Thursday, August 1, 2019

ညိဳမ်က္ဝန္းက အရည္မ႐ႊန္းလဲ့ေတာ့ေသာအခါ (ညိုမျက်ဝန်းက အရည်မရွှန်းလဲ့တော့သောအခါ)


ညိဳမ်က္ဝန္းက အရည္မ႐ႊန္းလဲ့ေတာ့ေသာအခါ ( Dry Eye Disease) 

ၾကည္လင္တဲ့ အျမင္ကိုေပးဖို႔က်ေနာ္တို႔ရဲ႕မ်က္ၾကည္လႊာေတြဟာ သန္႔ရွင္းၾကည္လင္ေနရပါမယ္။
ျပဴတင္းမွန္ေတြသန္႔ရွင္းဖို႔ မွန္ေဆးရည္ျဖန္းၿပီး သုတ္တံနဲ႔သုတ္ေပးရသလိုပဲ မ်က္လုံးေတြမွာ မ်က္ေတာင္ခပ္ျခင္းျဖင့္ မ်က္ရည္ကိုမ်က္ၾကည္လႊာေပၚမွာ သုတ္ၿပီးေဆးေၾကာေပးပါတယ္။
အဲဒီမ်က္ရည္အလႊာကေလးမွာ ခ်ိဳ႕ယြင္းမႉတခုခုျဖစ္တဲ့အခါမွာ မ်က္စိေျခာက္တဲ့ ျပသနာျဖစ္လာပါေတာ့တယ္။
မ်က္လုံးေပၚမွာ သုတ္ေပးလိုက္လို႔ ျဖစ္လာတဲ့ မ်က္ရည္ လႊာ (tear film) မွာ အလႊာ သုံးလႊာပါပါတယ္။
အတြင္းဖက္ဆုံးက အခြၽဲ၊, အလယ္က ေရနဲ႔အျပင္ဆုံးက အဆီလႊာေတြပါ။
မ်က္ရည္လႊာဖြဲ႕စည္းပုံ

မ်က္ရည္မွာ အခြၽဲနည္းနည္းပါလို႔ မ်က္ေတာင္ခတ္ရတာ ေခ်ာေမြ႕သလို အျပင္ကအဆီလႊာကမ်က္ရည္ကို ခ်က္ခ်င္းေျခာက္မသြားေအာင္ကာကြယ္ေပးလို႔ မ်က္စိေပၚမွာ အုပ္ထားတဲ့ မ်က္ရည္အလႊာပါး ( tear film) ကလည္း ဆပ္ျပာပူေပါင္းလိုပဲ ခ်က္ခ်င္းမပ်က္ပါဘူး။ ဒါေပမဲ့ အခ်ိန္ၾကာၾကာမေနေတာ့ မ်က္ရည္အလႊာပါး အသစ္ရေအာင္ မၾကာခဏေတာ့ မ်က္ေတာင္ခတ္ေပးရပါတယ္။

ဘာေၾကာင့္ မ်က္စိေျခာက္ရသလဲ

(၁) အဲဒီမ်က္ရည္မွာ ပါတဲ့ အခြၽဲဦ အရည္ဦ အဆီတခုခု အရည္အေသြး (သို႔)  ထုတ္ေပးတဲ့ ပမာဏ ခ်ိဳ႕ယြင္းတဲ့အခါ  မ်က္ရည္မလုံေလာက္ျခင္း၊ မ်က္ရည္လႊာ ျမန္ျမန္ေျခာက္ျခင္းတို႔ျဖစ္လို႔ မ်က္စိေျခာက္တယ္ဆိုတဲ့ ျပသနာျဖစ္တာပါ။  ( Dry Eye Disease (သို႔)Keratoconjunctivitis sicca လို႔ေခၚပါတယ္။
(၂) တခါတေလ မိမိရွိေနတဲ့ ပတ္ဝန္းက်င္က အဲဒီမ်က္ရည္လႊာ ျမန္ျမန္ေျခာက္ေအာင္ လုပ္တာလည္းရွိပါတယ္။ ( ဥပမာ ေျခာက္ေသြ႕တဲ့ ေလ၊ မ်က္စိကိုေလတိုးျခင္း)

မ်က္စိေျခာက္ရတဲ့ အေၾကာင္းေတြကေတာ့


  • အသက္ ( ၅၀ အထက္)
  • မ်က္ကပ္မွန္အသုံးျပဳျခင္း၊ မ်က္ၾကည္လႊာကို ေလဆာနဲ႔ ပစ္ၿပီး ဒီကရီေလ်ာ့ေအာင္လုပ္ျခင္း
  • ကြန္ျပဳတာ၊ မိုဘိုင္းဖုန္းတို႔ကို အခ်ိန္ၾကာျမင့္စြာၾကည့္ရႈျခင္း (အခုေနာက္ပိုင္း လူငယ္ေတြအၾကားမွာ အျဖစ္မ်ားတဲ့ မ်က္စိေျခာက္ေစတဲ့ အေၾကာင္းရင္းတခု)
  • ေလေအးေပးစက္ (သို႔) အပူေပးစက္ကို ၾကာျမင့္စြာသုံးျခင္း
  • ပတ္ဝန္းက်င္ရွိေလက ေျခာက္ေသြ႕၊ ေအး၊ ဖုန္မ်ား ၊ ေလတိုက္ေနျခင္း
  • ေဆးလိပ္ နဲ႔ အရက္
  • တခ်ိဳ႕ေသားေဆးဝါးမ်ား (ႏွာေစးေခ်ာင္းဆိုးေပ်ာက္ေဆး၊ တခ်ိဳ႕ စိတ္က်ေရာဂါေဆး၊ ေသြးေပါင္က်ေဆး)
  • တခ်ိဳ႕ေသာေရာဂါမ်ား ဥပမာ blepharitis, Sjogren's syndrome or lupus


မ်က္စိေျခာက္တဲ့ ေရာဂါ ျဖစ္သူ ဘယ္ေလာက္မ်ားလဲ

Dry eye syndrome ဆိုတဲ့ မ်က္ေစ့ေျခာက္ျခင္းဟာ အမ်ားထင္ထားတာထက္ အျဖစ္မ်ားၿပီး အမ်ားအားျဖင့္ႀကီးမားတဲ့ ျပသနာေတာ့မဟုတ္ပါဘူး။
အေမရိကားရဲ႕ က်န္းမာေရးမွတ္တမ္းမ်ားအရ လူဦးေရရဲ႕  5.28% မွာ မ်က္စိေျခာက္တဲ့ ျပသနာရွိပါတယ္။ အမ်ိဳးသမီးေတြမွာ ပိုအျဖစ္မ်ားၿပီး အသက္ႀကီးေလ ပိုမ်ားေလပါ။ အသက္၅၀ ေက်ာ္သူေတြၾကားမွာ 11.66% အထိရွိပါတယ္။ ဒီေရာဂါျဖစ္ပြားႏႈန္းက ႏွစ္စဥ္ 0.2% ကေန 1.6%  အထိပိုပိုၿပီးမ်ားလာေနပါတယ္။

လကၡဏာမ်ား

  • မ်က္စိယားယံျခင္း
  • မ်က္စိေျခာက္ျခင္း
  • မ်က္စိထဲတခုခုရွိေနသလိုခံစားရျခင္း
  • မ်က္စိနီျခင္း
  • မ်က္စိမႈန္ျခင္း
  • အလင္းေရာင္ကိုမခံႏိုင္ျခင္း
  • ပုံမွန္ထက္ မ်က္ရည္ပိုထြက္ျခင္း ( မ်က္စိေျခာက္တဲ့ေရာဂါေၾကာင့္ မ်က္စိကို အေနခက္ေစလို႔ မ်က္ရည္ကို အမ်ားအျပားထြက္ေစပါတယ္။)
  • မ်က္စိေျခာက္ေတာ့ အေပၚယံအလႊာက မွန္ကိုေရမပါဘဲ အေျခာက္ပြတ္ခံရသလို ပြန္းပါတယ္။ အဲလိုပြန္းတာၾကာလ်င္ cornea ulcer အနာျဖစ္ရာက မ်က္စိကြယ္တဲ့အထိျဖစ္ႏိုင္ပါတယ္။ 

ေဆာင္ရန္

  • မ်က္စိကို သန္႔ရွင္းစြာထားပါ
  • ကြန္ျပဴတာ၊ မိုဘိုင္းဖုန္းတို႔ကိုသုံးလ်င္ မၾကာမဏ မ်က္စိကို အနားေပးပါ။ 
  • မ်က္စိအေညာင္းသက္သာေစရန္ ကြန္ျပဳတာစကရင္ကို မ်က္စိနဲ႔ တတန္းနည္းမွာထားပါ
  • မ်က္စိအနားရေစရန္ အိပ္ခ်ိန္ လုံလုံေလာက္ေလာက္ယူပါ
  • မ်က္ကပ္မွန္တပ္သူျဖစ္ပါက မ်က္စိကို အနားရေစရန္ မ်က္ကပ္မွန္အစား မ်က္မွန္ကို တလွည့္သုံးေပးပါ။ေ

ရွာင္ရန္

  • ေဆးလိပ္ေသာက္လ်င္ျဖတ္ပါ၊ အရက္ကို ျဖတ္ပါ သိုမဟုတ္ ေလွ်ာ့ေသာက္ပါ
  • မီးခိုးမႊန္ေသာ ဖုန္ထူေသာ၊ ေျခာက္ေသြ႕ေသာေနရာမ်ားတြင္ ၾကာရွည္ မေနပါႏွင့္
  • အဲယားကြန္း (သို႔) အေႏြးေပးစက္ ဖြင့္ထားေသာေနရာမ်ားတြင္ ၾကာရွည္ မေနပါႏွင့္
  • ေဆးေၾကာင့္မ်က္စိေျခာက္သည္ဟုထင္လ်င္ နားလည္သူ ေဆးပညာရွင္နဲ႔ ေဆြးေႏြးပါ ၊ ဆရာဝန္ၫႊန္ထားေသာေဆးကို မိမိသေဘာႏွင့္ မရပ္ပါႏွင့္

မ်က္စိကိုသန္႔ရွင္းနည္း

ပဝါႏုႏုကို ေရေႏြးေႏြးတြင္စိမ္ၿပီး မ်က္စိအနီးတဝိုက္ကို ညင္သာစြာဖိေပးပါ၊ မ်က္ခြံမ်ားကိုလည္း ညင္သာစြာဖိေပးပါ၊ မ်က္စိ မ်က္ခြံတြင္အဆီထုတ္ေပးေသာဂလင္းမ်ားကို အလုပ္ပိုလုပ္ေစပါတယ္။
 အဝတ္ႏုႏု (သို႔) ဝါဂြမ္းတပ္ထားေသာအတံထိပ္ကို ေရေႏြးေႏြး စိမ္ၿပီး မ်က္ခြံအစပ္မ်ားတြင္ ေျခာက္ကပ္ေနေသာ အဆီ၊ မ်က္ေခ်း၊ ဖုံမ်ားကို ညင္သာစြာသုတ္ေပးပါ၊ ႏွာေခါင္းဘက္ မ်က္ခြံအစပ္မွ ေဘးဘက္သို႔ဆြဲသုတ္ပါ။



မ်က္စိေျခာက္တာကိုဘယ္လိုသိမလဲ

အထက္ေဖၚျပပါလကၡဏာမ်ားရွိလ်င္ မ်က္စေျခာက္တယ္လို႔ အၾကမ္းဖ်င္းေျပာႏိုင္ပါတယ္။
ေသခ်ာေအာင္ကေတာ့ ဆရာဝန္က စစ္ေပးပါတယ္။
တနည္းကေတာ့ ထြက္တဲ့ မ်က္ရည္မမာဏကိုတိုင္းတဲ့ Schirmer' test  ပါ, မွင္စုပ္စကၠဴ အျပားေသးေသးကို မ်က္စိနဲ႔ မ်က္ခြံၾကားထားၿပီး မ်က္ရည္ဘယ္ေလာက္စိုလာလဲဆိုတာကိုစမ္းတာပါ ။
Schirmer' test
ေနာက္တနည္းကေတာ့ Slit Lamp  မွန္ေျပာင္းသုံးၿပီး ဖလိုရဆင္းေဆးခပ္ထားတဲ့ မ်က္စိမွာမ်က္ရည္အလႊာကေလး အခ်ိန္ဘယ္ေလာက္ၾကာၾကာေနရင္ ပ်က္သြားတယ္ဆိုတာကို ၾကည့္တာပါ။ Tear Film Break up time လလို႔ေခၚပါတယ္။
Slit lamp microscope
Slit lamp microscope
tear film is observed under a broad beam of cobalt blue illumination, t=0
Tear Film Break up time

 tear film is observed under a broad beam of cobalt blue illumination, t=0
တခ်ိန္တည္းမွာ မ်က္ၾကည္လႊာပြန္းပဲ့ေနတာရွိမရွိ၊ မ်က္ခြံအစပ္က အဆီအိတ္ေတြ အေပါက္ပိတ္ေနတာ ေယာင္ေနတာေတြကိုပါၾကည့္လို႔ရပါတယ္။
တျခားေရာဂါမ်ားနဲ႔ ဆက္စပ္မႈရွိတယ္ထင္လ်င္ေတာ့ ေသြးစစ္တာမ်ိဳးေတြလုပ္ရပါမယ္။

