Thursday, August 22, 2019

ဆီးခ်ိဳေရာဂါနဲ႔ အိုမီဂါသရီး (ဆီးချိုရောဂါနဲ့ အိုမီဂါသရီး)

ဆီးခ်ိဳေရာဂါနဲ႔ အိုမီဂါသရီး

မေန႔က ၂၀၁၉ ဩဂုတ္လ ၂၁ ရက္မွာ ၿဗိတိသွ်ေဆးဂ်ာနယ္မွာ ေဖၚျပခဲ့တဲ့ သုေတသနေတြ႕ရွိခ်က္ အရ လူအမ်ားအားကိုးစားသုံးေနတဲ့ ငါးႀကီးဆီမွာပါတဲ့ omega-3, omega-6, နဲ႔ total polyunsaturated fatty acids (PUFA) တို႔က အရင္က ယူဆထားသလို Type II Diabetes ဆိုတဲ့ လူႀကီး ဆီးခ်ိဳေရာဂါေတြကို မျဖစ္ေအာင္ ကာကြယ္မႉ မေပးႏိုင္သလို အဲဒီဆီးခ်ိဳကို ကုသရာမွာလည္း အေထာက္အကူမျပဳဘူးလို႔ ဆိုပါတယ္။
အခုေတြ႕ရွိခ်က္က စနစ္တက်လုပ္ထားတဲ့ ( randomised controlled trials ) သုေတသနေပါင္း ၈၃ ခုကို ေသေသခ်ာခ်ာစနစ္တက် ျပန္လည္ေလ့လာသုံးသပ္ထားတဲ့ Meta analysis လို႔ေခၚတဲ့ အလြန္ခိုင္မာတဲ့ ေဆးသုေတသန ေလ့လာေတြ႕ရွိခ်က္တခုျဖစ္ပါတယ္။
ေသြးထဲမွာ Triglyceride ဆိုတဲ့ အဆီတမ်ိဳးျမင့္တက္ေနျခင္းက  ဆီးခ်ိဳေရာဂါျဖစ္ေစတဲ့ အေၾကာင္းေတြထဲက တခုျဖစ္ပါတယ္။ အဲဒါေၾကာင့္ အဲဒီ Triglyceride ကိုေလ်ာ့ခ်ခ်င္းျဖင့္ ဆီးခ်ိဳေရာဂါျဖစ္ေစႏိုင္တဲ့ေဘးကို အထိုက္အေလွ်ာက္ေလွ်ာ့ခ်ႏိုင္ပါတယ္။ ဆီးခ်ိဳေရာဂါရွိသူေတြမွာလည္း Triglyceride ျမင့္တက္ေနလ်င္လည္းေလွ်ာ့ခ်ေပးရပါတယ္။
အဲဒီလို Triglyceride ကိုေလွ်ာ့ခ်ရာမွာ Omega 3 ကလည္းကူညီေပးပါတယ္။
အခုေတြ႕ရွိခ်က္ကေတာ့ Omega 3  ကိုစားသုံးေပး႐ုံနဲ႔ ဆီးခ်ိဳ မျဖစ္ေအာင္ ကာကြယ္ မေပးႏိုင္သလို ဆီးခ်ိဳရွိသူေတြမွာ လည္း Omega 3  က သၾကားဓါတ္ကို ေလွ်ာ့ခ်ဖို႔ ဘာမွ လုပ္မေပးႏိုင္ဘူးလို႔ဆိုလိုတာပါ၊
အဆီများသောပင်လယ်ငါးကြီးများကို စားသုံးခြင်းက မီဂါဆေးတောင့်များကို စားခြင်းထက်  ပိုကောင်းပါသည်၊ (အဆီမ်ားေသာပင္လယ္ငါးႀကီးမ်ားကို စားသုံးျခင္းက မီဂါေဆးေတာင့္မ်ားကို စားျခင္းထက္  ပိုေကာင္းပါသည္၊)

ဒီေတြ႕ရွိခ်က္ေၾကာင့္ Omega 3  ဟာလုံးဝ အသုံးမက်ဘူးလို႔ ဆိုလိုတာေတာ့မဟုတ္ပါဘူး။ သူက ခႏၶာကိုယ္ က်န္းမာေရးအတြက္  တျခားနည္းနဲ႔ အက်ိဳးျပဳတာေတြအမ်ားႀကီးရွိပါတယ္။
သူက လူကိုဒုကၡေပးတဲ့ VLDL တို႔ Triglyceride ကိုေလွ်ာ့ခ်ေပးသလို ေကာင္းက်ိဳးေပးတဲ့ HDL တက္ဖို႔ လည္းအသုံးတည့္ပါတယ္၊ တခ်ိန္တည္းမွာပဲ  Omega 3 ကေဘးဥပါဒ္ေပးတယ္ဆိုတဲ့ အေထာက္မထားလည္းမေတြ႕ပါဘူး။
Diabetes UK နဲ႔ industry-funded Health and Food Supplements Information Service (HSIS) က ပညာရွင္ေတြကေတာ့ Omega 3 ေဆးေတာင့္ေတြလို ျဖည့္စြက္စာေတြကို ေငြကုန္ေၾကးက်ခံ ဝယ္ေသာက္ေနမယ့္အစား ပုံမွန္ကိုယ္လက္ လႈပ္ရွား ( အနည္းဆုံး တေန႔နာရီဝက္နဲ တပတ္ကို ၅ ရက္) လုပ္ျခင္း၊ အဆီမ်ားတဲ့ ပင္လယ္ငါးနဲ႔  က်န္းမာေရးနဲ႔ ညီၫြတ္ေသာအစာအစာမ်ားကိုစားသုံးျခင္း က ပိုၿပီး အက်ိဳးရွိပါတယ္လို႔ဆိုထားေၾကာင္းပါ။
က်န္းမာေရးနဲ႔ ညီၫြတ္တဲ့  Healthy Plate ဆိုတာ ႏိုင္ငံတခုနဲ႔ တခု နည္းနည္းကြာေပမယ့္ အေျခခံအားျဖင့္ေတာ့တူပါတယ္။
ျမန္မာနဲ႔ နီးစပ္တဲ့ စကၤာပူ က Healthy Plate ကိုနမူနာျပထားပါတယ္။
Healthy Plate ( NUS), Singapore 

