Sunday, April 15, 2018

မိုးကြိုးနဲ့ မိုဘိုင်းဖုန်း (ယူနီကုဒ်)

မိုးကြိုးနဲ့ မိုဘိုင်းဖုန်း
မိုးရွာနေတုံး မိုဘိုင်းဖုန်းသုံး ရင် မိုးကြိုးပစ်ခံရဖို့ အန္တရာယ် ပိုမများပါ။
၂၀၀၆ က ဘီဘီစီနဲ့ BMJ ဆေးဂျာနယ် က ဆောင်းပါး တခုကြောင့် မိုးရွာထဲမှာ မိုဘိုင်းဖုန်းကို ကိုယ်နဲ့ အတူဆောင်ထားသူတွေ၊ မိုးရွာထဲမှာ မိုဘိုင်းဖုန်း သုံးသူတွေ မိုးကြိုးပစ်ခံရဖို့ ပိုများတယ်ဆိုပြီး အင်တာနက်မှာပြန့်ခဲ့ပါတယ်။
အဲဒါမမှန်ပါဘူးဆိုတာကို အမေရိကန် မိုးလေဝသဌာန မိုးကြိုးအန္တရာယ် ကာကွယ်ရေး ၊ အမေရိကန် စတန်းဖိုဒ် တက္ကသိုလ် ၊ သြစတေးသျှ မိုဘိုင်းဖုန်း ဆက်သွယ်ရေးအသင်းကြီး စတဲ့ မိုးကြိုးအန္တရာယ်ကို စနစ်တကျ လေ့လာကြတဲ့ဌာနကြီးတွေက အတိအလင်းပြောကြားပြီး ဖြစ်ပါတယ်။
မိုးရွာနေချိန်၊ မိုးကြိုးမုန်တိုင်းကျ နေချိန်တွေမှာ စိတ်ချရတဲ့ အဆောက်အဦ တွေထဲမှာ မနေဘဲ အပြင်မှာရှိနေရင်တော့ လူတိုင်း မိုးကြိုးပစ်ခံရမဲ့ အန္တရာယ် ရှိကြပါတယ်။
အဲဒီ အန္တရာယ်က အိတ်ထဲမှာ မိုဘိုင်းဖုန်းဆောင်ထားတာ သုံးစွဲတာတွေ နဲ့ ဆက်စပ်မှု မရှိပါဘူးတဲ့။
မိုဘိုင်းဖုန်း မှာ လျှပ်ကူးပစ္စည်းထက် လျှပ်ကာပစ္စည်းက ပိုများပြီး၊ ဖုန်းကသုံးတဲ့ ရေဒီယိုလှိုင်းက မိုးကြိုးကို ဆွဲဆောင်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။
တချိန်ထဲမှာဘဲ  မိုးရွာနေချိန် ကြိုးဖုန်းနဲ့ ပြောနေရင်း ဖုန်းကြိုးကို မိုးကြိုးလျှပ်စစ်ဓါတ်ဝင်လို့  ဓါတ်လိုက် သေဆုံးတာကတော့ မိုးကြိုးကြောင့် သေဆုံးသူရဲ့ ၄-၅ ရာနှုန်း ရှိတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် မိုးကြိုးမုန်တိုင်းကျနေချိန် အရေးပေါ်ဆက်သွယ်စရာရှိရင် မိုဘိုင်းဖုန်း ကိုသာသုံးပါ ကြိုးဖုန်းကို မသုံးပါနဲ့လို့ အကြံပြုထားပါတယ်။
မိုးကြိုးမုန်တိုင်းထဲမှာ အနားက ဒုက္ခရောက်နေသူကိုကူဖို့ ခေါ်စရာ မိုဘိုင်းဖုန်း လက်ထဲမှာ အဆင်သင့် မရှိတာက မိုးရွာထဲမှာ မိုဘိုင်းဖုန်း သုံးတာထက် ပို အန္တရာယ်ရှိတယ်လို့ မှတ်သားရကြောင်းပါ ခင်ဗျာ။
တခုတော့ရှိတာပေါလေ၊ မိုးရွာနေချိန် မိုဘိုင်းဖုန်းကို အားသွင်းကြိုး တန်းလန်းနဲ့ သုံးရင်တော့ ကြိုးဖုန်းကို သုံးသလိုဘဲ အန္တရာယ် ရှိပါတယ်။
မှားတာတွေ့ရင်လဲထောက်ပြပေးပါ၊ ရှဲလိုသူများလဲ လွတ်လပ်စွာရှဲနိုင်ပါတယ်။
ဖိုးသုညပါ။

ကျွန်တော်ဒီပို့စ်ကို အမေရိကန် မိုးလေဝသဌာန ရဲ့ http://www.srh.noaa.gov/srh/jetstream/lightning/lightning_faq.html
http://www.lightningsafety.noaa.gov/struck.shtml 
အမေရိကန် စတန်းဖိုဒ် တက္ကသိုလ်ရဲ့ http://large.stanford.edu/courses/2012/ph250/agarwal1/
သြစတေးသျှ မိုလိုင်းဖုန်းဆက်သွယ်ရေးအသင်းကြီးရဲ့  http://www.amta.org.au/pages/Mobile.phones.and.lightning


 တို့ကို ကိုးကားရေးသားပါသည်။

မိုးႀကိဳး နဲ႔ မိုဘိုင္းဖုန္း ( ေဇာ္ဂ်ီဖြန္႔)

မိုးႀကိဳး နဲ႔ မိုဘိုင္းဖုန္း
မိုးရြာေနတုံး မိုဘိုင္းဖုန္းသုံး ရင္ မိုးႀကိဳးပစ္ခံရဖို႔ အႏၲရာယ္ ပိုမမ်ားပါ။
၂၀၀၆ က ဘီဘီစီနဲ႔ BMJ ေဆးဂ်ာနယ္ က ေဆာင္းပါး တခုေၾကာင့္ မိုးရြာထဲမွာ မိုဘိုင္းဖုန္းကို ကိုယ္နဲ႔ အတူေဆာင္ထားသူေတြ၊ မိုးရြာထဲမွာ မိုဘိုင္းဖုန္း သုံးသူေတြ မိုးႀကိဳးပစ္ခံရဖို႔ ပိုမ်ားတယ္ဆိုၿပီး အင္တာနက္မွာျပန္႔ခဲ့ပါတယ္။ 
အဲဒါမမွန္ပါဘူးဆိုတာကို အေမရိကန္ မိုးေလဝသဌာန မိုးႀကိဳးအႏၲရာယ္ ကာကြယ္ေရး ၊ အေမရိကန္ စတန္းဖိုဒ္ တကၠသိုလ္ ၊ ၾသစေတးသၽွ မိုဘိုင္းဖုန္း ဆက္သြယ္ေရးအသင္းႀကီး စတဲ့ မိုးႀကိဳးအႏၲရာယ္ကို စနစ္တက် ေလ့လာၾကတဲ့ဌာနႀကီးေတြက အတိအလင္းေျပာၾကားၿပီး ျဖစ္ပါတယ္။
မိုးရြာေနခ်ိန္၊ မိုးႀကိဳးမုန္တိုင္းက် ေနခ်ိန္ေတြမွာ စိတ္ခ်ရတဲ့ အေဆာက္အဦ ေတြထဲမွာ မေနဘဲ အျပင္မွာရွိေနရင္ေတာ့ လူတိုင္း မိုးႀကိဳးပစ္ခံရမဲ့ အႏၲရာယ္ ရွိၾကပါတယ္။ 
အဲဒီ အႏၲရာယ္က အိတ္ထဲမွာ မိုဘိုင္းဖုန္းေဆာင္ထားတာ သုံးစြဲတာေတြ နဲ႔ ဆက္စပ္မွု မရွိပါဘူးတဲ့။
မိုဘိုင္းဖုန္း မွာ လၽွပ္ကူးပစၥည္းထက္ လၽွပ္ကာပစၥည္းက ပိုမ်ားၿပီး၊ ဖုန္းကသုံးတဲ့ ေရဒီယိုလွိုင္းက မိုးႀကိဳးကို ဆြဲေဆာင္တာမ်ိဳး မရွိဘူးလို႔ ဆိုပါတယ္။
တခ်ိန္ထဲမွာဘဲ  မိုးရြာေနခ်ိန္ ႀကိဳးဖုန္းနဲ႔ ေျပာေနရင္း ဖုန္းႀကိဳးကို မိုးႀကိဳးလၽွပ္စစ္ဓါတ္ဝင္လို႔  ဓါတ္လိုက္ ေသဆုံးတာကေတာ့ မိုးႀကိဳးေၾကာင့္ ေသဆုံးသူရဲ့ ၄-၅ ရာႏွုန္း ရွိတယ္လို႔ ဆိုပါတယ္။ 
အဲဒါေၾကာင့္ မိုးႀကိဳးမုန္တိုင္းက်ေနခ်ိန္ အေရးေပၚဆက္သြယ္စရာရွိရင္ မိုဘိုင္းဖုန္း ကိုသာသုံးပါ ႀကိဳးဖုန္းကို မသုံးပါနဲ႔လို႔ အႀကံျပဳထားပါတယ္။
မိုးႀကိဳးမုန္တိုင္းထဲမွာ အနားက ဒုကၡေရာက္ေနသူကိုကူဖို႔ ေခၚစရာ မိုဘိုင္းဖုန္း လက္ထဲမွာ အဆင္သင့္ မရွိတာက မိုးရြာထဲမွာ မိုဘိုင္းဖုန္း သုံးတာထက္ ပို အႏၲရာယ္ရွိတယ္လို႔ မွတ္သားရေၾကာင္းပါ ခင္ဗ်ာ။
တခုေတာ့ရွိတာေပါေလ၊ မိုးရြာေနခ်ိန္ မိုဘိုင္းဖုန္းကို အားသြင္းႀကိဳး တန္းလန္းနဲ႔ သုံးရင္ေတာ့ ႀကိဳးဖုန္းကို သုံးသလိုဘဲ အႏၲရာယ္ ရွိပါတယ္။ 
မွားတာေတြ႕ရင္လဲေထာက္ျပေပးပါ၊ ရွဲလိုသူမ်ားလဲ လြတ္လပ္စြာရွဲနိုင္ပါတယ္။
ဖိုးသုညပါ။
ကၽြန္ေတာ္ဒီပို႔စ္ကို အေမရိကန္ မိုးေလဝသဌာန ရဲ့ http://www.srh.noaa.gov/srh/jetstream/lightning/lightning_faq.html
http://www.lightningsafety.noaa.gov/struck.shtml 
အေမရိကန္ စတန္းဖိုဒ္ တကၠသိုလ္ရဲ့ http://large.stanford.edu/courses/2012/ph250/agarwal1/
ၾသစေတးသၽွ မိုလိုင္းဖုန္းဆက္သြယ္ေရးအသင္းႀကီးရဲ့  http://www.amta.org.au/pages/Mobile.phones.and.lightning
 တို႔ကို ကိုးကားေရးသားပါသည္။

