဒုံးသုံးခြင်းဖြင့် မလိုလားအပ်သော မတော်တဆ ကိုယ်ဝန်ရခြင်းမှ ကာကွယ်ရုံသာမက အိတ်ချ်အိုင်ဗွီအပါအဝင် ကာလသားရောဂါများကူးစက်ခြင်းကလည်းကာကွယ်ပေးပါတယ်။
ကုသခြင်း
ရောဂါရှိသူများသာမက အိမ်ထောင်ဖက်အပါအဝင် သူတို့နဲ့ လိင်ဆက်ဖူးသူများကိုပါ ကုသဖို့လိုပါတယ်။စနစ်တကျ ဆေးပတ်လည်အောင် ကုရသလို ပြန်လည်စစ်ဆေးဖို့လို ကောင်းလိုနိုင်ပါတယ်။
ရောဂါ လုံးဝ ပျောက်ကင်းချိန်အထိ လိင်ဆက်ဆံခြင်းကို ရှောင် သင့်သလို မရှာင်နိုင်ပါက ကွန်ုဒုံးသုံးရပါမယ်။
ဆေးပတ်လည်အောင် မသောက်သူတွေကြောင့် ဆေးယဉ်ပါးသောပိုးများ (ဥပမာ စူပါဂနို) ပြန့်ပွားနေပြီဖြစ်တာကြောင့် စနစ်တကျစစ်ဆေးကုသဖို့ အရေးကြီးကြောင်း သတင်းလက်ဆင့်
ကမ်းရပါတယ်.
အခုခေတ်စားလာနေတဲ့ LGBTတွေမှာလည်း ကာလသားရောဂါတွေ ကူစက်ပြန့်ပွားပါတယ်။ ပိုတောင်ဆိုးတတ်ပါတယ်။
ဖိုးသုည
8/6/19
https://www.who.int/news-room/detail/06-06-2019-more-than-1-million-new-curable-sexually-transmitted-infections-every-day
https://www.cdc.gov/std/chlamydia/stdfact-chlamydia.htm
https://www.cdc.gov/std/trichomonas/stdfact-trichomoniasis.htm
https://www.cdc.gov/std/gonorrhea/stdfact-gonorrhea.htm
https://www.cdc.gov/std/syphilis/stdfact-syphilis.htm
Subscribe to:
Posts (Atom)





