Harvard University

ဖိုးသုည
22/08/2019



ဆီးချိုရောဂါနဲ့ အိုမီဂါသရီး

မနေ့က ၂၀၁၉ ဩဂုတ်လ ၂၁ ရက်မှာ ဗြိတိသျှဆေးဂျာနယ်မှာ ဖေါ်ပြခဲ့တဲ့ သုတေသနတွေ့ရှိချက် အရ လူအများအားကိုးစားသုံးနေတဲ့ ငါးကြီးဆီမှာပါတဲ့ omega-3, omega-6, နဲ့ total polyunsaturated fatty acids (PUFA) တို့က အရင်က ယူဆထားသလို Type II Diabetes ဆိုတဲ့ လူကြီး ဆီးချိုရောဂါတွေကို မဖြစ်အောင် ကာကွယ်မှူ မပေးနိုင်သလို အဲဒီဆီးချိုကို ကုသရာမှာလည်း အထောက်အကူမပြုဘူးလို့ ဆိုပါတယ်။
အခုတွေ့ရှိချက်က စနစ်တကျလုပ်ထားတဲ့ ( randomised controlled trials ) သုတေသနပေါင်း ၈၃ ခုကို သေသေချာချာစနစ်တကျ ပြန်လည်လေ့လာသုံးသပ်ထားတဲ့ Meta analysis လို့ခေါ်တဲ့ အလွန်ခိုင်မာတဲ့ ဆေးသုတေသန လေ့လာတွေ့ရှိချက်တခုဖြစ်ပါတယ်။
သွေးထဲမှာ Triglyceride ဆိုတဲ့ အဆီတမျိုးမြင့်တက်နေခြင်းက  ဆီးချိုရောဂါဖြစ်စေတဲ့ အကြောင်းတွေထဲက တခုဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီ Triglyceride ကိုလျော့ချချင်းဖြင့် ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ဘေးကို အထိုက်အလျှောက်လျှော့ချနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာလည်း Triglyceride မြင့်တက်နေလျင်လည်းလျှော့ချပေးရပါတယ်။ 
အဲဒီလို Triglyceride ကိုလျှော့ချရာမှာ Omega 3 ကလည်းကူညီပေးပါတယ်။
အခုတွေ့ရှိချက်ကတော့ Omega 3  ကိုစားသုံးပေးရုံနဲ့ ဆီးချို မဖြစ်အောင် ကာကွယ် မပေးနိုင်သလို ဆီးချိုရှိသူတွေမှာ လည်း Omega 3  က သကြားဓါတ်ကို လျှော့ချဖို့ ဘာမှ လုပ်မပေးနိုင်ဘူးလို့ဆိုလိုတာပါ၊
ဒီတွေ့ရှိချက်ကြောင့် Omega 3  ဟာလုံးဝ အသုံးမကျဘူးလို့ ဆိုလိုတာတော့မဟုတ်ပါဘူး။ သူက ခန္ဓာကိုယ် ကျန်းမာရေးအတွက်  တခြားနည်းနဲ့ အကျိုးပြုတာတွေအများကြီးရှိပါတယ်။
သူက လူကိုဒုက္ခပေးတဲ့ VLDL တို့ Triglyceride ကိုလျှော့ချပေးသလို ကောင်းကျိုးပေးတဲ့ HDL တက်ဖို့ လည်းအသုံးတည့်ပါတယ်၊ တချိန်တည်းမှာပဲ  Omega 3 ကဘေးဥပါဒ်ပေးတယ်ဆိုတဲ့ အထောက်မထားလည်းမတွေ့ပါဘူး။
Diabetes UK နဲ့ industry-funded Health and Food Supplements Information Service (HSIS) က ပညာရှင်တွေကတော့ Omega 3 ဆေးတောင့်တွေလို ဖြည့်စွက်စာတွေကို ငွေကုန်ကြေးကျခံ ဝယ်သောက်နေမယ့်အစား ပုံမှန်ကိုယ်လက် လှုပ်ရှား ( အနည်းဆုံး တနေ့နာရီဝက်နဲ တပတ်ကို ၅ ရက်) လုပ်ခြင်း၊ အဆီများတဲ့ ပင်လယ်ငါးနဲ့  ကျန်းမာရေးနဲ့ ညီညွတ်သောအစာအစာများကိုစားသုံးခြင်းက ပိုပြီး အကျိုးရှိပါတယ်လို့ဆိုထားကြောင်းပါ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့  Healthy Plate ဆိုတာ နိုင်ငံတခုနဲ့ တခု နည်းနည်းကွာပေမယ့် အခြေခံအားဖြင့်တော့တူပါတယ်။
မြန်မာနဲ့ နီးစပ်တဲ့ စင်္ကာပူ က Healthy Plate ကိုနမူနာပြထားပါတယ်။
ဖိုးသုည
22/08/2019
 ကိုးကား


Friday, August 9, 2019

မုိးႀကိဳးအႏၱရာယ္ သတိျပဳကာကြယ္ ( မိုးကြိုးအန္တရာယ် သတိပြုကာကွယ်)



 
 
ေဆာင္းပါး

 မုိးႀကိဳးအႏၱရာယ္ သတိျပဳကာကြယ္

ကၻာႀကီးပူေႏြးလာျခင္းေၾကာင့္ ေဘးအၲရာယ္မ်ဳိးစုံျဖစ္ေပၚလ်က္ရွိသည္ကို သတင္းမီဒီယာစုံမွ သိရွိေတြ႕ျမင္ေနၾကရသည္။ ကၻာ့ေျမေပၚတြင္ ငလ်င္လႈပ္ျခင္း၊ မီးေတာင္ေပါက္ျခင္း၊ ေျမၿပိဳျခင္း၊ မုိးႀကိဳးပစ္ျခင္း၊ မုိးေခါင္ျခင္း၊ တိရၧာန္မ်ား ေသေက်ပ်က္စီးျခင္းစသည္တို႔ျဖစ္ေပၚလ်က္ရွိသကဲ့သို႔ မုိးသည္းထန္ျခင္း၊ ေရႀကီးျခင္း၊ ဆူနာမီေရလႈိင္း႐ိုက္ခတ္ျခင္း၊ ေရခဲေတာင္မ်ားအရည္ေပ်ာ္ျခင္း ျဖစ္ေနျခင္းေၾကာင့္ ပင္လယ္ေရျမင့္တက္ျခင္း၊ ေရေနသတၱဝါမ်ားေသေက်ျခင္းမ်ားျဖစ္ေပၚေနသည္။ ေလမုန္တိုင္းအမ်ဳိးမ်ဳိးသည္အရွိန္ျပင္းစြာမၾကာခဏတုိက္ခတ္မႈေၾကာင့္ ကၻာ့ႏုိင္ငံအမ်ား အျပားတြင္ ေဘးဒုကၡႀကံဳေတြ႕ေနရသည္။
 
ေရွးအခါကေႏြရာသီမွာ မုိးမရြာ၊ မိုးႀကိဳးမပစ္ေၾကာင္းသိထားၾကေသာ္လည္း ရာသီဥတုေဖာက္ျပန္ကာ မိုးရြာ ျခင္း၊ ေရႀကီးျခင္း၊ ေလမုန္တိုင္းတုိက္ျခင္း၊ ေျမၿပိဳျခင္း၊ မိုးႀကိဳးပစ္ျခင္း ျမန္မာျပည္အႏွံ႕မွ ၾကားသိလာရသည္။ ကေလးလူႀကီးအားလုံးက မုိးခ်ဳန္းသံၾကားျခင္း၊ လွ်ပ္စီး လက္ျခင္းကိုပင္ ထိတ္လန္႔ေၾကာက္ရြံ႕ၾကသည္။
တည္ၿငိမ္လွ်ပ္စီးမ်ားျဖစ္ေပၚျခင္း
အလြန္ပူျပင္းေသာအခါ ေလထုမၿငိမ္မသက္ျဖစ္ျခင္း၊ မုတ္သုံေလမဝင္ေရာက္မီကာလအတြင္း အေရွ႕ေျမာက္မွ လာသည့္ေလႏွင့္ အေနာက္ဘက္မွ တိုက္ခတ္သည့္ေလ တို႔သည္ မ်က္ႏွာခ်င္းဆိုင္တိုက္ခတ္မႈေၾကာင့္ ေလေၾကာင္း ႏွစ္ခုဆုံေတြ႕သည့္ေနရာအနီးတစ္ဝိုက္တြင္ ေလထုမၿငိမ္ မသက္ျဖစ္ျခင္းတို႔ေၾကာင့္ေလမ်ားအေပၚသို႔ ထိုးတက္ရာမွ မုိးတိမ္ေတာင္ႀကီးမ်ား တန္းစီျဖစ္ေပၚၿပီး တိမ္တိုက္ႀကီး မ်ားအတြင္း ေလထုႏွင့္ မုိးေရေပါက္တို႔ ပြတ္တုိက္မႈျဖစ္ေပၚကာ တည္ၿငိမ္လွ်ပ္စီးမ်ား ျဖစ္ေပၚလာသည္။
 
မိုးႀကိဳးပစ္ျခင္း
တည္ၿငိမ္လွ်ပ္စစ္ေၾကာင့္ တိမ္ထုအတြင္း လွ်ပ္စစ္အဖို၊ လွ်ပ္စစ္အမမ်ားစုမိၾကၿပီး လွ်ပ္စစ္စီးဆင္းကာ ႀကီးမားသည့္ အပူျဖစ္ေပၚရာမွ ေတာက္ပသည့္ လွ်ပ္စီးလက္ျခင္း၊ အပူရွိန္ ျမင့္မားျခင္းေၾကာင့္ ေလထုပြကာ ဆူညံသည့္အသံလႈိင္းမ်ား ျဖစ္ေပၚၿပီး မုိးခ်ဳန္းသည့္အသံမ်ား ၾကားရျခင္းျဖစ္သည္။
မုိးႀကိဳးပစ္ျခင္းမွာ ေရြ႕လ်ားေနသည့္ တိမ္တုိက္ႀကီးမ်ား အတြင္းတြင္ လွ်ပ္စစ္အဖိုအမမ်ားသည္ တိမ္တိုက္အခ်င္းခ်င္းေသာ္လည္းေကာင္း၊ ေျမျပင္ရွိ အေဆာက္အအုံမ်ားဆီသို႔ လည္းေကာင္း၊ ႀကီးမားေသာလွ်ပ္စစ္စီးဆင္းျခင္းကို မုိးႀကိဳး ပစ္ျခင္းဟုေခၚၾကသည္။
ကၻာအထက္မုိးေကာင္းကင္မွေျမႀကီးေပၚသို႔ မုိးႀကိဳး ပစ္ရန္တာစူေနေသာ လွ်ပ္စစ္မုန္တိုင္းေပါင္း တစ္ေန႔လွ်င္ ၁၈ဝဝ ခန္႔ရွိသည္။
 