Sunday, January 28, 2018

Kerui W193 GSM, PSTN, WIfi home alarm system

Is your home secure by having CCTV sytem?
Most CCTV do not have alarm system.
They are sueful to watch and monitor the area and review video after something happen.
We can't watch CCTV monitor continuouly like in movie.
It can't help you to prevent intruders  or other mishaps.
Home security system/ Burgler alarm system  is the one to prevent the intruder instantly by sounding a loud siren to alert the neighbours and sacre the intruder away, send instant message or call the house owner to report to police intime.
Here is Kerui W 193 alarm system.
It works with 99 sensors  and some peripherals together.
It work with  wireless Door sensors, motion detector sensors, smoker detector, gas detector, water over flow detector, vibration detector, IP camera, wireless siren and smart sockets and two wired sensors.
It uses three way of communication with owner's mobile.
1. GSM and WCDMA (3G) mobile netwrok. 3 varients for EU, US and Australia because of differences in WCDMA frequency. ( Both DST and Prograsif cellular use WCDMA 2100 MHz)
2. PSTN Land line
3. Wifi



Main Feature
■ TFT color display, humanized menu, operation with voice prompt, easy to use 
■ Support 2.4G WIFI wireless network, configuration network easy
■ Support feedback host real-time status to APP
■ App support for several W2 alarm operation 
■ Read RFID card to disarm, can learn 20 cards.
■ Mobile APP set and remote control the host, with alarm push function, support IOS / Android operating system.
■ GPRS networking function, can be uploaded host state to network alarm management, also through the network alarm management client software, remotely host arm and disarm.
■ Can set CID number, compatible with international alarm networking protocol Contact ID
■ There are 99 zones,2 wired zones and 8 zone types optional in each zone; 
ON/OFF siren in each zone is available
■ Host can be used as a normal cellphone to call other phones directly 
■ To Set host through phone or SMS remotely.
■ 8 groups scheduling Arm/Disarm function, and date can be selected to avoid arm and disarm frequently manually to realize automatic control.
■ One-way alarm linkage wireless relay, and one-way wireless strobe siren
■ Control as much as 20 smart sockets through App, phone or SMS remotely, to realize appliances remote control.
■ Host dial phone number preset by user when alarms, and number never lost even power off
■ 10s automatic message recording with built-in artificial voice, so that user can know the alarm
place and zone when receive the alarm call remotely. 
■ Arm/Disarm, Monitor, Speaker, siren ON/OFF, relay ON/OFF, smart socket ON/OFF remotely.
■ Wireless study 1527 series accessories, and as much as 99 detectors and remote controls.
■ Integrate high precision clock chip so that time never lost even power failure. 
■ Display the latest 99 arm/disarm, alarm and card read records with unique black box function.
■ Low-voltage indication and anti-tamper of host and accessory 
■ Built-in rechargeable high capacity LI battery and supply power automatically when power supply failure
■ Caller ID display, power-off reminder.










 User manual is available here 

https://my.pcloud.com/publink/show?code=XZzKKp7ZLAuRIV2bpSmTO4zmwkq9pjSNOBU7





Monday, June 5, 2017

ဝမ္းခ်ဳပ္၍ေလၽွာျခင္း(ဝမ်းချုပ်၍လျှောခြင်း)

ဝမ္းခ်ဳပ္၍ေလၽွာျခင္း ( Zawgyi) 
"ဆရာမ၊ က်မသားေလး ဝမ္းအရည္နဲ႔ အခၽြဲ နည္းနည္း၊နည္းနည္း နဲ႔ တေန႔ ေလးငါးခါသြားေနတာ ၂ရက္ရွိၿပီ၊"
" အမရဲ့သားက ဝမ္းခ်ဳပ္လို႔ စမ်င္းခံၿပီး ဝမ္း အရည္သြားတာပါ"
"ရွင္... သားက ဝမ္းေလၽွာေနတာေလဆရာမ၊ ဝမ္းခ်ဳပ္တာ မဟုတ္ပါဘူး၊ ကေလးက ေလနဲ႔ဝမ္းနဲ႔ေတာင္ မကြဲေတာ့ဘူး ေဘာင္းဘီထဲထြက္ထြက္က်ေနတာ"
" လာ အမ၊ လက္ကို ကေလးဗိုက္ဘယ္ဘက္ေအာက္နားကိုစမ္းၾကည့္၊ ဘာစမ္းမိလဲ"
" အမေလး မာခဲခဲ အလုံးႀကီးပါလား၊ ကင္ဆာမ်ားလားဆရာမရယ္, ကယ္ပါဦး"

Overflow diarrhea (spurious diarrhea)
အခုေခတ္ ကေလးေတြက စားစရာေပါမ်ားၿပီး က်န္း မာေရး နဲ႔ မညီညြတ္တာ ကို စားၾကတာ မ်ားပါတယ္။
အမၽွင္မ်ားမ်ားပါတဲ့ အရြက္တို႔ အသီး အႏွံတို႔ အစားနည္းၿပီ ေရေသာက္လဲ နည္းလာၾကသလို ကိုယ္လက္လွူပ္ရွားမွု လည္းနည္းလာၿပီး ဖုန္းေတြဂိမ္းေတြနဲ႔အခ်ိန္ကုန္ၾကေတာ့ ဆီးေတြ ဝမ္းေတြကိုလဲ ေအာင့္ထားထိမ္းထားရာက ဝမ္းခ်ဳပ္တဲ့ အက်င့္ရလာၾကပါတယ္။
ဝမ္းသြားရင္လဲ ေသခ်ာကုန္စင္ေအာင္ မသြားဘဲ ဝမ္းက်န္တာေတြ ျဖစ္ၾကပါတယ္။
ရလာဒ္ကေတာ့ အထက္က အျဖစ္ အပ်က္လိုပါပဲ။
မစင္အိမ္ထဲမွာ ဝမ္းက်န္တဲ့ အခါ အူနံရံက ေရစုပ္ယူတာမို႔ ဝမ္းက မာၿပီး က်စ္လာပါတယ္။
 မစင္အိမ္ထဲ ဝမ္း ေရာက္လာရင္ ဝမ္းသြားခ်င္ စိတ္ေပၚလာေပမဲ့၊ ဝမ္းကို ထိမ္းထားေအာင့္ထားတာၾကာ၊ စမ်င္းကလဲ အၾကာႀကီး ရွိေနတာ့ အာ႐ုံ ေပ်ာက္သြားပါေတာ့တယ္။
အထြက္မွာ အမာခံပိတ္ေလေတာ့ အသစ္ အသစ္ ဝမ္းေတြက ထြက္လို႔မရေတာ့ပဲ ေနာက္မွာ လာပုံပါတယ္၊ ေနာက္ေတာ့ သူတို႔ပါ မာက်စ္လာပါတယ္။
ရက္နည္းနည္းၾကာေတာ့ ေနာက္ဝမ္း အရည္က အခၽြဲနဲ႔အတူ စမ်င္းေဘးကေန တိုးထြက္လာၿပီး အျပင္ကိုေရာက္လာပါတယ္။ 
စအိုဝႂကြက္သားက အဲ ဒီအရည္နဲ အခၽြဲနည္းနည္းခ်င္းထြက္တာကို မထိမ္းေတာ့ ဝမ္းက ထိမ္းမရပဲ ထြက္က်တာမ်ိဳး ျဖစ္တာပါ.
အဲဒါကို လူေတြက ဝမ္းပ်က္ ဝမ္းေလ်ာနဲ႔ မွားၿပီး ဝမ္းပိတ္ေဆး ေကၽြးေတာ့ အေျခအေနေတြ ပိုဆိုးကုန္ေတာ့တာပါ။
အဲလို စမ်င္းခံလို႔ ဝမ္းအရည္သြားတာက ၄ႏွစ္ အထက္ ကေလးေတြနဲ႔ လွုပ္ရွားမွုနည္းတဲ့ အသက္သိပ္ႀကီးသူေတြမွာ အျဖစ္မ်ားတယ္ဆိုပါတယ္။
ေသခ်ာေမးၾကည့္ရင္ အဲလို ဝမ္းအရည္ မသြားခင္ က ဝမ္းခ်ဳပ္တတ္တာ/ ဝမ္း ကုန္ေအာင္မသြားတာ ကို သိနိုင္သလို ဝမ္းဘိုက္ ဘယ္ဖက္ ေအာက္နားကို ေသခ်ာစမ္းရင္ ဝက္အူေခ်ာင္းလို မာမာအေတာင့္ (သို႔) က်စ္စာခဲလို အမာခဲ စမ္းမိနိုင္ပါတယ္။ 
သိပ္ဆိုးရင္ေတာ့ ဝမ္းဘိုက္ကန္႔လန္႔ အေတာင့္လိုက္ျဖစ္ေနတာကို စမ္းမိနိုင္ပါတယ္။
ဝမ္းခ်ဳပ္ခ်ိန္ ေလလည္ရင္ အနံ့ဆိုးပါတယ္။ အစာစားၿပီးစတို႔ အရည္ မ်ားမ်ား ေသာက္ၿပီး စတို႔ မွာ ေလထိုးသလို ေအာင့္တတ္ပါတယ္။ 
သူတို႔လိုတာကေတာ့ ဝမ္းပိတ္ေဆးမဟုတ္ဘဲ ဝမ္းခ်ဴေပးရမွာျဖစ္ပါတယ္။
တခါတေလေတာ့ လက္ေခ်ာင္းနဲ႔ ႏွိုက္ထုတ္ေပးဖို႔ထိ လိုတတ္ပါတယ္။
ဝမ္းႏွုတ္ေဆးစားရင္လဲ အဝက ပိတ္ေနလို႔ သိပ္မထိေရာက္ေတာ့ဘဲ ဘိုက္နာ ပ်ိဳ႕အန္တတ္ပါတယ္။ 
ဝမ္းကို ေပ်ာ့ေစတဲ့ Lactulose လိုေဆးမ်ိဳးကေတာ့ သိပ္မဆိုးခင္မွာ အသုံးတည့္ပါတယ္။
အေရးႀကီးတာကေတာ့ ေနာင္ကို ထပ္မျဖစ္ဖို႔ ေရမ်ားမ်ားေသာက္၊ အမၽွင္ပါတဲ့ အသီး အရြက္မ်ားမ်ားစား၊ ကိုယ္လက္လွုပ္ရွား မွန္မွန္လုပ္၊ ဝမ္းပုံ မွန္သြားတဲ့ အက်င့္လုပ္ေပးဖို႔ပဲ ျဖစ္ပါေၾကာင္းပါခင္ဗ်ား။


