Tuesday, June 25, 2019

နားလည္မႈလြဲျခင္းေၾကာင့္ တိုင္ဖြန္း စစ္ေလယာဥ္ ၂စီးပ်ံတက္ခဲ့ရ

နားလည္မႈလြဲျခင္းေၾကာင့္ တိုင္ဖြန္း စစ္ေလယာဥ္ ၂စီးပ်ံတက္ခဲ့ရ



https://www.bbc.com/news/business-48756189 



နားလည္မႈလြဲျခင္း ဆိုတာကေတာ့ကမာၻ တလႊားမွာ ေန႔စဥ္ ႀကဳံေနရတဲ့ျပသနာပါ။
ဆက္သြယ္ေရး နည္းပညာေတြ အလြန္တိုးတက္ေနတဲ့ ေခတ္ႀကီးမွာ ျဖစ္ေနတာပါ။
မိသားစုဝင္မ်ား အၾကား၊ လုပ္ေဖၚကိုင္ဖက္၊ မိတ္ေဆြမ်ား အၾကား စသည္စသည္ လူအမ်ားၾကား ဆက္သြယ္ေျပာဆိုၾကရာမွာ ေျပာတဲ့စကား၊ ေပးခ်င္တဲ့သတင္း၊ အခ်က္အလက္ေတြကို   နားေထာင္သူက ေသေသခ်ာခ်ာ ၾကားပါလ်က္၊ ဘာသာစကားခ်င္းလဲ တူပါလ်က္ အဓိပၸါယ္ ဖြင့္ဆိုတာ လြဲသြားတတ္ပါတယ္။



မလိုလားအပ္တဲ့ ျပသနာေတြ ျဖစ္တတ္ပါတယ္။
ျဖစ္ရတဲ့ အေၾကာင္းရင္းကေတာ့ စုံပါတယ္။
ေျပာသူနဲ႔ၾကားသူ၊ ေရးသူနဲ႔ ဖတ္သူအၾကား မတူညီတဲ့ အယူအဆ အေတြးေခၚ၊ ရပ္တည္မႉ ေတြ ေၾကာင္ ျဖစ္တတ္သလို ေျပာတဲ့ ေလသံ၊ အမူအယာေတြေၾကာင့္ ေသာ္လည္းေကာင္း အဲဒီ ေလသံေတြ အမူအယာေတြ မျမင္ရတဲ့ အတြက္ေသာ္လည္းေကာင္း ျဖစ္ၾကပါတယ္။
သာဓကခုကေတာ့ ၿပီးခဲ့တဲ့စေနေန႔က ယူေက ေကာင္းကင္ယံမွာ ျဖစ္ခဲ့တာပါ။
Jet2 ေလေၾကာင္းက လန္ဒန္ကေန တူရကီသြားတု႔ ေလယာဥ္ေပၚမွာ ခရီးသည္တဦးက ဆူပူေသာင္းက်န္းလို႔ ေလယာဥ္ကို လန္ဒန္ကို ျပန္လွည့္လွည့္ခဲ့ပါတယ္ ။
https://bago-sarr.blogspot.com/2019/06/jet2.html
အဲဒီေလယာဥ္ကို ေတာ္ဝင္ေလတပ္က တိုင္ဖြန္း စစ္ေလယာဥ္၂စီးက ၿခံရံလာခဲ့ပါတယ္။
စစ္ေလယာဥ္ေတြ ဘာေၾကာင့္လိုက္ပါၿခံရံရသလဲ ေလယာဥ္ေပၚမွာ ဘယ္ေလာက္ဆိုး႐ြားတဲ့ ျပသနာျဖစ္လို႔လဲ။
