Saturday, June 15, 2019

၂၀၁၉ ပဲရစ္ ေလေၾကာင္းျပပြဲ (၂၀၁၉ ပဲရစ် လေကြောင်းပြပွဲ)

၂၀၁၉ ပဲရစ္ ေလေၾကာင္းျပပြဲ ( Paris Airshow 2019)  

 ၅၃ ႀကိမ္ေျမာက္ ပဲရစ္ အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းျပပြဲ ၂၀၁၉  ကို လာမယ့္ တနလၤာေန႔ ၁၇-၆-၁၉ ကေန ၂၃-၆-၁၉ အထိ ျပင္သစ္ႏိုင္ငံပဲရစ္ၿမိဳ႕  Paris Airport-Le Bourget ေလဆိပ္မွာ ျပဳလုပ္မွာျဖစ္ပါတယ္။
ကမာၻ႔အႀကီးဆုံး ေလေၾကာင္းနဲ႔ အာကာသဆိုင္ရာ နည္းပညာျပပြဲႀကီးလည္းျဖစ္ ကုန္စည္ျပပြဲႀကီးလည္း ျဖစ္တဲ့ ျပပြဲကို ၂ ႏွစ္တႀကိမ္က်င္းပတာျဖစ္ပါတယ္။



သမိုင္းေၾကာင္း 

၁၉၀၈ ခုမွာလုပ္ခဲ့တဲ့ ပဲရစ္ Paris Salon ေမာ္ေတာ္ကားျပပြဲ မွာ ေလယာဥ္ပ်ံေတြကိုပါ ျပသခဲ့ရာ၊  လူအမ်ားကိုဆြဲေဆာင္ႏိုင္ခဲ့ရာကစလို႔  The First aeronautical Salon ဆိုၿပီး အသိအမွတ္ျပဳကာ စတင္ခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္ႏွစ္ စက္တင္ဘာ ၂၅ ကေန ေအာက္တိုဘာ ၁၇ အထိ Grand Palais မွာ ပါဝင္ျပသသူေပါင္း ၃၈၀ ရွိတဲ့ ေလေၾကာင္းျပပြဲသီးသန္ု႔ကို ဆက္လုပ္ခဲ့ၾကတာပါ။ အဲဒီေနာက္ ပိုင္းမွာေတာ့ ပထမနဲ႔ ဒုတိယကမာၻစစ္ပြဲကာလ ေတြမွာ သာ နားၿပီး ပုံမွန္က်င္းပလာခဲ့ပါတယ္။ ၁၉၅၃ ကစၿပီး Grand Palais ကေန ပဲရစ္ အေရွ႕ဘက္  Le Bourget ကို ေျပာင္းေ႐ႊ႕ က်င္းပခဲ့တာပါ။ ၁၉၆၀ ေနာက္ပိုင္းမွာ ႏိုင္ငံတကာက စိတ္ပါဝင္စားသူေတြမ်ားလာၿပီး ၁၉၆၇ မွာ ဆိုဗီယက္ ယူနီယံကပါ  သူတို႔ရဲ႕ နည္းပညာနဲ႔ ထုတ္ကုန္ေတြကို ပါဝင္ ျပသလာပါတယ္။ ၁၉၇၀ ေနာက္ပိုင္းမွာေတာ့ ေလေၾကာင္းနဲ႔ အာကာသဆိုင္ရာ ကမာၻ႔အေရးအပါဆုံး ျပပြဲျဖစ္လာပါတယ္။

 ဒီႏွစ္မွာ ဘာေတြေတြ႕ရမွာလဲ

The Careers plane
Paris Air Lab
Air and Space Museum
Exhibitor's events
Aerospace Meetings Paris
Conferences