ကုသနည္းမ်ား 

Tear Naturale, Refresh, Cool eye စေသာ မ်က္ရည္အတုမ်ား ကိုသုံးႏိုင္ပါသည္။ ပိုဆိုးပါက မ်က္စိကိုေခ်ာေမြ႕ေစတဲ့ Lacrilube လိုခပ္ခြၽဲခြၽဲကရင္ကိုသုံးလို႔ရပါတယ္။
မ်က္ရည္တုအမ်ိုးမ်ိုး

အကာအကြယ္

မ်က္စိကို ေျခာက္ေသြ႕ေသာေလ၊ ေလေအး, ဖုန္ ၊ အခိုးအေငြ႕တို႔မွ ကာကြယ္ရန္ wraparound၊  safety glasses  စတဲ့ ေဘးအကာပါသာမ်က္မွန္၊ အထူးလုပ္ထားတဲ့ Moisture chamber glasses တိုကိုသုံးလို႔ရပါတယ္။
safety glasses

Moisture Chamber Glasses


ဒီလိုနည္းေတြနဲ႔ မသက္သာလ်င္၊ တေန႔ကို ၆ ခါတထက္ မ်က္ရည္တုထည့္ဖို႔လိုအပ္လ်င္ ၊ ေရာဂါလကၡဏာပိုဆိုးလာလ်င္၊ အျမင္အာ႐ုံကိုထိခိုက္လာလ်င္၊ မ်က္ခြံမ်ားပုံေျပာင္းလာလ်င္ေတာ့ မ်က္စိဆရာဝန္နဲ႔ စမ္းသပ္သင့္တယ္လို႔ဆိုပါတယ္။
အေၾကာင္းရင္းကို သိလ်င္ အဲဒီအေၾကာင္ရင္းကို ကုသရပါမယ္။
တျခားေရာဂါေတြနဲ႔ ဆက္စပ္ၿပီးျဖစ္တဲ့ သူေတြမွာေတာ့ စနစ္တက်ေဆးကုဖို႔ အေရးႀကီးပါတယ္။
မ်က္စိေျခာက္ေစတဲ့အေၾကာင္းရင္းေပၚမူတည္လို႔ တခ်ိဳ႕ကေတာ့ Omega 3 ေၾကာင့္ သက္သာေစတယ္ဆိုပါတယ္။
တခ်ိဳ႕ကိုေတာ့ ရွိထားတဲ့ မ်က္ရည္ မ်က္စိထဲၾကာၾကာေနေအာင္ မ်က္ရည္စြန္႔ထုတ္တဲ့အေပါက္ေတြကို ပိတ္တဲ့နည္း punctum occlusion ကိုသုံးပါတယ္။
punctum

 တခ်ိဳ႕ေတြက မ်က္စိေျခာက္တာကို မသိလို႔မကုဘဲ ၾကာလာေတာ့ မ်က္ၾကည္လႊာပြန္းၿပီး cornea ulcer အနာျဖစ္ကာ အျမင္အာ႐ုံဆုံးတဲ့အထိျဖစ္တတ္ပါတယ္။

ဖိုးသုည
1-8--2019


ညိုမျက်ဝန်းက အရည်မရွှန်းလဲ့တော့သောအခါ ( Dry Eye Disease) (ယူနီကုဒ်)

ကြည်လင်တဲ့ အမြင်ကိုပေးဖို့ကျနော်တို့ရဲ့မျက်ကြည်လွှာတွေဟာ သန့်ရှင်းကြည်လင်နေရပါမယ်။
ပြူတင်းမှန်တွေသန့်ရှင်းဖို့ မှန်ဆေးရည်ဖြန်းပြီး သုတ်တံနဲ့သုတ်ပေးရသလိုပဲ မျက်လုံးတွေမှာ မျက်တောင်ခပ်ခြင်းဖြင့် မျက်ရည်ကိုမျက်ကြည်လွှာပေါ်မှာ သုတ်ပြီးဆေးကြောပေးပါတယ်။
အဲဒီမျက်ရည်အလွှာကလေးမှာ ချို့ယွင်းမှူတခုခုဖြစ်တဲ့အခါမှာ မျက်စိခြောက်တဲ့ ပြသနာဖြစ်လာပါတော့တယ်။
မျက်လုံးပေါ်မှာ သုတ်ပေးလိုက်လို့ ဖြစ်လာတဲ့ မျက်ရည် လွှာ (tear film) မှာ အလွှာ သုံးလွှာပါပါတယ်။
အတွင်းဖက်ဆုံးက အချွဲ၊, အလယ်က ရေနဲ့အပြင်ဆုံးက အဆီလွှာတွေပါ။
မျက်ရည်မှာ အချွဲနည်းနည်းပါလို့ မျက်တောင်ခတ်ရတာ ချောမွေ့သလို အပြင်ကအဆီလွှာကမျက်ရည်ကို ချက်ချင်းခြောက်မသွားအောင်ကာကွယ်ပေးလို့ မျက်စိပေါ်မှာ အုပ်ထားတဲ့ မျက်ရည်အလွှာပါး ( tear film) ကလည်း ဆပ်ပြာပူပေါင်းလိုပဲ ချက်ချင်းမပျက်ပါဘူး။ ဒါပေမဲ့ အချိန်ကြာကြာမနေတော့ မျက်ရည်အလွှာပါး အသစ်ရအောင် မကြာခဏတော့ မျက်တောင်ခတ်ပေးရပါတယ်။

ဘာကြောင့် မျက်စိခြောက်ရသလဲ

(၁) အဲဒီမျက်ရည်မှာ ပါတဲ့ အချွဲဦ အရည်ဦ အဆီတခုခု အရည်အသွေး (သို့)  ထုတ်ပေးတဲ့ ပမာဏ ချို့ယွင်းတဲ့အခါ  မျက်ရည်မလုံလောက်ခြင်း၊ မျက်ရည်လွှာ မြန်မြန်ခြောက်ခြင်းတို့ဖြစ်လို့ မျက်စိခြောက်တယ်ဆိုတဲ့ ပြသနာဖြစ်တာပါ။  ( Dry Eye Disease (သို့)Keratoconjunctivitis sicca လို့ခေါ်ပါတယ်။
(၂) တခါတလေ မိမိရှိနေတဲ့ ပတ်ဝန်းကျင်က အဲဒီမျက်ရည်လွှာ မြန်မြန်ခြောက်အောင် လုပ်တာလည်းရှိပါတယ်။ ( ဥပမာ ခြောက်သွေ့တဲ့ လေ၊ မျက်စိကိုလေတိုးခြင်း) 

မျက်စိခြောက်ရတဲ့ အကြောင်းတွေကတော့

အသက် ( ၅၀ အထက်)
မျက်ကပ်မှန်အသုံးပြုခြင်း၊ မျက်ကြည်လွှာကို လေဆာနဲ့ ပစ်ပြီး ဒီကရီလျော့အောင်လုပ်ခြင်း
ကွန်ပြုတာ၊ မိုဘိုင်းဖုန်းတို့ကို အချိန်ကြာမြင့်စွာကြည့်ရှုခြင်း (အခုနောက်ပိုင်း လူငယ်တွေအကြားမှာ အဖြစ်များတဲ့ မျက်စိခြောက်စေတဲ့ အကြောင်းရင်းတခု)
လေအေးပေးစက် (သို့) အပူပေးစက်ကို ကြာမြင့်စွာသုံးခြင်း
ပတ်ဝန်းကျင်ရှိလေက ခြောက်သွေ့၊ အေး၊ ဖုန်များ ၊ လေတိုက်နေခြင်း
ဆေးလိပ် နဲ့ အရက်
တချို့သေားဆေးဝါးများ (နှာစေးချောင်းဆိုးပျောက်ဆေး၊ တချို့ စိတ်ကျရောဂါဆေး၊ သွေးပေါင်ကျဆေး)
တချို့သောရောဂါများ ဥပမာ blepharitisSjogren's syndrome or lupus
  

မျက်စိခြောက်တဲ့ ရောဂါ ဖြစ်သူ ဘယ်လောက်များလဲ

Dry eye syndrome ဆိုတဲ့ မျက်စေ့ခြောက်ခြင်းဟာ အများထင်ထားတာထက် အဖြစ်များပြီး အများအားဖြင့်ကြီးမားတဲ့ ပြသနာတော့မဟုတ်ပါဘူး။
အမေရိကားရဲ့ ကျန်းမာရေးမှတ်တမ်းများအရ လူဦးရေရဲ့  5.28% မှာ မျက်စိခြောက်တဲ့ ပြသနာရှိပါတယ်။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး အသက်ကြီးလေ ပိုများလေပါ။ အသက်၅၀ ကျော်သူတွေကြားမှာ 11.66% အထိရှိပါတယ်။ ဒီရောဂါဖြစ်ပွားနှုန်းက နှစ်စဥ် 0.2% ကနေ 1.6%  အထိပိုပိုပြီးများလာနေပါတယ်။


  • မျက်စိယားယံခြင်း
  • မျက်စိခြောက်ခြင်း
  • မျက်စိထဲတခုခုရှိနေသလိုခံစားရခြင်း
  • မျက်စိနီခြင်း
  • မျက်စိမှုန်ခြင်း
  • အလင်းရောင်ကိုမခံနိုင်ခြင်း
  • ပုံမှန်ထက် မျက်ရည်ပိုထွက်ခြင်း ( မျက်စိခြောက်တဲ့ရောဂါကြောင့် မျက်စိကို အနေခက်စေလို့ မျက်ရည်ကို အများအပြားထွက်စေပါတယ်။)
  • မျက်စိခြောက်တော့ အပေါ်ယံအလွှာက မှန်ကိုရေမပါဘဲ အခြောက်ပွတ်ခံရသလို ပွန်းပါတယ်။ အဲလိုပွန်းတာကြာလျင် cornea ulcer အနာဖြစ်ရာက မျက်စိကွယ်တဲ့အထိဖြစ်နိုင်ပါတယ်။ 

ဆောင်ရန်


  • မျက်စိကို သန့်ရှင်းစွာထားပါ
  • ကွန်ပြူတာ၊ မိုဘိုင်းဖုန်းတို့ကိုသုံးလျင် မကြာမဏ မျက်စိကို အနားပေးပါ။ 
  • မျက်စိအညောင်းသက်သာစေရန် ကွန်ပြုတာစကရင်ကို မျက်စိနဲ့ တတန်းနည်းမှာထားပါ
  • မျက်စိအနားရစေရန် အိပ်ချိန် လုံလုံလောက်လောက်ယူပါ
  • မျက်ကပ်မှန်တပ်သူဖြစ်ပါက မျက်စိကို အနားရစေရန် မျက်ကပ်မှန်အစား မျက်မှန်ကို တလှည့်သုံးပေးပါ။

ရှောင်ရန်


  • ဆေးလိပ်သောက်လျင်ဖြတ်ပါ၊ အရက်ကို ဖြတ်ပါ သိုမဟုတ် လျှော့သောက်ပါ
  • မီးခိုးမွှန်သော ဖုန်ထူသော၊ ခြောက်သွေ့သောနေရာများတွင် ကြာရှည် မနေပါနှင့်
  • အဲယားကွန်း (သို့) အနွေးပေးစက် ဖွင့်ထားသောနေရာများတွင် ကြာရှည် မနေပါနှင့်
  • ဆေးကြောင့်မျက်စိခြောက်သည်ဟုထင်လျင် နားလည်သူ ဆေးပညာရှင်နဲ့ ဆွေးနွေးပါ ၊ ဆရာဝန်ညွှန်ထားသောဆေးကို မိမိသဘောနှင့် မရပ်ပါနှင့်

မျက်စိကိုသန့်ရှင်းနည်း

ပဝါနုနုကို ရေနွေးနွေးတွင်စိမ်ပြီး မျက်စိအနီးတဝိုက်ကို ညင်သာစွာဖိပေးပါ၊ မျက်ခွံများကိုလည်း ညင်သာစွာဖိပေးပါ၊ မျက်စိ မျက်ခွံတွင်အဆီထုတ်ပေးသောဂလင်းများကို အလုပ်ပိုလုပ်စေပါတယ်။
 အဝတ်နုနု (သို့) ဝါဂွမ်းတပ်ထားသောအတံထိပ်ကို ရေနွေးနွေး စိမ်ပြီး မျက်ခွံအစပ်များတွင် ခြောက်ကပ်နေသော အဆီ၊ မျက်ချေး၊ ဖုံများကို ညင်သာစွာသုတ်ပေးပါ၊ နှာခေါင်းဘက် မျက်ခွံအစပ်မှ ဘေးဘက်သို့ဆွဲသုတ်ပါ။

မျက်စိခြောက်တာကိုဘယ်လိုသိမလဲ

အထက်ဖေါ်ပြပါလက္ခဏာများရှိလျင် မျက်စခြောက်တယ်လို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ 
သေချာအောင်ကတော့ ဆရာဝန်က စစ်ပေးပါတယ်။ 
တနည်းကတော့ ထွက်တဲ့ မျက်ရည်မမာဏကိုတိုင်းတဲ့ Schirmer' test  ပါ, မှင်စုပ်စက္ကူ အပြားသေးသေးကို မျက်စိနဲ့ မျက်ခွံကြားထားပြီး မျက်ရည်ဘယ်လောက်စိုလာလဲဆိုတာကိုစမ်းတာပါ ။

