အေမရိကားေရာက္မိတ္ေဆြတေယာက္က သူဟိုမွာကားေမာင္းတာ ဒါဏ္၂ခါထိဖူးတယ္၊ ၂ခါလုံး Stop sign မွာမရပ္လို႔တဲ့။
သူတို႔ဆီမွာ လမ္းဆုံေရာက္လို႔ ကိုယ့္လမ္းမွာ Stop sign ရွိလ်င္ အျခားလမ္းေပၚမွာ ကားမရွိလည္း ရပ္မ်ဥ္းေနာက္မွာ ရပ္ကိုရပ္ရတယ္ဆိုပဲ။
အျခားလမ္းေပၚမွာ ကားမွမရွိတာ ဘာလို႔ရပ္ရမွာလည္းလို႔ေမးစရာရွိလာပါတယ္။
ဟုတ္ကဲ့ အဲတာ အေရးႀကီးပါတယ္။
အျခားလမ္းေပၚမွာ ကားမွမရွိတာ မဟုတ္ဘဲ ရွိတဲ့ကားက ကိုယ့္ရဲ႕ blind spot ထဲေရာက္ေနလို႔ မျမင္ဘဲ ကိုယ္က လမ္းေပၚမွာကားမရွိဘူးလို႔ထင္တာ ျဖစ္နိုင္လို႔ပါ။
ကားေမာင္းတဲ့အခါ ကိုယ္မျမင္ႏိုင္တဲ့ blind spots ဆိုတာေတြရွိပါတယ္။
အဲဒီ blind spots ေတြထဲမွာေရာက္ေနတဲ့ ယာဥ္/ လူ စသည္တို႔ကို မျမင္လို႔ မေတာ္တဆျဖစ္ၾကတာ အေတာ္မ်ားလို႔ပါ။
ကားအမ်ိဳးစားအလိုက္ blind spots ေတြမတူၾကေပမဲ့ အားလုံးနီးပါးႀကဳံရတဲ့ blind spots ေတြရွိပါတယ္။
လူအမ်ားစုက Blind spots လို႔ဆိုလိုက္လ်င္ ပုံ ၁ မွာလို ဝဲယာေနာက္ၾကည့္မွန္ရဲ႕ ျမင္ကြင္းတို႔ကို ေက်ာ္လာၿပီး မ်က္ေစ့ရဲ႕ ေဘးဘက္ျမင္ကြင္းထဲ ဝင္မလာေသးတဲ့ blind spots ေတြနဲံ အလယ္ေနာက္ၾကည့္မွန္နဲ႔ ေဘးဘက္ ေနာက္ၾကည့္မွန္ ၾကားက ေပ်ာက္ေနတဲ့ မိမိ အေနာက္ဘက္ ဝဲယာ ေဘးႏွစ္ဘက္က blind spots ေတြကိုပဲ သိၾကပါတယ္၊
![]() |
ပုံ ၁ (က) ဝဲယာေနာက္ၾကည့္မွန္ရဲ႕ ျမင္ကြင္းတို႔ကို ေက်ာ္လာၿပီး မ်က္ေစ့ရဲ႕ ေဘးဘက္ျမင္ကြင္းထဲ ဝင္မလာေသးတဲ့ blind spots |
![]() |
ပုံ ၁ (ခ) ဝဲယာေနာက္ၾကည့္မွန္ရဲ႕ ျမင္ကြင္းတို႔ကို ေက်ာ္လာၿပီး မ်က္ေစ့ရဲ႕ ေဘးဘက္ျမင္ကြင္းထဲ ဝင္မလာေသးတဲ့ blind spots |
ပုံ ၂ မွာလို မိမိအေရွ႕ ဝဲယာမွာလည္း pillar blind spots
ပံု၂ (ခ) ထဲမွာ ကားအျဖဴနဲ႔ ကားအျပာ၂စီးလုံး လမ္းဆုံကို တသမတ္အရွိန္ေတြနဲ႔ ခ်ည္းကပ္လာရာမွာ
ကားအျဖဴေမာင္းသူရဲ႕ ယာဘက္က Blind spot မွာ ကားအျပာက ေပ်ာက္ေနပါတယ္။
ကားအျဖဴ ေနရာ ၁ နဲ႔ ၂ ေတြကိုေရာက္စဥ္မွာ ေမာင္းသူက ကားအျပာကိုလုံးဝ မျမင္ရဘဲ ေနရာ ၃ ကို ေရာက္ေတာ့မွ ကားအျပာရဲ႕တပိုင္းတစကိုျမင္
အဲဒီအခ်ိန္မွာ ရပ္ဖို႔ေနာက္က်သြားတာကို ေတြ႕ရမွာျဖစ္ပါတယ္။