စတဲ့ အစီအစဥ္ေတြပါမွာျဖစ္ပါတယ္။
လက္မွတ္ေတြကိုေတာ့ လုပ္ငန္းရွင္ ပညာရွင္ေတြအတြက္နဲ႔ အမ်ားျပည္သူအတြက္ဆိုၿပီး ၂မ်ိဳးခြဲထားပါတယ္။
ဒီျပပြဲႀကီးမွာ ခရီးသည္ နဲ႔ ကုန္စည္ပို႔ေဆာင္ေရး အရပ္ဖက္ စစ္ဘက္ ေလယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ား၊ စစ္သုံးေလယာဥ္ အမ်ိဳးမ်ိဳး၊ ေမာင္းသူမဲ့ ေလယာဥ္မ်ား, အာကာသ နည္းပညာဆိုင္ရာ ယာဥ္ နဲ႔ ထုတ္ကုန္မ်ား ၊ ေလေၾကာင္း နည္းပညာဆိုင္ရာ စက္ကရိယာအမ်ိဳမ်ိဳးတိုကိုျပသပါမယ္။ ကြင္းထဲကယာဥ္မ်ား၊ ျပခန္းမ်ားထဲက စက္ကရိယာ  အစိပ္အပိုင္း နည္းပညာျပခန္းမ်ား။ အလုပ္အကိုင္အခြင့္အလမ္းမ်ား၊ ထုတ္ကုန္ျပပြဲ ေၾကာ္ျငာ၊ သတင္းထုတ္ျပန္တဲ့ မီဒီယာခန္းမ်ား၊ ေဆြးေႏြးပြဲ Meeting , forum၊ စသည္ျဖင့္ အမ်ိဳးစုံပါဝင္မွာပါ
ေလေၾကာင္း လိုင္းေတြက ကိုယ္စားလွယ္ေတြ စစ္ဘက္ဆိုင္ရာ အရာရွိႀကီးေတြလည္း တက္ေရာက္ၾကၿပီး၊ ျပပြဲအတြင္းနဲ႔ ျပပြဲအၿပီးမွာ အေရာင္းအဝယ္ေတြ အေတာ္ျဖစ္ၾကပါတယ္။
အဓိကၿပိဳင္ဖက္ ႀကီး ၂ခုျဖစ္တဲ့ ဘိုးအင္းနဲ႔ အဲယားဘတ္စ္တို႔ အၿပိဳင္အဆိုင္ေဈးေခၚ ေဈးကြက္လုၾကတဲ့ ေနရာဆိုလည္းမမွားပါဘူး။
ဝယ္သူေတြကို ဆြဲေဆာင္ဖို႔ ထုတ္လုပ္သူေတြက သူတို႔ရဲ႕ ေလယာဥ္ေတြ ရဟတ္ယာဥ္ေတြ အရဲ႕ အစြမ္းကို အစြန္းကုန္ စြမ္းရည္ျပၾကလို႔ အံ့မခန္း ျပကြက္ေတြကို ေတြ႕ရမွာ ျဖစ္သလို မေတာ္တဆျဖစ္တာေတြနဲ႔လည္းႀကဳံရႏိုင္ပါေသးတယ္။.



ဒီႏွစ္ ျပသမယ့္ေလယာဥ္စာရင္းနဲ႔ အခ်က္ အလက္ေတြကို ဒီ https://www.siae.fr/en/the_show/list_of_aircraft.htm မွာၾကည့္လို႔ရပါတယ္။
ပါဝင္ ျပသၾကမယ့္ကုမၸဏီ ေတြကိုေတာ့ https://www.siae.fr/en/exhibitors_list.htm မွာ ရွာႏိုင္ပါတယ္။
ေလေၾကာင္းဆိုင္ရာ အလုပ္အကိုင္ အခြင့္လမ္းေတြကို https://www.siae.fr/espace_exposants/avion-des-metiers.htm ဆိုၿပီး ေတြႏိုင္သလို၊ ေနာက္ဆုံးေပၚ နည္းပညာေတြအေၾကာင္းကိုေတာ့  PARIS AIR LAB https://www.siae.fr/en/events/paris.htm မွာေတြ႕ရမွာပါ။