နောက်တနည်းကတော့ Slit Lamp  မှန်ပြောင်းသုံးပြီး ဖလိုရဆင်းဆေးခပ်ထားတဲ့ မျက်စိမှာမျက်ရည်အလွှာကလေး အချိန်ဘယ်လောက်ကြာကြာနေရင် ပျက်သွားတယ်ဆိုတာကို ကြည့်တာပါ။ Tear Film Break up time လလို့ခေါ်ပါတယ်။ 

တချိန်တည်းမှာ မျက်ကြည်လွှာပွန်းပဲ့နေတာရှိမရှိ၊ မျက်ခွံအစပ်က အဆီအိတ်တွေ အပေါက်ပိတ်နေတာ ယောင်နေတာတွေကိုပါကြည့်လို့ရပါတယ်။ 
တခြားရောဂါများနဲ့ ဆက်စပ်မှုရှိတယ်ထင်လျင်တော့ သွေးစစ်တာမျိုးတွေလုပ်ရပါမယ်။ 

ကုသနည်းများ 

Tear Naturale, Refresh, Cool eye စသော မျက်ရည်အတုများ ကိုသုံးနိုင်ပါသည်။ ပိုဆိုးပါက မျက်စိကိုချောမွေ့စေတဲ့ Lacrilube လိုခပ်ချွဲချွဲကရင်ကိုသုံးလို့ရပါတယ်။ 
အကာအကွယ်
မျက်စိကို ခြောက်သွေ့သောလေ၊ လေအေး, ဖုန် ၊ အခိုးအငွေ့တို့မှ ကာကွယ်ရန် wraparound၊  safety glasses  စတဲ့ ဘေးအကာပါသာမျက်မှန်၊ အထူးလုပ်ထားတဲ့ Moisture chamber glasses တိုကိုသုံးလို့ရပါတယ်။
ဒီလိုနည်းတွေနဲ့ မသက်သာလျင်၊ တနေ့ကို ၆ ခါတထက် မျက်ရည်တုထည့်ဖို့လိုအပ်လျင် ၊ ရောဂါလက္ခဏာပိုဆိုးလာလျင်၊ အမြင်အာရုံကိုထိခိုက်လာလျင်၊ မျက်ခွံများပုံပြောင်းလာလျင်တော့ မျက်စိဆရာဝန်နဲ့ စမ်းသပ်သင့်တယ်လို့ဆိုပါတယ်။
အကြောင်းရင်းကို သိလျင် အဲဒီအကြောင်ရင်းကို ကုသရပါမယ်။ 
တခြားရောဂါတွေနဲ့ ဆက်စပ်ပြီးဖြစ်တဲ့ သူတွေမှာတော့ စနစ်တကျဆေးကုဖို့ အရေးကြီးပါတယ်။
မျက်စိခြောက်စေတဲ့အကြောင်းရင်းပေါ်မူတည်လို့ တချို့ကတော့ Omega 3 ကြောင့် သက်သာစေတယ်ဆိုပါတယ်။ 
တချို့ကိုတော့ ရှိထားတဲ့ မျက်ရည် မျက်စိထဲကြာကြာနေအောင် မျက်ရည်စွန့်ထုတ်တဲ့အပေါက်တွေကို ပိတ်တဲ့နည်း punctum occlusion ကိုသုံးပါတယ်။ 
 တချို့တွေက မျက်စိခြောက်တာကို မသိလို့မကုဘဲ ကြာလာတော့ မျက်ကြည်လွှာပွန်းပြီး cornea ulcer အနာဖြစ်ကာ အမြင်အာရုံဆုံးတဲ့အထိဖြစ်တတ်ပါတယ်။ 



ဖိုးသုည
31-07-2019
ကိုးကား

https://biomedicalart.com/wp-content/gallery/medical-education/tear_structure_1.jpg
Tear film break up  https://youtu.be/0Z3T0i0hS3k
tear drinage https://youtu.be/VJo5z11rUYQ
schirmer test https://youtu.be/js41uinZpUI
lid hygiene https://youtu.be/fdF8jd5mpwA
lid hygiene coton bud https://youtu.be/dUs4O8FsSMQ
https://institutodelavision.cl/portfolio_page/test-de-schirmer/
https://webeye.ophth.uiowa.edu/eyeforum/atlas/pages/TBUT/index.htm
https://maculacenter.com/eye-procedures/slit-lamp-examination/

Monday, July 29, 2019

နည်းနည်းထိတာနဲ့ကားခေါင်းကြေမွသွားတာအသုံးမကျတဲ့ကားတွေလား (နည္းနည္းထိတာနဲ႔ကားေခါင္းေၾကမြသြားတာ အသုံးမက်တဲ့ကားေတြလား)

နည္းနည္းထိတာနဲ႔ကားေခါင္းေၾကမြသြားတာ အသုံးမက်တဲ့ကားေတြလား

“ စက္ဘီးနဲ႔တိုက္မိတာ စက္ဘီးဘာမွမျဖစ္ဘဲ ကားဘန္ပါခ်ိဳင့္သြားတယ္။ တ႐ုပ္က ထုတ္တဲ့မာစီဒီးေလ။
ဆိုင္ကယ္နဲ႔တိုက္တာ ကားေခါင္းနည္းနည္းေၾကသြားတယ္။ သီလဝါကထုတ္ေတာ့ ပစၥည္းခိုထားတာကိုး၊
ေခြးကိုတိုက္မိ႐ုံနဲ႔ ဘန္ပါခ်ိဳင့္သြားတယ္၊ ဂ်ပန္ကားဆီစားသက္သာၿပီးေဈးေပါေအာင္ ပလတ္စတစ္ေတြသုံးထားတာကိုး။ “
၁ ဘီအမ္ဒဘလ်ဴပါခညာ

ေဖ့စ္ဘြတ္ေပၚက လူအမ်ားရွဲလို႔ေကာင္းေနတဲ့ နည္းနည္းထိတာနဲ႔ကားေခါင္းေၾကမြသြားတဲ့ အေပါစားကားေတြ အသုံးမက်တဲ့ကားေတြအေၾကာင္းနည္းနည္းေရးပါရေစ။

အဖိုးတို႔ေခတ္တုံးကေတာ့ ခပ္မာမာပဲ

တခ်ိန္က ကားထုတ္လုပ္သူေတြက ကားေတြ လွပဖို႔နဲ႔ခိုင္ခန္႔ဖို႔ ၊ စီးတဲ့သူသက္ေတာင့္သက္သာရွိဖို႔သာအေလးထားပါတယ္။

၂.  အဖိုးႀကီး ကာဒီလက္ ၁၉၄၅ ကေတာ့ ခပ္မာမာပဲ
ကားႀကီးေတြက ခန္႔ညားၿပီး သံဘန္ပါကစလို႔ ကားတေခါင္းလုံး အမာခံ သံခ်ဥ္းဘဲလို႔ဆိုရမွာပါ၊ ေဘးေတြအေရွ႕ေတြမွာလည္းထိုးထိုးေထာင္ေထာင္ေတြ နဲ႔ အလွဆင္ပါတယ္။
အခုေနာက္ပိုင္းမွာေတာ့ ကားေတြမ်ားလာ အက္ဆိဒင့္ေတြမ်ားၿပီး ထိခိုက္ဒါဏ္ရာရသူ ေသတဲ့သူေတြမ်ားလာတဲ့အခါ ကားဒီဇိုင္းအတြက္ အယူအဆေတြေျပာင္းလာပါတယ္။
ကမာၻမွာ ႏွစ္စဥ္ ယာဥ္မေတာ္တဆမႈေၾကာင့္ ထိခိုက္ဒါဏ္ရာရသူ ၁၀ သန္းနဲ႔  ေသဆုံးသူေတြ ၁.၂ သန္း ရဲ႕ သုံးပုံတပုံဟာ   နဲ႔ကားတိုက္ခံရတဲ့ လမ္းေပၚမွာသြားလာေနသူေတြျဖစ္ပါတယ္။
ဒါေၾကာင့္ကားထုတ္လုပ္သူေတြက ကားနဲ႔ အတိုက္ခံရသူေတြကို ထိခိုက္မႈ နည္းႏိုင္သမွ်နည္းေအာင္ နည္းလမ္းသစ္ေတြရွာႀကံၾကသလို ႏိုင္ငံတကာက အာဏာပိုင္ေတြကလည္းသူတို႔ႏိုင္ငံထဲမွာသုံးတဲ့ ကားေတြမွာ အဲဒီလို စနစ္မ်ိဳးပါရမယ္လို႔ သတ္မွတ္တာေတြရွိလာပါတယ္။

ကားအက္ဆိဒင့္ျဖစ္လာလ်င္ ထိခိုက္ခံရသူေတြက ၂ မ်ိဳးရွိပါတယ္၊
(၁) ယာဥ္ေမာင္းအပါအဝင္ ယာဥ္ေပၚပါလာသူ (vehicle occupants)
(၂) ယာဥ္တိုက္တာခံရသူ ( အျခားကားေပၚကသူ၊ ဆိုင္ကယ္ ၊ စက္ဘီးစီးသူ၊ လမ္းေလ်ာက္သူ၊ လမ္းေဘးရပ္ေနသူ၊ ဆိုင္ထဲထိုင္ေနသူ၊ စသည္)

ကားတိုက္ခံရသူမ်ားအတြက္ပါစဥ္းစားေပးပါ။ 

ဒီေတာ့ ေခတ္ေပၚကားေတြမွာ safety features ဆိုတဲ့ ေဘးအႏၲရာယ္ကင္းေဝးေရးစနစ္ေတြကို ထည့္သြင္းရာမွာ
(၁) ယာဥ္ေပၚပါသူမ်ား ေဘးအႏၲရာယ္ကင္းေဝးေရး နဲ႔
(၂) ယဥ္တိုက္ခံရသူမ်ားကိုထိခိုက္မႈ နည္းႏိုင္သမွ်နည္းပါးေရး (pedestrian safety) ဆိုၿပီး ထည့္သြင္းၾကပါတယ္။
ယာဥ္တိုက္မႈအမ်ားစုက ကားေခါင္းနဲ႔တိုက္ခံရတာပါ။
လမ္းေပၚကလူတေယာက္ကို ကားနဲ႔တိုက္မိလ်င္ ထိခိုက္မႈအမ်ားဆုံးက ေျခေထာက္နဲ႔ ဦးေခါင္းပါ။ ဒီေတာ့ သုေတသီေတြက ကားေတြမွာ လူကိုတိုက္မိလ်င္ ေျခနဲ႔ ဦးေခါင္းကို ကားရဲ႕ ဘယ္အစိပ္အပိုင္းေတြက အမ်ားဆုံးထိခိုက္မိလဲဆိုတာကိုရွာၿပီး ဘယ္လို ေျပာင္းလဲလိုက္လ်င္ ထိခိုက္ဒါဏ္ရာသက္သာႏိုင္မလဲလို႔ ေလ့လာႀကံဆၾကပါတယ္။  Leg form ( upper and lower), head form ( adult and child) ဆိုၿပီး သတ္မွတ္ေပးပါတယ္။

၃. https://www.slideshare.net/GlobalNCAP/2014-unrsc-18-new-york-ped-safety

၄. IIHS.org


ထိခိုက္ဒါဏ္ရာျပင္းထန္မႈက ဘာေတြ အေပၚတည္ေနသလဲ

ယာဥ္တိုက္မႈျဖစ္လ်င္ထိခိုက္ဒါဏ္ရာရေစတာက
(၁)  Impact လို႔ေခၚတဲ့ ေဆာင့္မိတဲ့အားရယ္၊
(၂) လူ႔ခႏၶာကိုယ္တဲ့ တိုက္႐ိုက္ ထိခိုက္မိတဲ့ မ်က္နာျပင္ေတြရဲ႕မာေၾကာမႈေတြေပၚတည္ပါတယ္။

(၁) ေဆာင့္မိတဲ့ အားျပင္းထန္ေလ ကားတိုက္ခံသူနဲ႔ ကားေပၚမွာရွိေနသူေတြက ကားရဲ႕အစိပ္အပိုင္းေတြနဲ႔ ေဆာင့္မိတဲ့ အားလည္းျပင္းထန္ေလပါ။  ကားရဲ႕ အစိပ္အပိုင္းေတြလည္းပိုမိုပ်က္စီးပါတယ္။
(၂) လူ႔ခႏၶာကိုယ္တဲ့ တိုက္႐ိုက္ ထိခိုက္မိတဲ့ မ်က္မွာျပင္ေတြကမာေၾကာေလ ထိခိုက္ဒါဏ္ရာက ပိုဆိုးေလပါ။