တစ္စကၠန္႔တြင္ပစ္ေသာ မုိးႀကိဳးအေရအတြက္ ေပါင္းမွာ ၆ဝဝ ခန္႔ရွိၿပီး ေျမႀကီးေပၚသုိ႔ က်ေရာက္ေသာအေရ အတြက္မွာ ၁ဝဝ ခန္႔ရွိသည္။ ၂၄ နာရီအတြင္း ကၻာေျမႀကီး ေပၚသုိ႔ မုိးႀကိဳးအႀကိမ္ေပါင္း ၈ ဒသမ ၅ ႀကိမ္ခန္႔ပစ္သည္။ မုိးႀကိဳး၏ အပူခ်ိန္မွာ ၃ဝဝဝဝ မွ ၅ဝဝဝဝ ဒီဂရီဖာရင္ဟုိက္ရွိရာ ေနမ်က္ႏွာျပင္အပူရွိန္၏ သုံးဆမွငါးဆအထိျဖစ္သည္။
မုိးႀကိဳးပစ္ခံရသူမ်ား၏ သုံးပုံႏွစ္ပုံမွာ အိမ္အျပင္တြင္ ပစ္ခံ ရျခင္းျဖစ္ၿပီး မုိးႀကိဳးပစ္ခံရသူ သုံးဦးတြင္ ႏွစ္ဦးသာရွင္သည္။ ေသဆုံးသူမ်ား၏ ၈၅ ရာခုိင္ႏႈန္းမွာ လူငယ္လူရြယ္ေယာက်္ားေလးမ်ားျဖစ္သည္။ မုိးခ်ဳန္းသံႏွင့္ လွ်ပ္စီးလက္ျခင္းကုိ ျမင္ေတြ႕ ၾက၍ သစ္ပင္ေအာက္တြင္ခုိသျဖင့္ ေသဆုံးရသူေပါင္းမွာ အမ်ားဆုံးျဖစ္၍ စုစုေပါင္းေသဆုံးမႈ၏ ၁ဝ-၁၅ ရာခုိင္ႏႈန္း ျဖစ္သည္။
 
မုိးႀကိဳးပစ္ခံရသူမ်ားကုိၾကည့္လွ်င္ လယ္ယာလုပ္ငန္း လုပ္ကုိင္ၾကသည့္ ေက်းလက္ေနျပည္သူမ်ားအမ်ားဆုံးျဖစ္ ေၾကာင္း သိရသည္။ ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ ေလျပင္း တုိက္ခတ္ျခင္း၊ မုိးသီးမ်ားေၾကြျခင္း၊ သစ္ပင္မ်ားၿပိဳလဲကာ ေနအိမ္အေဆာက္အအုံမ်ားပ်က္စီးျခင္းျဖစ္ေပၚ လ်က္ရွိသည္။
မုိးႀကိဳးပစ္မခံရေအာင္ လုိက္နာရမည့္အခ်က္မ်ား
သစ္ပင္ေအာက္တြင္ မနားခုိပါႏွင့္။ မတ္တတ္ရပ္မေန ပါႏွင့္။ ေလွေပၚ ၊ လယ္ကြင္းထဲ၊ ေရထဲတြင္ရွိေနပါက အျမန္ ဆုံး ကုန္းေပၚတက္ရန္။ ကုိင္ထားေသာ သတၱဳပစၥည္းမ်ားကုိ လႊင့္ပစ္ပါ။ ေဂါက္႐ုိက္တံ၊ ငါးမွ်ားတံ၊ စက္ဘီးဆုိင္ကယ္ ေပၚမွဆင္းပါ။ သင့္ဦးေခါင္းထက္မွ ဆံပင္မ်ားေထာင္လာ လွ်င္ျဖစ္ေစ၊ သင့္အေရျပားတြင္ နာက်င္လာလွ်င္ျဖစ္ေစ၊ သင္မုိးႀကိဳးပစ္ခံရမည္ျဖစ္ေသာေၾကာင့္ ေဆာင့္ေၾကာင့္ ထုိင္ခ်လုိက္ပါ။ ဦးေခါင္းကုိေရွ႕သုိ႔ညြတ္၍ ဒူးမ်ားကုိ ဖက္ပုိက္ထားလုိက္ပါ။ ဒူးမေထာက္မိေစရန္လည္းေကာင္း၊ ပက္လက္မလွဲမိေစရန္လည္းေကာင္း၊ ေလးဖက္မေထာက္မိ ေစရန္လည္းေကာင္း သတိထားရမည္။ အေဆာက္အအုံႀကီး အတြင္းသုိ႔ျဖစ္ေစ၊ ကားအတြင္းသုိ႔ျဖစ္ေစ ဝင္ေနပါ။ မုိးႀကိဳး ကုိ ကာကြယ္ေပးမည့္ ကားအတြင္းမွ သံထည္ပစၥည္းမ်ား မထိမိေစရန္ဂ႐ုျပဳရမည္။
 
အေဆာက္အအုံအေကာင္းဆုံး ေနရာ၏ အလယ္တြင္ေနပါ။ တယ္လီဖုန္းမ်ား၊ ေရပုိက္မ်ား ႏွင့္ မီးပလပ္မ်ားကုိ လုံးဝမသုံးပါႏွင့္။ တံခါးမ်ားျပတင္း ေပါက္မ်ား၊ ေရဒီယုိႏွင့္ မီးဖုိမ်ားမွ ေဝးႏုိင္သမွ် ေဝးေအာင္ ေနပါ စသည္တုိ႔ျဖစ္ၾကသည္။
မုိးႀကိဳးအၲရာယ္ကုိ သိရွိနားလည္သူမ်ားက ဗဟုသုတ နည္းပါးသူမ်ားကုိ မုိးႀကိဳးအၲရာယ္ကာကြယ္ႏုိင္သည့္ နည္းလမ္းမ်ားကုိ မွ်ေဝေပးၾကပါရန္ တုိက္တြန္းအပ္ပါသည္။ ေက်းလက္ေနျပည္သူမ်ားျဖစ္ၾကသည့္ ေတာင္သူလယ္ သမားမ်ားမွာ ရာခုိင္ႏႈန္းအမ်ားဆုံးျဖစ္ပြားႏုိင္သျဖင့္ မုိးႀကိဳး အၲရာယ္ႏွင့္ပတ္သက္ေသာ အသိပညာေပးမႈမ်ား အမ်ားဆုံး လုိအပ္သည္။
 
ကၻာႀကီးပူေႏြးလာၿပီး ရာသီဥတုေဖာက္ျပန္မႈမွ က်ေရာက္လာေသာ ေရွာင္လဲႊ၍မရႏုိင္သည့္ သဘာဝေဘး အၲရာယ္မ်ားမွ ကင္းစြာေနထုိင္သြားလာေရး ဝုိင္းဝန္း အႀကံထုတ္ေျဖရွင္းၾကရန္ လုိအပ္လာၿပီျဖစ္သည္။ ေက်းလက္ ေနျပည္သူမ်ားသာမက ျပည္သူအားလုံးက မုိးႀကိဳးအၲရာယ္ ကုိ ႀကိဳတင္ကာကြယ္ႏုိင္ရန္ သက္ဆုိင္ရာမွ သတိေပးထုတ္ျပန္ ခ်က္မ်ားကုိ အထူးဂ႐ုျပဳလုိက္နာသင့္ပါေၾကာင္း တုိက္တြန္း ေရးသားလုိက္ပါသည္။
ေမယု-မ်ိဳးေအာင္(MANA)
ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာန
လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန

ဆောင်းပါး

 မိုးကြိုးအန္တရာယ် သတိပြုကာကွယ် (ယူနီကုဒ်) 