ပုံ ၃ မွာလို႔ ကားရဲ႕ အေရွ႕တည့္တည့္ နဲ႔ အေနာက္တည့္တည့္ အနိမ့္ပိုင္းေတြ ရွိတယ္ဆိုတာကို သတိမမူမိတတ္ပါဘူး။ စနစ္က်တဲ့ ယာဥ္ေမာင္းသင္တန္းေတြမွာေတာ့ သင္ၾကားေပးမွာပါ။
ျမန္မာျပည္မွာက ေခတ္အဆက္ဆက္ ယာဥ္ေမာင္းလိုင္စင္ကို နည္းမ်ိဳးစုံနဲ႔ရ ၾကေတာ့ သိန္းေထာင္ေက်ာ္တန္ကားသာေမာင္းေနတယ္ ယာဥ္စည္းကမ္း လမ္းစည္းကမ္းေတြကို မသိသူက အမ်ားသား။
![]() |
ပုံ ၃ ယာဥ္ေမာင္းမျမင္ရတဲ့ ကားရဲ႕ အေရွ႕တည့္တည့္ နဲ႔ အေနာက္တည့္တည့္ အနိမ့္ပိုင္း blind spots ေတြ |
ကားေလကာမွန္ရဲ႕ ေပါင္ႏွစ္ခုဟာ မိမိအေရွ႕ ဝဲယာမွာမွာ ကားတစီးကို ျမင္ကြင္းကေန အသာကေလး ေပ်ာက္သြားေစပါတယ္။
အလယ္ေနာက္ၾကည့္မွန္မွာ ခ်ိတ္ထားတဲ့ ပန္းကံုးတို႔ ဘုရားပံုတို႔ ကလည္း blind spot ျဖစ္ေစပါတယ္။
![]() |
အလယ္ေနာက္ၾကည့္မွန္မွာ ခ်ိတ္ထားတဲ့ ပန္းကံုးတို႔ ဘုရားပံုတို႔ ကလည္း blind spot ျဖစ္ေစပါတယ္။ |
ႏွစ္စီးလုံးက လမ္းဆုံကို ခ်ဥ္းကပ္လာတဲ့ အရွိန္ကမေျပာင္းလ်င္ အဲဒီ ကန႔္လန႔္လမ္းေပၚကကားဟာ Blind spots ထဲကေနထြက္မလာဘဲ ၂စီးသား လမ္းဆုံမွာ တိုက္မိႏိုင္ပါတယ္။
အဲဒီကား ကိုယ့္ရဲ႕ Blind spot ထဲကေနထြက္လာဖို႔က ကားတစီးစီက ေမာင္းေနတဲ့ အရွိန္ကို ေျပာင္းလိုက္ဖို႔လိုပါတယ္။ ဒါေတာင္ passenger ဘက္က Blind spot ေနာက္ကြယ္ကကားဆို အရွိန္ကိုေျပာင္းၿပီးလည္း ခ်က္ခ်င္းလည္းမျမင္ရပါ။
အဲလိုျမင္ရေအာင္တစီးကလမ္းဆုံရပ္မ်ဥ္းမွာ ရပ္ရပါတယ္။
![]() |
"ရပ္၊ၾကည့္၊သြား" |
အဲဒါေၾကာင့္ တူညီလမ္းဆုံပင္ျဖစ္ပါေစ တလမ္းထိပ္မွာ ရပ္မ်ဥ္းတားထားေပးပါတယ္။
ျမန္မာျပည္လမ္းဆုံတခ်ိဳ႕မွာလည္း ရပ္မ်ဥ္းေတြနဲ႔ "ရပ္၊ၾကည့္၊သြား" ဆိုတဲ့ ဆိုင္းဘုတ္ေတြရွိပါတယ္။
ကိုယ္က ရပ္လိုက္ခ်ိန္ (သို႔) အရွိန္ေလွ်ာ့လိုက္ခ်ိန္ က်မွ Blind Spot ထဲမွာ ကြယ္ေနတဲ့အရာက ျမင္ကြင္းထဲကိုေရာက္လာတာပါ။
ေနာက္တခုကေတာ့ ယာဥ္ေမာင္းရဲ႕ ေဘးခုံေပၚကသူပါ။
တခါက ေဘးကသူက ေျခနင္းေပၚက်သြားတဲ့ ပစၥည္းကို ကုန္းအေကာက္မွာ ကန႔္လန႔္ျဖတ္လမ္းကလာတဲ့ကားကို သူ႔ေခါင္းကကြယ္ၿပီး လုံးဝ မျမင္လိုက္လို႔ တိုက္မလို ျဖစ္ဖူးပါတယ္။
လမ္းဆုံေတြမွာ ယာဥ္ေမာင္းရဲ႕ ေဘးခုံေပၚကသူက ေဘး ျမင္ကြင္းကို မကြယ္မိေအာင္ သတိထားသင့္ပါတယ္။
ကိုယ္ကကားေမာင္းသူမဟုတ္လို႔ ဒါေတြကို သိစရာမလိုဘူးလို႔ေတာ့မထင္ပါနဲ႔၊