 Jet2 ပိုင္းေလာ့နဲ႔ ေလေၾကာင္းထိန္း ေမွ်ာ္စင္ တို႔ ေျပာသမွ်ကို အကုန္ၾကားခဲ့ရတဲ့ အဲဒီ အခ်ိန္မွာ အနားမွာရွိတဲ့ ေလယာဥ္ တစီးေပၚ ပိုင္းေလာ့တေယာက္က ဘီဘီစီကို ေျပာခဲ့တဲ့ အေၾကာင္း သတင္းကေလးပါ။
Jet2 ပိုင္းေလာ့ကဂသူ႔ေလယာဥ္ေပၚက ခရီးသည္တဦး ဆူပုေသာင္းက်န္းေနလို႔ ျပန္လွည့္မယ့္ အေၾကာင္း အျဖစ္ အပ်က္ကို ေျပာျပအၿပီး
 "Flight deck secure, cockpit door not compromised." လို႔ ေျပာပါတယ္။
သူဆိုလိုတာက ေလယာဥ္ေမာင္းခန္းလည္း အႏၲရာယ္ကင္းတယ္၊ ေမာင္းခန္းတံခါးလည္း ဘာမွမျဖစ္ဘူး" လို႔ သူ႔ေလယာဥ္ အေျခအေနကို မစိုးရိမ္ဖို႔ ေျပာတာပါ။
တာဝန္ႀကီးတဲ့ ေလေၾကာင္းထိန္းေမွ်ာ္စင္ တာဝန္က်သူကေတာ့ တမ်ိဳးယူဆပါတယါ။
သူဒီလိုေျပာတာ ေလယာဥ္ေပၚက တေယာက္ေယာက္က ေလယာဥ္ေမာင္းခန္းကို ဖြင့္ဝင္ဖို႔ ႀကိဳးစားပုံရတယ္၊ အဲလိုႀကိဳးစားတာ မေအာင္ျမင္ဘူးလို႔ ဆိုလိုတာ လို႔ အဓိပၸါယ္ဖြင့္ပါတယ္။
မိနစ္ပိုင္း အတြင္းဆုံးျဖတ္ရတဲ့ လုံၿခဳံေရးကိစၥေတြ ျဖစ္တာေၾကာင့္ ေအးေအးေဆးေဆးေတြးဖို႔ အခ်ိန္မရပါ။
ေမွ်ာ္စင္ ဝန္ထမ္းက ေလတပ္ ကို အေၾကာင္းၾကားလိုက္ပါတယ္။
မိန္စပိုင္းအတြင္း စစိေလယာဥ္ ၂ စီးပ်ံတက္သြားၿပီး ျပသနာျဖစ္တဲ့ ေလယာဥ္ျပန္လွည့္လာတာကို ၿခံရံလိုက္ပါေပးခဲ့ပါတယ္။
စစ္ေလယာဥ္ေတြ အသံလြန္ႏႈန္းနဲ႔ ပ်ံသြားလို႔ sonic boom အသံေၾကာင့္ အနားကျပည္သူေတြ အလန႔္တၾကားျဖစ္ရပါတယ္။
ျပည္သူ႔ အခြန္ ဘဏၰာ ေတြအမ်ားႀကီးကို မလိုအပ္ဘဲ ျဖဳန္းတီးရညေရာက္တယ္လို႔ ေဝဘန္မႈေတြရွိခဲ့ပါတယ္။
တဘက္မွာေတာ့ အေရးေပၚ အေျခအေနကို တုန႔္ျပန္ဖို႔  ေလတပ္က ဘယ္ေလာက္အဆင္သင့္ရွိတယ္ဆိုတာကို ေလ့က်င့္သလို ျဖစ္တာေၾကာင့္ ျပသနာမရွိဘူးလို႔ ယူဆပါတယ္။