ထိခိုက္ဒါဏ္ရာသက္သာေအာင္ ဘယ္လို လုပ္လို႔ရမလဲ

(၁) ေဆာင့္မိတဲ့အားကို ေလွ်ာ့ခ်ရပါမယ္။
(၂) ကားထဲကသူကို ပ်က္စီးသြားတဲ့ကားအစိပ္အပိုင္းေတြက လာမထိခိုက္ေအာင္ လူစီးတဲ့ အခန္း မပ်က္စီးေအာင္ ကာကြယ္ရပါမယ္။ လူစီးခန္းဖရိန္ေတြကို အရွီန္ျပင္းျပင္းနဲ႔ တိုက္မိေတာင္ မက်ိဳးမေကြးႏိုင္တဲ့  သံမဏိဖရိန္ေတြကိုသုံးၾကပါတယ္။
မာစီးဒီးပုံမွာ အျပာႏု၊ အျပာရင့္နဲ႔ မရမ္းဆီအေရာင္ အပိုင္းေတြက အမာခံ ဖရိမ္ပါ။
ေအာက္က ေအာ္ဒီပုံမွာေတာ့ မီးခိုးေရာင္နဲ႔ မရမ္းဆီအေရာင္ အပိုင္းေတြက အမာခံ ဖရိမ္ပါ။
(၃) ကားထဲကသူ၊ ကားျပင္ကသူေတြ ကားနဲ႔ ေဆာင့္မိႏိုင္တဲ့ အစိပ္အပိုင္းေတြ ကို မာေၾကာမႈကိုေလွ်ာ့ခ်ရပါမယ္။ ကားအတြင္ပိုင္းမ်က္ႏွာျပင္ေတြကို ပလတ္စတစ္နဲ႔ ဖိုင္ဘာေတြ ေကာ္ေဇာအသားေတြ သုံးၿပီး အဲဒီမ်က္ႏွာျပင္နဲ႔ အမာခ့ဖရိန္အၾကားအေပ်ာ့တလႊာခံေပးပါတယ္။
မာစီးဒီးပုံမွာ အစိမ္းႏု၊ အဝါနဲ႔ လိေမၼာ္ေရာင္၊ ေအာက္က ေအာ္ဒီပုံမွာေတာ့  အစိမ္းႏု၊ အျပာႏုနဲ႔ အနီေရာင္ အပိုင္းေတြက တိုက္မိလ်င္ ေကာက္ေကြးတြန္႔လိမ္ေၾကမြရမယ့္ အေပ်ာ့ထည္ေတြပါ
ကားထဲကသူသူကို ကာကြယ္တဲ့နည္းေတြ အမ်ားႀကီးရွိေလေတာ့ ဒီပိုစ့္မွာေတာ့ စာသိပ္မရွည္ေအာင္ အဲဒီအေၾကာင္းေတြကို ခ်န္လွပ္ထားပါတယ္။
၆. 2015 Audi A6 Avant - Materials in the Body Structure


(၁) ေဆာင့္မိတဲ့အားကို ေလွ်ာ့ခ်ႏိုင္သည့္နည္လမ္းမ်ား

ကားအရွိန္ကိုကန္႔သတ္ျခင္းကေတာ့ အထူေရးျပစရာမလိုေတာ့ပါ။ မေနာက္ဆုံးေပၚကားေတြမွာလူကို မတိုက္မိခင္ အာ႐ုံခံရရိယာေတြက ႀကိဳတင္သိရွိၿပီး အခ်ိန္မွီ ရပ္တန္႔ႏိုင္ေစတဲ့ Braking to protect pedestrians  စနစ္ေတြထည့္သြင္းထားပါၿပီ။
ပစၥည္း ၂ခု ေဆာင့္မိတဲ့အခါ ထိမိတဲ့ မ်က္ႏွာျပင္ေတြ ခ်ိဳင့္ဝင္သြားတာ၊ ေကာက္ေကြးသြားတာ၊  က်ိဳးပဲ့ေၾကမြသြားတာတို႔ ျဖစ္တဲ့အခါမွာ ေဆာင့္အား အေတာ္အသင့္ေလ်ာ့သြားပါတယ္။ အဲလိုျဖစ္တာကိုစြမ္းအင္စုပ္ယူျခင္း (energy absorption) လို႔ေခၚပါတယ္။ ဒီလိုက်ိဳးပဲ့ေၾကမြသြားတဲ့ အပိုင္းက အမာခံ ၂ခုၾကားမွာ အေပ်ာ့ခံပစၥည္းတခုအေနနဲ႔ လုပ္ေဆာင္ေပးလို႔ပါ။
 ဥပမာ တလက္မ သံပိုက္တေခ်ာင္းကို အုတ္ခဲေပၚတင္ၿပီး သံတူနဲ႔ အားရပါးရထုၾကည့္ပါ။ ေဆာင့္အား impact ကိုလက္မွာခံစားရသလို ေအာက္ခံအုတ္ခဲကြဲအက္တာကလည္းျပပါတယ္။ သံပိုက္ေနရာမွာ အလူမီနီယံပိုက္ (သို႔) ေခါက္ခုံေျခေထာက္လုပ္တဲ့ ပိုက္အပါးကို အထက္ကလိုပဲ ထုၾကည့္ပါ။ ပိုက္ကျပားသြားတဲ့အတြက္ လက္ေပၚလာေဆာင့္တဲ့အားသိသိသာသာနည္းတာကို သိႏိုင္သလို ေအာက္ခံအုတ္ခဲလဲမအက္ဘဲခံႏိုင္တာကို ေတြ႕ႏိုင္ပါတယ္။
ဒီဥပမာကိုယူၿပီးကားေတြတိုက္တဲ့ အခါ အထိအမ်ားဆုံးေတြရာေတြ  ကားအေရွ႕ အေနာက္ဘန္ပါနဲ႔ မတ္ဂတ္ေတြ ေနရာေတြကို front and rear crumple zone ထိခိုက္ေၾကမြဇုံ လို႔သတ္မွတ္ပါတယ္။ ပုံထဲမွာ လိေမၼာ္ေရာင္နဲ႔ ျခယ္ထားပါတယ္။
front and rear crumple zone ထိခိုက္ေၾကမြဇုံ 

အဲဒီ crumple zone ထိခိုက္ေၾကမြဇုံ ေနရာေတြမွာ အလြယ္တကူခ်ိဳင့္ဝင္က်ိဳးပဲ့ႏိုင္တဲ့ composite plastic, အလူမီနီယံသတၳဳစပ္ စတာတို့ကိုသုံးပါတယ္။ ကားကအမာခံကို တိုက္မိတဲ့အခါ အဲဒီအပိုင္းက ခ်ိဳင့္ဝင္က်ိဳးတြန္႔ေခါက္ေၾကမြကုန္လို႔ ေဆာင့္မိတဲ့အားရဲ႕ တစိတ္တေဒသက အဲဒီပ်က္စီးမႈထဲမွာေပ်ာက္သြားပါတယ္။ ဒါေၾကာင့္ ကားက အမာကို တိုက္တာနဲ႔မတူဘဲ အနည္းငယ္ေပ်ာ့ေျပာင္းတဲ့ အရာကို တိုက္သလိုျဖစ္သြားပါတယ္။ ဒါမွလည္းကားထဲက လူကို အကာကြယ္တကယ္ေပးတဲ့ အမာခံဖရိန္အေပၚကို သက္ေရာက္တဲ့ ေဆာင့္အား ကနည္းသြားၿပီး ဖရိန္ကိုထိခိုက္ႏိုင္မႈနည္းသြားသလို ကားထဲက လူအေပၚကို တိုက္႐ိုက္ေရာက္လာတဲ့ ေဆာင့္အား ကနည္းသြားလို႔ လူကခါးပတ္ႀကိဳးနဲ႔ ေလအိတ္ေတြကိုဖိတဲ့ေဆာင့္အားေလ်ာ့က်ၿပီး ထိခိုက္အနာတရျဖစ္တာသက္သာသြားပါတယ္။
crumple zone မွာ အမာခံ သံမဏိေခ်ာင္းေတြလုပ္ထားလ်င္ေတာ့ ေဆာင့္အားကဖရိန္ကို အားအျပည့္လာေဆာင့္လို႔ဖရိန္က်ိဳးတာ ေကြးတာျဖစ္ၿပီး အထဲကလူကို ထိခိုက္သလို လူကခါးပတ္ႀကိဳးနဲ႔ ေလအိတ္ေတြကိုဖိတဲ့ေဆာင့္အားျပင္းထန္လို႔  ထိခိုက္အနာတရျဖစ္တာပိုဆိုးပါတယ္။ ဒါေၾကာင့္ ကားက အမာကို တိုက္တာနဲ႔မတူဘဲ အနည္းငယ္ေပ်ာ့ေျပာင္းတဲ့ အရာကို တိုက္သလိုျဖစ္သြားပါတယ္။
ထိုနည္းတူစြာကားရဲ႕ နံေဘး ပတ္ပတ္လည္မွာ ထိခိုက္ေၾကမြဇုံထားေပးျခင္းျဖင့္ကားတိုက္တဲ့ခါ ကားနံေဘးကိုေဆာင့္မိတဲ့ ေဆာင့္အားကိုေလ်ာ့က်ေစပါတယ္။
အဲဒီရည္႐ြယ္ခ်က္နဲ႔ ကားေခါင္းနဲ႔ အေနာက္ ေဘးဘက္ အကာျပားေတြကို အလြယ္တကူေကာက္ေကြး ေၾကမြေစႏိုင္တဲ့ အလူမီနီယံသတၳဳစပ္ေတြ သို႔မဟုတ္ composite plastic  ေတြကိုသုံးလာပါတယ္။

(၂) ေဆာင့္မိႏိုင္တဲ့ အစိပ္အပိုင္းေတြရဲ႕ မာေၾကာမႈကိုေလွ်ာ့ခ်ျခင္းျဖင့္ ကားအတိုက္ ခံရသူ ကိုထိခိုက္မႈသက္သာေစနည္း

ကားတိုက္ခံရလ်င္ ေဆာင့္မိတဲ့ ေျခေထာက္အ႐ိုးမက်ိဳးမီ ေျခေထာက္ကို ေဆာင့္မိတဲ့ ဘန္ပါေတြကိုခ်ိဳင့္ဝင္က်ိဳးပဲ့ေစျခင္းေၾကာင့္ ေျခေထာက္ထိတဲ့ မ်က္ႏွာျပင္မာေက်ာမႈနည္းသလို ေဆာင့္အားကို လည္းေလ်ာ့ေစလို႔ အတိုက္ခံရတဲ့ ေျခေထာက္ကို ထိခိုက္မႈ အမ်ားႀကီးသက္သာပါတယ္။
ကားတိုက္ခံရလို႔ကားေပၚလဲက်လာသူေတြရဲ႕ ဦးေခါင္းေဆာင့္မိတဲ့ ကားေဘာနတ္နဲ႔ ေလကာမွန္ကို Head zone လို႔ေခၚပါတယ္။ မ်က္ႏွာျပင္ မာေက်ာမႈကိုေလွ်ာ့ခ်ဖို႔နဲ႔ ေဆာင့္အားကိုေလ်ာ့ေစဖို႔ ေဘာနတ္ကို ဖိမိလ်င္ ခ်ိဳင့္ဝင္ႏိုင္တဲ့ အလူမီနီယံသတၳဳစပ္ေတြကိုသုံးေလ့ရွိၿပီး ေလကာမွန္ကိုလည္း အလြယ္တကူ အစိပ္စိပ္ အမႊာမႊာအက္ကြဲၿပီး အကြဲစေတြ ကို တြဲထားေပးဖို႔ မွန္အတြင္းမွာအေပ်ာ့လႊာ တထပ္ခံေပးပါတယ္။ ဒါေၾကာင့္ မွန္ေပၚကို လူပစ္က်လ်င္ ( သို႔) ဦးေခါင္းေဆာင့္က်လ်င္ မွန္ေၾကၿပီး ခ်ိဳင့္သြားတာကိုေတြ႕ရေပမယ့္ လူက ေတာ့ ဆိုးဆိုး႐ြား႐ြား မထိခိုက္ပါ။
 ေဘာနတ္ကို မ်ားမ်ားခ်ိဳင့္ႏိုင္ဖို႔  လူကိုတိုက္မိတာနဲ႔ ေအာက္က အင္ဂ်င္ခန္းထဲကစက္ေတြထက္ ၂လက္မေလာက္ပိုႂကြလာေအာင္ တီထြင္ၾကပါတယ္။ မာစီဒီး E class ေတြမွာ စသုံးပါၿပီ။


  ေဗာ္လ္ဗိုကေတာ့ ေလအိတ္သုံးၿပီးေဘာနတ္ကို ျမႇင့္သလို ေလကာမွန္ေနရာမွာ ေလအိတ္ပါခံေပးမယ္ဆိုပါတယ္။ ဒါေၾကာင့္ကားေဘာနတ္ေတြကလည္း တြန္႔ေခါက္လြယ္လာပါတယ္။

ဆူဗာ႐ုကလည္း ကားခ်င္းတိုက္လ်င္ ေသးတဲ့ကား ေပ်ာ့တဲ့ကားက  ထိခိုက္တာမ်ားလို႔  ေပ်ာ့တဲ့ကားက  ထိခိုက္တာမ်ားလို႔ သူ႔ကားက မာၿပီး သူမ်ားကားမွာအပ်က္အစီးပိုမ်ားတာမ်ိဳးမျဖစ္ေအာင္ သူ႔ကားေခါင္း crumple zone ကို ခပ္ေပ်ာ့ေပ်ာ့လုပ္ေပးတယ္ဆိုပါတယ္။ ကားထဲက သူေတြကိုကာကြယ္တဲ့ cabin frame ဖရိန္ေဘာင္ေတြကေတာ့အလြန္ေတာင့္တင္းပါတယ္။

