Wednesday, June 5, 2019

ဒီေဒးေနာက္ကြယ္က Merville Gun Battery အျမာက္စခန္းတိုက္ပြဲ (ဒီဒေးနောက်ကွယ်က Merville Gun Battery အမြာက်စခန်းတိုက်ပွဲ )

ဒီေဒးေနာက္ကြယ္က Merville Gun Battery အျမာက္စခန္းတိုက္ပြဲ (ေဇာ္ဂ်ီ) 

ဒီေန႔ ၅-၆-၁၉ အဂၤလန္မွာ ေနာ္မန္ဒီကမ္းတက္တိုက္ပြဲစခဲ့တဲ့ ဒီေဒး ၇၅ ႏွစ္ေျမာက္ အခမ္းအနားကို က်င္းပပါတယ္။
All of the D-Day veterans at the event in Portsmouth were more than 90 years old
As part of the commemoration, the RAF's Red Arrows performed a flypast




ရာသီဥတုဆိုး'႐ြားလို႔ တရက္ေနာက္ဆုတ္လိုက္ရတဲ့ အတြက္တကယ္ကမ္းတက္တာကေတာ့ ၁၉၄၄ ခုဇြန္လ ၆ရက္ပါ။
အခမ္းအနားမွာ ပါတဲ့ အစီအစဥ္တခုကေတာ့ ဒီေဒးနဲ႔ပတ္သက္တဲ့ ထင္ရွားတဲ့ ျဖစ္စဥ္ေတြကို အမွတ္တရ ျပန္ေျပာၿပီး ဂုဏ္ျပဳၾကပါတယ္။
အဲဒီကမ္းတက္ စစ္ဆင္ေရးေအာင္ျမင္ေအာင္ လူမသိသူမသိ ေနာက္ကြယ္က လုပ္ေပးရတဲ့ တပ္ဖြဲ႕ေတြ တိုက္ပြဲေတြနဲ႔ ဆုံးရႈံးမႈေတြ အမ်ားႀကီးရွိပါတယ္။
တခုကေတာ့ အမွတ္ ၉ ေလထီးတပ္ရင္း တပ္မႉး ဒုဗိုလ္မႉးႀကီး Terence Otway တာဝန္ယူခဲ့တဲ့ အထူးစစ္ဆင္ေရးပါ။ သူ႔ရဲ႕တပ္ဖြဲ႕က Merville Battery ဆိုတဲ့ ေနာ္မန္ဒီ ကမ္းတက္မယ့္ ေနရာကိုကာကြယ္ဖို႔ တည္ေဆာက္ထားတဲ့ အေျမာက္ႀကီးေတြကို ဖ်က္ဆီးဖို႔တာဝန္ယူရပါတယ္။
Terence Otway 

Merville Gun Battery 

အဲဒီ Merville Battery အေျမာက္စခန္း ဟာ ၆ေပအထူ သံကူ ကြန္ကရစ္နဲ႔ေဆာက္ထားတဲ့ အေျမာက္ဘန္ကာ၊ ခဲယမ္းသိုေလွာင္ရံု၊ လူေနဘန္ကာနဲ႔ ကြပ္ကဲေရး အေဆာက္အဦေတြပါဝင္ပါတယ္။
အထဲမွာ  မီတာ ၈၀၀၀ ေရာက္ေအာင္ပစ္ႏိုင္တဲ့  ခ်က္ႏိုင္ငံလုပ္ ၁၀၀ မီလီမီတာ အေျမာက္ႀကီးေလးလက္ကို ၂၀ မီလီမီတာ ေလယာဥ္ပစ္စက္အေျမာက္နဲ႔ စက္ေသနတ္ ပစ္စင္ ၁၅ ခုကကာကြယ္ေပးထားၿပီး ၁၅ေပက်ယ္ၿပီး ၅ ေပျမင့္တဲ့ သံဆူးႀကိဳးစည္း႐ိုး ၂ထပ္၊ ေပ၁၀၀ နက္တဲ့ မိုင္းကြင္း၊ တင့္ကားရန္ကာကြယ္တဲ့ေျမာင္းေတြနဲ႔ အထပ္ထပ္ကာကြယ္ထားပါတယ္။
Merville Gun Battery အေျမာက္ ဘန္ကာတခု