က္ဘာကြီးပူနွေးလာခြင်းကြောင့် ဘေးအ္တရာယ်မျိုးစုံဖြစ်ပေါ်လျက်ရှိသည်ကို သတင်းမီဒီယာစုံမှ သိရှိတွေ့မြင်နေကြရသည်။ က္ဘာ့မြေပေါ်တွင် ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ခြင်း၊ တိရ္ဆာန်များ သေကျေပျက်စီးခြင်းစသည်တို့ဖြစ်ပေါ်လျက်ရှိသကဲ့သို့ မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ ဆူနာမီရေလှိုင်းရိုက်ခတ်ခြင်း၊ ရေခဲတောင်များအရည်ပျော်ခြင်း ဖြစ်နေခြင်းကြောင့် ပင်လယ်ရေမြင့်တက်ခြင်း၊ ရေနေသတ္တဝါများသေကျေခြင်းများဖြစ်ပေါ်နေသည်။ လေမုန်တိုင်းအမျိုးမျိုးသည်အရှိန်ပြင်းစွာမကြာခဏတိုက်ခတ်မှုကြောင့် က္ဘာ့နိုင်ငံအများ အပြားတွင် ဘေးဒုက္ခကြုံတွေ့နေရသည်။
 
ရှေးအခါကနွေရာသီမှာ မိုးမရွာ၊ မိုးကြိုးမပစ်ကြောင်းသိထားကြသော်လည်း ရာသီဥတုဖောက်ပြန်ကာ မိုးရွာ ခြင်း၊ ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း မြန်မာပြည်အနှံ့မှ ကြားသိလာရသည်။ ကလေးလူကြီးအားလုံးက မိုးချုန်းသံကြားခြင်း၊ လျှပ်စီး လက်ခြင်းကိုပင် ထိတ်လန့်ကြောက်ရွံ့ကြသည်။
တည်ငြိမ်လျှပ်စီးများဖြစ်ပေါ်ခြင်း
အလွန်ပူပြင်းသောအခါ လေထုမငြိမ်မသက်ဖြစ်ခြင်း၊ မုတ်သုံလေမဝင်ရောက်မီကာလအတွင်း အရှေ့မြောက်မှ လာသည့်လေနှင့် အနောက်ဘက်မှ တိုက်ခတ်သည့်လေ တို့သည် မျက်နှာချင်းဆိုင်တိုက်ခတ်မှုကြောင့် လေကြောင်း နှစ်ခုဆုံတွေ့သည့်နေရာအနီးတစ်ဝိုက်တွင် လေထုမငြိမ် မသက်ဖြစ်ခြင်းတို့ကြောင့်လေများအပေါ်သို့ ထိုးတက်ရာမှ မိုးတိမ်တောင်ကြီးများ တန်းစီဖြစ်ပေါ်ပြီး တိမ်တိုက်ကြီး များအတွင်း လေထုနှင့် မိုးရေပေါက်တို့ ပွတ်တိုက်မှုဖြစ်ပေါ်ကာ တည်ငြိမ်လျှပ်စီးများ ဖြစ်ပေါ်လာသည်။
 
မိုးကြိုးပစ်ခြင်း
တည်ငြိမ်လျှပ်စစ်ကြောင့် တိမ်ထုအတွင်း လျှပ်စစ်အဖို၊ လျှပ်စစ်အမများစုမိကြပြီး လျှပ်စစ်စီးဆင်းကာ ကြီးမားသည့် အပူဖြစ်ပေါ်ရာမှ တောက်ပသည့် လျှပ်စီးလက်ခြင်း၊ အပူရှိန် မြင့်မားခြင်းကြောင့် လေထုပွကာ ဆူညံသည့်အသံလှိုင်းများ ဖြစ်ပေါ်ပြီး မိုးချုန်းသည့်အသံများ ကြားရခြင်းဖြစ်သည်။
မိုးကြိုးပစ်ခြင်းမှာ ရွေ့လျားနေသည့် တိမ်တိုက်ကြီးများ အတွင်းတွင် လျှပ်စစ်အဖိုအမများသည် တိမ်တိုက်အချင်းချင်းသော်လည်းကောင်း၊ မြေပြင်ရှိ အဆောက်အအုံများဆီသို့ လည်းကောင်း၊ ကြီးမားသောလျှပ်စစ်စီးဆင်းခြင်းကို မိုးကြိုး ပစ်ခြင်းဟုခေါ်ကြသည်။
က္ဘာအထက်မိုးကောင်းကင်မှမြေကြီးပေါ်သို့ မိုးကြိုး ပစ်ရန်တာစူနေသော လျှပ်စစ်မုန်တိုင်းပေါင်း တစ်နေ့လျှင် ၁၈ဝဝ ခန့်ရှိသည်။
 
တစ်စက္ကန့်တွင်ပစ်သော မိုးကြိုးအရေအတွက် ပေါင်းမှာ ၆ဝဝ ခန့်ရှိပြီး မြေကြီးပေါ်သို့ ကျရောက်သောအရေ အတွက်မှာ ၁ဝဝ ခန့်ရှိသည်။ ၂၄ နာရီအတွင်း က္ဘာမြေကြီး ပေါ်သို့ မိုးကြိုးအကြိမ်ပေါင်း ၈ ဒသမ ၅ ကြိမ်ခန့်ပစ်သည်။ မိုးကြိုး၏ အပူချိန်မှာ ၃ဝဝဝဝ မှ ၅ဝဝဝဝ ဒီဂရီဖာရင်ဟိုက်ရှိရာ နေမျက်နှာပြင်အပူရှိန်၏ သုံးဆမှငါးဆအထိဖြစ်သည်။
မိုးကြိုးပစ်ခံရသူများ၏ သုံးပုံနှစ်ပုံမှာ အိမ်အပြင်တွင် ပစ်ခံ ရခြင်းဖြစ်ပြီး မိုးကြိုးပစ်ခံရသူ သုံးဦးတွင် နှစ်ဦးသာရှင်သည်။ သေဆုံးသူများ၏ ၈၅ ရာခိုင်နှုန်းမှာ လူငယ်လူရွယ်ယောကျ်ားလေးများဖြစ်သည်။ မိုးချုန်းသံနှင့် လျှပ်စီးလက်ခြင်းကို မြင်တွေ့ ကြ၍ သစ်ပင်အောက်တွင်ခိုသဖြင့် သေဆုံးရသူပေါင်းမှာ အများဆုံးဖြစ်၍ စုစုပေါင်းသေဆုံးမှု၏ ၁ဝ-၁၅ ရာခိုင်နှုန်း ဖြစ်သည်။
 
မိုးကြိုးပစ်ခံရသူများကိုကြည့်လျှင် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသည့် ကျေးလက်နေပြည်သူများအများဆုံးဖြစ် ကြောင်း သိရသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးများကြွေခြင်း၊ သစ်ပင်များပြိုလဲကာ နေအိမ်အဆောက်အအုံများပျက်စီးခြင်းဖြစ်ပေါ် လျက်ရှိသည်။
မိုးကြိုးပစ်မခံရအောင် လိုက်နာရမည့်အချက်များ
သစ်ပင်အောက်တွင် မနားခိုပါနှင့်။ မတ်တတ်ရပ်မနေ ပါနှင့်။ လှေပေါ် ၊ လယ်ကွင်းထဲ၊ ရေထဲတွင်ရှိနေပါက အမြန် ဆုံး ကုန်းပေါ်တက်ရန်။ ကိုင်ထားသော သတ္တုပစ္စည်းများကို လွှင့်ပစ်ပါ။ ဂေါက်ရိုက်တံ၊ ငါးမျှားတံ၊ စက်ဘီးဆိုင်ကယ် ပေါ်မှဆင်းပါ။ သင့်ဦးခေါင်းထက်မှ ဆံပင်များထောင်လာ လျှင်ဖြစ်စေ၊ သင့်အရေပြားတွင် နာကျင်လာလျှင်ဖြစ်စေ၊ သင်မိုးကြိုးပစ်ခံရမည်ဖြစ်သောကြောင့် ဆောင့်ကြောင့် ထိုင်ချလိုက်ပါ။ ဦးခေါင်းကိုရှေ့သို့ညွတ်၍ ဒူးများကို ဖက်ပိုက်ထားလိုက်ပါ။ ဒူးမထောက်မိစေရန်လည်းကောင်း၊ ပက်လက်မလှဲမိစေရန်လည်းကောင်း၊ လေးဖက်မထောက်မိ စေရန်လည်းကောင်း သတိထားရမည်။ အဆောက်အအုံကြီး အတွင်းသို့ဖြစ်စေ၊ ကားအတွင်းသို့ဖြစ်စေ ဝင်နေပါ။ မိုးကြိုး ကို ကာကွယ်ပေးမည့် ကားအတွင်းမှ သံထည်ပစ္စည်းများ မထိမိစေရန်ဂရုပြုရမည်။
 