Subaru

ဒီသေဘာအတိုင္း ကားေဘးဘက္နဲ႔ တိုက္မိလ်င္ ထိခိုက္တာသက္သာဖို႔ ေဘးကာအျပားက ဖိလ်င္ ခ်ိဳင့္တဲ့ အလူမီနီယံသတၳဳစပ္ေတြ သို႔မဟုတ္ composite plastic  ေတြကိုသုံးလာပါတယ္။
အထက္ပါအေၾကာင္းေတြေၾကာင့္ ေနာက္ေပၚကားေတြမွာ အေရွ႕အေနာက္ ေဘးဘယ္ညာ  ဘယ္ေနရာကို တိုက္မိတိုက္မိ နည္းနည္းအားျပင္းတာနဲ႔ ကားေဘာ္ဒီ ခ်ိဳင့္ဝင္တာ တြန႔္ေၾကတာေတြကို ေတြ႕ရမွာျဖစ္ၿပီးအဲဒီလိုျဖစ္ေအာင္ တမင္တကာလုပ္ထားတယ္ဆိုတာကိုသိၾကေစခ်င္ပါတယ္။
အျပင္ပိုင္းေပ်ာ့ေပမယ့္ ကားထဲက သူေတြကိုကာကြယ္တဲ့ cabin frame ဖရိန္ေဘာင္ေတြကေတာ့အလြန္ေတာင့္တင္းပါတယ္။

ဒါေၾကာင့္ နည္းနည္းထိတာနဲ႔ကားေခါင္းေၾကမြသြားတဲ့ကားေတြက အသုံးမက်တဲ့ကားေတြမဟုတ္ဘဲ လူ႔အသက္ေတြကိုကာကြယ္ဖို႔  တိုက္ခိုက္မိတတ္တဲ့ crumple zone  ေတြကို တြန္႔ေၾကကုန္ေအာင္ တမင္ပ်ာ့ေအာင္ လုပ္ထားၿပီး လူရွိတဲ့အခန္းရဲ႕ ဖရိန္ cabin frame ေတြကိုေတာ့ အလြန္ေတာင့္တင္းတဲ့ ပစၥည္းေတြသုံးတဲ့ လူကို ပစၥည္းထက္တန္ဖိုးထားတဲ့စနစ္ေတြပါတဲ့ ကားေတြသာျဖစ္ပါတယ္။

နယူးဇီလန္ႏိုင္ငံ ေမာ္ေတာ္ယာဥ္အသင္းႀကီးကလည္း " မိမိကားဘယ္ေလာက္ အၾကမ္းခံတယ္ဆိုတာက  အတိုက္ခံႏိုင္တဲ့စြမ္းရည္မဟုတ္ပါ။ ကားေပၚပါသူကိုထိခိုက္ဒါဏ္ရာရမႈကေန ဘယ္ေလာက္ အကာကြယ္ေပးႏိုင္တယ္ဆိုတာကသာ အတိုက္ခံႏိုင္တဲ့စြမ္းရည္ပါ" လို႔ဆိုပါတယ္။
မာစီးဒီး သူ႔ရဲ႕ဝဘ္ဆိုဒ္မွာေရးထားတာက “ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေတြအတြင္းမွာ အဖုအထစ္ကင္းတဲ့ ကားကိုယ္ထည္၊ တိုက္မိလ်င္ ခ်ိဳင့္ဝင္ႏိုင္တဲ့ဘန္ပါ၊ ဝိုက္ထားတဲ့တံခါးလက္ကိုင္၊ ပလတ္စတစ္ေပ်ာ့ညႇပ္ထားတဲ့ မွန္၊ ေခါက္လို႔ရတဲ့ ေဘးကေနာက္ၾကည့္မွန္၊ ျမႇဳပ္ထားတဲ့ ဝိုင္ဘာ စတဲ့ နည္းမ်ိဳးစုံကိုသုံးၿပီး ကားနဲ႔ တိုက္မိတဲ့ သူေတြထိခိုက္မႈနည္းေစတဲ့ နည္းေတြကို  မာစီးဒီးကစတင္သုံးခဲ့ပါတယ္လို႔ " ဆိုထားပါတယ္။ 

ဖိုးသုည
29-7-19

နည်းနည်းထိတာနဲ့ကားခေါင်းကြေမွသွား အသုံးမကျတဲ့ကားတွေလား (ယူနီကုဒ်) 

“ စက်ဘီးနဲ့တိုက်မိတာ စက်ဘီးဘာမှမဖြစ်ဘဲ ကားဘန်ပါချိုင့်သွားတယ်။ တရုပ်က ထုတ်တဲ့မာစီဒီးလေ။ 
ဆိုင်ကယ်နဲ့တိုက်တာ ကားခေါင်းနည်းနည်းကြေသွားတယ်။ သီလဝါကထုတ်တော့ ပစ္စည်းခိုထားတာကိုး၊ 
ခွေးကိုတိုက်မိရုံနဲ့ ဘန်ပါချိုင့်သွားတယ်၊ ဂျပန်ကားဆီစားသက်သာပြီးဈေးပေါအောင် ပလတ်စတစ်တွေသုံးထားတာကိုး။ “ 
ဖေ့စ်ဘွတ်ပေါ်က လူအများရှဲလို့ကောင်းနေတဲ့ နည်းနည်းထိတာနဲ့ကားခေါင်းကြေမွသွားတဲ့ အပေါစားကားတွေ အသုံးမကျတဲ့ကားတွေအကြောင်းနည်းနည်းရေးပါရစေ။ 

အဖိုးတို့ခေတ်တုံးကတော့ ခပ်မာမာပဲ

တချိန်က ကားထုတ်လုပ်သူတွေက ကားတွေ လှပဖို့နဲ့ခိုင်ခန့်ဖို့ ၊ စီးတဲ့သူသက်တောင့်သက်သာရှိဖို့သာအလေးထားပါတယ်။ 
ကားကြီးတွေက ခန့်ညားပြီး သံဘန်ပါကစလို့ ကားတခေါင်းလုံး အမာခံ သံချဉ်းဘဲလို့ဆိုရမှာပါ၊ ဘေးတွေအရှေ့တွေမှာလည်းထိုးထိုးထောင်ထောင်တွေ နဲ့ အလှဆင်ပါတယ်။ 
အခုနောက်ပိုင်းမှာတော့ ကားတွေများလာ အက်ဆိဒင့်တွေများပြီး ထိခိုက်ဒါဏ်ရာရသူ သေတဲ့သူတွေများလာတဲ့အခါ ကားဒီဇိုင်းအတွက် အယူအဆတွေပြောင်းလာပါတယ်။ 
ဒါကြောင့်ကားထုတ်လုပ်သူတွေက ကားနဲ့ အတိုက်ခံရသူတွေကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် နည်းလမ်းသစ်တွေရှာကြံကြသလို နိုင်ငံတကာက အာဏာပိုင်တွေကလည်းသူတို့နိုင်ငံထဲမှာသုံးတဲ့ ကားတွေမှာ အဲဒီလို စနစ်မျိုးပါရမယ်လို့ သတ်မှတ်တာတွေရှိလာပါတယ်။ 

ကားအက်ဆိဒင့်ဖြစ်လာလျင် ထိခိုက်ခံရသူတွေက ၂ မျိုးရှိပါတယ်၊
(၁) ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါလာသူ (vehicle occupants) 
(၂) ယာဉ်တိုက်တာခံရသူ ( အခြားကားပေါ်ကသူ၊ ဆိုင်ကယ် ၊ စက်ဘီးစီးသူ၊ လမ်းလျောက်သူ၊ လမ်းဘေးရပ်နေသူ၊ ဆိုင်ထဲထိုင်နေသူ၊ စသည်) 

ကားတိုက်ခံရသူများအတွက်ပါစဉ်းစားပေးပါ။ 

ဒီတော့ ခေတ်ပေါ်ကားတွေမှာ safety features ဆိုတဲ့ ဘေးအန္တရာယ်ကင်းဝေးရေးစနစ်တွေကို ထည့်သွင်းရာမှာ 
(၁) ယာဉ်ပေါ်ပါသူများ ဘေးအန္တရာယ်ကင်းဝေးရေး နဲ့ 
(၂) ယဉ်တိုက်ခံရသူများကိုထိခိုက်မှု နည်းနိုင်သမျှနည်းပါးရေးဆိုပြီး ထည့်သွင်းကြပါတယ်။  
ယာဉ်တိုက်မှုအများစုက ကားခေါင်းနဲ့တိုက်ခံရတာပါ။
လမ်းပေါ်ကလူတယောက်ကို ကားနဲ့တိုက်မိလျင် ထိခိုက်မှုအများဆုံးက ခြေထောက်နဲ့ ဦးခေါင်းပါ။ ဒီတော့ သုတေသီတွေက ကားတွေမှာ လူကိုတိုက်မိလျင် ခြေနဲ့ ဦးခေါင်းကို ကားရဲ့ ဘယ်အစိပ်အပိုင်းတွေက အများဆုံးထိခိုက်မိလဲဆိုတာကိုရှာပြီး ဘယ်လို ပြောင်းလဲလိုက်လျင် ထိခိုက်ဒါဏ်ရာသက်သာနိုင်မလဲလို့ လေ့လာကြံဆကြပါတယ်။  Leg zone ( upper and lower), head zone ( adult and child) ဆိုပြီး သတ်မှတ်ပေးပါတယ်။ 

ထိခိုက်ဒါဏ်ရာပြင်းထန်မှုက ဘာတွေ အပေါ်တည်နေသလဲ

ယာဉ်တိုက်မှုဖြစ်လျင်ထိခိုက်ဒါဏ်ရာရစေတာက 
(၁)  Impact လို့ခေါ်တဲ့ ဆောင့်မိတဲ့အားရယ်၊ 
(၂) လူ့ခန္ဓာကိုယ်တဲ့ တိုက်ရိုက် ထိခိုက်မိတဲ့ မျက်နာပြင်တွေရဲ့မာကြောမှုတွေပေါ်တည်ပါတယ်။ 

(၁) ဆောင့်မိတဲ့ အားပြင်းထန်လေ ကားတိုက်ခံသူနဲ့ ကားပေါ်မှာရှိနေသူတွေကကားရဲ့ အစိပ်အပိုင်းတွေနဲ့ ဆောင့်မိတဲ့ အားလည်းပြင်းထန်လေပါ။  ကားရဲ့ အစိပ်အပိုင်းတွေလည်းပိုမိုပျက်စီးပါတယ်။ 
(၂) လူ့ခန္ဓာကိုယ်တဲ့ တိုက်ရိုက် ထိခိုက်မိတဲ့ မျက်မှာပြင်တွေကမာကြောလေ ထိခိုက်ဒါဏ်ရာက ပိုဆိုးလေပါ။ 


ထိခိုက်ဒါဏ်ရာသက်သာအောင် ဘယ်လို လုပ်လို့ရမလဲ

(၁) ဆောင့်မိတဲ့အားကို လျှော့ချရပါမယ်။ 
(၂) ကားထဲကသူကို ပျက်စီးသွားတဲ့ကားအစိပ်အပိုင်းတွေက လာမထိခိုက်အောင် လူစီးတဲ့ အခန်း မပျက်စီးအောင် ကာကွယ်ရပါမယ်။ လူစီးခန်းဖရိန်တွေကို အရှီန်ပြင်းပြင်းနဲ့ တိုက်မိတောင် မကျိုးမကွေးနိုင်တဲ့  သံမဏိဖရိန်တွေကိုသုံးကြပါတယ်။
မာစီးဒီးပုံ ၅ မှာ အပြာနု၊ အပြာရင့်နဲ့ မရမ်းဆီအရောင် အပိုင်းတွေက အမာခံ ဖရိမ်ပါ။
အောက်က အော်ဒီပုံ ၆မှာတော့ မီးခိုးရောင်နဲ့ မရမ်းဆီအရောင် အပိုင်းတွေက အမာခံ ဖရိမ်ပါ။ 
(၃) ကားထဲကသူ၊ ကားပြင်ကသူတွေ ကားနဲ့ ဆောင့်မိနိုင်တဲ့ အစိပ်အပိုင်းတွေ ကို မာကြောမှုကိုလျှော့ချရပါမယ်။ ကားအတွင်ပိုင်းမျက်နှာပြင်တွေကို ပလတ်စတစ်နဲ့ ဖိုင်ဘာတွေ ကော်ဇောအသားတွေ သုံးပြီး အဲဒီမျက်နှာပြင်နဲ့ အမာခံဖရိန်အကြားအပျော့တလွှာခံပေးပါတယ်။
မာစီးဒီးပုံ ၅မှာ အစိမ်းနု၊ အဝါနဲ့ လိမ္မော်ရောင်၊ အောက်က အော်ဒီပုံ ၆မှာတော့  အစိမ်းနု၊ အပြာနုနဲ့ အနီရောင် အပိုင်းတွေက တိုက်မိလျင် ကောက်ကွေးတွန့်လိမ်ကြေမွရမယ့် အပျော့ထည်တွေပါ
ကားထဲကသူသူကို ကာကွယ်တဲ့နည်းတွေ အများကြီးရှိလေတော့ ဒီပိုစ့်မှာတော့ စာသိပ်မရှည်အောင် အဲဒီအကြောင်းတွေကို ချန်လှပ်ထားပါတယ်။ 

