Thursday, June 20, 2019

အေမရိကန္က အီရန္ကို ဝင္တိုက္ေတာ့မွာလား?

အေမရိကန္က အီရန္ကို ဝင္တိုက္ေတာ့မွာလား?

ကမာၻ႔ငပြႀကီး ထရမ့္က ေဟာ္မုဇ္ ေရလက္ၾကားမွာ ေရတပ္ႀကီးခ်ၿပီး အီရန္ကို ၿခိမ္းေျခာက္ေနတုန္း သူတို႔ရဲ႕ ေမာင္းသူမဲ့ စပိုင္ေလယာဥ္ကို အီရန္ကပစ္ခ်လိုက္တယ္။

https://www.thedrive.com/the-war-zone/28613/everything-we-know-about-irans-claim-that-it-shot-down-a-u-s-rq-4-global-hawk-drone

ထုံးစံအတိုင္း အီရန္ကေျပာေတာ့ ေလပိုင္နက္ေက်ာ္လာတယ္ေပါ့၊
အေမရိကန္ေလတပ္ကေတာ့ အျပည္ျပည္ဆိုင္ရာေလပိုင္နက္ထဲမွာ ပစ္ခ်ခံရတယ္ေပါ့။
ဘာပဲျဖစ္ျဖစ္ လူေတြက စစ္ျဖစ္မွာစိုးရိမ္ၾကၿပီ။
ေရနံေဈးက ျဖဳန္းနဲတက္သြား။
https://www.bbc.com/news/world-middle-east-48711229

လူလယ္ႀကီး ထရမ့္ကအီရန္ကိုသတိေပးလိုက္တယ္။ " ဒါ အမွားႀကီးတခုလုပ္လိုက္တာ" တဲ့။
မီးစတဖက္ ျပလိုက္တာ။ ဝင္တိုက္ခ်င္ရင္ တိုက္ဖို႔ အေၾကာင္းရသြားၿပီ။
တဖက္က ေရမႈတ္ ကိုလည္း ေထာင္ျပတယ္။
" စစ္ဗိုလ္ခ်ဳပ္ တေယာက္ေယာက္ ဒါမွမဟုတ္ အီရန္စစ္ဘက္က တေယာက္ေယာက္ အမွားအယြင္းလုပ္မိတာ၊ မွားၿပီး အမိန႔္ေပးမိတာ ျဖစ္ႏိုင္ပါတယ္" တဲ့။
ဒါအီရန္ကို ႏွပ္ေၾကာင္းေပးလိုက္တာ။
အီရန္က သူထြင္ေပးတဲ့ လမ္းကိုနင္းၿပီး ဗိုလ္ခ်ဳပ္တေယာက္ေလာက္ကို ထိုးေကြၽးလိုက္ရင္ ဇာတ္လမ္းကို ဒီမွာ ရပ္လိုက္လို႔ရၿပီ။
အေမရိကန္တပ္ေတြ ဘာလို႔ ဝင္မတိုက္လဲလို႔ မ်ိဳးခ်စ္ အေမရိကန္ေတြက ေမးလာရင္လည္း ထရမ့္က ေျဖၿပီးသားျဖစ္သြားၿပီ။
အင္အားႀကီးႏိုင္ငံေတြက ႏိုင္ငံေရးကို သူတို႔ကစားခ်င္သလိုကစားတာက ျပသနာမဟုတ္၊ ေရနံေဈးနဲ႔ စီးပြားေရးေဈးကြက္ေတြ ကေမာက္ကမ ျဖစ္တာကို ဆင္းရဲတဲ့ႏိုင္ငံေတြက လွိမ့္ခံရတာ။
ထရမ့္ကလူလည္။
သူတိုက္ခ်င္ရင္ တိုက္မယ္၊ မတိုက္ခ်င္ရင္ မတိုက္ဘူး။
သူလိုသလိုကစားသြားမယ္။

သတင္းေထာက္က ေမးတယ္ " အီရန္နဲ႔စစ္ျဖစ္မွာလား" ဆိုေတာ့ ေျဖသြားပုံက " You will find out"တဲ့။ 
နိင္ငံေရးဆိုတာ ကေလးေတြ ကစားတဲ့ ပေလးဒိုုးဆိုတဲ့ ပုံသြင္းရွြံလိုပဲ၊ လိုသလို ေျပာင္းလို႔ရတယ္။
https://www.littlegraces.com.au/2017/08/08/playdough/
ကိုယ္ေတြကေတာ့ ဆီဖိုးစုထားေပေရာ့။