Merville Gun Battery အေျမာက္ ဘန္က ေျမပံု

Merville Gun Battery အေျမာက္ ဘန္က ဗံုးၾကဲခံရျပီးကာစ


အဲဒီအေျမာက္ခံတပ္ဟာ မဟာမိတ္တပ္ေတြ ျပင္သစ္ကမ္းေျခကို ျပန္တက္လာမွာကို ကာကြယ္ဖို႔ တည္ေဆာက္ထားတဲ့ အတၱလန္တိတ္ တံတိုင္းလို႔လို႔ေခၚတဲ့ ဟစ္တလာရဲ႕ အဓိကခံစစ္တခုပါ။
မဟာမိတ္ေတြအတြက္လည္း ျပင္သစ္ကို ကမ္းတက္ရင္ ပထမဆုံးတိုက္ခိုက္ရမယ့္ေနရာပါ။
ဒီ အေျမာက္ေတြကို အခ်ိန္မီမဖ်က္ႏိုင္လ်င္ ကမ္းတက္တပ္ဖြဲ႕ေတြ အဆုံးအရႈံးအလြန္မ်ားႏိုင္တာပါ။
ဒီေဒးမတိုင္မီမွာ မဟာမိတ္နဲ႔ နာဇီ ၂ ဘက္လုံးက သူလွ်ိဳေတြကလည္း ႏွစ္ဘက္လုံးမွာ ေျခခ်င္းလိမ္ေနေအာင္ စစ္သတင္းေတြကိုရယူေနခ်ိန္ျဖစ္ပါတယ္။
Terence Otway ရဲ႕ ေလထီးတပ္ဟာ တိုက္ပြဲမဝင္ခင္မွာ အလားတူ အေျမာက္စခန္းပုံစံတည္ေဆာက္ၿပီး ေလထီးဆင္းတိုက္ခိုက္မႈကိုးႀကိမ္ (ညဘက္ေလးႀကိမ္) ေလ့က်င့္ရပါတယ္
သူတို႔ရဲ႕ အလြန္အေရးႀကီးတဲ့လွ်ိဳ႕ဝွက္ မစ္ရွင္ကို မေပါက္ၾကားဖို႔ အေလးအနက္ထားတဲ့တပ္မႉး Terence Otway ကသူ႔တပ္သားေတြရဲ႕ သတင္းလုံးၿခဳံမႈကို ပုံမွန္မဟုတ္နဲ႔ နည္းနဲ႔စစ္ေဆးခဲ့ပါတယ္။
အရံေလတပ္ အမ်ိဳးသမီးအမႉထမ္းေတြထဲက အလွဆုံး ၃၀ ကိုေ႐ြးၿပီ အရပ္သားဟန္ေဆာင္ေစကာ သူ႔တပ္သားေတြ ေလ့က်င့္ေနတဲ့စခန္းနားက အရက္ဆိုင္ေတြကိုေစလႊတ္ပါတယ္။
သူတို႔တာဝန္က အားလပ္ခ်ိန္ေတြမွာ အဲဒီအရက္ဆိုင္ေတြကို လာၿပီး စားေသာက္ေပ်ာ္ပါးၾကတဲ့ Terence Otwayရဲ႕ ေလထီးစစ္သားေတြထံက သတင္းကို သူတို႔ သုံးႏိုင္သမွ် နည္းမ်ိဳးစုံးသံုးၿပီး ရႏိုင္သမွ် ႏႈိက္ယူဖို႔ပါ။
ဒါေပမယ့္  ေလထီးစစ္သားေတြထံက ဘာစစ္သတင္းမွ မေပါက္ၾကားခဲ့ဘူးလို႔ဆိုပါတယ္။
အလုပ္ကို ေစ့စပ္ေသခ်ာပုံက အတုယူစရာပါ။
သူ႔ရဲ႕တပ္ဖြဲ႕ဝင္ေတြ သတင္းလုံၿခဳံတာေသခ်ာၿပီဆိုမွ ဒီေဒးမတိုင္မီ သူတို႔စစ္ဆင္ေရးစပါတယ္။
ဒါကလည္း ဒီေဒးႏုဲ႔ အခ်ိန္ကိုက္လႈပ္ရွားရတာပါ။ သိပ္ေစာလို႔မရသလို အေျမာက္ေတြကို အခ်ိန္မီသိမ္းပိုက္ႏိုင္ဖို႔ကလည္း အေရးႀကီးပါတယ္။
သူတိုကို အေျမာက္ႀကီးေတြရဲ႕ေနာက္ေက်ာကို ဒီေဒးမတိုင္မီညမွာ ေလထီးနဲ႔ ခ်ေပးခဲ့တာပါ။