ဖိုးသုည
07/06/2017




ဝမ်းချုပ်၍လျှောခြင်း ( Unicode) 
"ဆရာမ၊ ကျမသားလေး ဝမ်းအရည်နဲ့ အချွဲ နည်းနည်း၊နည်းနည်း နဲ့ တနေ့ လေးငါးခါသွားနေတာ ၂ရက်ရှိပြီ၊"
" အမရဲ့သားက ဝမ်းချုပ်လို့ စမျင်းခံပြီး ဝမ်း အရည်သွားတာပါ"
"ရှင်... သားက ဝမ်းလျှောနေတာလေဆရာမ၊ ဝမ်းချုပ်တာ မဟုတ်ပါဘူး၊ ကလေးက လေနဲ့ဝမ်းနဲ့တောင် မကွဲတော့ဘူး ဘောင်းဘီထဲထွက်ထွက်ကျနေတာ"
" လာ အမ၊ လက်ကို ကလေးဗိုက်ဘယ်ဘက်အောက်နားကိုစမ်းကြည့်၊ ဘာစမ်းမိလဲ"
" အမလေး မာခဲခဲ အလုံးကြီးပါလား၊ ကင်ဆာများလားဆရာမရယ်, ကယ်ပါဦး"

Overflow diarrhea (spurious diarrhea)
အခုခေတ် ကလေးတွေက စားစရာပေါများပြီး ကျန်း မာရေး နဲ့ မညီညွတ်တာ ကို စားကြတာ များပါတယ်။
အမျှင်များများပါတဲ့ အရွက်တို့ အသီး အနှံတို့ အစားနည်းပြီ ရေသောက်လဲ နည်းလာကြသလို ကိုယ်လက်လှူပ်ရှားမှု လည်းနည်းလာပြီး ဖုန်းတွေဂိမ်းတွေနဲ့အချိန်ကုန်ကြတော့ ဆီးတွေ ဝမ်းတွေကိုလဲ အောင့်ထားထိမ်းထားရာက ဝမ်းချုပ်တဲ့ အကျင့်ရလာကြပါတယ်။
ဝမ်းသွားရင်လဲ သေချာကုန်စင်အောင် မသွားဘဲ ဝမ်းကျန်တာတွေ ဖြစ်ကြပါတယ်။
ရလာဒ်ကတော့ အထက်က အဖြစ် အပျက်လိုပါပဲ။
မစင်အိမ်ထဲမှာ ဝမ်းကျန်တဲ့ အခါ အူနံရံက ရေစုပ်ယူတာမို့ ဝမ်းက မာပြီး ကျစ်လာပါတယ်။
 မစင်အိမ်ထဲ ဝမ်း ရောက်လာရင် ဝမ်းသွားချင် စိတ်ပေါ်လာပေမဲ့၊ ဝမ်းကို ထိမ်းထားအောင့်ထားတာကြာ၊ စမျင်းကလဲ အကြာကြီး ရှိနေတာ့ အာရုံ ပျောက်သွားပါတော့တယ်။
အထွက်မှာ အမာခံပိတ်လေတော့ အသစ် အသစ် ဝမ်းတွေက ထွက်လို့မရတော့ပဲ နောက်မှာ လာပုံပါတယ်၊ နောက်တော့ သူတို့ပါ မာကျစ်လာပါတယ်။
ရက်နည်းနည်းကြာတော့ နောက်ဝမ်း အရည်က အချွဲနဲ့အတူ စမျင်းဘေးကနေ တိုးထွက်လာပြီး အပြင်ကိုရောက်လာပါတယ်။ 
စအိုဝကြွက်သားက အဲ ဒီအရည်နဲ အချွဲနည်းနည်းချင်းထွက်တာကို မထိမ်းတော့ ဝမ်းက ထိမ်းမရပဲ ထွက်ကျတာမျိုး ဖြစ်တာပါ.
အဲဒါကို လူတွေက ဝမ်းပျက် ဝမ်းလျောနဲ့ မှားပြီး ဝမ်းပိတ်ဆေး ကျွေးတော့ အခြေအနေတွေ ပိုဆိုးကုန်တော့တာပါ။
အဲလို စမျင်းခံလို့ ဝမ်းအရည်သွားတာက ၄နှစ် အထက် ကလေးတွေနဲ့ လှုပ်ရှားမှုနည်းတဲ့ အသက်သိပ်ကြီးသူတွေမှာ အဖြစ်များတယ်ဆိုပါတယ်။
သေချာမေးကြည့်ရင် အဲလို ဝမ်းအရည် မသွားခင် က ဝမ်းချုပ်တတ်တာ/ ဝမ်း ကုန်အောင်မသွားတာ ကို သိနိုင်သလို ဝမ်းဘိုက် ဘယ်ဖက် အောက်နားကို သေချာစမ်းရင် ဝက်အူချောင်းလို မာမာအတောင့် (သို့) ကျစ်စာခဲလို အမာခဲ စမ်းမိနိုင်ပါတယ်။ 
သိပ်ဆိုးရင်တော့ ဝမ်းဘိုက်ကန့်လန့် အတောင့်လိုက်ဖြစ်နေတာကို စမ်းမိနိုင်ပါတယ်။
ဝမ်းချုပ်ချိန် လေလည်ရင် အနံ့ဆိုးပါတယ်။ အစာစားပြီးစတို့ အရည် များများ သောက်ပြီး စတို့ မှာ လေထိုးသလို အောင့်တတ်ပါတယ်။ 
သူတို့လိုတာကတော့ ဝမ်းပိတ်ဆေးမဟုတ်ဘဲ ဝမ်းချူပေးရမှာဖြစ်ပါတယ်။
တခါတလေတော့ လက်ချောင်းနဲ့ နှိုက်ထုတ်ပေးဖို့ထိ လိုတတ်ပါတယ်။
ဝမ်းနှုတ်ဆေးစားရင်လဲ အဝက ပိတ်နေလို့ သိပ်မထိရောက်တော့ဘဲ ဘိုက်နာ ပျို့အန်တတ်ပါတယ်။ 
ဝမ်းကို ပျော့စေတဲ့ Lactulose လိုဆေးမျိုးကတော့ သိပ်မဆိုးခင်မှာ အသုံးတည့်ပါတယ်။
အရေးကြီးတာကတော့ နောင်ကို ထပ်မဖြစ်ဖို့ ရေများများသောက်၊ အမျှင်ပါတဲ့ အသီး အရွက်များများစား၊ ကိုယ်လက်လှုပ်ရှား မှန်မှန်လုပ်၊ ဝမ်းပုံ မှန်သွားတဲ့ အကျင့်လုပ်ပေးဖို့ပဲ ဖြစ်ပါကြောင်းပါခင်ဗျား။

ဖိုးသုည
07/06/2017






Sunday, June 4, 2017

ကူညီပါရေစ။(ကူညီပါရစေ)