မီဒီယာေတြက ျပပြဲနဲ႔ပတ္သက္ၿပီး ဘာေတြေရးေနၾကလည္း

မီဒီယာသမားေတြက ဘိုအင္း စီအီးအိုကို  ေျမမွာနားထားရတဲ့ 737Max ျပသနာမွာ ခ်ိဳ႕ယြင္းခ်က္ရွိတာ သိလ်က္ ဖုံးထားတဲ့ ကိစၥအပါအဝင္ သူတို႔မဟုတ္တာလုပ္ထားတဲ့ ကိစၥေတာ္ေတာ္မ်ားမ်ားကို အစြမ္းကုန္ ေမးျမန္းႏွိပ္ကြပ္ႏိုင္တယ္၊ ဘိုးအင္းအေနနဲ႔ ပိုၿပီး သိကၡာက်ႏိုင္တယ္လို႔ သုံးသပ္တာေတြရွိေနပါတယ္။
ဘိုးအင္းရဲ႕ 737Max ျပသနာေၾကာင့္ narrow body ခရီးသည္တင္ ေလယာဥ္ေဈးကြက္မွာ  အဲယားဘတ္စ္က ေဈးကြက္ အျမတ္ရႏိုင္တဲံ့အခ်ိန္ေကာင္းျဖစ္သလို႔ A320 type rating ထဲမွာ  ပိုၿပီး ႀကီး၊ ဆီစားသက္သာ၊ ပိုေဝးေဝးပ်ံႏိုင္တဲ့ A321XLR ကို ထုတ္ျပဖို႔လည္းရွိေနပါတယ္။
ဘိုးအင္းအတြက္ေတာ့ ႏွစ္ဆင့္ဆက္ အထိုးခံရတာပါ။
သူနဲ႔ ယွဥ္ဖို႔ သတင္းထြက္ခဲ့တဲ့ NMA (New Midsize Aircraft) B797 ကိုေတာ့ ေၾကျငာဖို႔မရွိဘူးဆိုပါတယ္။ 797 ကို ေလွ်ာက္လမ္း ၂ခုပါ NMA ေလယာဥ္ type အသစ္ အေနနဲ႔ ထုတ္ရမွာျဖစ္လို႔  ထုတ္လုပ္မႈအဆင့္ေတြပိုမ်ားကာ အခ်ိန္ပိုယူရမွာျဖစ္ပါတယ္။

737 Max တုန္းကလည္း ဘိုးအင္းက သူအားထားတဲ့ ဆီစားသက္သာ Leap1B အင္ဂ်င္နဲ႔ မဆံ့မၿပဲျဖစ္ေနတဲ့ 737 ကို တည္ေဆာက္ပုံ ေျပာင္းရင္  type အသစ္ အေနတဲ့ထုတ္ရမွာျဖစ္ၿပီး အခ်ိန္နဲ႔ေငြပိုကုန္မွာကို ေၾကာက္လို႔  737 type အေနနဲ႔ မရ ရေအာင္ထုတ္ခဲ့ပါတယ္။ အင္ဂ်င္ေတြကို အေတာင္ အေရွ႕ကို ပိုထုတ္ၿပီး ျမႇင့္လိုက္တဲ့ ရလာဒ္ကေတာ့ ေလယာဥ္ ႐ုတ္တရက္ဦးေမာ့ၿပီး ပ်က္က်ႏိုင္တဲ့ ျပသနာအသစ္ေပၚလာတာပါ။ အဲဒီျပသနာကို ေျဖရွင္းဖို႔  MCAS စနစ္ကို တပ္ဆင္ခဲ့ရပါတယ္။ အဲဒီစနစ္ကိုယ္တိုင္က ျပသနာရွိခဲ့လို႔ ေလယာဥ္ ၂ စီးပ်က္က်ၿပီး လူ ၃၅၀နီးပါးေသဆုံးရတာပါ။
ဘိုအင္းနဲ႔ အဲယားဘတ္စ္တို႔ၿပိဳင္ပြဲရဲ႕ အျခားတဘက္မွာေတာ့
ေမာင္သူမဲ့ေလယာဥ္ေတြ
ပိုၿပီးေပါ့ပါးခိုင္ခံတဲ့ သတၳဳစပ္
ေရယာဥ္ပ်ံေတြမွာ အစားထိုးသုံးႏိုင္မယ့္ magniX ရဲ႕ လွ်ပ္စစ္အင္ဂ်င္နဲ႔ ေမာ္တာ
ကေနဒါနဲ႔ ခရီးတိုပ်ံေလယာည္ ေတြထုတ္တဲ့ Bombardier ကုမၸဏီကို ၂ပိုင္းခြဲေရာင္းေတာ့မယ္ဆိုတဲ့ သတင္း၊
ေလယာဥ္အင္ဂ်င္  ဒုံးပ်ံနဲ႔ စစ္လက္နက္ စနစ္ေတြကိုလည္းျပသမယ့္သတင္း
တ႐ုပ္နဲ႔ ပါကစၥတန္တြဲထုတ္ထဲ့  PAC JF-17 ထုက္ေလယာဥ္ကို လည္းျပမယ္ဆိုတာေတြကို  ေရးေနၾကပါတယ္။