(၁) ဆောင့်မိတဲ့အားကို လျှော့ချနိုင်သည့်နည်လမ်းများ

ကားအရှိန်ကိုကန့်သတ်ခြင်းကတော့ အထူရေးပြစရာမလိုတော့ပါ။ နောက်ဆုံးပေါ်ကားတွေမှာလူကို မတိုက်မိခင် အာရုံခံရရိယာတွေက ကြိုတင်သိရှိပြီး အချိန်မှီ ရပ်တန့်နိုင်စေတဲ့ Braking to protect pedestrians စနစ်တွေထည့်သွင်းထားပါပြီ။ 
ပစ္စည်း ၂ခု ဆောင့်မိတဲ့အခါ ထိမိတဲ့ မျက်နှာပြင်တွေ ချိုင့်ဝင်သွားတာ၊ ကောက်ကွေးသွားတာ၊  ကျိုးပဲ့ကြေမွသွားတာတို့ ဖြစ်တဲ့အခါမှာ ဆောင့်အား အတော်အသင့်လျော့သွားပါတယ်။ အဲလိုဖြစ်တာကိုစွမ်းအင်စုပ်ယူခြင်း (energy absorption) လို့ခေါ်ပါတယ်။ ဒီလိုကျိုးပဲ့ကြေမွသွားတဲ့ အပိုင်းက အမာခံ ၂ခုကြားမှာ အပျော့ခံပစ္စည်းတခုအနေနဲ့ လုပ်ဆောင်ပေးလို့ပါ။
 ဥပမာ တလက်မ သံပိုက်တချောင်းကို အုတ်ခဲပေါ်တင်ပြီး သံတူနဲ့ အားရပါးရထုကြည့်ပါ။ ဆောင့်အား impact ကိုလက်မှာခံစားရသလို အောက်ခံအုတ်ခဲကွဲအက်တာကလည်းပြပါတယ်။ သံပိုက်နေရာမှာ အလူမီနီယံပိုက် (သို့) ခေါက်ခုံခြေထောက်လုပ်တဲ့ ပိုက်အပါးကို အထက်ကလိုပဲ ထုကြည့်ပါ။ ပိုက်ကပြားသွားတဲ့အတွက် လက်ပေါ်လာဆောင့်တဲ့အားသိသိသာသာနည်းတာကို သိနိုင်သလို အောက်ခံအုတ်ခဲလဲမအက်ဘဲခံနိုင်တာကို တွေ့နိုင်ပါတယ်။ 
ဒီဥပမာကိုယူပြီးကားတွေတိုက်တဲ့ အခါ အထိအများဆုံးတွေရာတွေ  ကားအရှေ့ အနောက်ဘန်ပါနဲ့ မတ်ဂတ်တွေ နေရာတွေကို front and rear crumple zone ထိခိုက်ကြေမွဇုံ လို့သတ်မှတ်ပါတယ်။
ပုံ ၇ ထဲမှာ လိမ္မော်ရောင်နဲ့ ခြယ်ထားပါတယ်။ 
အဲဒီ crumple zone ထိခိုက်ကြေမွဇုံ နေရာတွေမှာ အလွယ်တကူချိုင့်ဝင်ကျိုးပဲ့နိုင်တဲ့ composite plastic, အလူမီနီယံသတ္ထုစပ် စတာတွေကိုသုံးပါတယ်။ ကားကအမာခံကို တိုက်မိတဲ့အခါ အဲဒီအပိုင်းက ချိုင့်ဝင်ကျိုးတွန့်ခေါက်ကြေမွကုန်လို့ ဆောင့်မိတဲ့အားရဲ့ တစိတ်တဒေသက အဲဒီပျက်စီးမှုထဲမှာပျောက်သွားပါတယ်။ ဒါကြောင့် ကားက အမာကို တိုက်တာနဲ့မတူဘဲ အနည်းငယ်ပျော့ပြောင်းတဲ့ အရာကို တိုက်သလိုဖြစ်သွားပါတယ်။ ဒါကြောင့် ကားထဲက လူကို အကာကွယ်တကယ်ပေးတဲ့ အမာခံဖရိန်အပေါ်ကို သက်ရောက်တဲ့ ဆောင့်အား ကနည်းသွားပြီး ဖရိန်ကိုထိခိုက်နိုင်မှုနည်းသွားသလို ကားထဲက လူအပေါ်ကို တိုက်ရိုက်ရောက်လာတဲ့ ဆောင့်အား ကနည်းသွားလို့ လူကခါးပတ်ကြိုးနဲ့ လေအိတ်တွေကိုဖိတဲ့ဆောင့်အားလျော့ကျပြီး ထိခိုက်အနာတရဖြစ်တာသက်သာသွားပါတယ်။ 
crumple zone မှာ အမာခံ သံမဏိချောင်းတွေလုပ်ထားလျင်တော့ ဆောင့်အားကဖရိန်ကို အားအပြည့်လာဆောင့်လို့ဖရိန်ကျိုးတာ ကွေးတာဖြစ်ပြီး အထဲကလူကို ထိခိုက်သလို လူကခါးပတ်ကြိုးနဲ့ လေအိတ်တွေကိုဖိတဲ့ဆောင့်အားပြင်းထန်လို့  ထိခိုက်အနာတရဖြစ်တာပိုဆိုးပါတယ်။ ဒါကြောင့် ကားက အမာကို တိုက်တာနဲ့မတူဘဲ အနည်းငယ်ပျော့ပြောင်းတဲ့ အရာကို တိုက်သလိုဖြစ်သွားပါတယ်။ ထိုနည်းတူစွာကားရဲ့ နံဘေး ပတ်ပတ်လည်မှာ ထိခိုက်ကြေမွဇုံထားပေးခြင်းဖြင့်ကားတိုက်တဲ့ခါ ကားနံဘေးကိုဆောင့်မိတဲ့ ဆောင့်အားကိုလျော့ကျစေပါတယ်။ 
အဲဒီရည်ရွယ်ချက်နဲ့ ကားခေါင်းနဲ့ အနောက် ဘေးဘက် အကာပြားတွေကို အလွယ်တကူကောက်ကွေး ကြေမွစေနိုင်တဲ့ composite plastic တို့ အလူမီနီယံသတ္ထုစပ်တို့တွေကိုသုံးတာပါ

(၂) ဆောင့်မိနိုင်တဲ့ အစိပ်အပိုင်းတွေရဲ့ မာကြောမှုကိုလျှော့ချခြင်းဖြင့် ကားအတိုက် ခံရသူ ကိုထိခိုက်မှုသက်သာစေနည်း

ကားတိုက်ခံရလျင် ဆောင့်မိတဲ့ ခြေထောက်အရိုးမကျိုးမီ ခြေထောက်ကို ဆောင့်မိတဲ့ ဘန်ပါတွေကိုချိုင့်ဝင်ကျိုးပဲ့စေခြင်းကြောင့် ခြေထောက်ထိတဲ့ မျက်နှာပြင်မာကျောမှုနည်းသလို ဆောင့်အားကို လည်းလျော့စေလို့ အတိုက်ခံရတဲ့ ခြေထောက်ကို ထိခိုက်မှု အများကြီးသက်သာပါတယ်။ 
ကားတိုက်ခံရလို့ကားပေါ်လဲကျလာသူတွေရဲ့ ဦးခေါင်းဆောင့်မိတဲ့ ကားဘောနတ်နဲ့ လေကာမှန်ကို Head form လို့ခေါ်ပါတယ်။ မျက်နှာပြင် မာကျောမှုကိုလျှော့ချဖို့နဲ့ ဆောင့်အားကိုလျော့စေဖို့ ဘောနတ်ကို ဖိမိလျင် ချိုင့်ဝင်နိုင်တဲ့ အလူမီနီယံသတ္ထုစပ်တွေကိုသုံးလေ့ရှိပြီး လေကာမှန်ကိုလည်း အလွယ်တကူ အစိပ်စိပ် အမွှာမွှာအက်ကွဲပြီး အကွဲစတွေ ကို တွဲထားပေးဖို့ မှန်အတွင်းမှာအပျော့လွှာ တထပ်ခံပေးပါတယ်။ ဒါကြောင့် မှန်ပေါ်ကို လူပစ်ကျလျင် ( သို့) ဦးခေါင်းဆောင့်ကျလျင် မှန်ကြေပြီး ချိုင့်သွားတာကိုတွေ့ရပေမယ့် လူက တော့ ဆိုးဆိုးရွားရွား မထိခိုက်ပါ။ ဘောနတ်ကို များများချိုင့်နိုင်ဖို့  လူကိုတိုက်မိတာနဲ့ အောက်က အင်ဂျင်ခန်းထဲကစက်တွေထက် ၂လက်မလောက်ပိုကြွလာအောင် တီထွင်ကြပါတယ်။ မာစီဒီး E class တွေမှာ စသုံးပါပြီ။  ဗော်လ်ဗိုကတော့ လေအိတ်သုံးပြီးဘောနတ်ကို မြှင့်သလို လေကာမှန်နေရာမှာ လေအိတ်ပါခံပေးမယ်ဆိုပါတယ်။ ဒါကြောင့်ကားဘောနတ်တွေကလည်း တွန့်ခေါက်လွယ်လာပါတယ်။ 
ဆူဗာရုကလည်း ကားလချင်းတိုက်လျင် ေသးတဲ့ကား ပျော့တဲ့ကားက  ထိခိုက်တာများလို့ သူ့ကားက မာပြီး သူများကားမှာအပျက်အစီးပိုများတာမျိုးမဖြစ်အောင် သူ့ကားခေါင်း crumple zone ကို ခပ်ပျော့ပျော့လုပ်ပေးတယ်ဆိုပါတယ်။ ကားထဲက သူတွေကိုကာကွယ်တဲ့ cabin frame ဖရိန်ဘောင်တွေကတော့အလွန်တောင့်တင်းပါတယ်။ 
ဒီသဘောအတိုင်း ကားဘေးဘက်နဲ့ တိုက်မိလျင် ထိခိုက်တာသက်သာဖို့ ဘေးကာအပြားက ဖိလျင် ချိုင့်တဲ့ composite plastic တို့ အလူမီနီယံသတ္ထုစပ်တို့တွေကိုသုံးတာပါ 
အထက်ပါအကြောင်းတွေကြောင့် နောက်ပေါ်ကားတွေမှာ အရှေ့အနောက် ဘေးဘယ်ညာ  ဘယ်နေရာကို တိုက်မိတိုက်မိ နည်းနည်းအားပြင်းတာနဲ့ ကားဘော်ဒီ ချိုင့်ဝင်တာ တွန့်ကြေတာတွေကို တွေ့ရမှာဖြစ်ပြီးအဲဒီလိုဖြစ်အောင် တမင်တကာလုပ်ထားတယ်ဆိုတာကိုသိကြစေချင်ပါတယ်။ 
အပြင်ပိုင်းပျော့ပေမယ့် ကားထဲက သူတွေကိုကာကွယ်တဲ့ cabin frame ဖရိန်ဘောင်တွေကတော့အလွန်တောင့်တင်းပါတယ်။ 

ဒါကြောင့် နည်းနည်းထိတာနဲ့ကားခေါင်းကြေမွသွားတဲ့ကားတွေက အသုံးမကျတဲ့ကားတွေမဟုတ်ဘဲ လူ့အသက်တွေကိုကာကွယ်ဖို့  တိုက်ခိုက်မိတတ်တဲ့ crumple zone  တွေကို တွန့်ကြေကုန်အောင် တမင်ပျာ့အောင် လုပ်ထားပြီး လူရှိတဲ့အခန်းရဲ့ ဖရိန် cabin frame တွေကိုတော့ အလွန်တောင့်တင်းတဲ့ ပစ္စည်းတွေသုံးတဲ့ လူကို ပစ္စည်းထက်တန်ဖိုးထားတဲ့စနစ်တွေပါတဲ့ ကားတွေသာဖြစ်ပါတယ်

နယူးဇီလန်နိုင်ငံ မော်တော်ယာဉ်အသင်းကြီးကလည်း " မိမိကားဘယ်လောက် အကြမ်းခံတယ်ဆိုတာက အတိုက်ခံနိုင်တဲ့စွမ်းရည်မဟုတ်ပါ။ ကားပေါ်ပါသူကိုထိခိုက်ဒါဏ်ရာရမှုကနေ ဘယ်လောက် အကာကွယ်ပေးနိုင်တယ်ဆိုတာကသာ အတိုက်ခံနိုင်တဲ့စွမ်းရည်ပါ" လို့ဆိုပါတယ်။ 

မာစီးဒီး သူ့ရဲ့ဝဘ်ဆိုဒ်မှာရေးထားတာက “ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ အဖုအထစ်ကင်းတဲ့ ကားကိုယ်ထည်၊ တိုက်မိလျင် ချိုင့်ဝင်နိုင်တဲ့ဘန်ပါ၊ ဝိုက်ထားတဲ့တံခါးလက်ကိုင်၊ ပလတ်စတစ်ပျော့ညှပ်ထားတဲ့ မှန်၊ ခေါက်လို့ရတဲ့ ဘေးကနောက်ကြည့်မှန်၊ မြှုပ်ထားတဲ့ ဝိုင်ဘာ စတဲ့ နည်းမျိုးစုံကိုသုံးပြီး ကားနဲ့ တိုက်မိတဲ့ သူတွေထိခိုက်မှုနည်းစေတဲ့ နည်းတွေကို  မာစီးဒီးကစတင်သုံးခဲ့ပါတယ်လို့ " ဆိုထားပါတယ်။ 

ဖိုးသုည
29-7-19



Wednesday, July 24, 2019

ပိရိတဲ့ လိမ်စားနည်းတခု (ပိရိတဲ့ လိမ္စားနည္းတခု)