အဆောက်အအုံအကောင်းဆုံး နေရာ၏ အလယ်တွင်နေပါ။ တယ်လီဖုန်းများ၊ ရေပိုက်များ နှင့် မီးပလပ်များကို လုံးဝမသုံးပါနှင့်။ တံခါးများပြတင်း ပေါက်များ၊ ရေဒီယိုနှင့် မီးဖိုများမှ ဝေးနိုင်သမျှ ဝေးအောင် နေပါ စသည်တို့ဖြစ်ကြသည်။
မိုးကြိုးအ္တရာယ်ကို သိရှိနားလည်သူများက ဗဟုသုတ နည်းပါးသူများကို မိုးကြိုးအ္တရာယ်ကာကွယ်နိုင်သည့် နည်းလမ်းများကို မျှဝေပေးကြပါရန် တိုက်တွန်းအပ်ပါသည်။ ကျေးလက်နေပြည်သူများဖြစ်ကြသည့် တောင်သူလယ် သမားများမှာ ရာခိုင်နှုန်းအများဆုံးဖြစ်ပွားနိုင်သဖြင့် မိုးကြိုး အ္တရာယ်နှင့်ပတ်သက်သော အသိပညာပေးမှုများ အများဆုံး လိုအပ်သည်။
 
က္ဘာကြီးပူနွေးလာပြီး ရာသီဥတုဖောက်ပြန်မှုမှ ကျရောက်လာသော ရှောင်လွဲှ၍မရနိုင်သည့် သဘာဝဘေး အ္တရာယ်များမှ ကင်းစွာနေထိုင်သွားလာရေး ဝိုင်းဝန်း အကြံထုတ်ဖြေရှင်းကြရန် လိုအပ်လာပြီဖြစ်သည်။ ကျေးလက် နေပြည်သူများသာမက ပြည်သူအားလုံးက မိုးကြိုးအ္တရာယ် ကို ကြိုတင်ကာကွယ်နိုင်ရန် သက်ဆိုင်ရာမှ သတိပေးထုတ်ပြန် ချက်များကို အထူးဂရုပြုလိုက်နာသင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ပါသည်။
မေယု-မျိုးအောင်(MANA)
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန


Thursday, August 1, 2019

ညိဳမ်က္ဝန္းက အရည္မ႐ႊန္းလဲ့ေတာ့ေသာအခါ (ညိုမျက်ဝန်းက အရည်မရွှန်းလဲ့တော့သောအခါ)


ညိဳမ်က္ဝန္းက အရည္မ႐ႊန္းလဲ့ေတာ့ေသာအခါ ( Dry Eye Disease) 

ၾကည္လင္တဲ့ အျမင္ကိုေပးဖို႔က်ေနာ္တို႔ရဲ႕မ်က္ၾကည္လႊာေတြဟာ သန္႔ရွင္းၾကည္လင္ေနရပါမယ္။
ျပဴတင္းမွန္ေတြသန္႔ရွင္းဖို႔ မွန္ေဆးရည္ျဖန္းၿပီး သုတ္တံနဲ႔သုတ္ေပးရသလိုပဲ မ်က္လုံးေတြမွာ မ်က္ေတာင္ခပ္ျခင္းျဖင့္ မ်က္ရည္ကိုမ်က္ၾကည္လႊာေပၚမွာ သုတ္ၿပီးေဆးေၾကာေပးပါတယ္။
အဲဒီမ်က္ရည္အလႊာကေလးမွာ ခ်ိဳ႕ယြင္းမႉတခုခုျဖစ္တဲ့အခါမွာ မ်က္စိေျခာက္တဲ့ ျပသနာျဖစ္လာပါေတာ့တယ္။
မ်က္လုံးေပၚမွာ သုတ္ေပးလိုက္လို႔ ျဖစ္လာတဲ့ မ်က္ရည္ လႊာ (tear film) မွာ အလႊာ သုံးလႊာပါပါတယ္။
အတြင္းဖက္ဆုံးက အခြၽဲ၊, အလယ္က ေရနဲ႔အျပင္ဆုံးက အဆီလႊာေတြပါ။
မ်က္ရည္လႊာဖြဲ႕စည္းပုံ

မ်က္ရည္မွာ အခြၽဲနည္းနည္းပါလို႔ မ်က္ေတာင္ခတ္ရတာ ေခ်ာေမြ႕သလို အျပင္ကအဆီလႊာကမ်က္ရည္ကို ခ်က္ခ်င္းေျခာက္မသြားေအာင္ကာကြယ္ေပးလို႔ မ်က္စိေပၚမွာ အုပ္ထားတဲ့ မ်က္ရည္အလႊာပါး ( tear film) ကလည္း ဆပ္ျပာပူေပါင္းလိုပဲ ခ်က္ခ်င္းမပ်က္ပါဘူး။ ဒါေပမဲ့ အခ်ိန္ၾကာၾကာမေနေတာ့ မ်က္ရည္အလႊာပါး အသစ္ရေအာင္ မၾကာခဏေတာ့ မ်က္ေတာင္ခတ္ေပးရပါတယ္။

ဘာေၾကာင့္ မ်က္စိေျခာက္ရသလဲ

(၁) အဲဒီမ်က္ရည္မွာ ပါတဲ့ အခြၽဲဦ အရည္ဦ အဆီတခုခု အရည္အေသြး (သို႔)  ထုတ္ေပးတဲ့ ပမာဏ ခ်ိဳ႕ယြင္းတဲ့အခါ  မ်က္ရည္မလုံေလာက္ျခင္း၊ မ်က္ရည္လႊာ ျမန္ျမန္ေျခာက္ျခင္းတို႔ျဖစ္လို႔ မ်က္စိေျခာက္တယ္ဆိုတဲ့ ျပသနာျဖစ္တာပါ။  ( Dry Eye Disease (သို႔)Keratoconjunctivitis sicca လို႔ေခၚပါတယ္။
(၂) တခါတေလ မိမိရွိေနတဲ့ ပတ္ဝန္းက်င္က အဲဒီမ်က္ရည္လႊာ ျမန္ျမန္ေျခာက္ေအာင္ လုပ္တာလည္းရွိပါတယ္။ ( ဥပမာ ေျခာက္ေသြ႕တဲ့ ေလ၊ မ်က္စိကိုေလတိုးျခင္း)

မ်က္စိေျခာက္ရတဲ့ အေၾကာင္းေတြကေတာ့


  • အသက္ ( ၅၀ အထက္)
  • မ်က္ကပ္မွန္အသုံးျပဳျခင္း၊ မ်က္ၾကည္လႊာကို ေလဆာနဲ႔ ပစ္ၿပီး ဒီကရီေလ်ာ့ေအာင္လုပ္ျခင္း
  • ကြန္ျပဳတာ၊ မိုဘိုင္းဖုန္းတို႔ကို အခ်ိန္ၾကာျမင့္စြာၾကည့္ရႈျခင္း (အခုေနာက္ပိုင္း လူငယ္ေတြအၾကားမွာ အျဖစ္မ်ားတဲ့ မ်က္စိေျခာက္ေစတဲ့ အေၾကာင္းရင္းတခု)
  • ေလေအးေပးစက္ (သို႔) အပူေပးစက္ကို ၾကာျမင့္စြာသုံးျခင္း
  • ပတ္ဝန္းက်င္ရွိေလက ေျခာက္ေသြ႕၊ ေအး၊ ဖုန္မ်ား ၊ ေလတိုက္ေနျခင္း
  • ေဆးလိပ္ နဲ႔ အရက္
  • တခ်ိဳ႕ေသားေဆးဝါးမ်ား (ႏွာေစးေခ်ာင္းဆိုးေပ်ာက္ေဆး၊ တခ်ိဳ႕ စိတ္က်ေရာဂါေဆး၊ ေသြးေပါင္က်ေဆး)
  • တခ်ိဳ႕ေသာေရာဂါမ်ား ဥပမာ blepharitis, Sjogren's syndrome or lupus


