ေတာင္အာဖရိက ဆယ္ေက်ာ္သက္ တို႔ ကိုယ္တိုင္တည္ေဆာက္ေသာေလယာဥ္ျဖင့္ အာဖရိကတိုက္ကိုျဖတ္ပ်ံမည္။
U-Dream Global အဖြဲ႕ကိုတည္ေထာင္သူ အသက္ ၁၇ ႏွစ္ အ႐ြယ္ Megan Werner မီဂင္ဝါနာ ဦးေဆာင္တဲ့ ေတာင္အာဖရိက ဆယ္ေက်ာ္သက္ ၂၀ ပါ အဖြဲ႕ဟာ ေလးေယာက္စီး DIY Sling 4 ေလယာဥ္ကို ရက္သတၱ ၂ ပတ္အတြင္း တည္ေဆာက္ခဲ့ၾကပါတယ္။ The Airplane Factory ေလယာဥ္ကုမၸဏီ၊ Denel Aviation က ေခါင္းေဆာင္ ၅ ဦးနဲ႔ U-Dream Global အဖြဲ႕လူႀကီးေတြက နည္းပညာနဲ႔ လိုအပ္တာေတြကိုပံ့ပိုးႀကီးၾကပ္ခဲ့ၾကပါတယ္။![]() |
Sling -4 Kit |
အဖြဲေခါင္းေဆာင္ Megan Werner ဟာ ပိုင္းေလာ့ ၊ စာေရးဆရာမနဲ႔ စိတ္ဓါတ္ျမႇင့္တင္ေရး ေဟာေျပာသူတေယာက္လည္းျဖစ္ပါတယ္။
ေလယာဥ္တည္ေဆာက္ျခင္းကို ႀကီးၾကပ္တဲ့ U-Dream Global အဖြဲ႕က သိပၸံ၊ နည္းပညာ၊ စက္မႈ၊ သခ်ၤာ၊ တီထြင္ဖန္တီးမႈ၊ လူငယ္မ်ား စြမ္းရည္နဲ႔ ကြၽမ္းက်င္မႈဖြံ႕ၿဖိဳးေရးကို အားေပးဖို႔လုပ္တာဆိုပါတယ္။
သုတို႔ဟာ ဇြန္လ ၁၅ ရက္မွာ ေတာင္အာဖရိကႏိုင္ငံ ကိပ္ေတာင္းၿမိဳ႕ကေန အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕ထိ မိုင္ ၇၄၀၀ ခရီးကို အဲဒီေလယာဥ္နဲ႔ ပ်ံသန္းၾကမွာပါ။
ေလယာဥ္ကို ေနာက္ဆုံးစစ္ေဆးမႈနဲ႔ ပ်ံသန္းခြင့္တို႔ရယူၿပီးလ်င္ေတာ့ ေတာင္အာဖရိကကေန Namibia, Zimbabwe, Malawi, Tanzania, Kenya, Ethiopia, Eritrea စတဲ့ ႏိုင္ငံေတြကၿမိဳ႕ေတြကတဆင့္ အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕ကို ပ်ံသန္းမွာျဖစ္ၿပီး အျပန္မွာေတာ့ Uganda, Rwanda, and Zambiaတို႔ကိုပါဝင္မယ္ဆိုပါတယ္။ စုစုေပါင္းတလေက်ာ္ ၾကာမွာလည္းျဖစ္ပါတယ္။
![]() |
Cape to Cairo |
ခရီးရွည္ႀကီးမွာ ပါဝင္တဲ့အဖြဲ႕ဝင္ေတြအတြက္ ခရီးရွည္ႀကီးတေလွ်ာက္မွာ လိုအပ္တဲ့ သယ္ယူပို႔ေဆာင္ေရး၊ နဲ႔ လိုအပ္တဲ့ပံ့ပိုးမႈေတြကို CFS, ExecuJet, Worldfuel and The Airplane Factory တို႔က ဝိုင္းဝန္းပံ့ပိုးၾကမွာ ျဖစ္ေပမယ့္ ေလာင္စာဆီ၊ ေနထိုင္စားေသာက္မႈ၊ ပ်ံသန္း၊ ျပဳျပင္ထိန္းသိမ္းမယ့္ အဖြဲ႕ေတြ၊ နိင္ငံအမ်ားႀကီး ကို ဝင္ထြက္ဖို႔ ပ်ံသန္းခြင့္ ျပည္ဝင္ခြင့္ စာ႐ြက္စာတန္း စသည္ျဖင့္ လုပ္စရာမ်ားစြာရွိတာေၾကာင့္ ေတာင္အာဖရိကရန္ South African Rand ေငြ
သုံးသိန္းခြဲ (34,000 USD)ေလာက္လိုအပ္ေနပါေသးတယ္။ အဲဒီအတြက္ BackaBuddy campaign လုပ္ၿပီး ရန္ပုံေငြရွာေဖြေနပါတယ္.။
“ က်မတို႔က လူငယ္ေတြနဲ႔ ကမာၻတလႊားကို တကယ္ခိုင္မာတဲ့ ယုံၾကည္ခ်က္ရွိလ်င္ ဘာမဆိုျဖစ္ႏိုင္တယ္ဆိုတာကို ျပခ်င္တာပါ။ ဆယ္ေက်ာ္သက္ေတြေတာင္ ကိုယ္တိုင္ေဆာက္တဲ့ ေလယာဥ္တဲ့ အာဖရိတိုက္ကိုျဖတ္ပ်ံႏိုင္မွေတာ့ ဘာအခက္အခဲကိုမွမေက်ာ္လႊာႏိုင္စရာမရွိပါဘူး” လို႔ BackaBuddy campaign အတြက္ ရံပုံေငြရွာရင္း ေမဂင္က ေျပာခဲ့ပါတယ္။
ဖိုးသုည
1-06-19
တောင်အာဖရိက ဆယ်ကျော်သက် တို့ ကိုယ်တိုင်တည်ဆောက်သောလေယာဉ်ဖြင့် အာဖရိကတိုက်ကိုဖြတ်ပျံမည်။ (ယူနီကုဒ်)