ေျပာတိုင္းၾကားသလို ဆိုလိုတာကိုလည္း ဆိုလိုတဲ့ အတိုင္း နားလည္ႏိုင္ၾကပါေစ

နားလည်မှုလွဲခြင်းကြောင့် တိုင်ဖွန်း စစ်လေယာဉ် ၂စီးပျံတက်ခဲ့ရ (ယူနီကုဒ်)

နားလည်မှုလွဲခြင်း ဆိုတာကတော့ကမ္ဘာ တလွှားမှာ နေ့စဉ် ကြုံနေရတဲ့ပြသနာပါ။
ဆက်သွယ်ရေး နည်းပညာတွေ အလွန်တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဖြစ်နေတာပါ။
မိသားစုဝင်များ အကြား၊ လုပ်ဖေါ်ကိုင်ဖက်၊ မိတ်ဆွေများ အကြား စသည်စသည် လူအများကြား ဆက်သွယ်ပြောဆိုကြရာမှာ ပြောတဲ့စကား၊ ပေးချင်တဲ့သတင်း၊ အချက်အလက်တွေကို   နားထောင်သူက သေသေချာချာ ကြားပါလျက်၊ ဘာသာစကားချင်းလဲ တူပါလျက် အဓိပ္ပါယ် ဖွင့်ဆိုတာ လွဲသွားတတ်ပါတယ်။
မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်တတ်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်းကတော့ စုံပါတယ်။
ပြောသူနဲ့ကြားသူ၊ ရေးသူနဲ့ ဖတ်သူအကြား မတူညီတဲ့ အယူအဆ အတွေးခေါ်၊ ရပ်တည်မှူ တွေ ကြောင် ဖြစ်တတ်သလို ပြောတဲ့ လေသံ၊ အမူအယာတွေကြောင့် သော်လည်းကောင်း အဲဒီ လေသံတွေ အမူအယာတွေ မမြင်ရတဲ့ အတွက်သော်လည်းကောင်း ဖြစ်ကြပါတယ်။
သာဓကခုကတော့ ပြီးခဲ့တဲ့စနေနေ့က ယူကေ ကောင်းကင်ယံမှာ ဖြစ်ခဲ့တာပါ။
Jet2 လေကြောင်းက လန်ဒန်ကနေ တူရကီသွားတု့ လေယာဉ်ပေါ်မှာ ခရီးသည်တဦးက ဆူပူသောင်းကျန်းလို့ လေယာဉ်ကို လန်ဒန်ကို ပြန်လှည့်လှည့်ခဲ့ပါတယ် ။
https://bago-sarr.blogspot.com/2019/06/jet2.html
အဲဒီလေယာဉ်ကို တော်ဝင်လေတပ်က တိုင်ဖွန်း စစ်လေယာဉ်၂စီးက ခြံရံလာခဲ့ပါတယ်။
စစ်လေယာဉ်တွေ ဘာကြောင့်လိုက်ပါခြံရံရသလဲ လေယာဉ်ပေါ်မှာ ဘယ်လောက်ဆိုးရွားတဲ့ ပြသနာဖြစ်လို့လဲ။
 Jet2 ပိုင်းလော့နဲ့ လေကြောင်းထိန်း မျှော်စင် တို့ ပြောသမျှကို အကုန်ကြားခဲ့ရတဲ့ အဲဒီ အချိန်မှာ အနားမှာရှိတဲ့ လေယာဉ် တစီးပေါ် ပိုင်းလော့တယောက်က ဘီဘီစီကို ပြောခဲ့တဲ့ အကြောင်း သတင်းကလေးပါ။
Jet2 ပိုင်းလော့ကဂသူ့လေယာဉ်ပေါ်က ခရီးသည်တဦး ဆူပုသောင်းကျန်းနေလို့ ပြန်လှည့်မယ့် အကြောင်း အဖြစ် အပျက်ကို ပြောပြအပြီး
 "Flight deck secure, cockpit door not compromised." လို့ ပြောပါတယ်။
သူဆိုလိုတာက လေယာဉ်မောင်းခန်းလည်း အန္တရာယ်ကင်းတယ်၊ မောင်းခန်းတံခါးလည်း ဘာမှမဖြစ်ဘူး" လို့ သူ့လေယာဉ် အခြေအနေကို မစိုးရိမ်ဖို့ ပြောတာပါ။
တာဝန်ကြီးတဲ့ လေကြောင်းထိန်းမျှော်စင် တာဝန်ကျသူကတော့ တမျိုးယူဆပါတယါ။
သူဒီလိုပြောတာ လေယာဉ်ပေါ်က တယောက်ယောက်က လေယာဉ်မောင်းခန်းကို ဖွင့်ဝင်ဖို့ ကြိုးစားပုံရတယ်၊ အဲလိုကြိုးစားတာ မအောင်မြင်ဘူးလို့ ဆိုလိုတာ လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။
မိနစ်ပိုင်း အတွင်းဆုံးဖြတ်ရတဲ့ လုံခြုံရေးကိစ္စတွေ ဖြစ်တာကြောင့် အေးအေးဆေးဆေးတွေးဖို့ အချိန်မရပါ။
မျှော်စင် ဝန်ထမ်းက လေတပ် ကို အကြောင်းကြားလိုက်ပါတယ်။
မိန်စပိုင်းအတွင်း စစိလေယာဉ် ၂ စီးပျံတက်သွားပြီး ပြသနာဖြစ်တဲ့ လေယာဉ်ပြန်လှည့်လာတာကို ခြံရံလိုက်ပါပေးခဲ့ပါတယ်။
စစ်လေယာဉ်တွေ အသံလွန်နှုန်းနဲ့ ပျံသွားလို့ sonic boom အသံကြောင့် အနားကပြည်သူတွေ အလန့်တကြားဖြစ်ရပါတယ်။
ပြည်သူ့ အခွန် ဘဏ္ဏာ တွေအများကြီးကို မလိုအပ်ဘဲ ဖြုန်းတီးရညရောက်တယ်လို့ ဝေဘန်မှုတွေရှိခဲ့ပါတယ်။
တဘက်မှာတော့ အရေးပေါ် အခြေအနေကို တုန့်ပြန်ဖို့  လေတပ်က ဘယ်လောက်အဆင်သင့်ရှိတယ်ဆိုတာကို လေ့ကျင့်သလို ဖြစ်တာကြောင့် ပြသနာမရှိဘူးလို့ ယူဆပါတယ်။
ပြောတာတိုင်းကိုကြားသလို၊ ဆိုလိုတာကိုလည်း ဆိုလိုတဲ့ အတိုင်း နားလည်နိုင်ကြပါစေ
ဖိုးသုည
26-6-19



No comments:

Post a Comment