မ်က္စိေျခာက္တဲ့ ေရာဂါ ျဖစ္သူ ဘယ္ေလာက္မ်ားလဲ

Dry eye syndrome ဆိုတဲ့ မ်က္ေစ့ေျခာက္ျခင္းဟာ အမ်ားထင္ထားတာထက္ အျဖစ္မ်ားၿပီး အမ်ားအားျဖင့္ႀကီးမားတဲ့ ျပသနာေတာ့မဟုတ္ပါဘူး။
အေမရိကားရဲ႕ က်န္းမာေရးမွတ္တမ္းမ်ားအရ လူဦးေရရဲ႕  5.28% မွာ မ်က္စိေျခာက္တဲ့ ျပသနာရွိပါတယ္။ အမ်ိဳးသမီးေတြမွာ ပိုအျဖစ္မ်ားၿပီး အသက္ႀကီးေလ ပိုမ်ားေလပါ။ အသက္၅၀ ေက်ာ္သူေတြၾကားမွာ 11.66% အထိရွိပါတယ္။ ဒီေရာဂါျဖစ္ပြားႏႈန္းက ႏွစ္စဥ္ 0.2% ကေန 1.6%  အထိပိုပိုၿပီးမ်ားလာေနပါတယ္။

လကၡဏာမ်ား

  • မ်က္စိယားယံျခင္း
  • မ်က္စိေျခာက္ျခင္း
  • မ်က္စိထဲတခုခုရွိေနသလိုခံစားရျခင္း
  • မ်က္စိနီျခင္း
  • မ်က္စိမႈန္ျခင္း
  • အလင္းေရာင္ကိုမခံႏိုင္ျခင္း
  • ပုံမွန္ထက္ မ်က္ရည္ပိုထြက္ျခင္း ( မ်က္စိေျခာက္တဲ့ေရာဂါေၾကာင့္ မ်က္စိကို အေနခက္ေစလို႔ မ်က္ရည္ကို အမ်ားအျပားထြက္ေစပါတယ္။)
  • မ်က္စိေျခာက္ေတာ့ အေပၚယံအလႊာက မွန္ကိုေရမပါဘဲ အေျခာက္ပြတ္ခံရသလို ပြန္းပါတယ္။ အဲလိုပြန္းတာၾကာလ်င္ cornea ulcer အနာျဖစ္ရာက မ်က္စိကြယ္တဲ့အထိျဖစ္ႏိုင္ပါတယ္။ 

ေဆာင္ရန္

  • မ်က္စိကို သန္႔ရွင္းစြာထားပါ
  • ကြန္ျပဴတာ၊ မိုဘိုင္းဖုန္းတို႔ကိုသုံးလ်င္ မၾကာမဏ မ်က္စိကို အနားေပးပါ။ 
  • မ်က္စိအေညာင္းသက္သာေစရန္ ကြန္ျပဳတာစကရင္ကို မ်က္စိနဲ႔ တတန္းနည္းမွာထားပါ
  • မ်က္စိအနားရေစရန္ အိပ္ခ်ိန္ လုံလုံေလာက္ေလာက္ယူပါ
  • မ်က္ကပ္မွန္တပ္သူျဖစ္ပါက မ်က္စိကို အနားရေစရန္ မ်က္ကပ္မွန္အစား မ်က္မွန္ကို တလွည့္သုံးေပးပါ။ေ

ရွာင္ရန္

  • ေဆးလိပ္ေသာက္လ်င္ျဖတ္ပါ၊ အရက္ကို ျဖတ္ပါ သိုမဟုတ္ ေလွ်ာ့ေသာက္ပါ
  • မီးခိုးမႊန္ေသာ ဖုန္ထူေသာ၊ ေျခာက္ေသြ႕ေသာေနရာမ်ားတြင္ ၾကာရွည္ မေနပါႏွင့္
  • အဲယားကြန္း (သို႔) အေႏြးေပးစက္ ဖြင့္ထားေသာေနရာမ်ားတြင္ ၾကာရွည္ မေနပါႏွင့္
  • ေဆးေၾကာင့္မ်က္စိေျခာက္သည္ဟုထင္လ်င္ နားလည္သူ ေဆးပညာရွင္နဲ႔ ေဆြးေႏြးပါ ၊ ဆရာဝန္ၫႊန္ထားေသာေဆးကို မိမိသေဘာႏွင့္ မရပ္ပါႏွင့္

မ်က္စိကိုသန္႔ရွင္းနည္း

ပဝါႏုႏုကို ေရေႏြးေႏြးတြင္စိမ္ၿပီး မ်က္စိအနီးတဝိုက္ကို ညင္သာစြာဖိေပးပါ၊ မ်က္ခြံမ်ားကိုလည္း ညင္သာစြာဖိေပးပါ၊ မ်က္စိ မ်က္ခြံတြင္အဆီထုတ္ေပးေသာဂလင္းမ်ားကို အလုပ္ပိုလုပ္ေစပါတယ္။
 အဝတ္ႏုႏု (သို႔) ဝါဂြမ္းတပ္ထားေသာအတံထိပ္ကို ေရေႏြးေႏြး စိမ္ၿပီး မ်က္ခြံအစပ္မ်ားတြင္ ေျခာက္ကပ္ေနေသာ အဆီ၊ မ်က္ေခ်း၊ ဖုံမ်ားကို ညင္သာစြာသုတ္ေပးပါ၊ ႏွာေခါင္းဘက္ မ်က္ခြံအစပ္မွ ေဘးဘက္သို႔ဆြဲသုတ္ပါ။



မ်က္စိေျခာက္တာကိုဘယ္လိုသိမလဲ

အထက္ေဖၚျပပါလကၡဏာမ်ားရွိလ်င္ မ်က္စေျခာက္တယ္လို႔ အၾကမ္းဖ်င္းေျပာႏိုင္ပါတယ္။
ေသခ်ာေအာင္ကေတာ့ ဆရာဝန္က စစ္ေပးပါတယ္။
တနည္းကေတာ့ ထြက္တဲ့ မ်က္ရည္မမာဏကိုတိုင္းတဲ့ Schirmer' test  ပါ, မွင္စုပ္စကၠဴ အျပားေသးေသးကို မ်က္စိနဲ႔ မ်က္ခြံၾကားထားၿပီး မ်က္ရည္ဘယ္ေလာက္စိုလာလဲဆိုတာကိုစမ္းတာပါ ။
Schirmer' test
ေနာက္တနည္းကေတာ့ Slit Lamp  မွန္ေျပာင္းသုံးၿပီး ဖလိုရဆင္းေဆးခပ္ထားတဲ့ မ်က္စိမွာမ်က္ရည္အလႊာကေလး အခ်ိန္ဘယ္ေလာက္ၾကာၾကာေနရင္ ပ်က္သြားတယ္ဆိုတာကို ၾကည့္တာပါ။ Tear Film Break up time လလို႔ေခၚပါတယ္။
Slit lamp microscope
Slit lamp microscope
tear film is observed under a broad beam of cobalt blue illumination, t=0
Tear Film Break up time

 tear film is observed under a broad beam of cobalt blue illumination, t=0
တခ်ိန္တည္းမွာ မ်က္ၾကည္လႊာပြန္းပဲ့ေနတာရွိမရွိ၊ မ်က္ခြံအစပ္က အဆီအိတ္ေတြ အေပါက္ပိတ္ေနတာ ေယာင္ေနတာေတြကိုပါၾကည့္လို႔ရပါတယ္။
တျခားေရာဂါမ်ားနဲ႔ ဆက္စပ္မႈရွိတယ္ထင္လ်င္ေတာ့ ေသြးစစ္တာမ်ိဳးေတြလုပ္ရပါမယ္။

ကုသနည္းမ်ား 

Tear Naturale, Refresh, Cool eye စေသာ မ်က္ရည္အတုမ်ား ကိုသုံးႏိုင္ပါသည္။ ပိုဆိုးပါက မ်က္စိကိုေခ်ာေမြ႕ေစတဲ့ Lacrilube လိုခပ္ခြၽဲခြၽဲကရင္ကိုသုံးလို႔ရပါတယ္။
မ်က္ရည္တုအမ်ိုးမ်ိုး

အကာအကြယ္

မ်က္စိကို ေျခာက္ေသြ႕ေသာေလ၊ ေလေအး, ဖုန္ ၊ အခိုးအေငြ႕တို႔မွ ကာကြယ္ရန္ wraparound၊  safety glasses  စတဲ့ ေဘးအကာပါသာမ်က္မွန္၊ အထူးလုပ္ထားတဲ့ Moisture chamber glasses တိုကိုသုံးလို႔ရပါတယ္။
safety glasses