အမွတ္၉ ေလထီးတပ္ရဲ႕ စစ္သည္ ၆၀၀ ကိုစစ္အင္ဂ်င္နီယာတပ္နဲ႔ စက္မဲ့ ေလယာဥ္တပ္ေတြက ပံ့ပိုးကူညီၿပီး ဂ်စ္ကား, ေနာက္တြဲ, လက္နက္ခဲယမ္း၊ တင့္ကားပစ္ လက္နက္၊ မီးလွ်ံေသနတ္စသည္တိုကိုပါပို႔ေဆာင္ရပါတယ္။ ေလထီးဆင္း စစ္ေျမျပင္ လူနာတင္အဖြဲ႕ကလည္းအားျဖည့္ေပးသလို ေကနဒါအမွတ္၁ ေလထီးတပ္ကလည္းအေျမာက္ေတြကို တိုက္ခိုက္မယ့္ သူတို႔ တပ္ေတြ အဝင္ အထြက္ကို ကာပစ္ပစ္ေပးဖို႔တာဝန္ယူပါတယ္။
ေလထီးတပ္ဖြဲ႕ေတြအဲဒီအေျမာက္စခန္းကေန မနက္ ၅ နာရီ ေနာက္ဆုံးထားဆုတ္ခြာေပးရမွာပါ။ ၿပီးတာနဲ႔ HMS Arethusa  စစ္သေဘၤာက ေန Merville Battery စခန္းတခုလုံးကို အေျမာက္နဲ႔ ပစ္ဖို႔စီစဥ္ထားပါတယ္။
တကယ္စစ္ဆင္ရာမွာေတာ့ ေလထီးတပ္ေတြ ေျမျပင္ကိုဆင္းတာနဲ႔ အခက္အခဲမ်ိဳးစုံကို ရင္ဆိုင္ရပါတယ္။
၁၉၄၄ ခုသန္းေကာင္အလြန္ ဇြန္လ ၆ရက္ မွာ ေရွ႕ေျပးတပ္နဲ႔ လမ္းၫႊန္တပ္တို႔ သတ္မွတ္ေနရာကို ေအာင္ျမင္စြာဆင္းခဲ့ေပမဲ့ ေနာက္ကလိုက္လာတဲ့ လန္ကက္စတာ ဗုံးႀကဲေလယာဥ္ေတြခ်တဲ့ ဗုံးေတြကေတာ့ အေျမာက္စခန္းေပၚမက်ဘဲလုံးဝလြဲက်ပါတယ္။
တခါ လမ္းၫႊန္တပ္ဖြဲ႕ပါလာတဲ့ အခ်က္ျပေရဒီယိုကပ်က္စီးသြားခဲ့ၿပီး ဗုံးႀကဲရာက မီးခိုးနဲ႔ အပ်က္အစီးေတြ ဖုံးကြယ္ေနလို႔ သူတို႔ျပတဲ့ အခ်က္ျပမီးေတြကို တကယ့္ ေလထီးတပ္ကို ခ်မဲ့ပိုင္းေလာ့ေတြက မျမင္ႏိုင္ျဖစ္ေနျပန္ပါတယ္။
မနက္တနာရီမွာ ေလထီးတပ္နဲ႔ စက္မဲ့ ေလယာဥ္ေတြဟာ သတ္မွတ္တဲ့ ဧရိယာမွာ ဆင္းႏိုင္ခဲ့ေပမဲ့ အကြာအဝး အေတာ္မ်ားမ်ားအထိျပန္႔ႀကဲသြားခဲ့ပါေတာ့တယ္။
မနက္ ၂နာရီ၅၀ မွာ စစ္သည္ ၁၅၀ ပဲ Bangalore torpedoes ဆိုတဲ့ လမ္းရွင္းေဖါက္ခြဲေရး ပစၥည္း၂၀၊ စက္ေသနတ္တခ်ိဳ႕၊ အေပါ့စားလက္နက္ေတြနဲ႔ ဆုံရပ္ကိုေရာက္လာပါတယ္။ စိန္ေျပာင္း၊ မိုင္းရွာကရိယာ၊ တင့္ဖ်က္လက္နက္၊ ဂ်စ္ကားမ်ား၊ စစ္ေျမျပင္ လူနာတင္အဖြဲ႕နဲ႔ စစ္အင္ဂ်င္နီယာအဖြဲ႕ေတြကို မျမင္ရေသးပါဘူး။
အခ်ိန္အလြန္နည္းေနတဲ့အတြက္ တပ္မႈး Otway က က်န္တပ္ေတြနဲ႔ လက္နက္ကရိယာေတြကို မေစာင့္ဘဲ စစ္ဆင္ဖို႔ ဆုံးျဖတ္ပါတယ္။
ႀကိဳေရာက္ေနတဲ့ ေထာက္လွမ္းေရးအဖြဲ႕ က ဆူးႀကိဳးေတြကိုျဖတ္ၿပီး မိုင္းကြင္းကိုျဖတ္ကာအေျမာက္ေလးလက္ေနရာကို ခ်ီတက္ဖို႔ လမ္းေၾကာင္းေလးခုေ႐ြးေပးပါတယ္။
