ေမာင္းရင္ (ဖုန္း)မပြတ္နဲ့ ပြတ္ရင္ မေမာင္းနဲ့
မႏွစ္က ႏွစ္ကုန္ ပုဂံသြားလည္ေတာ့ ကားငွားရတယ္။ကားဆရာက အေမာင္းကြၽမ္းတယ္၊ ရည္မြန္တယ္ သေဘာေကာင္းတယ္။
သူ႔ကို ခရီးစကတည္းက ကားေမာင္းရင္းဖုန္းေျပာတာကို မႀကိဳက္ေၾကာင္း အႏၲရာယ္မ်ားေၾကာင္း သြယ္ဝိုက္ေျပာထားတယ္။
သူကလည္းႏိုင္ငံျခားသားေတြနဲ႔အငွားလိုက္ရင္ ဖုန္း မေျပာရဲေၾကာင္းေျပာျပတယ္။
ခက္တာက သူက ကားသုံးစီးေထာင္ထားေတာ့ အလုပ္ကိစၥေတြဖုန္းခဏခဏဝင္တယ္။
ကားေမာင္းရင္ ဖုန္းေျပာတဲ့ ကိစၥကို ႀကဳံတိုင္းသြယ္ဝိုက္ေျပာေပမယ့္ကိုယ္ေတာ္ကမမႈ၊
ကိုယ္ကလည္း အၿမဲမေျပာခ်င္ဘူး၊ စိတ္အေႏွာက္ယွက္ျဖစ္ရင္ အက္ဆိဒင့္ျဖစ္မွာစိုးရေသးတယ္၊
ကိုယ္ေတြအားလုံးအသက္က သူလက္ထဲမွာေလ။
ဒါကလြဲရင္ အလုပ္မွာ ေစတနာကေတာ့ အျပည့္ပဲ။
ခရီးဆုံးတဲ့အထိ ဘာမွမျဖစ္ဘဲ အျပန္ၾကေတာ့ အျမန္လမ္းေပၚမွာ ညခရီးျဖစ္ကေရာ။
ဆရာသမားက ဖုန္းထဲက သီခ်င္းေတြတပုဒ္ၿပီးတပုဒ္ ရွာၿပီး ကားစပီကာနဲ႔ ခ်ိတ္ဖြင့္တယ္။
ဒါေတာ့မရေတာ့ဘူး။

ညဘက္ အမွာင္ထဲ တနာရီကီလို ၉၀ နဲ႔ေမာင္းေနတုန္း ဖုန္းတဖက္ပြတ္ၿပီး သီခ်င္းရွာတာကို သည္းမခံႏိုင္ေတာ့ ။ ကိုယ္လည္း တကယ္ေၾကာက္တာ။

ကို **. ဘာသီခ်င္းရွာခ်င္လည္းေျပာ၊ က်ေနာ္ရွာေပးမယ္။
မဟုတ္ရင္ ကားရပ္ၿပီးရွာခ်င္ရွာဗ်ာ ကားေမာင္းရင္းဒီလို သီခ်င္းရွာတာကေတာ့ အလြန္အႏၲရာယ္မ်ားတယ္၊ အိပ္ခ်င္ရင္ ကားရပ္အိပ္လို႔ရတယ္။ လဘက္ရည္ဝင္ေသာက္ခ်င္လည္းရတယ္၊ ေနာက္က်မွာကို မပူဘူး လို႔ ေျပာလိုက္တယ္။
ဒီေတာ့မွ ရပါတယ္ အကိုဆိုၿပီး ဖုန္းခ်လိုက္တယ္။
အမွန္ကသူ႔ အလုပ္ေပၚထားတဲ့ ေစတနာေၾကာင့္ ေဘာက္ဆူးေပးဖို႔ စဥ္းစားထားတာ၊
ခရီးစကတည္းက ေျပာထားပါလ်က္ ကားေမာင္းရင္းဖုန္းေျပာ ႐ုံမက အျမန္လမ္းမွာေမာင္းရင္း ဖုန္းထဲက သီခ်င္းကိုရွာလို႔ လ်ာထားတဲ့ေဘာက္ဆူး မေပးျဖစ္ခဲ့ ဘူး၊
စိတ္ေတာ့မေကာင္းဘူး။ သူကလည္းႏိုင္ငံျခားသားစီးေတာ့ ဖုန္းမေျပာဘဲေမာင္းၿပီး ကိုယ္ေတြက သတိေပးလ်က္နဲ႔ ကားေမာင္းရင္းဖုန္း သုံးတာကိုး.