ကူညီပါရေစ။ ( Zawgyi)
ရဲစခန္းေ႐ွ႕က ဆိုင္းဘုတ္ မဟုတ္ပါ။
အလြန္ ခ်စ္စရာေကာင္းတဲ့ ျမန္မာတို႔ရဲ႕ ဓေလ့တခုပါ။
တစံုတေယာက္ အကူအညီလိုလ်င္ မိမိ တတ္စြမ္းသေလာက္ ဝိုင္းဝန္းကူညီၾကပါတယ္။
မိမိတတ္က်ြမ္း နားလည္သေလာက္ အၾကံေပးၾကပါတယ္။
တခါတေလမွာေတာ့ မိမိတတ္က်ြမ္းတာထက္ပိုၿပီး အၾကံဥာဏ္မ်ား ေပးကာ ေစတနာထားရာက ေစတနာက ေဝဒနာ ျဖစ္တတ္တာေလးေတြကို နည္းနည္း ေျပာခ်င္တာပါ။
မေန႔က ဂ႐ုတခုမွာ ညီငယ္ တေယာက္က သူ႔ဖုန္း firmware update လုပ္ခ်င္လို႔ အကူညီေတာင္းတယ္။ ကူညီသူကလဲ Link အမွန္ကိုေပးတယ္။ ေပးသူေမ်ွာ္လင့္တာက ယူသူက သူ႔ဟာသူ လိုတာေရြးေဒါင္းမယ္ေပါ့။ ေတာင္းသူက ဘာမွမသိေတာ့ link ထဲက ေတြ့တဲ့ ဖိုင္ကိုဆြဲခ်ေတာ့ လြဲေနပါေလေရာ။ သူယူကမွာက ဒုတိယတန္းကဖိုင္ေလ။ ကူညီသူကလဲ သိေလာက္တယ္ထင္ၿပီး ေသခ်ာမေျပာတာ ေနမယ္။ ယူသူကလဲ ငါေတာင္းတာကို ေပးတာပဲဆိုၿပီး မေမးပဲတန္းဆြဲေတာ့ ဖိုင္က 1.38Gb. ေဘလ္ ဘယ္ေလာက္စားသြားတယ္မသိ။
ကူညီသူကေစတနာေပမဲ့ နားလည္မႈ နည္းနည္း လြဲေတာ့ ေဘလ္ကုန္တာနဲ႔ အခ်ိန္ဆံုးတာေပါ့။ အကယ္၍ ေပးကတည္းက link ထဲက ဘယ္ဖိုင္ကို ေဒါင္းၿပီး ဘာဆက္လုပ္လို႔ ေသေသခ်ာခ်ာ ေျပာနိုင္ရင္ အဲလို ျဖစ္မွာ မဟုတ္ပါ။
အဲဒါက တကယ္ျဖစ္တဲ့ ေဝဒနာ အမ်ားႀကီးထဲက ဥပမာတခုသာပါ။.
ကိုယ္သိတာ နည္းနညး္ကို ေသေသခ်ာခ်ာ နားမလည္ပဲ သူတပါးကို အၾကံေပးရာက လံုးဝလြဲေနတာေတြကိုလဲေတာ့ တပံုႀကီး ႐ွိေပမဲ့ ေရးမျပေတာ့ပါ။
အဓိကေရးခ်င္တာက ေဆးနည္းၫႊန္းတာကိုပါ။
ကိုယ္ ေရာဂါတခုခု ကို ေဆးနည္းတခုနဲ႔ ေပ်ာက္ရင္ သူတပါးကိုလဲ ရေစလိုတဲ့ ေစတနာနဲ႔ ၫႊန္းၾကတာ အလြန္ ေခတ္စားပါတယ္။.ေဖစ့္ဘြတ္ ေပၚေတာ့ ပိုဆိုးပါတယ္။
ျပသနာက ေရာဂါတခုကို ေဆးၫႊန္းရင္ (၁) ေရာဂါအေၾကာင္း (၂) ေဆးအေၾကာင္း (၃) လူနာ အေၾကာင္း သံုးမ်ိဳးလံုးသိဖို႔လိုတယ္ဆိုတာကို သတိမမူတာပါ။
ဘာေရာဂါ လကၡဏာဆို ဘာေဆးေပး လို႔ဆိုၿပီးကုလို႔ရရင္ ကြန္ျပဴတာေတြနဲ႔ေဆးကုရံုပါပဲ။ ပံုေသနည္းနဲ႔ ကုလို႔မရလို႔ သမားဆို အိုမွလို႔ ဆိုၾကတာပါ။
(၁) ေရာဂါလကၡဏာ တခုသိရံုနဲ႔ ေရာဂါအမည္တပ္လို႔ မေသခ်ာပါ။ ဥပမာ ေခါင္းကိုက္တာ အိပ္ေရးပ်က္လို႔၊ ဝမ္းခ်ဳပ္လို႔၊ စိတ္ညစ္လို႔ ဆိုတာကေန ဦးေႏွာက္ ေယာင္လို၊႔ ဦးေခါင္းထဲက ကင္ဆာ၊ ဦးေခါင္းထဲ ေသြးယိုစိမ့္လို႔ဆိုတဲ့ အထိ ျဖစ္နိုင္တာပါ။
လူုနာေရာဂါရာဇဝင္ကို ေသခ်ာေမးနိုင္မ၊ွ စမ္းနိုင္မွ တခါတေလ စက္ပစၥည္း နဲ႔ ဓာတ္ခြဲခန္းအကူပါမွ သိနိုင္တာပါ။
ေဆးဆိုရာမွာလဲ ေရာဂါေပၚလိုက္ၿပီး ကုရသလို႔ ေရာဂါခ်င္းတူတာေတာင္ ေဆးနည္းမတူတာေတြ႐ွိပါတယ္။ အေနာက္တိုင္းေဆး အေ႐ွ့တိုင္းေဆး အားလံုးအက်ိဳးနဲ႔ အျပစ္ဆိုတာ နည္းမ်ား မဆို႐ွိပါတယ္။ အဟာရျဖစ္ျဖစ္ သဘာဝ ျဖစ္ျဖစ္ ရာႏႈန္းျပည့္ လူတိုင္းနဲ႔ တည့္တယ္လို့ေတာ့မ႐ွိပါ။ ေျမပဲ တေစ့စားမိလို႔ေ႐ွာ့ခ္ ရတဲ့သူေတြ တပံုႀကီး႐ွိပါတယ္။ ၾကက္ဥပါတဲ့မုန္႔စားတာနဲ႔ ရင္ၾကပ္တဲ့သူလဲ႐ွိပါတယ္။ ဒီအျပင္ကိုယ့္ေဆးကို ဘယ္လို အခ်ိန္ အဆနဲ႔ေပးရမလဲ။ ဘယ္လိုျဖစ္ရင္ ရပ္ရမယ္ဆိုတာေတြသိရပါတယ္။
(၃) လူမွာလည္း ေရာဂါ တခုမက႐ွိေနတာ၊  အစားတို႔ေဆးတို႔နဲ႔ မတည့္တဲ့ အလာဂ်ီ႐ွိတာ၊ ေက်ာက္ကပ္မေကာင္းတာ။ အသည္းအားနည္းတာ စသည္တို႔႐ွိပါတယ္။ အသက္၊ က်ား၊ မ ေပၚလဲ တည္ပါတယ္။ မ်ိုးရိုးလိုက္တဲ႕ ခ်ိဳ႕ယြင္းခ်က္႐ွိသူေတြပဲတမ်ိဳးစားလို႔ ဒုကၡေရာက္တာလဲရွိပါတယ္။ တခ်ိဳ႕ ေဆးေတြြက ေယာက်ၤားအားက်ေစတာ ဓမၼတာရာသီကို ေျပာင္းလဲေစတာ႐ွိပါတယ္။ အဲဒီသူ တျခားဘာေဆးေတြ ဓာတ္စာေတြ စားေနလဲဆိုတာကိုလဲ ထည့္တြက္ရပါတယ္။
ဥပမာ ႏွလံုးအဆို႔႐ွင္ လဲထားလို႔၊ နွလံုးခုန္တာ မမွန္လို႔ နွလံုးထဲ ေသြးခဲပီး ေလမျဖတ္ေအာင္ Wafarin ေဆးေသာက္ေနသူကို vitamin k ပါတဲ့ ဓာတ္စာ၊ အထူးသျဖင့္ အသည္းနဲ့ အရြက္မ်ား၊၊ ရဲယိုသီးရည္ စသည္တိုကို မ်ားမ်ား စားသံုးခ်င္းျဖငင့္ ေဆးအာနိသင္က်ကာ နွလံုုးထဲမွာ  ေသြးခဲ ေသးေသးေလးျဖစ္ျပီး ဦးေနွာက္မွာ သြားပိတ္လို့  ေလျဖတ္သြားဖို႔ လံုေလာက္ပါတယ္။
အဲဒီေတာ့ လူတေယာက္ ေရာဂါတခု ျဖစ္လို႔ ကုရင္ အဲဒီလို သံုးမ်ိဳးလံုးသိေအာင္ ေလ့လာၿပီးကုသခ်င္းသည္သာ စနစ္တက် ကုတာျဖစ္ပါတယ္။
ငါ့တုန္းကဒီလိုျဖစ္တာ ဒီေဆးေပးလို႔ သူေတာ့ရလိမ့္မယ္လို႔ ပံုေသ ေျပာလို႔မရပါ။ ကိုယ္ ၫႊန္းတဲ့ေဆးနဲ႔ မတည့္လို႔ ဒုကၡေရာက္ႏိုင္သလို တျခား ေဆးေတြကို ျဖတ္ထားလို႔ ဒုကၡေရာက္တာလဲ႐ွိပါတယ္။
အခ်ဳပ္အားျဖင့္ေတာ့ မိမိိေသခ်ာ နားလည္ တတ္ကြၽမ္းတာ မဟုတ္ရင္ သူတပါးကို ေဆးနည္း လက္ကမ္းၫႊန္ျပတာဟာ ေစတနာကေန ေဝဒနာ ျဖစ္ႏုိင္ေၾကာင္းပါ။ ေဖ့ဘြတ္မွာ နားမလည္ပဲ လက္ဆင့္ကမ္းေနတဲ့ ေဆးနည္းေတြကို ယံုၾကည္စြာ သံုးတာဟာလဲ ကြမ္းယာဆိုင္က စပ္ေပးတဲ့ ေဆးကို သံုးသလိုပါပါပဲလို႔ သတိေပးပါရေစ။
ဖိုးသုည