ရှမ်းဆရာကြီးကွ ( ယူနီကုဒ်)

ကြာတော့ ကြာခဲ့ပါပြီ။
၁၉၉၀ ဝန်းကျင်က တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။
ပဲခူးနယ်ဖက်က ဆန်တွေ မန္တလေးကိုတက်ရောင်းကြပါတယ်။
တချို့ကုန်သည်တွေက မန္တလေးဆန်ပွဲရုံမှာ လူယုံ ကိုယ်စားလှယ်တယောက်ထားပြီး အောက်ကနေ ဆန်ပို့၊ ကိုယ်စားလှယ်က တာဝန်ခံရောင်းပြီးငွေပြန်လွဲပါတယ်။
တခါတော့ ကိုယ်စားလှယ် ကိုဖုန်းတယောက်ရာသီချိန်ကုန်လို့ ပြန်လာမယ့်အချိန် ပွဲရုံကလက်ကျန်ငွေတွေထုတ်ကာ ပဲခူးကိုပြန်မယ်ဆိုပြီး ကားဂိတ်ကို ထွက်သွားတာ မြို့ကိုလည်း ပြန်ရောက်မလာဘဲပျောက်နေပါတော့တယ်။ မိုဘိုင်းဖုန်းတွေမရှိသေးတဲ့ခေတ်၊ နီးစပ်ရာ အသိတွေကိုမေးတော့လည်း ရေရေရာရာဘာမှ မသိဘဲ ပိုက်ဆံတွေနဲ့အတူပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။ ရွာက မိဘတွေကိုလည်း အဆက်အသွယ်မလုပ်ပါ။  ဆွေမျိုးမကင်းတဲ့ ပဲခူးဆန်ပွဲရုံမှာလည်း ယုံကြည်စိတ်ချရတဲ့ သူပျောက်ပြီး ငွေလည်းဆုံး ဘာလုပ်ရမှန်း မသိနဲ့ နီးစပ်ရာ မိတ်ဆွေတွေကို စုံစမ်းမေးမြန်းရင်း နှစ်တွေချို့ပါတော့တယ်။
တနှစ်ကျော် အကြာမှာတော့ ဖားကန့်မှာ ကျောက်သွားတူးတဲ့ရွာက အသိတယောက်က ကိုဖုန်းကို တွေ့ခဲ့တယ်ဆိုလို့ အမျိုးတချို့လိုက်သွားတော့ ပင်ပန်းဆင်းရဲစွာကျောက်တူးနေတဲ့ ကိုဖုန်းကို ပြန်တွေ့ပါတယ်။
ငှက်ဖျားအခါခါမိပြီး ချွတ်ခြုံကျနေတဲ့ ကိုဖုန်းက မျက်ရည်တွေကျရင်း ဖြစ်ပျက်ပုံကို ပြန်ပြောပြတာပါ။
“ပျောက်သွားတဲ့နေ့က ငွေထုတ်နဲ့ အတူ မန္တလေးကနေပဲခူးကို ကားစီးပြန်ဖို့ ဂိတ်ကို အလာလမ်းမှာ လူတယောက်က ရင်းရင်းနှီးနှီး နှုတ်ဆက်ပါတယ်။ သူ့ကိုယ်ကိုယ်သူလည်း အောင်နိုင်ပါလို့ မိတ်ဆက် ပေမယ့် ဘယ်သူဆိုတာကိုဖုန်း စဉ်းစားလို့မရ။  
ကိုဖုန်း၊ ဘယ်သွားမလို့လဲ ပဲခူးပြန်တော့မလား ဆိုတာကနေ ရင်းနှီးသူတွေသာသိတဲ့ ရွာကအမျိုးတွေအကြောင်းတွေကိုပါ ပြောရင်း ရောလာတော့ သူမမှတ်မိတဲ့ ရွာကမိတ်ဆွေဟောင်းတယောက်လို့ပဲ ထင်မိပါတယ်။ ပြောဆိုနေပုံက ရင်းနှီးသလို သူ့အကြောင်းကို တော်တော်သိနေတာကိုး။ သူက ကိုယ်စီးမယ့်ကားကိုပါပြောပြီး အဲဒီကားနဲ့ပြန်မှာလား ကျနော်လဲ အဲဒီကားနဲ့ပဲခူးသွားမှာပဲ စောပါသေးတယ်။ ကားဂိတ် အတူတူ ဆင်းတာပေါ့ဆိုပြီး ငြင်းရခက်အောင် ရင်းနှီးစွာစကားတွေ ဖေါင်ပြပါတယ်။ အိမ်ပြန်ရေချိုးပြီးအိတ်သွားယူလိုက်ဦးမယ်ဗျာ မဝေးပါဘူး ဒီနားတင်၊ ခဏလိုက်ခဲ့ပါလား ၊ ပြီးတော့ကားဂိတ် အတူတူသွားတာပေါ့ ဆိုတော့ ကိုယ်က လည်းပိုက်ဆံတွေနဲ့ ဆိုတော့ ခရီးအဖေါ်ရတာပေါ့ဆိုပြီး လိုက်သွားပါတယ်။  
အဲဒီသူ ရေချိုးမယ်လုပ်နေတုန်း ရိုးအပုံရှိတဲ့ အသက်ကြီးကြီးရှမ်းကြီးတယောက် အိမ်ရှေ့ကို ယောင်လည်ယောင်လည်နဲ့လာပြီး ဘယ်သူ့အိမ်လားမေးတော့ အိမ်ရှင်ကိုအောင်နိုင်က မဟုတ်ကြောင်းပြောရင်း အကျိုးအကြောင်း မေးမြန်းရာမှာ ရှမ်းကြီးက သူဟာတောင်ပေါ်ကဆေးမြစ်တွေလာရောင်းပြီးငွေရွင်နေလို့ မပြန်ခင် ပျော်ပါးဖို့လာရှာတာဆိုသတဲ့။
လူလည် ကိုအောင်နိုင်က သူ့မှာ အဆက် အသွယ်ရှိတယ် သွားခေါ်ပေးမယ် ခဏတော့စောင့်ပါဆိုပြီး သူ့ညီဆိုသူတယောက်ကို တိုးတိုးပြေားပြီး အပြင်ကိုလွှတ် ရှမ်းကြီးကိုလည်း ရေနွေးနဲ့ မုန့်နဲ့ ဧည့်ခံပါတယ်။
၁၀ မိနစ်လောက်ကြာတော့ ရှမ်းကြီးကလှုပ်လှုပ်ရွရွ ဖြစ်လာပြီး မင်းတို့က ကြာတယ်ကွာ ပျင်းတယ် ဖဲလေး ဘာလေး မရှိဘူးလား မကစားတတ်ဘူးလားလို့ စကားစပါလေရော။ ကိုအောင်နိုင်ကလည်း ကားအချိန်ဝေးသေးတာနဲ့ အိမ်က သူ့ညီနောက်တယောက်ရယ် အိမ်ကိုရောက်နေတဲ့ သူငယ်ချင်းရယ် ဘေးအိမ်က သူငယ်ချင်းတွေပါခေါ်ပြီး ဝိုင်းလုပ်ပေးတယ်။   ကစားတာ ကြေးမများပဲ အပျော်လုပ်ရာက ရှမ်းကြီး ရှုံးတာများ လာချိန်မှာ ဘေးအိမ်က မိတ်ဆွေက ကိစ္စရှိလို့ထပြန်တော့ ရှုံးမဲမဲနေတဲ့ ရှမ်းကြီးကပေးမထွက်တော့ဘူး။ ဒါနဲ့ ကိုအောင်နိုင်က ဘေးကကြည့်နေတဲ့ ကိုဖုန်းကို ဝင်ကူဖြည့်ပေးဖို့ တိုးတိုးလာပြော။ ကိုဖုန်းကလည်း ကြည့်နေရင်း နိုင်နေတဲ့ အိမ်ကို ဖြည့်ဖို့ စိတ်ပါလာတော့ လက်ခံလိုက်တော့တာပေါ့။ ကစားရင်း ရှံးလေ ရှမ်းကြီး ကကြေးပိုခေါ်လေနဲ့ သူတို့လည်း တော်တော်မြတ်လာတော့ ရှမ်းကြီးထပေါက်ကွဲပါလေရော။
“ မင်းတို့တတွေငါ့ကို ဝိုင်းညစ်တယ် ငါ့ပိုက်ဆံတွေပြန်ပေး” ဆိုပြီး အော်တော့တယောက်က ပိုက်ဆံတွေကိုကြုံးပြီး ထအပြေး ရှမ်းကြီးက ငါ့ကိုဘာအောက်မေ့နေလဲ ရှမ်းဆရာကြီးကွ ဒီလိုလုပ်လို့ရမလားဆိုပြီး ကြမ်းကို ဖနောက်နဲ့ ထပေါက်တာပေါ့။ ပိုက်ဆံယူပြေးသူခမျာ  ချက်ချင်းပဲ တံခါးဝမှာ မှောက်လျက်လဲ ပါးစပ်က အမြှုပ်တွေထွက်ပြီး ဆန့်ငင် ဆန့်ငင်ဖြစ်နေပါလေရော။ အားလုံးလဲ လန့်ပြီး ရှမ်းကြီးကို လက်အုပ်ချီတောင်းပန်ကြရတော့တာပေါ့။ “ မင်းတို့တွေ ငါ့ကိုလူအဆိုပြီး ညစ်တယ်၊လိမ်တယ် အားလုံးကိုအရှင်မထားဘူး ပညာနဲ့ လုပ်မယ်” ဆိုတာနဲ့ အားလုံးက ရှိခိုးတောင်းပန်ကြတော့ “ ဒီတခါတော့ အသက်ချမ်းသာပေးလိုက်မယ်။ ဒီ သုံးနှစ်အတွင်းဒီနယ်ကိုပြန်လာလုပ်စားမယ်စိတ်မကူးနဲ့ တခြားသွားလုပ်စား” ဆိုပြီး သူပြန်ပေးတဲ့ စားရိတ်ကလေးယူကာ အဲဒီအိမ်ကနေပြေးကြပါတော့တယ်။ အိမ်ဝမှာလဲကျနေတဲ့သူကိုလဲ ဒီအတိုင်းထားခဲ့ပြီးပြေးကြတာ အောင်နိုင်တို့ဘယ်ရောက်သွားမှန်းမသိ၊ ကိုဖုန်းလည်း လမ်းရောက်မှသူ့ပိုက်ဆံထုတ်ကြီး အဲဒီအိမ်မှာ ကျန်ခဲ့တာသတိရပေမယ့် ကြောက်တာနဲ့ ပြန်မယူရဲတော့။ ပဲခူးပွဲရုံကမေးရင်လည်း ဘယ်လိုပြောရမှန်းမသိတာနဲ့ ဖါးကန့်ကိုတက်ပြီး ကျောက်သွားတူးရင်းပွဲရုံပိုက်ဆံကို ပြန်ဆပ်ဖို့ ငွေပြန်ရှာနေတုန်း သူ့ကိုပြန်တွေ့တာပါ။
ဒီတော့မှ သူ့ကိုသွားရှာတဲ့ မိသားစုကသူအလုပ်လုပ်ခဲ့တဲ့ ပွဲရုံကို အကြောင်းကြား၊ ပွဲရုံကလည်း ဆုံးသွားတဲ့ ငွေတွေအတွက် စိတ်ထဲမထားပါနဲ့ပဲခူးပြန်လာပါဆိုတော့ ကိုဖုန်းတယောက် ရွာပြန်ရဲပါတော့တယ်။ ဖြစ်ကြောင်းရယ်ကုန်စင် သိပြီးတဲ့ အခါမှာတော့ပွဲရုံပိုင်ရှင်က မန္တလေးက မိတ်ဆွေတွေကို ပြောပြရာမှာ အဲဒီသူတွေဟာ နယ်ကလာတဲ့ကုန်သည်တွေကို လိမ်စားနေတဲ့ဂိုဏ်းမှန်းသိရပါတော့တယ်။
အောင်နိုင်၊ ရှမ်းကြီး၊ သူ့ညီဆိုသူတွေနဲ့ အိမ်နီးချင်းဆိုသူတွေ အားလုံးက တစုတည်းဖြစ်ပြီး သူတို့ သားကောင်အကြောင်းကို အချိန်ယူလေ့လာပြီးမှ အလွန်ရင်းနှီးဖူးသူလို လုပ်ပြီးအဲလို လိမ်လေ့ရှိတာလို့ ဆိုပါတယ်။
စစ်အစိုးရ လက်ထက်ဆိုတော့ ပိုင်တဲ့ဆိုင်တဲ့သူတွေနဲ့လိုက်လိုက်တာ ပါသွားတဲ့ ငွေ တဝက်ကျော်လောက်ပြန်ရပါတယ်။ ပွဲရုံကလဲ နောင်ကို ငွေပြန်သိမ်းလာလျင် ဟွန်ဒီပဲလွှဲ၊ လွှဲမရလျင်  ကိုယ့်လူ ၂ယောက်တွဲပါမှ ပြန်သယ်ခိုင်းပါတော့တယ်။
ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေ ဆိုတာ စလုံးရေ စဆိုတဲ့ အချိန်ဆိုတော့ ဘာမှ ဟုတ်တိပတ္တိသုံးမရသေးဘူးလေ။
ဖိုးသုည
25-7-19
(မှတ်ချက်။ ရှမ်းကြီး ဆိုသည်မှာ အဖြစ်မှန်ပါအတိုင်းရေးထားတာဖြစ်ပါတယ်။ ဘာလူမျိုးရေးအစွဲမှ မပါပါ။)