Moisture Chamber Glasses


ဒီလိုနည္းေတြနဲ႔ မသက္သာလ်င္၊ တေန႔ကို ၆ ခါတထက္ မ်က္ရည္တုထည့္ဖို႔လိုအပ္လ်င္ ၊ ေရာဂါလကၡဏာပိုဆိုးလာလ်င္၊ အျမင္အာ႐ုံကိုထိခိုက္လာလ်င္၊ မ်က္ခြံမ်ားပုံေျပာင္းလာလ်င္ေတာ့ မ်က္စိဆရာဝန္နဲ႔ စမ္းသပ္သင့္တယ္လို႔ဆိုပါတယ္။
အေၾကာင္းရင္းကို သိလ်င္ အဲဒီအေၾကာင္ရင္းကို ကုသရပါမယ္။
တျခားေရာဂါေတြနဲ႔ ဆက္စပ္ၿပီးျဖစ္တဲ့ သူေတြမွာေတာ့ စနစ္တက်ေဆးကုဖို႔ အေရးႀကီးပါတယ္။
မ်က္စိေျခာက္ေစတဲ့အေၾကာင္းရင္းေပၚမူတည္လို႔ တခ်ိဳ႕ကေတာ့ Omega 3 ေၾကာင့္ သက္သာေစတယ္ဆိုပါတယ္။
တခ်ိဳ႕ကိုေတာ့ ရွိထားတဲ့ မ်က္ရည္ မ်က္စိထဲၾကာၾကာေနေအာင္ မ်က္ရည္စြန္႔ထုတ္တဲ့အေပါက္ေတြကို ပိတ္တဲ့နည္း punctum occlusion ကိုသုံးပါတယ္။
punctum

 တခ်ိဳ႕ေတြက မ်က္စိေျခာက္တာကို မသိလို႔မကုဘဲ ၾကာလာေတာ့ မ်က္ၾကည္လႊာပြန္းၿပီး cornea ulcer အနာျဖစ္ကာ အျမင္အာ႐ုံဆုံးတဲ့အထိျဖစ္တတ္ပါတယ္။

ဖိုးသုည
1-8--2019


ညိုမျက်ဝန်းက အရည်မရွှန်းလဲ့တော့သောအခါ ( Dry Eye Disease) (ယူနီကုဒ်)

ကြည်လင်တဲ့ အမြင်ကိုပေးဖို့ကျနော်တို့ရဲ့မျက်ကြည်လွှာတွေဟာ သန့်ရှင်းကြည်လင်နေရပါမယ်။
ပြူတင်းမှန်တွေသန့်ရှင်းဖို့ မှန်ဆေးရည်ဖြန်းပြီး သုတ်တံနဲ့သုတ်ပေးရသလိုပဲ မျက်လုံးတွေမှာ မျက်တောင်ခပ်ခြင်းဖြင့် မျက်ရည်ကိုမျက်ကြည်လွှာပေါ်မှာ သုတ်ပြီးဆေးကြောပေးပါတယ်။
အဲဒီမျက်ရည်အလွှာကလေးမှာ ချို့ယွင်းမှူတခုခုဖြစ်တဲ့အခါမှာ မျက်စိခြောက်တဲ့ ပြသနာဖြစ်လာပါတော့တယ်။
မျက်လုံးပေါ်မှာ သုတ်ပေးလိုက်လို့ ဖြစ်လာတဲ့ မျက်ရည် လွှာ (tear film) မှာ အလွှာ သုံးလွှာပါပါတယ်။
အတွင်းဖက်ဆုံးက အချွဲ၊, အလယ်က ရေနဲ့အပြင်ဆုံးက အဆီလွှာတွေပါ။
မျက်ရည်မှာ အချွဲနည်းနည်းပါလို့ မျက်တောင်ခတ်ရတာ ချောမွေ့သလို အပြင်ကအဆီလွှာကမျက်ရည်ကို ချက်ချင်းခြောက်မသွားအောင်ကာကွယ်ပေးလို့ မျက်စိပေါ်မှာ အုပ်ထားတဲ့ မျက်ရည်အလွှာပါး ( tear film) ကလည်း ဆပ်ပြာပူပေါင်းလိုပဲ ချက်ချင်းမပျက်ပါဘူး။ ဒါပေမဲ့ အချိန်ကြာကြာမနေတော့ မျက်ရည်အလွှာပါး အသစ်ရအောင် မကြာခဏတော့ မျက်တောင်ခတ်ပေးရပါတယ်။

ဘာကြောင့် မျက်စိခြောက်ရသလဲ

(၁) အဲဒီမျက်ရည်မှာ ပါတဲ့ အချွဲဦ အရည်ဦ အဆီတခုခု အရည်အသွေး (သို့)  ထုတ်ပေးတဲ့ ပမာဏ ချို့ယွင်းတဲ့အခါ  မျက်ရည်မလုံလောက်ခြင်း၊ မျက်ရည်လွှာ မြန်မြန်ခြောက်ခြင်းတို့ဖြစ်လို့ မျက်စိခြောက်တယ်ဆိုတဲ့ ပြသနာဖြစ်တာပါ။  ( Dry Eye Disease (သို့)Keratoconjunctivitis sicca လို့ခေါ်ပါတယ်။
(၂) တခါတလေ မိမိရှိနေတဲ့ ပတ်ဝန်းကျင်က အဲဒီမျက်ရည်လွှာ မြန်မြန်ခြောက်အောင် လုပ်တာလည်းရှိပါတယ်။ ( ဥပမာ ခြောက်သွေ့တဲ့ လေ၊ မျက်စိကိုလေတိုးခြင်း) 

မျက်စိခြောက်ရတဲ့ အကြောင်းတွေကတော့

အသက် ( ၅၀ အထက်)
မျက်ကပ်မှန်အသုံးပြုခြင်း၊ မျက်ကြည်လွှာကို လေဆာနဲ့ ပစ်ပြီး ဒီကရီလျော့အောင်လုပ်ခြင်း
ကွန်ပြုတာ၊ မိုဘိုင်းဖုန်းတို့ကို အချိန်ကြာမြင့်စွာကြည့်ရှုခြင်း (အခုနောက်ပိုင်း လူငယ်တွေအကြားမှာ အဖြစ်များတဲ့ မျက်စိခြောက်စေတဲ့ အကြောင်းရင်းတခု)
လေအေးပေးစက် (သို့) အပူပေးစက်ကို ကြာမြင့်စွာသုံးခြင်း
ပတ်ဝန်းကျင်ရှိလေက ခြောက်သွေ့၊ အေး၊ ဖုန်များ ၊ လေတိုက်နေခြင်း
ဆေးလိပ် နဲ့ အရက်
တချို့သေားဆေးဝါးများ (နှာစေးချောင်းဆိုးပျောက်ဆေး၊ တချို့ စိတ်ကျရောဂါဆေး၊ သွေးပေါင်ကျဆေး)
တချို့သောရောဂါများ ဥပမာ blepharitis, Sjogren's syndrome or lupus
  

မျက်စိခြောက်တဲ့ ရောဂါ ဖြစ်သူ ဘယ်လောက်များလဲ

Dry eye syndrome ဆိုတဲ့ မျက်စေ့ခြောက်ခြင်းဟာ အများထင်ထားတာထက် အဖြစ်များပြီး အများအားဖြင့်ကြီးမားတဲ့ ပြသနာတော့မဟုတ်ပါဘူး။
အမေရိကားရဲ့ ကျန်းမာရေးမှတ်တမ်းများအရ လူဦးရေရဲ့  5.28% မှာ မျက်စိခြောက်တဲ့ ပြသနာရှိပါတယ်။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး အသက်ကြီးလေ ပိုများလေပါ။ အသက်၅၀ ကျော်သူတွေကြားမှာ 11.66% အထိရှိပါတယ်။ ဒီရောဂါဖြစ်ပွားနှုန်းက နှစ်စဥ် 0.2% ကနေ 1.6%  အထိပိုပိုပြီးများလာနေပါတယ်။