04/06/2017



ကူညီပါရစေ ( Unicode)
ရဲစခန်းရှေ့က ဆိုင်းဘုတ် မဟုတ်ပါ။
အလွန် ချစ်စရာကောင်းတဲ့ မြန်မာတို့ရဲ့ ဓလေ့တခုပါ။
တစုံတယောက် အကူအညီလိုလျင် မိမိ တတ်စွမ်းသလောက် ဝိုင်းဝန်းကူညီကြပါတယ်။
မိမိတတ်ကျွမ်း နားလည်သလောက် အကြံပေးကြပါတယ်။
တခါတလေမှာတော့ မိမိတတ်ကျွမ်းတာထက်ပိုပြီး အကြံဉာဏ်များ ပေးကာ စေတနာထားရာက စေတနာက ဝေဒနာ ဖြစ်တတ်တာလေးတွေကို နည်းနည်း ပြောချင်တာပါ။
မနေ့က ဂရုတခုမှာ ညီငယ် တယောက်က သူ့ဖုန်း firmware update လုပ်ချင်လို့ အကူညီတောင်းတယ်။ ကူညီသူကလဲ Link အမှန်ကိုပေးတယ်။ ပေးသူမျှော်လင့်တာက ယူသူက သူ့ဟာသူ လိုတာရွေးဒေါင်းမယ်ပေါ့။ တောင်းသူက ဘာမှမသိတော့ link ထဲက တွေ့တဲ့ ဖိုင်ကိုဆွဲချတော့ လွဲနေပါလေရော။ သူယူကမှာက ဒုတိယတန်းကဖိုင်လေ။ ကူညီသူကလဲ သိလောက်တယ်ထင်ပြီး သေချာမပြောတာ နေမယ်။ ယူသူကလဲ ငါတောင်းတာကို ပေးတာပဲဆိုပြီး မမေးပဲတန်းဆွဲတော့ ဖိုင်က 1.38Gb. ဘေလ် ဘယ်လောက်စားသွားတယ်မသိ။
ကူညီသူကစေတနာပေမဲ့ နားလည်မှု နည်းနည်း လွဲတော့ ဘေလ်ကုန်တာနဲ့ အချိန်ဆုံးတာပေါ့။ အကယ်၍ ပေးကတည်းက link ထဲက ဘယ်ဖိုင်ကို ဒေါင်းပြီး ဘာဆက်လုပ်လို့ သေသေချာချာ ပြောနိုင်ရင် အဲလို ဖြစ်မှာ မဟုတ်ပါ။
အဲဒါက တကယ်ဖြစ်တဲ့ ဝေဒနာ အများကြီးထဲက ဥပမာတခုသာပါ။.
ကိုယ်သိတာ နည်းနညး်ကို သေသေချာချာ နားမလည်ပဲ သူတပါးကို အကြံပေးရာက လုံးဝလွဲနေတာတွေကိုလဲတော့ တပုံကြီး ရှိပေမဲ့ ရေးမပြတော့ပါ။
အဓိကရေးချင်တာက ဆေးနည်းညွှန်းတာကိုပါ။
ကိုယ် ရောဂါတခုခု ကို ဆေးနည်းတခုနဲ့ ပျောက်ရင် သူတပါးကိုလဲ ရစေလိုတဲ့ စေတနာနဲ့ ညွှန်းကြတာ အလွန် ခေတ်စားပါတယ်။.ဖေစ့်ဘွတ် ပေါ်တော့ ပိုဆိုးပါတယ်။
ပြသနာက ရောဂါတခုကို ဆေးညွှန်းရင် (၁) ရောဂါအကြောင်း (၂) ဆေးအကြောင်း (၃) လူနာ အကြောင်း သုံးမျိုးလုံးသိဖို့လိုတယ်ဆိုတာကို သတိမမူတာပါ။
ဘာရောဂါ လက္ခဏာဆို ဘာဆေးပေး လို့ဆိုပြီးကုလို့ရရင် ကွန်ပြူတာတွေနဲ့ဆေးကုရုံပါပဲ။ ပုံသေနည်းနဲ့ ကုလို့မရလို့ သမားဆို အိုမှလို့ ဆိုကြတာပါ။
(၁) ရောဂါလက္ခဏာ တခုသိရုံနဲ့ ရောဂါအမည်တပ်လို့ မသေချာပါ။ ဥပမာ ခေါင်းကိုက်တာ အိပ်ရေးပျက်လို့၊ ဝမ်းချုပ်လို့၊ စိတ်ညစ်လို့ ဆိုတာကနေ ဦးနှောက် ယောင်လို၊့ ဦးခေါင်းထဲက ကင်ဆာ၊ ဦးခေါင်းထဲ သွေးယိုစိမ့်လို့ဆိုတဲ့ အထိ ဖြစ်နိုင်တာပါ။
လူုနာရောဂါရာဇဝင်ကို သေချာမေးနိုင်မ၊ှ စမ်းနိုင်မှ တခါတလေ စက်ပစ္စည်း နဲ့ ဓာတ်ခွဲခန်းအကူပါမှ သိနိုင်တာပါ။
(၂) ဆေးဆိုရာမှာလဲ ရောဂါပေါ်လိုက်ပြီး ကုရသလို့ ရောဂါချင်းတူတာတောင် ဆေးနည်းမတူတာတွေရှိပါတယ်။ အနောက်တိုင်းဆေး အရှေ့တိုင်းဆေး အားလုံးအကျိုးနဲ့ အပြစ်ဆိုတာ နည်းများ မဆိုရှိပါတယ်။ အဟာရဖြစ်ဖြစ် သဘာဝ ဖြစ်ဖြစ် ရာနှုန်းပြည့် လူတိုင်းနဲ့ တည့်တယ်လို့တော့မရှိပါ။ မြေပဲ တစေ့စားမိလို့ရှော့ခ် ရတဲ့သူတွေ တပုံကြီးရှိပါတယ်။ ကြက်ဥပါတဲ့မုန့်စားတာနဲ့ ရင်ကြပ်တဲ့သူလဲရှိပါတယ်။ ဒီအပြင်ကိုယ့်ဆေးကို ဘယ်လို အချိန် အဆနဲ့ပေးရမလဲ။ ဘယ်လိုဖြစ်ရင် ရပ်ရမယ်ဆိုတာတွေသိရပါတယ်။
(၃) လူမှာလည်း ရောဂါ တခုမကရှိနေတာ၊ အစားတို့ဆေးတို့နဲ့ မတည့်တဲ့ အလာဂျီရှိတာ၊ ကျောက်ကပ်မကောင်းတာ။ အသည်းအားနည်းတာ စသည်တို့ရှိပါတယ်။ အသက်၊ ကျား၊ မ ပေါ်လဲ တည်ပါတယ်။ မျိုးရိုးလိုက်တဲ့ ချို့ယွင်းချက်ရှိသူတွေပဲတမျိုးစားလို့ ဒုက္ခရောက်တာလဲရှိပါတယ်။ တချို့ ဆေးတွွေက ယောကျင်္ားအားကျစေတာ ဓမ္မတာရာသီကို ပြောင်းလဲစေတာရှိပါတယ်။ 
အဲဒီသူ တခြားဘာဆေးတွေ ဓာတ်စာတွေ စားနေလဲဆိုတာကိုလဲ ထည့်တွက်ရပါတယ်။ 
ဥပမာ နှလုံးအဆို့ရှင် လဲထားလို့၊ နှလုံးခုန်တာ မမှန်လို့ နှလုံးထဲ သွေးခဲပီး လေမဖြတ်အောင် Wafarin ဆေးသောက်နေသူကို vitamin k ပါတဲ့ ဓာတ်စာ၊ အထူးသဖြင့် အသည်းနဲ့ အရွက်စိမ်းများ၊၊ ရဲယိုသီးရည် စသည်တိုကို များများ စားသုံးချင်းဖြငင့် ဆေးအာနိသင်ကျကာ နှလုုံးထဲမှာ သွေးခဲ သေးသေးလေးဖြစ်ပြီး ဦးနှောက်မှာ သွားပိတ်လို့ လေဖြတ်သွားဖို့ လုံလောက်ပါတယ်။
အဲဒီတော့ လူတယောက် ရောဂါတခု ဖြစ်လို့ ကုရင် အဲဒီလို သုံးမျိုးလုံးသိအောင် လေ့လာပြီးကုသချင်းသည်သာ စနစ်တကျ ကုတာဖြစ်ပါတယ်။
ငါ့တုန်းကဒီလိုဖြစ်တာ ဒီဆေးပေးလို့ သူတော့ရလိမ့်မယ်လို့ ပုံသေ ပြောလို့မရပါ။ ကိုယ် ညွှန်းတဲ့ဆေးနဲ့ မတည့်လို့ ဒုက္ခရောက်နိုင်သလို တခြား ဆေးတွေကို ဖြတ်ထားလို့ ဒုက္ခရောက်တာလဲရှိပါတယ်။
အချုပ်အားဖြင့်တော့ မိမိိသေချာ နားလည် တတ်ကျွမ်းတာ မဟုတ်ရင် သူတပါးကို ဆေးနည်း လက်ကမ်းညွှန်ပြတာဟာ စေတနာကနေ ဝေဒနာ ဖြစ်နိုင်ကြောင်းပါ။ ဖေ့ဘွတ်မှာ နားမလည်ပဲ လက်ဆင့်ကမ်းနေတဲ့ ဆေးနည်းတွေကို ယုံကြည်စွာ သုံးတာဟာလဲ ကွမ်းယာဆိုင်က စပ်ပေးတဲ့ ဆေးကို သုံးသလိုပါပါပဲလို့ သတိပေးပါရစေ။
အားလုံး စေတနာထား လုပ်တာလေးတွေ စေတနာ အကျိုး ရကြပါစေ။
ဖိုးသုည
04/06/2017

Friday, April 28, 2017

Miui Theme creator app ကို သုံးပြီး ကိုယ်ပိုင် Theme တခုကို ဖန်တီးပုံ (Miui Theme creator app ကို သုံးၿပီး ကိုယ္ပိုင္ Theme တခုကို ဖန္တီးပုံ)

ဝါသနာရှင် အပျော်ထမ်းသမားတွေအတွက် Miui Theme creator app ကို သုံးပြီး ကိုယ်ပိုင် Theme တခုကို ဖန်တီးပုံကလေးပြထားပါတယ်။

တခုတော့ ကြိုတင်ပြောထားပါရစေ၊ ကျွန်တော် အိုင်တီသမားတယောက်မဟုတ်ပါ။ ဝါသနာအရ စူးစမ်းပြီး လုပ်လို့ရတာကလေးတွေထဲက တခြားဝါသနာရှင်တွေအတွက် အသုံးတည့်မယ်ထင်တာကလေးတွေကို မျှဝေတာပါ။ မှားတာ အဆင်မပြေတာရှိလျင် ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။ အဆင် မပြေဖြစ်သွားလျင်လဲ ခွင့်လွှတ်ပေးကြပါ။ 
ဝါသနာရွင္ အေပ်ာ္ထမ္းသမားေတြအတြက္ Miui Theme creator app ကို သုံးၿပီး ကိုယ္ပိုင္ Theme တခုကို ဖန္တီးပုံကေလးျပထားပါတယ္။ 
တခုေတာ့ ႀကိဳတင္ေျပာထားပါရေစ၊ ကၽြန္ေတာ္ အိုင္တီသမားတေယာက္မဟုတ္ပါ။ ဝါသနာအရ စူးစမ္းၿပီး လုပ္လို႔ရတာကေလးေတြထဲက တျခားဝါသနာရွင္ေတြအတြက္ အသုံးတည့္မယ္ထင္တာကေလးေတြကို မၽွေဝတာပါ။ မွားတာ အဆင္မေျပတာရွိလ်င္ ပြင့္ပြင့္လင္းလင္း ေျပာနိုင္ပါတယ္။ အဆင္ မေျပျဖစ္သြားလ်င္လဲ ခြင့္လႊတ္ေပးၾကပါ။ 

ပထမဆုံးလိုအပ်တာတွေကတော့ (ပထမဆုံးလိုအပ္တာေတြကေတာ့)
၁. ဒီဇိုင်းနာ အကောင့် ရထားပြီးသား MI account ဝင်ထားတဲ့ ရှောင်မီဖုန်း  
(ပထမပုံက လျှောက်လွှာတင်ပြီးကြောင်း အတည်ပြုတာပါ၊ အကောင့် မရသေးပါ။ မိမိ email ကို အောက်ကဒုတိယ ပုံပါအတိုင်း တရုပ်စာနဲ့ email လက်ခံရရှိပြီးမှ  ဒီဇိုင်းနာ အကောင့် အတည်ဖြစ်ပါတယ်။ )
၁. ဒီဇိုင္းနာ အေကာင့္ ရထားၿပီးသား MI account ဝင္ထားတဲ့ ေရွာင္မီဖုန္း
(ပထမပုံက ေလၽွာက္လႊာတင္ၿပီးေၾကာင္း အတည္ျပဳတာပါ၊ အေကာင့္ မရေသးပါ။ မိမိ email ကို ေအာက္ကဒုတိယ ပုံပါအတိုင္း တ႐ုပ္စာနဲ႔ email လက္ခံရရွိၿပီးမွ  ဒီဇိုင္းနာ အေကာင့္ အတည္ျဖစ္ပါတယ္။ )