ဖိုးသုည
၂၁-၆-၁၉


အမေရိကန်က အီရန်ကို ဝင်တိုက်တော့မှာလား? (ယူနီကုဒ်)
ကမ္ဘာ့ငပွကြီး ထရမ့်က ဟော်မုဇ် ရေလက်ကြားမှာ ရေတပ်ကြီးချပြီး အီရန်ကို ခြိမ်းခြောက်နေတုန်း သူတို့ရဲ့ မောင်းသူမဲ့ စပိုင်လေယာဉ်ကို အီရန်ကပစ်ချလိုက်တယ်။
ထုံးစံအတိုင်း အီရန်ကပြောတော့ လေပိုင်နက်ကျော်လာတယ်ပေါ့၊
အမေရိကန်လေတပ်ကတော့ အပြည်ပြည်ဆိုင်ရာလေပိုင်နက်ထဲမှာ ပစ်ချခံရတယ်ပေါ့။
ဘာပဲဖြစ်ဖြစ် လူတွေက စစ်ဖြစ်မှာစိုးရိမ်ကြပြီ။
ရေနံဈေးက ဖြုန်းနဲတက်သွား။
လူလယ်ကြီး ထရမ့်ကအီရန်ကိုသတိပေးလိုက်တယ်။ " ဒါ အမှားကြီးတခုလုပ်လိုက်တာ" တဲ့။
မီးစတဖက် ပြလိုက်တာ။ ဝင်တိုက်ချင်ရင် တိုက်ဖို့ အကြောင်းရသွားပြီ။
တဖက်က ရေမှုတ် ကိုလည်း ထောင်ပြတယ်။
" စစ်ဗိုလ်ချုပ် တယောက်ယောက် ဒါမှမဟုတ် အီရန်စစ်ဘက်က တယောက်ယောက် အမှားအယွင်းလုပ်မိတာ၊ မှားပြီး အမိန့်ပေးမိတာ ဖြစ်နိုင်ပါတယ်" တဲ့။
ဒါအီရန်ကို နှပ်ကြောင်းပေးလိုက်တာ။
အီရန်က သူထွင်ပေးတဲ့ လမ်းကိုနင်းပြီး ဗိုလ်ချုပ်တယောက်လောက်ကို ထိုးကျွေးလိုက်ရင် ဇာတ်လမ်းကို ဒီမှာ ရပ်လိုက်လို့ရပြီ။
အမေရိကန်တပ်တွေ ဘာလို့ ဝင်မတိုက်လဲလို့ မျိုးချစ် အမေရိကန်တွေက မေးလာရင်လည်း ထရမ့်က ဖြေပြီးသားဖြစ်သွားပြီ။
အင်အားကြီးနိုင်ငံတွေက နိုင်ငံရေးကို သူတို့ကစားချင်သလိုကစားတာက ပြသနာမဟုတ်၊ ရေနံဈေးနဲ့ စီးပွားရေးဈေးကွက်တွေ ကမောက်ကမ ဖြစ်တာကို ဆင်းရဲတဲ့နိုင်ငံတွေက လှိမ့်ခံရတာ။
ထရမ့်ကလူလည်။
သူတိုက်ချင်ရင် တိုက်မယ်၊ မတိုက်ချင်ရင် မတိုက်ဘူး။
သတင်းထောက်က မေးတယ် " အီရန်နဲ့စစ်ဖြစ်မှာလား" ဆိုတော့ ဖြေသွားပုံက " You will find out"တဲ့။ 
သူလိုသလိုကစားသွားမယ်။
နိင်ငံရေးဆိုတာ ကလေးတွေ ကစားတဲ့ ပလေးဒိုုးဆိုတဲ့ ပုံသွင်းရှွံလိုပဲ၊ လိုသလို ပြောင်းလို့ရတယ်။
ကိုယ်တွေကတော့ ဆီဖိုးစုထားပေရော့။

ဖိုးသုည
၂၁-၆-၁၉

No comments:

Post a Comment