အာရွမွာေတာ့ ဒီလိုေလေၾကာင္းျပပြဲႀကီးေတြကို ဒူဘိုင္းနဲ႔ စကၤာပူတို႔မွာလုပ္ပါတယ္။
နီးနီးနားနား ကိုယ္တိုင္သြားၾကည့္ခ်င္သူေတြအတြက္ စကၤာပူေလေၾကာင္းျပပြဲကို ၂၀၂၀ ခု ေဖေဖၚဝါ ရီလ  ၁၁ ရက္ ကေန ၁၆ ရက္ အထိျပသမွာျဖစ္ၿပီး  အမ်ားျပည္သူေတြအတြက္ ၁၅ ရက္ နဲ႔ ၁၆ ရက္ ကို သတ္မွတ္ထားၿပီး လက္မွတ္ေရာင္းေပးမွာပါ https://www.singaporeairshow.com/trade/ မွာ ၾကည့္ႏိုင္ပါတယ္။

ဖိုးသုည
15-6-19


၂၀၁၉
ပဲရစ် လေကြောင်းပြပွဲ ( Paris Airshow 2019)  (ယူနီကုဒ်) 


 ၅၃ ကြိမ်မြောက် ပဲရစ် အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲ ၂၀၁၉  ကို လာမယ့် တနင်္လာနေ့ ၁၇-၆-၁၉ ကနေ ၂၃-၆-၁၉ အထိ ပြင်သစ်နိုင်ငံပဲရစ်မြို့  Paris Airport-Le Bourget လေဆိပ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံး လေကြောင်းနဲ့ အာကာသဆိုင်ရာ နည်းပညာပြပွဲကြီးလည်းဖြစ် ကုန်စည်ပြပွဲကြီးလည်း ဖြစ်တဲ့ ပြပွဲကို ၂ နှစ်တကြိမ်ကျင်းပတာဖြစ်ပါတယ်။

သမိုင်းကြောင်း
၁၉၀၈ ခုမှာလုပ်ခဲ့တဲ့ ပဲရစ် Paris Salon မော်တော်ကားပြပွဲ မှာ လေယာဉ်ပျံတွေကိုပါ ပြသခဲ့ရာ၊  လူအများကိုဆွဲဆောင်နိုင်ခဲ့ရာကစလို့  The First aeronautical Salon ဆိုပြီးအသိအမှတ်ပြုကာ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်နှစ် စက်တင်ဘာ ၂၅ ကနေ အောက်တိုဘာ ၁၇ အထိ Grand Palais မှာ ပါဝင်ပြသသူပေါင်း ၃၈၀ ရှိတဲ့ လေကြောင်းပြပွဲသီးသန်ု့ကို ဆက်လုပ်ခဲ့ကြတာပါ။ အဲဒီနောက် ပိုင်းမှာတော့ ပထမနဲ့ ဒုတိယကမ္ဘာစစ်ပွဲကာလ တွေမှာ သာ နားပြီး ပုံမှန်ကျင်းပလာခဲ့ပါတယ်။ ၁၉၅၃ ကစပြီး Grand Palais ကနေ ပဲရစ် အရှေ့ဘက်  Le Bourget ကို ပြောင်းရွှေ့ ကျင်းပခဲ့တာပါ။ ၁၉၆၀ နောက်ပိုင်းမှာ နိုင်ငံတကာက စိတ်ပါဝင်စားသူတွေများလာပြီး ၁၉၆၇ မှာ ဆိုဗီယက် ယူနီယံကပါ  သူတို့ရဲ့ နည်းပညာနဲ့ ထုတ်ကုန်တွေကို ပါဝင် ပြသလာပါတယ်။ ၁၉၇၀ နောက်ပိုင်းမှာတော့ လေကြောင်းနဲ့ အာကာသဆိုင်ရာ ကမ္ဘာ့အရေးအပါဆုံး ပြပွဲဖြစ်လာပါတယ်။

 ဒီနှစ်မှာ ဘာတွေတွေ့ရမှာလဲ

·         The Careers plane 
·         Paris Air Lab
·         Air and Space Museum
·         Exhibitor's events
·         Aerospace Meetings Paris
·         Conferences