၂. MIUI Theme creator app ( Play store ကနေဒေါင်းပါ) https://goo.gl/8i5ROO 
၂. MIUI Theme creator app ( Play store ကေနေဒါင္းပါ) https://goo.gl/8i5ROO 
၃. အင်တာနက်  (၃. အင္တာနက္)
၄. ကိုယ်သုံးချင်တဲ့ Font,  wallpaper, lockscreen, notification panel background, 
၄. ကိုယ္သုံးခ်င္တဲ့ Font,  wallpaper, lockscreen, notification panel background, 


ပြုလုပ်ပုံ 
၁. MIUI Theme creator app ကိုဖွင့်ပါ။ သူတောင်းတဲ့ File access ကို allow လုပ်ပေးပါ။ သူက ဖုန်းရဲ့ setting ကို ဖတ်ပြီး လိုအပ်တဲ့ Theme အခြေခံအချက်အလက်တွေကို ဒေါင်းလုပ်လုပ်ပါမယ်။ ပြီးအောင် စောင့်ပေးပါ။ ဒီဇိုင်နာအကောင့်ရှိတယ်ဆိုတာကို ရွေးပေးပြီးရင်တော့ Theme project  အသစ်လုပ်ဖို့ အပေါင်းပုံခလုပ်ကို နှိပ်ပေးပါ။  
ျပဳလုပ္ပုံ
၁. MIUI Theme creator app ကိုဖြင့္ပါ။ သူေတာင္းတဲ့ File access ကို allow လုပ္ေပးပါ။ သူက ဖုန္းရဲ့ setting ကို ဖတ္ၿပီး လိုအပ္တဲ့ Theme အေျခခံအခ်က္အလက္ေတြကို ေဒါင္းလုပ္လုပ္ပါမယ္။ ၿပီးေအာင္ ေစာင့္ေပးပါ။ ဒီဇိုင္နာအေကာင့္ရွိတယ္ဆိုတာကို ေရြးေပးၿပီးရင္ေတာ့ Theme project  အသစ္လုပ္ဖို႔ အေပါင္းပုံခလုပ္ကို ႏွိပ္ေပးပါ။  




၂. Theme နာမည်ရေးပေးပြီး Done ကို နှိပ်ပါ။  Theme Project ကို ရက်စွဲနဲ့တကွပြပါတယ်။  Theme Project ကို စတင်ဖို့ Project နာမည်ကို နှိပ်ပါ။ 
၂. Theme နာမည္ေရးေပးၿပီး Done ကို ႏွိပ္ပါ။  Theme Project ကို ရက္စြဲနဲ႔တကြျပပါတယ္။  Theme Project ကို စတင္ဖို႔ Project နာမည္ကို ႏွိပ္ပါ။ 

၃. ပထမဆုံးလုပ်ရမှာကတော့ Theme ကို Description လေးတွေဖြည့်ပေးဖို့ပါ
၄. Theme ခေါင်းစဉ်၊ ရေးသားသူ၊ ဒီဇိုင်းလုပ်သူ၊ ဗားရှင်းနံပတ်တို့ကို ဖြည့်ပေးပါ။ ပြီးလျင် Done လုပ်ပေးပါ။ 
၅. ပြီးရင်တော့  Fonts ပြောင်းပါမယ်။ ယာဘက်ဘေးက မျှားကို နှိပ်ပြီး သူပေးထားတဲ့ Fonts တွေထဲက ကိုယ်ကြိုက်တာကို ရွေးလို့ရသလို၊ မိမိ စိတ်ကြိုက်  .ttf font file ကို ဖုန်းထဲမှာ သိမ်းထားပြီး လျင်လည်း  ရွေးလို့ရပါတယ်။ Font ဖိုင်ရှိတဲ့နေရာကိုသွားပြီး ရွေးပေးပါ ပြီးလျင် OK  လုပ်ပေးပါ။ 
၃. ပထမဆုံးလုပ္ရမွာကေတာ့ Theme ကို Description ေလးေတြျဖည့္ေပးဖို႔ပါ
၄. Theme ေခါင္းစဥ္၊ ေရးသားသူ၊ ဒီဇိုင္းလုပ္သူ၊ ဗားရွင္းနံပတ္တို႔ကို ျဖည့္ေပးပါ။ ၿပီးလ်င္ Done လုပ္ေပးပါ။ 
၅. ၿပီးရင္ေတာ့  Fonts ေျပာင္းပါမယ္။ ယာဘက္ေဘးက မၽွားကို ႏွိပ္ၿပီး သူေပးထားတဲ့ Fonts ေတြထဲက ကိုယ္ႀကိဳက္တာကို ေရြးလို႔ရသလို၊ မိမိ စိတ္ႀကိဳက္  .ttf font file ကို ဖုန္းထဲမွာ သိမ္းထားၿပီး လ်င္လည္း  ေရြးလို႔ရပါတယ္။ Font ဖိုင္ရွိတဲ့ေနရာကိုသြားၿပီး ေရြးေပးပါ ၿပီးလ်င္ OK  လုပ္ေပးပါ။ 



၆. အခုလုပ်မှာက တော့ Icons ကလေးတွေပါ။ ပမထ Apps Icons ကို နှိပ်ပါ။ ပြီးလျင် Edit icon mask ကို ရွေးပါ။ Icon mask ဆို တာ မူလက စတုရန်းပုံ Icons ကလေးတွေကို ကိုယ် ပေါ်စေချင်တဲ့ ပုံပေါ်အောင် မျက်နှာဖုံးတပ်ပေးတာပါ , Apps icons mask နဲ့  Folder icons mask ဆိုပြီး ၂မျိုး ရှိပါတယ်။ Apps icons mask ကတော့ Applications တွေရဲ့  icon ပုံကို ရွေးတာပါ ။ Folder icons mask ကတော့ Apps တွေကို တူရာစုထည့်ထားတဲ့ Folders ရဲ့ ပုံကိုရွေးပေးတာပါ။ အားလုံးရွေးပြီး လျင် Done ကိုနှိပ်ပါ။

၆. အခုလုပ္မွာက ေတာ့ Icons ကေလးေတြပါ။ ပမထ Apps Icons ကို ႏွိပ္ပါ။ ၿပီးလ်င္ Edit icon mask ကို ေရြးပါ။ Icon mask ဆို တာ မူလက စတုရန္းပုံ Icons ကေလးေတြကို ကိုယ္ ေပၚေစခ်င္တဲ့ ပုံေပၚေအာင္ မ်က္ႏွာဖုံးတပ္ေပးတာပါ , Apps icons mask နဲ႔  Folder icons mask ဆိုၿပီး ၂မ်ိဳး ရွိပါတယ္။ Apps icons mask ကေတာ့ Applications ေတြရဲ့  icon ပုံကို ေရြးတာပါ ။ Folder icons mask ကေတာ့ Apps ေတြကို တူရာစုထည့္ထားတဲ့ Folders ရဲ့ ပုံကိုေရြးေပးတာပါ။ အားလုံးေရြးၿပီး လ်င္ Done ကိုႏွိပ္ပါ။



၇. မိမိစိတ်ကြိုက် Icon pack အဆင်သင့်ရှိရင် Import Whole Icon pack ကနေ ရွေးပေးလို့ရပါတယ်။ Extra ဆိုတာကတော့ icon ကလေးတွေရဲ့ အရွယ်ကို ရွေးဖို့နဲ့  ( 64 -70 dp လောက်က အတော်ပါပဲ။ Icon mask design ပေါ်တည်ပြီး လိုသလိုရွေးပေးပါ)။ )  icon တွေ အောက်မှာရှိတဲ့စာ icon text ရဲ့ အရောင်ကို ရွေးဖို့ပါ။ အရောင်ကိုတော့  Edit ကို နှိပ်ပြီး ရွေးပါ။ အရောင်ကို ရွေးရန် ရောင်စုံစက်ဝိုင်းအတွင်းရှိ အနက်ရောင်စက်ဝိုင်းငယ်ကို လိုသလိုရွှေးပြီး၊ အရောင် အနုအရင့်ကို ပြောင်းရန် အပြင်က အရောင်စက်ဝိုင်း ခြမ်းပေါ်က မျှားကို သုံးပါ။ ပြီးလျင် OK  လုပ်ပေးပါ။ အားလုံးရွေးပြီး လျင် Done ကိုနှိပ်ပါ။  ပြီးလျင် Main Menu ကို ပြန်သွားရန်  Back ကို နှိပ်ပေးပါ။
၇. မိမိစိတ္ႀကိဳက္ Icon pack အဆင္သင့္ရွိရင္ Import Whole Icon pack ကေန ေရြးေပးလို႔ရပါတယ္။ Extra ဆိုတာကေတာ့ icon ကေလးေတြရဲ့ အရြယ္ကို ေရြးဖို႔နဲ႔  ( 64 -70 dp ေလာက္က အေတာ္ပါပဲ။ Icon mask design ေပၚတည္ၿပီး လိုသလိုေရြးေပးပါ)။ )  icon ေတြ ေအာက္မွာရွိတဲ့စာ icon text ရဲ့ အေရာင္ကို ေရြးဖို႔ပါ။ အေရာင္ကိုေတာ့  Edit ကို ႏွိပ္ၿပီး ေရြးပါ။ အေရာင္ကို ေရြးရန္ ေရာင္စုံစက္ဝိုင္းအတြင္းရွိ အနက္ေရာင္စက္ဝိုင္းငယ္ကို လိုသလိုေရႊးၿပီး၊ အေရာင္ အႏုအရင့္ကို ေျပာင္းရန္ အျပင္က အေရာင္စက္ဝိုင္း ျခမ္းေပၚက မၽွားကို သုံးပါ။ ၿပီးလ်င္ OK  လုပ္ေပးပါ။ အားလုံးေရြးၿပီး လ်င္ Done ကိုႏွိပ္ပါ။  ၿပီးလ်င္ Main Menu ကို ျပန္သြားရန္  Back ကို ႏွိပ္ေပးပါ။



၈. Status Barပေါ်က Battery, Signal နဲ့ Wi-Fi icon သုံးခုကို ပြောင်းဖို့ Status Bar ခလုပ်ကို နှိပ်ပါ။ . Stock ဆိုတာကတော့ မူလကပါတဲ့  icon ပုံပါ။ စိတ်ကြိုက် ပုံကလေးတွေရွေးရန် Stock ဆိုတဲ့ နေရာကို နှိပ်ပြီး ပေါ်လာတဲ့ ထဲက ကြိုက်တာကို ရွေးပေးပါ။   
၈. Status Barေပၚက Battery, Signal နဲ႔ Wi-Fi icon သုံးခုကို ေျပာင္းဖို႔ Status Bar ခလုပ္ကို ႏွိပ္ပါ။ . Stock ဆိုတာကေတာ့ မူလကပါတဲ့  icon ပုံပါ။ စိတ္ႀကိဳက္ ပုံကေလးေတြေရြးရန္ Stock ဆိုတဲ့ ေနရာကို ႏွိပ္ၿပီး ေပၚလာတဲ့ ထဲက ႀကိဳက္တာကို ေရြးေပးပါ။   