  • မျက်စိယားယံခြင်း
  • မျက်စိခြောက်ခြင်း
  • မျက်စိထဲတခုခုရှိနေသလိုခံစားရခြင်း
  • မျက်စိနီခြင်း
  • မျက်စိမှုန်ခြင်း
  • အလင်းရောင်ကိုမခံနိုင်ခြင်း
  • ပုံမှန်ထက် မျက်ရည်ပိုထွက်ခြင်း ( မျက်စိခြောက်တဲ့ရောဂါကြောင့် မျက်စိကို အနေခက်စေလို့ မျက်ရည်ကို အများအပြားထွက်စေပါတယ်။)
  • မျက်စိခြောက်တော့ အပေါ်ယံအလွှာက မှန်ကိုရေမပါဘဲ အခြောက်ပွတ်ခံရသလို ပွန်းပါတယ်။ အဲလိုပွန်းတာကြာလျင် cornea ulcer အနာဖြစ်ရာက မျက်စိကွယ်တဲ့အထိဖြစ်နိုင်ပါတယ်။ 

ဆောင်ရန်


  • မျက်စိကို သန့်ရှင်းစွာထားပါ
  • ကွန်ပြူတာ၊ မိုဘိုင်းဖုန်းတို့ကိုသုံးလျင် မကြာမဏ မျက်စိကို အနားပေးပါ။ 
  • မျက်စိအညောင်းသက်သာစေရန် ကွန်ပြုတာစကရင်ကို မျက်စိနဲ့ တတန်းနည်းမှာထားပါ
  • မျက်စိအနားရစေရန် အိပ်ချိန် လုံလုံလောက်လောက်ယူပါ
  • မျက်ကပ်မှန်တပ်သူဖြစ်ပါက မျက်စိကို အနားရစေရန် မျက်ကပ်မှန်အစား မျက်မှန်ကို တလှည့်သုံးပေးပါ။

ရှောင်ရန်


  • ဆေးလိပ်သောက်လျင်ဖြတ်ပါ၊ အရက်ကို ဖြတ်ပါ သိုမဟုတ် လျှော့သောက်ပါ
  • မီးခိုးမွှန်သော ဖုန်ထူသော၊ ခြောက်သွေ့သောနေရာများတွင် ကြာရှည် မနေပါနှင့်
  • အဲယားကွန်း (သို့) အနွေးပေးစက် ဖွင့်ထားသောနေရာများတွင် ကြာရှည် မနေပါနှင့်
  • ဆေးကြောင့်မျက်စိခြောက်သည်ဟုထင်လျင် နားလည်သူ ဆေးပညာရှင်နဲ့ ဆွေးနွေးပါ ၊ ဆရာဝန်ညွှန်ထားသောဆေးကို မိမိသဘောနှင့် မရပ်ပါနှင့်

မျက်စိကိုသန့်ရှင်းနည်း

ပဝါနုနုကို ရေနွေးနွေးတွင်စိမ်ပြီး မျက်စိအနီးတဝိုက်ကို ညင်သာစွာဖိပေးပါ၊ မျက်ခွံများကိုလည်း ညင်သာစွာဖိပေးပါ၊ မျက်စိ မျက်ခွံတွင်အဆီထုတ်ပေးသောဂလင်းများကို အလုပ်ပိုလုပ်စေပါတယ်။
 အဝတ်နုနု (သို့) ဝါဂွမ်းတပ်ထားသောအတံထိပ်ကို ရေနွေးနွေး စိမ်ပြီး မျက်ခွံအစပ်များတွင် ခြောက်ကပ်နေသော အဆီ၊ မျက်ချေး၊ ဖုံများကို ညင်သာစွာသုတ်ပေးပါ၊ နှာခေါင်းဘက် မျက်ခွံအစပ်မှ ဘေးဘက်သို့ဆွဲသုတ်ပါ။

မျက်စိခြောက်တာကိုဘယ်လိုသိမလဲ

အထက်ဖေါ်ပြပါလက္ခဏာများရှိလျင် မျက်စခြောက်တယ်လို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ 
သေချာအောင်ကတော့ ဆရာဝန်က စစ်ပေးပါတယ်။ 
တနည်းကတော့ ထွက်တဲ့ မျက်ရည်မမာဏကိုတိုင်းတဲ့ Schirmer' test  ပါ, မှင်စုပ်စက္ကူ အပြားသေးသေးကို မျက်စိနဲ့ မျက်ခွံကြားထားပြီး မျက်ရည်ဘယ်လောက်စိုလာလဲဆိုတာကိုစမ်းတာပါ ။

နောက်တနည်းကတော့ Slit Lamp  မှန်ပြောင်းသုံးပြီး ဖလိုရဆင်းဆေးခပ်ထားတဲ့ မျက်စိမှာမျက်ရည်အလွှာကလေး အချိန်ဘယ်လောက်ကြာကြာနေရင် ပျက်သွားတယ်ဆိုတာကို ကြည့်တာပါ။ Tear Film Break up time လလို့ခေါ်ပါတယ်။ 

တချိန်တည်းမှာ မျက်ကြည်လွှာပွန်းပဲ့နေတာရှိမရှိ၊ မျက်ခွံအစပ်က အဆီအိတ်တွေ အပေါက်ပိတ်နေတာ ယောင်နေတာတွေကိုပါကြည့်လို့ရပါတယ်။ 
တခြားရောဂါများနဲ့ ဆက်စပ်မှုရှိတယ်ထင်လျင်တော့ သွေးစစ်တာမျိုးတွေလုပ်ရပါမယ်။ 

ကုသနည်းများ 

Tear Naturale, Refresh, Cool eye စသော မျက်ရည်အတုများ ကိုသုံးနိုင်ပါသည်။ ပိုဆိုးပါက မျက်စိကိုချောမွေ့စေတဲ့ Lacrilube လိုခပ်ချွဲချွဲကရင်ကိုသုံးလို့ရပါတယ်။ 
အကာအကွယ်
မျက်စိကို ခြောက်သွေ့သောလေ၊ လေအေး, ဖုန် ၊ အခိုးအငွေ့တို့မှ ကာကွယ်ရန် wraparound၊  safety glasses  စတဲ့ ဘေးအကာပါသာမျက်မှန်၊ အထူးလုပ်ထားတဲ့ Moisture chamber glasses တိုကိုသုံးလို့ရပါတယ်။
ဒီလိုနည်းတွေနဲ့ မသက်သာလျင်၊ တနေ့ကို ၆ ခါတထက် မျက်ရည်တုထည့်ဖို့လိုအပ်လျင် ၊ ရောဂါလက္ခဏာပိုဆိုးလာလျင်၊ အမြင်အာရုံကိုထိခိုက်လာလျင်၊ မျက်ခွံများပုံပြောင်းလာလျင်တော့ မျက်စိဆရာဝန်နဲ့ စမ်းသပ်သင့်တယ်လို့ဆိုပါတယ်။
အကြောင်းရင်းကို သိလျင် အဲဒီအကြောင်ရင်းကို ကုသရပါမယ်။ 
တခြားရောဂါတွေနဲ့ ဆက်စပ်ပြီးဖြစ်တဲ့ သူတွေမှာတော့ စနစ်တကျဆေးကုဖို့ အရေးကြီးပါတယ်။
မျက်စိခြောက်စေတဲ့အကြောင်းရင်းပေါ်မူတည်လို့ တချို့ကတော့ Omega 3 ကြောင့် သက်သာစေတယ်ဆိုပါတယ်။ 
တချို့ကိုတော့ ရှိထားတဲ့ မျက်ရည် မျက်စိထဲကြာကြာနေအောင် မျက်ရည်စွန့်ထုတ်တဲ့အပေါက်တွေကို ပိတ်တဲ့နည်း punctum occlusion ကိုသုံးပါတယ်။ 
 တချို့တွေက မျက်စိခြောက်တာကို မသိလို့မကုဘဲ ကြာလာတော့ မျက်ကြည်လွှာပွန်းပြီး cornea ulcer အနာဖြစ်ကာ အမြင်အာရုံဆုံးတဲ့အထိဖြစ်တတ်ပါတယ်။ 



ဖိုးသုည
31-07-2019
ကိုးကား

https://biomedicalart.com/wp-content/gallery/medical-education/tear_structure_1.jpg
Tear film break up  https://youtu.be/0Z3T0i0hS3k
tear drinage https://youtu.be/VJo5z11rUYQ
schirmer test https://youtu.be/js41uinZpUI
lid hygiene https://youtu.be/fdF8jd5mpwA
lid hygiene coton bud https://youtu.be/dUs4O8FsSMQ
https://institutodelavision.cl/portfolio_page/test-de-schirmer/
https://webeye.ophth.uiowa.edu/eyeforum/atlas/pages/TBUT/index.htm
https://maculacenter.com/eye-procedures/slit-lamp-examination/