သူတို႔ေစာင့္ေနတဲ့ ေနာက္ထပ္စက္မဲ့ ေလယာဥ္၃စီးမွာ ၂စီးသာထြက္လာႏိုင္ၿပီး ေနရာလြဲဆင္းခဲ့သလို ေလယာဥ္ပစ္လက္နက္ထိမွန္ထံရျပန္ပါတယ္။ အဲဒီေလယာဥ္ေတြထဲကစစ္သည္ေတြကေတာ့ ဂ်ာမန္ စစ္ကူေတြနဲ႔ တိုက္ခိုက္ရပါတယ္။
တပ္မႈး Otway က ေနာက္ထပ္ရာေက္တဲ့ တပ္ေတြကို အားကိုးမရေတာ့လို႔ တပ္ဖြဲ႕ကို ေလးခုခြဲၿပီး Bangalore torpedoes  အကူညီနဲ႔ အတားအဆီးေတြကို ဖ်က္စီးခ်ီတက္ၾကပါတယ္၊ Bangalore torpedoes  ေတြေၾကာင့္ ဂ်ာမန္ေတြ သူတို႔လာတာကို သတိထားမိသြားတဲ့ အတြက္ေလထီးတပ္သားေတြ အက်အဆုံးမ်ားပါတယ္။
မဝင္စီးခင္ဗုံးႀကဲမႈေၾကာင့္ ဂ်ာမန္ေတြကအေျမာက္ႀကီးေတြကို ျဖဳတ္ၿပီး ဘန္ကာအတြင္းထဲ ထည့္ထားရာမွာ ေလဝင္ေလထြက္ရေအာင္ သံမဏိတံခါးေတြကို ဟထားခဲ့ပါတယ္။
ေလထီးတပ္ေတြက အဲ ဒီအခြင့္အေရးကို ရယူၿပီလက္ပစ္ဗုံးေတြသံုးလို႔ အေျမာက္ဘန္ကာေတြကို ဝင္စီးႏိုင္ခဲ့ပါတယ္။
အေျမာက္ဘန္ကာေတြရၿပီးတဲ့ ေလထီးတပ္မွာ အေျမာက္ေတြကိုဖ်က္စီးဖို႔ ေဖါက္ခြဲပစၥည္းနဲ႔စစ္အင္ဂ်င္နီယာေတြပါမလာဘူးျဖစ္ေနပါတယ္။ ဒါနဲ႔ သူတို႔နဲ႔ပါလာတဲ့ ယမ္းေပ်ာ့နဲ႔ လက္ပစ္ဗုံးေတြကိုသာသုံးၿပီး အေျမာက္ႀကီးေတြကို ဖ်က္စီးဖို႔ႀကိဳးစားရပါတယ္။
မနက္ ၅နာရီမထိုးမီမွာေတာ့ ၿဗိတိသွ်ေလထီးတပ္ရဲ႕ အသက္ရွင္က်န္ရစ္သူ ၇၅ ဦးဟာ သတ္မွတ္ထားတဲ့အတိုင္းအေျမာက္စခန္းကို စြန္႔ၿပီး ဒုတိယပစ္မွတ္ျဖစ္တဲ့  La Plein ႐ြာကေလးကိုခ်ီတက္ရပါတယ္။
ေလထီးတပ္ေတြဆုတ္ခြာသြားတာနဲ႔ ဂ်ာမန္ေတြ အေျမာက္ေတြကို ျပန္လည္သိမ္ပိုက္ၿပီး ၂လက္ကိုျပန္သံုးႏိုင္ခဲ့ပါတယ္။ မဟာမိတ္ေတြ ကမ္းတက္လာတဲ့ Sword ကမ္းေျခကို အေျမာက္ စခန္းက မျမင္ရေပမဲ့ ေရွ႕တန္းက ၇၃၆ ေျခလ်င္တပ္ရဲ႕ အကဲၾကဥ့္အဖြဲ႕က ဂ်ာမန္အျမာက္ေတြကို ပစ္မွတ္ၫႊန္ျပေပးႏိုင္ခဲ့ပါတယ္။ ေနာက္ေန႔ ဇြန္လ၇ ရက္မွာ အမွတ္ ၃ ကြန္မန္ုဒိုတပ္က အဲဒီအေျမာက္ေတြကို ဝင္စီးဖို႔ႀကိဳးစားေပမယ့္အက်အဆုံးမ်ားၿပီး ဆုတ္ခြာရျပန္ပါတယ္။ မဟာမိတ္တပ္ေတြဟာ Merville Gun Battery အျမာက္စခန္းကို အၿပီးျပတ္ဖ်က္ဆီးႏိုင္ျခင္းမရွိဘဲ ၁၉၄၄  ဩဂုတ္လ ၁၇ရက္မွာ ဂ်ာမန္တပ္ေတြျပင္သစ္ျပည္ကေနဆုတ္ခြာေတာ့မွသာ ျပန္လည္ သိမ္းပိုက္ႏိုင္ပါေတာ့တယ္။
ဖိုးသုည
05-06-09