၉. ဒီတခါ အလှည့်ကျတာကတော့ Notification Panel ပါ။ Notification Panel မှာ ပြောင်းလို့ရတာတွေကတော့ Notification Panel Background ၊ Shortcuts Panel Icons နဲ့ Edit Colors တွေပါ။ 
က. Notification Panel Background ဆိုတာကတော့ နိုတီဘားကို ဆွဲချလိုက်ရင် မြင်ရတဲ့ မြင်ကွင်းနောက်ခံပါ။  အမြင့် Resolution အနည်းဆုံး 720 p လောက်ရှိမှပုံက ကြည်လင်ပြတ်သားပါမယ်။ သိပ်သေးရင် ဆွဲဆန့်လိုက်တော့ မှုန်ဝါးသွားပါတယ်။ ကိုယ်သိမ်းထားတဲ့ ပုံကိုရွေးဖို့  ကို Browse နှိပ်ပြီး သိမ်းထားတဲ့ ဖိုင်နေရာကိုသွားပါ။ ကိုယ်လိုတဲ့ ပုံကိုရွေးပေးပြီး ADD ကို နှိပ်ပါ။ ပုံအောက်ဘယ်ဖက်က Crop sign ကိုရွေားထားရင် ပုံပေါ်ကို လက် ၂ချောင်းနဲ့ ထောက်ပြီး ခြုံ့လို့ချဲ့လို့ရပါတယ်။ ပုံအောက် ယာဘက်က Rotate sign ကိုရွေးထားရင်တော့ ပုံပေါ်လက် ၂ချောင်းထောက်ပြီး ကြိုက်သလို လှည့်လို့ရပါတယ်။ စိတ်ကြိုက် အနေအထားရရင် ယာအပေါ်က အမှန်ခြစ်ကို နှိပ်ပါ။ အားလုံးပြီး လျင် Done ကိုနှိပ်ပါ။  
၉. ဒီတခါ အလွည့္က်တာကေတာ့ Notification Panel ပါ။ Notification Panel မွာ ေျပာင္းလို႔ရတာေတြကေတာ့ Notification Panel Background ၊ Shortcuts Panel Icons နဲ႔ Edit Colors ေတြပါ။ 
က. Notification Panel Background ဆိုတာကေတာ့ နိုတီဘားကို ဆြဲခ်လိုက္ရင္ ျမင္ရတဲ့ ျမင္ကြင္းေနာက္ခံပါ။  အျမင့္ Resolution အနည္းဆုံး 720 p ေလာက္ရွိမွပုံက ၾကည္လင္ျပတ္သားပါမယ္။ သိပ္ေသးရင္ ဆြဲဆန္႔လိုက္ေတာ့ မွုန္ဝါးသြားပါတယ္။ ကိုယ္သိမ္းထားတဲ့ ပုံကိုေရြးဖို႔  ကို Browse ႏွိပ္ၿပီး သိမ္းထားတဲ့ ဖိုင္ေနရာကိုသြားပါ။ ကိုယ္လိုတဲ့ ပုံကိုေရြးေပးၿပီး ADD ကို ႏွိပ္ပါ။ ပုံေအာက္ဘယ္ဖက္က Crop sign ကိုေရြားထားရင္ ပုံေပၚကို လက္ ၂ေခ်ာင္းနဲ႔ ေထာက္ၿပီး ျခဳံ႕လို႔ခ်ဲ႕လို႔ရပါတယ္။ ပုံေအာက္ ယာဘက္က Rotate sign ကိုေရြးထားရင္ေတာ့ ပုံေပၚလက္ ၂ေခ်ာင္းေထာက္ၿပီး ႀကိဳက္သလို လွည့္လို႔ရပါတယ္။ စိတ္ႀကိဳက္ အေနအထားရရင္ ယာအေပၚက အမွန္ျခစ္ကို ႏွိပ္ပါ။ အားလုံးၿပီး လ်င္ Done ကိုႏွိပ္ပါ။  



ခ. Shortcuts Panel Icons ဆိုတာကတော့ နိုတီဘားကို ဆွဲချလိုက်ရင် မြင်ရတဲ့ Shortcuts Icons တွေပါ။ Stock ဆိုတာကတော့ မူလကပါတဲ့  icon ပုံပါ။ စိတ်ကြိုက် ပုံကလေးတွေရွေးရန် Stock ဆိုတဲ့ နေရာကို နှိပ်ပြီး ပေါ်လာတဲ့ ထဲက ကြိုက်တာကို ရွေးပေးပါ။ ပြီးလျင်ဆိုင်ရာ icon ကို  On နဲ့ Off  အချိန်တွေမှာ ပေါ်စေချင်တဲ့ အရောင်ကို  ပေးထားတဲ့ ဆိုင်ရာ အရောင်ဘေးက Edit ကို နှိပ်ပြီး ရွေးပါ။
ခ.  Shortcuts Panel Icons ဆိုတာကေတာ့ နိုတီဘားကို ဆြဲခ်လိုက္ရင္ ျမင္ရတဲ့ Shortcuts Icons ေတြပါ။ Stock ဆိုတာကေတာ့ မူလကပါတဲ့  icon ပုံပါ။ စိတ္ႀကိဳက္ ပုံကေလးေတြေရြးရန္ Stock ဆိုတဲ့ ေနရာကို ႏွိပ္ၿပီး ေပၚလာတဲ့ ထဲက ႀကိဳက္တာကို ေရြးေပးပါ။ ၿပီးလ်င္ဆိုင္ရာ icon ကို  On နဲ႔ Off  အခ်ိန္ေတြမွာ ေပၚေစခ်င္တဲ့ အေရာင္ကို  ေပးထားတဲ့ ဆိုင္ရာ အေရာင္ေဘးက Edit ကို ႏွိပ္ၿပီး ေရြးပါ။


ဂ, Edit Colors ဆိုတာကတော့ နိုတီဘားကို ဆွဲချလိုက်ရင် မြင်ရတဲ့ Notification တွေရဲ့  ခေါင်းစဉ်၊ အကြောင်းအရာ၊ အချိန်၊ အချက် အလက် စတာတွေကိုပြတဲ့ စာတန်းတွေရဲ့ အရောင်၊ Toggle icons တွေ အောက်မှာ အဖွင့် အပိတ်မှာ ပြတဲ့ စာတွေရဲ့ အရောင်နဲ့၊ နိုတီ လုပ်လာရင် ပြတဲ့ နိုတီ မက်ဆေ့ဘောက်ရဲ့ နောက်ခံအရောင်တွေပါ။ တခုချင်း ကြိုက်ရာအရောင်ကို ရွေးလို့ရပါတယ်။ 
ဂ, Edit Colors ဆိုတာကေတာ့ နိုတီဘားကို ဆြဲခ်လိုက္ရင္ ျမင္ရတဲ့ Notification ေတြရဲ့  ေခါင္းစဥ္၊ အေၾကာင္းအရာ၊ အခ်ိန္၊ အခ်က္ အလက္ စတာေတြကိုျပတဲ့ စာတန္းေတြရဲ့ အေရာင္၊ Toggle icons ေတြ ေအာက္မွာ အဖြင့္ အပိတ္မွာ ျပတဲ့ စာေတြရဲ့ အေရာင္နဲ႔၊ နိုတီ လုပ္လာရင္ ျပတဲ့ နိုတီ မက္ေဆ့ေဘာက္ရဲ့ ေနာက္ခံအေရာင္ေတြပါ၊ တခုခ်င္းၾကိုက္ရာ အေရာင္ကိုေရြးလို့ရပါတယ္။

၁၀. Wall paper နဲ့  lock screen တွေက တော့ အများသိကြပါတယ်၊ Recent Background ကတော့  Menu button ကို ထိလိုက်ရင် ပြတဲ့ recent apps  တါေ ပါ်တဲ့ နောက်ခံပုံပါ။ အဲ ဒါတွေကိုရွေးတာက Notification Panel Background တာနဲ့ လုပ်ပုံချင်းတူပါတယ်။ 
၁၀. Wall paper နဲ႔  lock screen ေတြက ေတာ့ အမ်ားသိၾကပါတယ္၊ Recent Background ကေတာ့  Menu button ကို ထိလိုက္ရင္ ျပတဲ့ recent apps  တါေ ပၚတဲ့ ေနာက္ခံပုံပါ။ အဲ ဒါေတြကိုေရြးတာက Notification Panel Background တာနဲ႔ လုပ္ပုံခ်င္းတူပါတယ္။ 


၁၁. Preview ဆိုတာကတော့ ကိုယ့်ရဲ့ Theme ကို သူများက တွေ့လျင် သူကို့ ဖုန်းမှာ ကိုယ့်ရဲ့  theme  ပြောင်းထည့်လိုက်လျင် ဘယ်လိုမြင်ရမယ်ဆိုတာကို မှန်းဆလို့ရအောင် နမူနာ screen shots တွေကို တင်ပေးတာပါ။ 
၁၁. Preview ဆိုတာကေတာ့ ကိုယ့္ရဲ့ Theme ကို သူမ်ားက ေတြ႕လ်င္ သူကို႔ ဖုန္းမွာ ကိုယ့္ရဲ့  theme  ေျပာင္းထည့္လိုက္လ်င္ ဘယ္လိုျမင္ရမယ္ဆိုတာကို မွန္းဆလို႔ရေအာင္ နမူနာ screen shots ေတြကို တင္ေပးတာပါ။ 