စတဲ့ အစီအစဉ်တွေပါမှာဖြစ်ပါတယ်။
လက်မှတ်တွေကိုတော့ လုပ်ငန်းရှင် ပညာရှင်တွေအတွက်နဲ့ အများပြည်သူအတွက်ဆိုပြီး ၂မျိုးခွဲထားပါတယ်။
ဒီပြပွဲကြီးမှာ ခရီးသည် နဲ့ ကုန်စည်ပို့ဆောင်ရေး အရပ်ဖက် စစ်ဘက် လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ စစ်သုံးလေယာဉ် အမျိုးမျိုး၊ မောင်းသူမဲ့ လေယာဉ်များ, အာကာသ နည်းပညာဆိုင်ရာ ယာဉ် နဲ့ ထုတ်ကုန်များ ၊ လေကြောင်း နည်းပညာဆိုင်ရာ စက်ကရိယာအမျိုမျိုးတိုကိုပြသပါမယ်။ ကွင်းထဲကယာဉ်များ၊ ပြခန်းများထဲက စက်ကရိယာ  အစိပ်အပိုင်း နည်းပညာပြခန်းများ။ အလုပ်အကိုင်အခွင့်အလမ်းများ၊ ထုတ်ကုန်ပြပွဲ ကြော်ငြာ၊ သတင်းထုတ်ပြန်တဲ့ မီဒီယာခန်းများ၊ ဆွေးနွေးပွဲ Meeting , forum၊ စသည်ဖြင့် အမျိုးစုံပါဝင်မှာပါ
လေကြောင်း လိုင်းတွေက ကိုယ်စားလှယ်တွေ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေလည်း တက်ရောက်ကြပြီး၊ ပြပွဲအတွင်းနဲ့ ပြပွဲအပြီးမှာ အရောင်းအဝယ်တွေ အတော်ဖြစ်ကြပါတယ်။
အဓိကပြိုင်ဖက် ကြီး ၂ခုဖြစ်တဲ့ ဘိုးအင်းနဲ့ အဲယားဘတ်စ်တို့ အပြိုင်အဆိုင်ဈေးခေါ် ဈေးကွက်လုကြတဲ့ နေရာဆိုလည်းမမှားပါဘူး။
ဝယ်သူတွေကို ဆွဲဆောင်ဖို့ ထုတ်လုပ်သူတွေက သူတို့ရဲ့ လေယာဉ်တွေ ရဟတ်ယာဉ်တွေ အရဲ့ အစွမ်းကို အစွန်းကုန် စွမ်းရည်ပြကြလို့ အံ့မခန်း ပြကွက်တွေကို တွေ့ရမှာ ဖြစ်သလို မတော်တဆဖြစ်တာတွေနဲ့လည်းကြုံရနိုင်ပါသေးတယ်။.
ဒီနှစ် ပြသမယ့်လေယာဉ်စာရင်းနဲ့ အချက် အလက်တွေကို ဒီ https://www.siae.fr/en/the_show/list_of_aircraft.htm မှာကြည့်လို့ရပါတယ်။
ပါဝင် ပြသကြမယ့်ကုမ္ပဏီ တွေကိုတော့ https://www.siae.fr/en/exhibitors_list.htm မှာ ရှာနိုင်ပါတယ်။
လေကြောင်းဆိုင်ရာ အလုပ်အကိုင် အခွင့်လမ်းတွေကို https://www.siae.fr/espace_exposants/avion-des-metiers.htm ဆိုပြီး တွေနိုင်သလို၊ နောက်ဆုံးပေါ် နည်းပညာတွေအကြောင်းကိုတော့  PARIS AIR LAB https://www.siae.fr/en/events/paris.htm မှာတွေ့ရမှာပါ။

မီဒီယာတွေက ပြပွဲနဲ့ပတ်သက်ပြီး ဘာတွေရေးနေကြလည်း

မီဒီယာသမားတွေက ဘိုအင်း စီအီးအိုကို  မြေမှာနားထားရတဲ့ 737Max ပြသနာမှာ ချို့ယွင်းချက်ရှိတာ သိလျက် ဖုံးထားတဲ့ ကိစ္စအပါအဝင် သူတို့မဟုတ်တာလုပ်ထားတဲ့ ကိစ္စတော်တော်များများကို အစွမ်းကုန် မေးမြန်းနှိပ်ကွပ်နိုင်တယ်၊ ဘိုးအင်းအနေနဲ့ ပိုပြီး သိက္ခာကျနိုင်တယ်လို့ သုံးသပ်တာတွေရှိနေပါတယ်။
ဘိုးအင်းရဲ့ 737Max ပြသနာကြောင့် narrow body ခရီးသည်တင် လေယာဉ်ဈေးကွက်မှာ  အဲယားဘတ်စ်က ဈေးကွက် အမြတ်ရနိုင်တဲံ့အချိန်ကောင်းဖြစ်သလို့ A320 type rating ထဲမှာ  ပိုပြီး ကြီး၊ ဆီစားသက်သာ၊ ပိုဝေးဝေးပျံနိုင်တဲ့ A321XLR ကို ထုတ်ပြဖို့လည်းရှိနေပါတယ်။
ဘိုးအင်းအတွက်တော့ နှစ်ဆင့်ဆက် အထိုးခံရတာပါ။
သူနဲ့ ယှဉ်ဖို့ သတင်းထွက်ခဲ့တဲ့ NMA (New Midsize Aircraft) B797 ကိုတော့ ကြေငြာဖို့မရှိဘူးဆိုပါတယ်။ 797 ကို လျှောက်လမ်း ၂ခုပါ NMA လေယာဉ် type အသစ် အနေနဲ့ ထုတ်ရမှာဖြစ်လို့  ထုတ်လုပ်မှုအဆင့်တွေပိုများကာ အချိန်ပိုယူရမှာဖြစ်ပါတယ်။