လမ္းအသုံးျပဳသူမွန္သမွ် လမ္းျဖတ္ကူးသူ၊ စက္ဘီး ဆိုင္ကယ္စီးသူေတြလဲ ကားေမာင္းသူရဲ႕ Blind spot မွာေရာက္ေနလွ်င္ အႏၲရာယ္ရွိတာေၾကာင့္ Blind spot ကို ေရွာင္ႏိုင္ဖို႔ သိထားသင့္ပါတယ္။
ကိုယ္က ကားရဲ႕ အေ႐ွ႕ဘက္ေဘးမွာ႐ွိလုိ႔ ယာဥ္ေမာင္းကျမင္မွာပါလို႔ေတာ့ တထစ္ခ်မယံုလိုက္ပါနဲ႔။
ယာဥ္အႏၲရာယ္ကင္းေဝးၾကပါေစ
ဖိုးသုည
3/05/2018
လမ်းဆုံကိုမဖြတ်ခင် ကားကိုဘာကြောင့် ရပ်၊ကြည့်၊ ပြီးမှသွား သင့်တာလဲ (Unicode)
အမေရိကားရောက်မိတ်ဆွေတယောက်က သူဟိုမှာကားမောင်းတာ ဒါဏ်၂ခါထိဖူးတယ်၊ ၂ခါလုံး Stop sign မှာမရပ်လို့တဲ့။
သူတို့ဆီမှာ လမ်းဆုံရောက်လို့ ကိုယ့်လမ်းမှာ Stop sign ရှိလျင် အခြားလမ်းပေါ်မှာ ကားမရှိလည်း ရပ်မျဉ်းနောက်မှာ ရပ်ကိုရပ်ရတယ်ဆိုပဲ။
အခြားလမ်းပေါ်မှာ ကားမှမရှိတာ ဘာလို့ရပ်ရမှာလည်းလို့မေးစရာရှိလာပါတယ်။
ဟုတ်ကဲ့ အဲတာ အရေးကြီးပါတယ်။
အခြားလမ်းပေါ်မှာ ကားမှမရှိတာ မဟုတ်ဘဲ ရှိတဲ့ကားက ကိုယ့်ရဲ့ blind spot ထဲရောက်နေလို့ မမြင်ဘဲ ကိုက လမ်းပေါ်မှာကားမရှိဘူးလို့ထင်တာ ဖြစ်နိုင်လို့ပါ။
ကားမောင်းတဲ့အခါ ကိုယ်မမြင်နိုင်တဲ့ blind spots ဆိုတာတွေရှိပါတယ်။
အဲဒီ blind spots တွေထဲမှာရောက်နေတဲ့ ယာဉ်/ လူ စသည်တို့ကို မမြင်လို့ မတော်တဆဖြစ်ကြတာ အတော်များလို့ပါ။
ကားအမျိုးစားအလိုက် blind spots တွေမတူကြပေမဲ့ အားလုံးနီးပါးကြုံရတဲ့ blind spots တွေရှိပါတယ်။
လူအများစုက Blind spots လို့ဆိုလိုက်လျင် ပုံ ၁ ကလို အလယ်နောက်ကြည့်မှန်နဲ့ ဘေးဘက် နောက်ကြည့်မှန် ကြားက ပျောက်နေတဲ့ မိမိ အနောက်ဘက် ဝဲယာ ဘေးနှစ်ဘက်က blind spots
ဝဲယာနောက်ကြည့်မှန်ရဲ့ မြင်ကွင်းတို့ကို ကျော်လာပြီး မျက်စေ့ရဲ့ ဘေးဘက်မြင်ကွင်းထဲ ဝင်မလာသေးတဲ့ blind spots တွေကိုပဲ သိကြပါတယ်၊
ပုံ ၂ မှာလို မိမိအရှေ့ ဝဲယာမှာလည်း pillar blind spots နဲ့
ပုံ ၃ မှာလို့ ကားရဲ့ အရှေ့တည့်တည့် နဲ့ အနောက်တည့်တည့် အနိမ့်ပိုင်းတွေ ရှိတယ်ဆိုတာကို သတိမမူမိတတ်ပါဘူး။
စနစ်ကျတဲ့ ယာဉ်မောင်းသင်တန်းတွေမှာတော့ သင်ကြားပေးမှာပါ။
မြန်မာပြည်မှာက ခေတ်အဆက်ဆက် ယာဉ်မောင်းလိုင်စင်ကို နည်းမျိုးစုံနဲ့ရ ကြတော့ သိန်းထောင်ကျော်တန်ကားသာမောင်းနေတယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို မသိသူက အများသား။