ေနာင္ကို ကားငွားရင္ ကားေမာင္းစဥ္ ဖုန္းမသုံးရဆိုတဲ့ စည္းကမ္းကို စငွားကတည္းက ေသခ်ာေျပာရမယ္။ တခုခုျဖစ္ရင္ ကားေပၚပါတဲ့တမိသားစုလုံးဒုကၡေရာက္မွာ။
ဖိုးသုည
11/6/19
မောင်းရင် (ဖုန်း)မပွတ်နဲ့ ပွတ်ရင် မမောင်းနဲ့
မနှစ်က နှစ်ကုန် ပုဂံသွားလည်တော့ ကားငှားရတယ်။ (Unicode)
ကားဆရာက အမောင်းကျွမ်းတယ်၊ ရည်မွန်တယ် သဘောကောင်းတယ်။
သူ့ကို ခရီးစကတည်းက ကားမောင်းရင်းဖုန်းပြောတာကို မကြိုက်ကြောင်း အန္တရာယ်များကြောင်း သွယ်ဝိုက်ပြောထားတယ်။
အိပ်ချင်ရင် နား၊ စားချင်ရင်ရပ်စား ကိုယ်တွေက ပြသနာမရှိဘူး၊ ဘေးကင်းဖို့ အဓိကလို့ပြောထားတယ်။
သူကလည်းနိုင်ငံခြားသားတွေနဲ့အငှားလိုက်ရင် ဖုန်း မပြောရဲကြောင်းပြောပြတယ်။
ခက်တာက သူက ကားသုံးစီးထောင်ထားတော့ အလုပ်ကိစ္စတွေဖုန်းခဏခဏဝင်တယ်။
ကားမောင်းရင် ဖုန်းပြောတဲ့ ကိစ္စကို ကြုံတိုင်းသွယ်ဝိုက်ပြောပေမယ့်ကိုယ်တော်ကမမှု၊
ကိုယ်ကလည်း အမြဲမပြောချင်ဘူး၊ စိတ်အနှောက်ယှက်ဖြစ်ရင် အက်ဆိဒင့်ဖြစ်မှာစိုးရသေးတယ်၊
ကိုယ်တွေအားလုံးအသက်က သူလက်ထဲမှာလေ။
ဒါကလွဲရင် အလုပ်မှာ စေတနာကတော့ အပြည့်ပဲ။
ခရီးဆုံးတဲ့အထိ ဘာမှမဖြစ်ဘဲ အပြန်ကြတော့ အမြန်လမ်းပေါ်မှာ ညခရီးဖြစ်ကရော။
ဆရာသမားက ဖုန်းထဲက သီချင်းတွေတပုဒ်ပြီးတပုဒ် ရှာပြီး ကားစပီကာနဲ့ ချိတ်ဖွင့်တယ်။
ဒါတော့မရတော့ဘူး။
ညဘက် အမှာင်ထဲ တနာရီကီလို ၉၀ နဲ့မောင်းနေတုန်း ဖုန်းတဖက်ပွတ်ပြီး သီချင်းရှာတာကို သည်းမခံနိုင်တော့ ။ ကိုယ်လည်း တကယ်ကြောက်တာ။
ကို **. ဘာသီချင်းရှာချင်လည်းပြော၊ ကျနော်ရှာပေးမယ်။
မဟုတ်ရင် ကားရပ်ပြီးရှာချင်ရှာဗျာ ကားမောင်းရင်းဒီလို သီချင်းရှာတာကတော့ အလွန်အန္တရာယ်များတယ်၊ အိပ်ချင်ရင် ကားရပ်အိပ်လို့ရတယ်။ လဘက်ရည်ဝင်သောက်ချင်လည်းရတယ်၊ နောက်ကျမှာကို မပူဘူး လို့ ပြောလိုက်တယ်။
ဒီတော့မှ ရပါတယ် အကိုဆိုပြီး ဖုန်းချလိုက်တယ်။
အမှန်ကသူ့ အလုပ်ပေါ်ထားတဲ့ စေတနာကြောင့် ဘောက်ဆူးပေးဖို့ စဉ်းစားထားတာ၊
ခရီးစကတည်းက ပြောထားပါလျက် ကားမောင်းရင်းဖုန်းပြော ရုံမက အမြန်လမ်းမှာမောင်းရင်း ဖုန်းထဲက သီချင်းကိုရှာလို့ လျာထားတဲ့ဘောက်ဆူး မပေးဖြစ်ခဲ့ ဘူး၊
စိတ်တော့မကောင်းဘူး။ သူကလည်းနိုင်ငံခြားသားစီးတော့ ဖုန်းမပြောဘဲမောင်းပြီး ကိုယ်တွေက သတိပေးလျက်နဲ့ ကားမောင်းရင်းဖုန်း သုံးတာကိုး.
နောင်ကို ကားငှားရင် ကားမောင်းစဉ် ဖုန်းမသုံးရဆိုတဲ့ စည်းကမ်းကို စငှားကတည်းက သေချာပြောရမယ်။ တခုခုဖြစ်ရင် ကားပေါ်ပါတဲ့တမိသားစုလုံးဒုက္ခရောက်မှာ။
ဖိုးသုည
11/6/19
No comments:
Post a Comment