737 Max တုန်းကလည်း ဘိုးအင်းက သူအားထားတဲ့ ဆီစားသက်သာLeap1B အင်ဂျင်နဲ့ မဆံ့မပြဲဖြစ်နေတဲ့ 737 ကို တည်ဆောက်ပုံ ပြောင်းရင်  type အသစ် အနေတဲ့ထုတ်ရမှာဖြစ်ပြီး အချိန်နဲ့ငွေပိုကုန်မှာကို ကြောက်လို့  737 type အနေနဲ့ မရ ရအောင်ထုတ်ခဲ့ပါတယ်။ အင်ဂျင်တွေကို အတောင် အရှေ့ကို ပိုထုတ်ပြီး မြှင့်လိုက်တဲ့ ရလာဒ်ကတော့ လေယာဉ် ရုတ်တရက်ဦးမော့ပြီး ပျက်ကျနိုင်တဲ့ ပြသနာအသစ်ပေါ်လာတာပါ။ အဲဒီပြသနာကို ဖြေရှင်းဖို့  MCAS စနစ်ကို တပ်ဆင်ခဲ့ရပါတယ်။ အဲဒီစနစ်ကိုယ်တိုင်က ပြသနာရှိခဲ့လို့ လေယာဉ် ၂ စီးပျက်ကျပြီး လူ ၃၅၀နီးပါးသေဆုံးရတာပါ။
ဘိုအင်းနဲ့ အဲယားဘတ်စ်တို့ပြိုင်ပွဲရဲ့ အခြားတဘက်မှာတော့
·         မောင်သူမဲ့လေယာဉ်တွေ
·         ပိုပြီးပေါ့ပါးခိုင်ခံတဲ့ သတ္ထုစပ်
·         ရေယာဉ်ပျံတွေမှာ အစားထိုးသုံးနိုင်မယ့် magniX ရဲ့ လျှပ်စစ်အင်ဂျင်နဲ့ မော်တာ
·         ကနေဒါနဲ့ ခရီးတိုပျံလေယာည် တွေထုတ်တဲ့ Bombardier ကုမ္ပဏီကို ၂ပိုင်းခွဲရောင်းတော့မယ်ဆိုတဲ့ သတင်း၊
·         လေယာဉ်အင်ဂျင်  ဒုံးပျံနဲ့ စစ်လက်နက် စနစ်တွေကိုလည်းပြသမယ့်သတင်း
·         တရုပ်နဲ့ ပါကစ္စတန်တွဲထုတ်ထဲ့  PAC JF-17 ထုက်လေယာဉ်ကို လည်းပြမယ်ဆိုတာတွေကို  ရေးနေကြပါတယ်။

အာရှမှာတော့ ဒီလိုလေကြောင်းပြပွဲကြီးတွေကို ဒူဘိုင်းနဲ့ စင်္ကာပူတို့မှာလုပ်ပါတယ်။
နီးနီးနားနား ကိုယ်တိုင်သွားကြည့်ချင်သူတွေအတွက် စင်္ကာပူလေကြောင်းပြပွဲကို ၂၀၂၀ ခု ဖေဖေါ်ဝါ ရီလ  ၁၁ ရက် ကနေ ၁၆ ရက် အထိပြသမှာဖြစ်ပြီး  အများပြည်သူတွေအတွက် ၁၅ ရက် နဲ့ ၁၆ ရက် ကို သတ်မှတ်ထားပြီး လက်မှတ်ရောင်းပေးမှာပါ https://www.singaporeairshow.com/trade/ မှာ ကြည့်နိုင်ပါတယ်။

ဖိုးသုည
15-6-19

No comments:

Post a Comment