ဒီဒေးနောက်ကွယ်က Merville Gun Battery အမြာက်စခန်းတိုက်ပွဲ (ယူနီကုဒ်)

ဒီနေ့ ၅-၆-၁၉ အင်္ဂလန်မှာ နော်မန်ဒီကမ်းတက်တိုက်ပွဲစခဲ့တဲ့ ဒီဒေး ၇၅ နှစ်မြောက် အခမ်းအနားကို ကျင်းပပါတယ်။
ရာသီဥတုဆိုး'ရွားလို့ တရက်နောက်ဆုတ်လိုက်ရတဲ့ အတွက်တကယ်ကမ်းတက်တာကတော့ ၁၉၄၄ ခုဇွန်လ ၆ရက်ပါ။
အခမ်းအနားမှာ ပါတဲ့ အစီအစဉ်တခုကတော့ ဒီဒေးနဲ့ပတ်သက်တဲ့ ထင်ရှားတဲ့ ဖြစ်စဉ်တွေကို အမှတ်တရ ပြန်ပြောပြီး ဂုဏ်ပြုကြပါတယ်။
အဲဒီကမ်းတက် စစ်ဆင်ရေးအောင်မြင်အောင် လူမသိသူမသိ နောက်ကွယ်က လုပ်ပေးရတဲ့ တပ်ဖွဲ့တွေ တိုက်ပွဲတွေနဲ့ ဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်။
တခုကတော့ အမှတ် ၉ လေထီးတပ်ရင်း တပ်မှူး ဒုဗိုလ်မှူးကြီး Terence Otway တာဝန်ယူခဲ့တဲ့ အထူးစစ်ဆင်ရေးပါ။ သူ့ရဲ့တပ်ဖွဲ့က Merville Battery ဆိုတဲ့ နော်မန်ဒီ ကမ်းတက်မယ့် နေရာကိုကာကွယ်ဖို့ တည်ဆောက်ထားတဲ့ အမြောက်ကြီးတွေကို ဖျက်ဆီးဖို့တာဝန်ယူရပါတယ်။