၁၂.  အခုအဆင့်ထိမှာ Preview အတွက် screen shots တွေမရှိသေးလို့ Next ကို နှိပ်ပြီး Theme file ကို အရင်လုပ်ပါမယ်။ အနောက်ဆုံး အဆင့်မှာ Theme နာမယ်၊ Theme file သိမ်းမဲ့ နေရာတွေကို အတည်ပြုပေးရပါတယ်။ နာမယ်အသစ်နဲ့ သိမ်းချင်ရင်လဲရပါတယ်။ ဘာမှ မပြောင်းလျင်တော့ Theme  ဖိုင်ကို Internal storage\ MIUI\ Theme ဆိုတဲ့ folder ထဲမှာ သိမ်းပါတယ်၊  Theme Project ကို အပြောင်းအလွဲလုပ်လဲ (ဥပမာ Preview ပုံတွေထပ်ဖြည့်ပြီးလျင်) ပြီးသွားလျင် Theme ကို update လုပ်ပြီး အရင်ဖိုင်နာမယ်နဲ့ပဲ  သိမ်းပေးပါတယ်. ကိုယ်က Theme အသစ်နဲ့ အဟောင်းကို ခွဲသိမ်းချင်လျင်တော့ ဖိုင် နာမည် အသစ်နဲ့ ဖြစ်စေ နေရာလွှဲပြီး ဖြစ်စေသိမ်းပေးပါ၊
၁၂.  အခုအဆင့္ထိမွာ Preview အတြက္ screen shots ေတြမရွိေသးလို႔ Next ကို ႏွိပ္ၿပီး Theme file ကို အရင္လုပ္ပါမယ္။ အေနာက္ဆုံး အဆင့္မွာ Theme နာမယ္၊ Theme file သိမ္းမဲ့ ေနရာေတြကို အတည္ျပဳေပးရပါတယ္။ နာမယ္အသစ္နဲ႔ သိမ္းခ်င္ရင္လဲရပါတယ္။ ဘာမွ မေျပာင္းလ်င္ေတာ့ Theme  ဖိုင္ကို Internal storage\ MIUI\ Theme ဆိုတဲ့ folder ထဲမွာ သိမ္းပါတယ္၊  Theme Project ကို အေျပာင္းအလြဲလုပ္လဲ (ဥပမာ Preview ပုံေတြထပ္ျဖည့္ၿပီးလ်င္) ၿပီးသြားလ်င္ Theme ကို update လုပ္ၿပီး အရင္ဖိုင္နာမယ္နဲ႔ပဲ  သိမ္းေပးပါတယ္. ကိုယ္က Theme အသစ္နဲ႔ အေဟာင္းကို ခြဲသိမ္းခ်င္လ်င္ေတာ့ ဖိုင္ နာမည္ အသစ္နဲ႔ ျဖစ္ေစ ေနရာလႊဲၿပီး ျဖစ္ေစသိမ္းေပးပါ၊


၁၃။ Theme ဖိုင်ရပြီး တဲ့ အခါမှာတော့ ဖုန်းထဲကို အဲဒီ Theme ကို apply လုပ်ပါမယ်။ Theme app ကို ဖွင့်ပြီး Offline ကို ရွေးပါ၊ ပြီးလျင် import ကို ရွေးပြီး theme file ကိုသိမ်းထားတဲ့ folder ထဲက theme file ရွေးပေးပါ OK ကို နှိပ်ပါ။ ပြီးလျင် မိမိရဲ့ Theme ကို offline theme list ထဲမှာ preview ပုံမပါဘဲ တွေ့ပါလိမ့်မယ်။ အဲဒီ Theme file ကို ရွေးပြီး apply ကို နှိပ်ပါ။ reboot လုပ်မလား note now လားလို့ ရွေးခိုင်းပါမယ်။  system ကို အပြောင်းအလွဲ လုပ်စရာတွေ ပါလျင် (ဥပမာ Font ဖိုင်) reboot ကို ရွေးပါ။ system ကို အပြောင်းအလွဲ လုပ်စရာတွေ မပါလျင်တော့ Reboot နဲ့ not now ရွေးစရာမလိုပဲ သူ့ဟာသူ apply လုပ်သွားပါတယ်။ 
၁၃။ Theme ဖိုင္ရၿပီး တဲ့ အခါမွာေတာ့ ဖုန္းထဲကို အဲဒီ Theme ကို apply လုပ္ပါမယ္။ Theme app ကို ဖြင့္ၿပီး Offline ကို ေရြးပါ၊ ၿပီးလ်င္ import ကို ေရြးၿပီး theme file ကိုသိမ္းထားတဲ့ folder ထဲက theme file ေရြးေပးပါ OK ကို ႏွိပ္ပါ။ ၿပီးလ်င္ မိမိရဲ့ Theme ကို offline theme list ထဲမွာ preview ပုံမပါဘဲ ေတြ႕ပါလိမ့္မယ္။ အဲဒီ Theme file ကို ေရြးၿပီး apply ကို ႏွိပ္ပါ။ reboot လုပ္မလား note now လားလို႔ ေရြးခိုင္းပါမယ္။  system ကို အေျပာင္းအလြဲ လုပ္စရာေတြ ပါလ်င္ (ဥပမာ Font ဖိုင္) reboot ကို ေရြးပါ။ system ကို အေျပာင္းအလြဲ လုပ္စရာေတြ မပါလ်င္ေတာ့ Reboot နဲ႔ not now ေရြးစရာမလိုပဲ သူ႔ဟာသူ apply လုပ္သြားပါတယ္။ 




၁၄။ ပြီး လျင်တော့ ကိုယ့် Theme အဆင်ပြေမပြေ စမ်းပါ။ အဆင်မပြေလို့ ပြောင်းချင်တာရှိလျင် MIUI theme creator ကို ပြန်ဖွင့်၊ Theme project ကို ဖွင့်ပြီး လိုတာပြန်ပြင်ပါ။ ပြီး လျင် အဆင့် ၁၂ နဲ့ ၁၃ အတိုင်းပြန်လုပ်ပါ။ 
၁၅, အားလုံး အဆင်ပြေလျင် လိုအပ်တဲ့  screenshots တွေကို ရိုက်ပြီး  MIUI theme creator ထဲက  Theme project ကို ပြန်ဖွင့်၊ preview  မှာ ဆိုင်ရာ  screenshots တွေကို ဖြည့်ပေးပြီး  theme file ကို update ပြန်လုပ်ပါ။ ဒါပြီး လျင်တော့ import  လုပ်လျင် Theme ကို  cover preview ရဲ့ ပုံနဲ့ မြင်ရပါမယ်။ preview တွေကိုလဲကြည့်လို့ရပါပြီ။   
၁၄။ ၿပီး လ်င္ေတာ့ ကိုယ့္ Theme အဆင္ေျပမေၿပ စမ္းပါ။ အဆင္မေျပလို႔ ေျပာင္းခ်င္တာရွိလ်င္ MIUI theme creator ကို ျပန္ဖြင့္၊ Theme project ကို ဖြင့္ၿပီး လိုတာျပန္ျပင္ပါ။ ၿပီး လ်င္ အဆင့္ ၁၂ နဲ႔ ၁၃ အတိုင္းျပန္လုပ္ပါ။ 
၁၅, အားလုံး အဆင္ေျပလ်င္ လိုအပ္တဲ့  screenshots ေတြကို ရိုက္ၿပီး  MIUI theme creator ထဲက  Theme project ကို ျပန္ဖြင့္၊ preview  မွာ ဆိုင္ရာ  screenshots ေတြကို ျဖည့္ေပးၿပီး  theme file ကို update ျပန္လုပ္ပါ။ ဒါၿပီး လ်င္ေတာ့ import  လုပ္လ်င္ Theme ကို  cover preview ရဲ့ ပုံနဲ႔ ျမင္ရပါမယ္။ preview ေတြကိုလဲၾကည့္လို႔ရပါၿပီ။   




၁၆. စိတ်တိုင်းကျပြီဆိုလျင် ကိုယ့်ရဲ့ theme ကို Theme store မှာရှဲချင်လျင်တော့ Flash player ရတဲ့ web browser တခုခု (ဥပမာ Puffin browser) ကနေ http://designer.xiaomi.com/  ကိုသွား Mi account နဲ့ ဝင် Theme ကို upload လုပ်ပေးပါ။ ကိုယ့်မှာ တရုပ်ဘဏ်အကောင့်လဲ မရှိတာမို့ Free forever ပဲလုပ်ပေးပါ။ သူတိုက စစ်ဆေးပြီး ပြင်ဖို့လိုလျင် email စာပို့ပါတယ်။ ပြင်ပြီး ပြန်တင်ပေးပါ။ အားလုံး အဆင်ပြေလျင်တော့ မိမိရဲ့ လှလှလေးတွေ Theme store မှာတွေ့ရမှာပါ။ 
၁၆. စိတ္တိုင္းက်ၿပီဆိုလ်င္ ကိုယ့္ရဲ့ theme ကို Theme store မွာရွဲခ်င္လ်င္ေတာ့ Flash player ရတဲ့ web browser တခုခု (ဥပမာ Puffin browser) ကေန http://designer.xiaomi.com/  ကိုသြား Mi account နဲ႔ ဝင္ Theme ကို upload လုပ္ေပးပါ။ ကိုယ့္မွာ တရုပ္ဘဏ္အေကာင့္လဲ မရွိတာမို႔ Free forever ပဲလုပ္ေပးပါ။ သူတိုက စစ္ေဆးၿပီး ျပင္ဖို႔လိုလ်င္ email စာပို႔ပါတယ္။ ျပင္ၿပီး ျပန္တင္ေပးပါ။ အားလုံး အဆင္ေျပလ်င္ေတာ့ မိမိရဲ့ လွလွေလးေတြ Theme store မွာေတြ႕ရမွာပါ။ 









အားလုံး အဆင်ပြေကြပါစေ။ (အားလုံး အဆင္ေျပၾကပါေစ။)
ဖိုးသုည
(https://www.facebook.com/phoethunyazero) 
28/04/2017
Vide ကိုလည်း Youtube မှာ ကြည့်လိုရပါတယ်။ (Vide ကိုလည္း Youtube မွာ ၾကည့္လိုရပါတယ္။ 
https://youtu.be/T7j-4EfMTUo 
https://www.youtube.com/playlist?list=PLqy54sa_FJi5-__LqOdx37B71D9zDRdpT

MIUI Theme Creator Download link 

Play store 
https://play.google.com/store/apps/details?id=com.mixapplications.miuithemecreator&hl=en

PC cloud 
https://my.pcloud.com/publink/show?code=XZx42NZBBOS8t4O16VQ4LSYmFpUf8ouHefV


 Theme ကို Theme store ကိုတင္ဖို႔ လုပ္ရင္ေတာ့ flash plug in ပါတဲ့ browser ကိုသံုး။  puffin browser လဲရတယ္။
Puffin browser download link 

Play store 
https://play.google.com/store/apps/details?id=com.cloudmosa.puffinFree

 PC cloud 
 https://my.pcloud.com/publink/show?code=XZC12NZiBYQpGwihjXHyTKw4ezS2HaMnvz7