U-Dream Global အဖွဲ့ကိုတည်ထောင်သူ အသက် ၁၇ နှစ် အရွယ် Megan Werner မီဂင်ဝါနာ ဦးဆောင်တဲ့ တောင်အာဖရိက ဆယ်ကျော်သက် ၂၀ ပါ အဖွဲ့ဟာ လေးယောက်စီး DIY Sling 4 လေယာဉ်ကို ရက်သတ္တ ၂ ပတ်အတွင်း တည်ဆောက်ခဲ့ကြပါတယ်။ The Airplane Factory လေယာဉ်ကုမ္ပဏီ၊ Denel Aviation က ခေါင်းဆောင် ၅ ဦးနဲ့ U-Dream Global အဖွဲ့လူကြီးတွေက နည်းပညာနဲ့ လိုအပ်တာတွေကိုပံ့ပိုးကြီးကြပ်ခဲ့ကြပါတယ်။အဖွဲခေါင်းဆောင် Megan Werner ဟာ ပိုင်းလော့ ၊ စာရေးဆရာမနဲ့ စိတ်ဓါတ်မြှင့်တင်ရေး ဟောပြောသူတယောက်လည်းဖြစ်ပါတယ်။
လေယာဉ်တည်ဆောက်ခြင်းကို ကြီးကြပ်တဲ့ U-Dream Global အဖွဲ့က သိပ္ပံ၊ နည်းပညာ၊ စက်မှု၊ သင်္ချာ၊ တီထွင်ဖန်တီးမှု၊ လူငယ်များ စွမ်းရည်နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးကို အားပေးဖို့လုပ်တာဆိုပါတယ်။
သုတို့ဟာ ဇွန်လ ၁၅ ရက်မှာ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ကနေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အထိ မိုင် ၇၄၀၀ ခရီးကို အဲဒီလေယာဉ်နဲ့ ပျံသန်းကြမှာပါ။
လေယာဉ်ကို နောက်ဆုံးစစ်ဆေးမှုနဲ့ ပျံသန်းခွင့်တို့ရယူပြီးလျင်တော့ တောင်အာဖရိကကနေ Namibia, Zimbabwe, Malawi, Tanzania, Kenya, Ethiopia, Eritrea စတဲ့ နိုင်ငံတွေကမြို့တွေကတဆင့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ပျံသန်းမှာဖြစ်ပြီး အပြန်မှာတော့ Uganda, Rwanda, and Zambiaတို့ကိုပါဝင်မယ်ဆိုပါတယ်။ စုစုပေါင်းတလကျော် ကြာမှာလည်းဖြစ်ပါတယ်။
ခရီးရှည်ကြီးမှာ ပါဝင်တဲ့အဖွဲ့ဝင်တွေအတွက် ခရီးရှည်ကြီးတလျှောက်မှာ လိုအပ်တဲ့ သယ်ယူပို့ဆောင်ရေး၊ နဲ့ လိုအပ်တဲ့ပံ့ပိုးမှုတွေကို CFS, ExecuJet, Worldfuel and The Airplane Factory တို့က ဝိုင်းဝန်းပံ့ပိုးကြမှာ ဖြစ်ပေမယ့် လောင်စာဆီ၊ နေထိုင်စားသောက်မှု၊ ပျံသန်း၊ ပြုပြင်ထိန်းသိမ်းမယ့် အဖွဲ့တွေ၊ နိင်ငံအများကြီး ကို ဝင်ထွက်ဖို့ ပျံသန်းခွင့် ပြည်ဝင်ခွင့် စာရွက်စာတန်း စသည်ဖြင့် လုပ်စရာများစွာရှိတာကြောင့် တောင်အာဖရိကရန် South African rand ငွေ
သုံးသိန်းခွဲ (34,000 USD)လောက်လိုအပ်နေပါသေးတယ်။ အဲဒီအတွက် BackaBuddy campaign လုပ်ပြီး ရန်ပုံငွေရှာဖွေနေပါတယ်.။
“ ကျမတို့က လူငယ်တွေနဲ့ ကမ္ဘာတလွှားကို တကယ်ခိုင်မာတဲ့ ယုံကြည်ချက်ရှိလျင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို ပြချင်တာပါ။ ဆယ်ကျော်သက်တွေတောင် ကိုယ်တိုင်ဆောက်တဲ့ လေယာဉ်တဲ့ အာဖရိတိုက်ကိုဖြတ်ပျံနိုင်မှတော့ ဘာအခက်အခဲကိုမှမကျော်လွှာနိုင်စရာမရှိပါဘူး” လို့ BackaBuddy campaign အတွက် ရံပုံငွေရှာရင်း မေဂင်က ပြောခဲ့ပါတယ်။
ဖိုးသုည
1-06-19
https://www.airplanefactory.com/aircraft/sling-4-kit/
https://www.udream.co.za/
\https://www.backabuddy.co.za/champion/project/cape-to-cairo
https://www.youtube.com/watch?time_continue=15&v=ooFr307BGr8
https://allafrica.com/stories/201905300073.html
http://www.capetalk.co.za/articles/350070/sa-teens-build-plane-to-fly-from-cape-to-cairo
No comments:
Post a Comment