Merville Gun Battery 

အဲဒီ Merville Battery အမြောက်စခန်း ဟာ ၆ပေအထူ သံကူ ကွန်ကရစ်နဲ့ဆောက်ထားတဲ့ အမြောက်ဘန်ကာ၊ ခဲယမ်းသိုလှောင်ရံု၊ လူနေဘန်ကာနဲ့ ကွပ်ကဲရေး အဆောက်အဦတွေပါဝင်ပါတယ်။
အထဲမှာ  မီတာ ၈၀၀၀ ရောက်အောင်ပစ်နိုင်တဲ့  ချက်နိုင်ငံလုပ် ၁၀၀ မီလီမီတာ အမြောက်ကြီးလေးလက်ကို ၂၀ မီလီမီတာ လေယာဉ်ပစ်စက်အမြောက်နဲ့ စက်သေနတ် ပစ်စင် ၁၅ ခုကကာကွယ်ပေးထားပြီး ၁၅ပေကျယ်ပြီး ၅ ပေမြင့်တဲ့ သံဆူးကြိုးစည်းရိုး ၂ထပ်၊ ပေ၁၀၀ နက်တဲ့ မိုင်းကွင်း၊ တင့်ကားရန်ကာကွယ်တဲ့မြောင်းတွေနဲ့ အထပ်ထပ်ကာကွယ်ထားပါတယ်။
အဲဒီအမြောက်ခံတပ်ဟာ မဟာမိတ်တပ်တွေ ပြင်သစ်ကမ်းခြေကို ပြန်တက်လာမှာကို ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ အတ္တလန်တိတ် တံတိုင်းလို့လို့ခေါ်တဲ့ ဟစ်တလာရဲ့ အဓိကခံစစ်တခုပါ။
မဟာမိတ်တွေအတွက်လည်း ပြင်သစ်ကို ကမ်းတက်ရင် ပထမဆုံးတိုက်ခိုက်ရမယ့်နေရာပါ။
ဒီ အမြောက်တွေကို အချိန်မီမဖျက်နိုင်လျင် ကမ်းတက်တပ်ဖွဲ့တွေ အဆုံးအရှုံးအလွန်များနိုင်တာပါ။
ဒီဒေးမတိုင်မီမှာ မဟာမိတ်နဲ့ နာဇီ ၂ ဘက်လုံးက သူလျှိုတွေကလည်း နှစ်ဘက်လုံးမှာ ခြေချင်းလိမ်နေအောင် စစ်သတင်းတွေကိုရယူနေချိန်ဖြစ်ပါတယ်။
Terence Otway ရဲ့ လေထီးတပ်ဟာ တိုက်ပွဲမဝင်ခင်မှာ အလားတူ အမြောက်စခန်းပုံစံတည်ဆောက်ပြီး လေထီးဆင်းတိုက်ခိုက်မှုကိုးကြိမ် (ညဘက်လေးကြိမ်) လေ့ကျင့်ရပါတယ်
သူတို့ရဲ့ အလွန်အရေးကြီးတဲ့လျှို့ဝှက် မစ်ရှင်ကို မပေါက်ကြားဖို့ အလေးအနက်ထားတဲ့တပ်မှူး Terence Otway ကသူ့တပ်သားတွေရဲ့ သတင်းလုံးခြုံမှုကို ပုံမှန်မဟုတ်နဲ့ နည်းနဲ့စစ်ဆေးခဲ့ပါတယ်။
အရံလေတပ် အမျိုးသမီးအမှူထမ်းတွေထဲက အလှဆုံး ၃၀ ကိုရွေးပြီ အရပ်သားဟန်ဆောင်စေကာ သူ့တပ်သားတွေ လေ့ကျင့်နေတဲ့စခန်းနားက အရက်ဆိုင်တွေကိုစေလွှတ်ပါတယ်။
သူတို့တာဝန်က သူတို့ သုံးနိုင်သမျှ နည်းမျိုးစုံးသံုးပြီး အားလပ်ချိန်တွေမှာ အဲဒီအရက်ဆိုင်တွေကို လာပြီး စားသောက်ပျော်ပါးကြတဲ့ Terence Otwayရဲ့ လေထီးစစ်သားတွေထံက သတင်းကို ရနိုင်သမျှ နှိုက်ယူဖို့ပါ။
ဒါပေမယ့်  လေထီးစစ်သားတွေထံက ဘာစစ်သတင်းမှ မပေါက်ကြားခဲ့ဘူးလို့ဆိုပါတယ်။
အလုပ်ကို စေ့စပ်သေချာပုံက အတုယူစရာပါ။
သူ့ရဲ့တပ်ဖွဲ့ဝင်တွေ သတင်းလုံခြုံတာသေချာပြီဆိုမှ ဒီဒေးမတိုင်မီ သူတို့စစ်ဆင်ရေးစပါတယ်။