pillar blind spots
ကားလေကာမှန်ရဲ့ ပေါင်နှစ်ခုဟာ မိမိအရှေ့ ဝဲယာမှာမှာ ကားတစီးကို မြင်ကွင်းကနေ အသာကလေး ပျောက်သွားစေပါတယ်။
အလယ်နောက်ကြည့်မှန်မှာ ချိတ်ထားတဲ့ ပန်းကုံးတို့ ဘုရားပုံတို့ ကလည်း blind spot ဖြစ်စေပါတယ်။
တခါတလေမှာ လမ်းဆုံကို ချဉ်းကပ်လာတဲ့ ကားမောင်းသူရဲ့ Blind spots ထဲမှာအရှေ့က ကန့်လန့်ဖြတ်လမ်းမှာ လမ်းဆုံကို ချဉ်းကပ်လာတဲ့ကားကရောက်နေတတ်ပါတယ်။
နှစ်စီးလုံးက လမ်းဆုံကို ချဉ်းကပ်လာတဲ့ အရှိန်ကမပြောင်းလျင် အဲဒီ ကန့်လန့်လမ်းပေါ်ကကားဟာ Blind spots ထဲကနေထွက်မလာဘဲ ၂စီးသား လမ်းဆုံမှာ တိုက်မိနိုင်ပါတယ်။
အဲဒီကား ကိုယ့်ရဲ့ Blind spot ထဲကနေထွက်လာဖို့က ကားတစီးစီက မောင်းနေတဲ့ အရှိန်ကို ပြောင်းလိုက်ဖို့လိုပါတယ်။ ဒါတောင် passenger ဘက်က Blind spot နောက်ကွယ်ကကားဆို အရှိန်ကိုပြောင်းပြီးလည်း ချက်ချင်းလည်းမမြင်ရပါ။
အဲလိုမြင်ရအောင်တစီးကလမ်းဆုံရပ်မျဉ်းမှာ ရပ်ရပါတယ်။
အဲဒါကြောင့် တူညီလမ်းဆုံပင်ဖြစ်ပါစေ တလမ်းထိပ်မှာ ရပ်မျဉ်းတားထားပေးပါတယ်။
မြန်မာပြည်လမ်းဆုံတချို့မှာလည်း ရပ်မျဉ်းတွေနဲ့ "ရပ်၊ကြည့်၊သွား" ဆိုတဲ့ ဆိုင်းဘုတ်တွေရှိပါတယ်။
ကိုယ်က ရပ်လိုက်ချိန် (သို့) အရှိန်လျှော့လိုက်ချိန် ကျမှ Blind Spot ထဲမှာ ကွယ်နေတဲ့အရာက မြင်ကွင်းထဲကိုရောက်လာတာပါ။
နောက်တခုကတော့ ယာဉ်မောင်းရဲ့ ဘေးခုံပေါ်ကသူပါ။
တခါက ဘေးကသူက ခြေနင်းပေါ်ကျသွားတဲ့ ပစ္စည်းကို ကုန်းအကောက်မှာ ကန့်လန့်ဖြတ်လမ်းကလာတဲ့ကားကို သူ့ခေါင်းကကွယ်ပြီး လုံးဝ မမြင်လိုက်လို့ တိုက်မလို ဖြစ်ဖူးပါတယ်။
လမ်းဆုံတွေမှာ ယာဉ်မောင်းရဲ့ ဘေးခုံပေါ်ကသူက ဘေး မြင်ကွင်းကို မကွယ်မိအောင် သတိထားသင့်ပါတယ်။
ကိုယ်ကကားမောင်းသူမဟုတ်လို့ ဒါတွေကို သိစရာမလိုဘူးလို့တော့မထင်ပါနဲ့၊
လမ်းအသုံးပြုသူမှန်သမျှ လမ်းဖြတ်ကူးသူ၊ စက်ဘီး ဆိုင်ကယ်စီးသူတွေလဲ ကားမောင်းသူရဲ့ Blind spot မှာရောက်နေလျှင် အန္တရာယ်ရှိတာကြောင့် Blind spot ကို ရှောင်နိုင်ဖို့ သိထားသင့်ပါတယ်။
ယာဉ်အန္တရာယ်ကင်းဝေးကြပါစေ
ဖိုးသုည
3/05/2018
No comments:
Post a Comment