ဒါကလည်း ဒီဒေးနုဲ့ အချိန်ကိုက်လှုပ်ရှားရတာပါ။ သိပ်စောလို့မရသလို အမြောက်တွေကို အချိန်မီသိမ်းပိုက်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။
သူတိုကို အမြောက်ကြီးတွေရဲ့နောက်ကျောကို ဒီဒေးမတိုင်မီညမှာ လေထီးနဲ့ ချပေးခဲ့တာပါ။
အမှတ်၉ လေထီးတပ်ရဲ့ စစ်သည် ၆၀၀ ကိုစစ်အင်ဂျင်နီယာတပ်နဲ့ စက်မဲ့ လေယာဉ်တပ်တွေက ပံ့ပိုးကူညီပြီး ဂျစ်ကား, နောက်တွဲ, လက်နက်ခဲယမ်း၊ တင့်ကားပစ် လက်နက်၊ မီးလျှံသေနတ်စသည်တိုကိုပါပို့ဆောင်ရပါတယ်။ လေထီးဆင်း စစ်မြေပြင် လူနာတင်အဖွဲ့ကလည်းအားဖြည့်ပေးသလို ကေနဒါအမှတ်၁ လေထီးတပ်ကလည်းအမြောက်တွေကို တိုက်ခိုက်မယ့် သူတို့ တပ်တွေ အဝင် အထွက်ကို ကာပစ်ပစ်ပေးဖို့တာဝန်ယူပါတယ်။
လေထီးတပ်ဖွဲ့တွေအဲဒီအမြောက်စခန်းကနေ မနက် ၅ နာရီ နောက်ဆုံးထားဆုတ်ခွာပေးရမှာပါ။ ပြီးတာနဲ့ HMS Arethusa  စစ်သင်္ဘောက နေ Merville Battery စခန်းတခုလုံးကို အမြောက်နဲ့ ပစ်ဖို့စီစဉ်ထားပါတယ်။
တကယ်စစ်ဆင်ရာမှာတော့ လေထီးတပ်တွေ မြေပြင်ကိုဆင်းတာနဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်ရပါတယ်။
၁၉၄၄ ခုသန်းကောင်အလွန် ဇွန်လ ၆ရက် မှာ ရှေ့ပြေးတပ်နဲ့ လမ်းညွှန်တပ်တို့ သတ်မှတ်နေရာကို အောင်မြင်စွာဆင်းခဲ့ပေမဲ့ နောက်ကလိုက်လာတဲ့ လန်ကက်စတာ ဗုံးကြဲလေယာဉ်တွေချတဲ့ ဗုံးတွေကတော့ အမြောက်စခန်းပေါ်မကျဘဲလုံးဝလွဲကျပါတယ်။
တခါ လမ်းညွှန်တပ်ဖွဲ့ပါလာတဲ့ အချက်ပြရေဒီယိုကပျက်စီးသွားခဲ့ပြီး ဗုံးကြဲရာက မီးခိုးနဲ့ အပျက်အစီးတွေ ဖုံးကွယ်နေလို့ သူတို့ပြတဲ့ အချက်ပြမီးတွေကို တကယ့် လေထီးတပ်ကို ချမဲ့ပိုင်းလော့တွေက မမြင်နိုင်ဖြစ်နေပြန်ပါတယ်။
မနက်တနာရီမှာ လေထီးတပ်နဲ့ စက်မဲ့ လေယာဉ်တွေဟာ သတ်မှတ်တဲ့ ဧရိယာမှာ ဆင်းနိုင်ခဲ့ပေမဲ့ အကွာအဝး အတော်များများအထိပြန့်ကြဲသွားခဲ့ပါတော့တယ်။
မနက် ၂နာရီ၅၀ မှာ စစ်သည် ၁၅၀ ပဲ Bangalore torpedoes ဆိုတဲ့ လမ်းရှင်းဖေါက်ခွဲရေး ပစ္စည်း၂၀၊ စက်သေနတ်တချို့၊ အပေါ့စားလက်နက်တွေနဲ့ ဆုံရပ်ကိုရောက်လာပါတယ်။ စိန်ပြောင်း၊ မိုင်းရှာကရိယာ၊ တင့်ဖျက်လက်နက်၊ ဂျစ်ကားများ၊ စစ်မြေပြင် လူနာတင်အဖွဲ့နဲ့ စစ်အင်ဂျင်နီယာအဖွဲ့တွေကို မမြင်ရသေးပါဘူး။
အချိန်အလွန်နည်းနေတဲ့အတွက် တပ်မှုး Otway က ကျန်တပ်တွေနဲ့ လက်နက်ကရိယာတွေကို မစောင့်ဘဲ စစ်ဆင်ဖို့ ဆုံးဖြတ်ပါတယ်။
ကြိုရောက်နေတဲ့ ထောက်လှမ်းရေးအဖွဲ့ က ဆူးကြိုးတွေကိုဖြတ်ပြီး မိုင်းကွင်းကိုဖြတ်ကာအမြောက်လေးလက်နေရာကို ချီတက်ဖို့ လမ်းကြောင်းလေးခုရွေးပေးပါတယ်။
သူတို့စောင့်နေတဲ့ နောက်ထပ်စက်မဲ့ လေယာဉ်၃စီးမှာ ၂စီးသာထွက်လာနိုင်ပြီး နေရာလွဲဆင်းခဲ့သလို လေယာဉ်ပစ်လက်နက်ထိမှန်ထံရပြန်ပါတယ်။ အဲဒီလေယာဉ်တွေထဲကစစ်သည်တွေကတော့ ဂျာမန် စစ်ကူတွေနဲ့ တိုက်ခိုက်ရပါတယ်။
တပ်မှုး Otway က နောက်ထပ်ရာေက်တဲ့ တပ်တွေကို အားကိုးမရတော့လို့ တပ်ဖွဲ့ကို လေးခုခွဲပြီး Bangalore torpedoes  အကူညီနဲ့ အတားအဆီးတွေကို ဖျက်စီးချီတက်ကြပါတယ်၊ Bangalore torpedoes  တွေကြောင့် ဂျာမန်တွေ သူတို့လာတာကို သတိထားမိသွားတဲ့ အတွက်လေထီးတပ်သားတွေ အကျအဆုံးများပါတယ်။
မဝင်စီးခင်ဗုံးကြဲမှုကြောင့် ဂျာမန်တွေကအမြောက်ကြီးတွေကို ဖြုတ်ပြီး ဘန်ကာအတွင်းထဲ ထည့်ထားရာမှာ လေဝင်လေထွက်ရအောင် သံမဏိတံခါးတွေကို ဟထားခဲ့ပါတယ်။
လေထီးတပ်တွေက အဲ ဒီအခွင့်အရေးကို ရယူပြီလက်ပစ်ဗုံးတွေသံုးလို့ အမြောက်ဘန်ကာတွေကို ဝင်စီးနိုင်ခဲ့ပါတယ်။
အမြောက်ဘန်ကာတွေရပြီးတဲ့ လေထီးတပ်မှာ အမြောက်တွေကိုဖျက်စီးဖို့ ဖေါက်ခွဲပစ္စည်းနဲ့စစ်အင်ဂျင်နီယာတွေပါမလာဘူးဖြစ်နေပါတယ်။ ဒါနဲ့ သူတို့နဲ့ပါလာတဲ့ ယမ်းပျော့နဲ့ လက်ပစ်ဗုံးတွေကိုသာသုံးပြီး အမြောက်ကြီးတွေကို ဖျက်စီးဖို့ကြိုးစားရပါတယ်။
မနက် ၅နာရီမထိုးမီမှာတော့ ဗြိတိသျှလေထီးတပ်ရဲ့ အသက်ရှင်ကျန်ရစ်သူ ၇၅ ဦးဟာ သတ်မှတ်ထားတဲ့အတိုင်းအမြောက်စခန်းကို စွန့်ပြီး ဒုတိယပစ်မှတ်ဖြစ်တဲ့  La Plein ရွာကလေးကိုချီတက်ရပါတယ်။
လေထီးတပ်တွေဆုတ်ခွာသွားတာနဲ့ ဂျာမန်တွေ အမြောက်တွေကို ပြန်လည်သိမ်ပိုက်ပြီး ၂လက်ကိုပြန်သံုးနိုင်ခဲ့ပါတယ်။ မဟာမိတ်တွေ ကမ်းတက်လာတဲ့ Sword ကမ်းခြေကို အမြောက် စခန်းက မမြင်ရပေမဲ့ ရှေ့တန်းက ၇၃၆ ခြေလျင်တပ်ရဲ့ အကဲကြဉ့်အဖွဲ့က ဂျာမန်အမြာက်တွေကို ပစ်မှတ်ညွှန်ပြပေးနိုင်ခဲ့ပါတယ်။ နောက်နေ့ ဇွန်လ၇ ရက်မှာ အမှတ် ၃ ကွန်မန်ုဒိုတပ်က အဲဒီအမြောက်တွေကို ဝင်စီးဖို့ကြိုးစားပေမယ့်အကျအဆုံးများပြီး ဆုတ်ခွာရပြန်ပါတယ်။ မဟာမိတ်တပ်တွေဟာ Merville Gun Battery အမြာက်စခန်းကို အပြီးပြတ်ဖျက်ဆီးနိုင်ခြင်းမရှိဘဲ ၁၉၄၄  ဩဂုတ်လ ၁၇ရက်မှာ ဂျာမန်တပ်တွေပြင်သစ်ပြည်ကနေဆုတ်ခွာတော့မှသာ ပြန်လည် သိမ်းပိုက်နိုင်ပါတော့တယ်။
ဖိုးသုည
05-06-09
ကိုးကား
https://en.wikipedia.org/wiki/Battle_of_Merville_Gun_Battery
https://en.wikipedia.org/wiki/Terence_Otway
https://www.bbc.co.uk/news/uk-48215675

No comments:

Post a Comment