ရွမ္းဆရာႀကီးကြ


ၾကာေတာ့ ၾကာခဲ့ပါၿပီ။
၁၉၉၀ ဝန္းက်င္က တကယ္ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ပါ။
ပဲခူးနယ္ဖက္က ဆန္ေတြ မႏၲေလးကိုတက္ေရာင္းၾကပါတယ္။ 
တခ်ိဳ႕ကုန္သည္ေတြက မႏၲေလးဆန္ပြဲ႐ုံမွာ လူယုံ ကိုယ္စားလွယ္တေယာက္ထားၿပီး ေအာက္ကေန ဆန္ပို႔၊ ကိုယ္စားလွယ္က တာဝန္ခံေရာင္းၿပီးေငြျပန္လြဲပါတယ္။ 
တခါေတာ့ ကိုယ္စားလွယ္ ကိုဖုန္းတေယာက္ရာသီခ်ိန္ကုန္လို႔ ျပန္လာမယ့္အခ်ိန္ ပြဲ႐ုံကလက္က်န္ေငြေတြထုတ္ၿကာ ပဲခူးကိုျပန္မယ္ဆိုၿပီး ကားဂိတ္ကို ထြက္သြားတာ ၿမိဳ႕ကိုလည္း ျပန္ေရာက္မလာဘဲေပ်ာက္ေနပါေတာ့တယ္။ မိုဘိုင္းဖုန္းေတြမရွိေသးတဲ့ေခတ္၊ နီးစပ္ရာ အသိေတြကိုေမးေတာ့လည္း ေရေရရာရာဘာမွ မသိဘဲ ပိုက္ဆံေတြနဲ႔အတူေပ်ာက္ခ်င္းမလွ ေပ်ာက္သြားပါေတာ့တယ္။ ႐ြာက မိဘေတြကိုလည္း အဆက္အသြယ္မလုပ္ပါ။  ေဆြမ်ိဳးမကင္းတဲ့ ပဲခူးဆန္ပြဲ႐ုံမွာလည္း ယုံၾကည္စိတ္ခ်ရတဲ့ သူေပ်ာက္ၿပီး ေငြလည္းဆုံး ဘာလုပ္ရမွန္း မသိနဲ႔ နီးစပ္ရာ မိတ္ေဆြေတြကို စုံစမ္းေမးျမန္းရင္း ႏွစ္ေတြခ်ိဳ႕ပါေတာ့တယ္။ 
တႏွစ္ေက်ာ္ အၾကာမွာေတာ့ ဖားကန္႔မွာ ေက်ာက္သြားတူးတဲ့႐ြာက အသိတေယာက္က ကိုဖုန္းကို ေတြ႕ခဲ့တယ္ဆိုလို႔ အမ်ိဳးတခ်ိဳ႕လိုက္သြားေတာ့ ပင္ပန္းဆင္းရဲစြာေက်ာက္တူးေနတဲ့ ကိုဖုန္းကို ျပန္ေတြ႕ပါတယ္။ 
ငွက္ဖ်ားအခါခါမိၿပီး ခြၽတ္ၿခဳံက်ေနတဲ့ ကိုဖုန္းက မ်က္ရည္ေတြက်ရင္း ျဖစ္ပ်က္ပုံကို ျပန္ေျပာျပတာပါ။ 
“ေပ်ာက္သြားတဲ့ေန႔က ေငြထုတ္နဲ႔ အတူ မႏၲေလးကေနပဲခူးကို ကားစီးျပန္ဖို႔ ဂိတ္ကို အလာလမ္းမွာ လူတေယာက္က ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ပါတယ္။ သူ႔ကိုယ္ကိုယ္သူလည္း ေအာင္ႏိုင္ပါလို႔ မိတ္ဆက္ ေပမယ့္ ဘယ္သူဆိုတာကိုဖုန္း စဥ္းစားလို႔မရ။  
ကိုဖုန္း ဘယ္သြားမလို႔လဲ ပဲခူးျပန္ေတာ့မလား ဆိုတာကေန ရင္းႏွီးသူေတြသာသိတဲ့ ႐ြာကအမ်ိဳးေတြအေၾကာင္းေတြကိုပါ ေျပာရင္း ေရာလာေတာ့ သူမမွတ္မိတဲ့ ႐ြာကမိတ္ေဆြေဟာင္းတေယာက္လို႔ပဲ ထင္မိပါတယ္။ ေျပာဆိုေနပုံက ရင္းႏွီးသလို သူ႔အေၾကာင္းကို ေတာ္ေတာ္သိေနတာကိုး။ သူက ကိုယ္စီးမယ့္ကားကိုပါေျပာၿပီး အဲဒီကားနဲ႔ျပန္မွာလား က်ေနာ္လဲ အဲဒီကားနဲ႔ပဲခူးသြားမွာပဲ ေစာပါေသးတယ္။ ကားဂိတ္ အတူတူ ဆင္းတာေပါ့ဆိုၿပီး ျငင္းရခက္ေအာင္ ရင္းႏွီးစြာစကားေတြ ေဖါင္ျပပါတယ္။ အိမ္ျပန္ေရခ်ိဳးၿပီးအိတ္သြားယူလိုက္ဦးမယ္ဗ်ာ မေဝးပါဘူး ဒီနားတင္၊ ခဏလိုက္ခဲ့ပါလား ၊ ၿပီးေတာ့ကားဂိတ္ အတူတူသြားတာေပါ့ ဆိုေတာ့ ကိုယ္က လည္းပိုက္ဆံေတြနဲ႔ ဆိုေတာ့ ခရီးအေဖၚရတာေပါ့ဆိုၿပီး လိုက္သြားပါတယ္။  
အဲဒီသူ ေရခ်ိဳးမယ္လုပ္ေနတုန္း ႐ိုးအပုံရွိတဲ့ အသက္ႀကီးႀကီးရွမ္းႀကီးတေယာက္ အိမ္ေရွ႕ကို ေယာင္လည္ေယာင္လည္နဲ႔လာၿပီး ဘယ္သူ႔အိမ္လားေမးေတာ့ အိမ္ရွင္ကိုေအာင္ႏိုင္က မဟုတ္ေၾကာင္းေျပာရင္း အက်ိဳးအေၾကာင္း ေမးျမန္းရာမွာ ရွမ္းႀကီးက သူဟာေတာင္ေပၚကေဆးျမစ္ေတြလာေရာင္းၿပီးေငြ႐ြင္ေနလို႔ မျပန္ခင္ ေပ်ာ္ပါးဖို႔လာရွာတာဆိုသတဲ့။ 
လူလည္ ကိုေအာင္ႏိုင္က သူ႔မွာ အဆက္ အသြယ္ရွိတယ္ သြားေခၚေပးမယ္ ခဏေတာ့ေစာင့္ပါဆိုၿပီး သူ႔ညီဆိုသူတေယာက္ကို တိုးတိုးေျပားၿပီး အျပင္ကိုလႊတ္ ရွမ္းႀကီးကိုလည္း ေရေႏြးနဲ႔ မုန္႔နဲ႔ ဧည့္ခံပါတယ္။ 
၁၀ မိနစ္ေလာက္ၾကာေတာ့ ရွမ္းႀကီးကလႈပ္လႈပ္႐ြ႐ြ ျဖစ္လာၿပီး မင္းတိုက ၾကာတယ္ကြာ ပ်င္းတယ္ ဖဲေလး ဘာေလး မရွိဘူးလား မကစားတတ္ဘူးလားလို႔ စကားစပါေလေရာ။ ကိုေအာင္ႏိုင္ကလည္း ကားအခ်ိန္ေဝးေသးတာနဲ႔ အိမ္က သူ႔ညီေနာက္တေယာက္ရယ္ အိမ္ကိုေရာက္ေနတဲ့ သူငယ္ခ်င္းရယ္ ေဘးအိမ္က သူငယ္ခ်င္းေတြပါေခၚၿပီး ဝိုင္းလုပ္ေပးတယ္။   ကစားတာ ေၾကးမမ်ားပဲ အေပ်ာ္လုပ္ရာက ရွမ္းႀကီး ရႈံးတာမ်ား လာခ်ိန္မွာ ေဘးအိမ္က မိတ္ေဆြက ကိစၥရွိလို႔ထျပန္ေတာ့ ရႈံးမဲမဲေနတဲ့ ရွမ္းႀကီးကေပးမထြက္ေတာ့ဘူး။ ဒါနဲ႔ ကိုေအာင္ႏိုင္က ေဘးကၾကည့္ေနတဲ့ ကိုဖုန္းကို ဝင္ကူျဖည့္ေပးဖို႔ တိုးတိုးလာေျပာ။ ကိုဖုန္းကလည္း ၾကည့္ေနရင္း ႏိုင္ေနတဲ့ အိမ္ကို ျဖည့္ဖို႔ စိတ္ပါလာေတာ့ လက္ခံလိုက္ေတာ့တာေပါ့။ ကစားရင္း ရွံးေလ ရွမ္းႀကီး ကေၾကးပိုေခၚေလနဲ႔ သူတို႔လည္း ေတာ္ေတာ္ျမတ္လာေတာ့ ရွမ္းႀကီးထေပါက္ကြဲပါေလေရာ။ 
“ မင္းတို႔တေတြငါ့ကို ဝိုင္းညစ္တယ္ ငါ့ပိုက္ဆံေတြျပန္ေပး။” ဆိုၿပီး ေအာ္ေတာ့တေယာက္က ပိုက္ဆံေတြကိုႀကဳံးၿပီး ထအေျပး ရွမ္းႀကီးက ငါ့ကိုဘာေအာက္ေမ့ေနလဲ ရွမ္းဆရာႀကီးကြ ဒီလိုလုပ္လို႔ရမလားဆိုၿပီး ၾကမ္းကို ဖေနာက္နဲ႔ ထေပါက္တာေပါ့။ ပိုက္ဆံယူေျပးသူခမ်ာ  ခ်က္ခ်င္းပဲ တံခါးဝမွာ ေမွာက္လ်က္လဲ ပါးစပ္က အျမႇဳပ္ေတြထြက္ၿပီး ဆန္႔ငင္ ဆန္႔ငင္ျဖစ္ေနပါေလေရာ။ အားလုံးလဲ လန္႔ၿပီး ရွမ္းႀကီးကို လက္အုပ္ခ်ီေတာင္းပန္ၾကရေတာ့တာေပါ့။ “ မင္းတို႔ေတြ ငါ့ကိုလူအဆိုၿပီး ညစ္တယ္၊လိမ္တယ္ အားလုံးကိုအရွင္မထားဘူး ပညာနဲ႔ လုပ္မယ္” ဆိုတာနဲ႔ အားလုံးက ရွိခိုးေတာင္းပန္ၾကေတာ့ “ ဒီတခါေတာ့ အသက္ခ်မ္းသာေပးလိုက္မယ္။ ဒီ သုံးႏွစ္အတြင္းဒီနယ္ကိုျပန္လာလုပ္စားမယ္စိတ္မကူးနဲ႔ တျခားသြားလုပ္စား” ဆိုၿပီး သူျပန္ေပးတဲ့ စားရိတ္ကေလးယူကာ အဲဒီအိမ္ကေနေျပးၾကပါေတာ့တယ္။ အိမ္ဝမွာလဲက်ေနတဲ့သူကိုလဲ ဒီအတိုင္းထားခဲ့ၿပီးေျပးၾကတာ ေအာင္ႏိုင္တို႔ဘယ္ေရာက္သြားမွန္းမသိ၊  ကိုဖုန္းလည္း လမ္းေရာက္မွသူ႔ပိုက္ဆံထုတ္ႀကီး အဲဒီအိမ္မွာ က်န္ခဲ့တာသတိရေပမယ့္ ေၾကာက္တာနဲ႔ ျပန္မယူရဲေတာ့။ ပဲခူးပြဲ႐ုံကေမးရင္လည္း ဘယ္လိုေျပာရမွန္းမသိတာနဲ႔ ဖါးကန္႔ကိုတက္ၿပီး ေက်ာက္သြားတူးရင္းပြဲ႐ုံပိုက္ဆံကို ျပန္ဆပ္ဖို႔ ေငြျပန္ရွာေနတုန္း သူ႔ကိုျပန္ေတြ႕တာပါ။ 
ဒီေတာ့မွ သူ႔ကိုသြားရွာတဲ့ မိသားစုကသူအလုပ္လုပ္ခဲ့တဲ့ ပြဲ႐ုံကို အေၾကာင္းၾကား၊ ပြဲ႐ုံကလည္း ဆုံးသြားတဲ့ ေငြေတြအတြက္ စိတ္ထဲမထားပါနဲ႔ပဲခူးျပန္လာပါဆိုေတာ့ ကိုဖုန္းတေယာက္ ႐ြာျပန္ရဲပါေတာ့တယ္။ ျဖစ္ေၾကာင္းရယ္ကုန္စင္ သိၿပီးတဲ့ အခါမွာေတာ့ပြဲ႐ုံပိုင္ရွင္က မႏၲေလးက မိတ္ေဆြေတြကို ေျပာျပရာမွာ အဲဒီသူေတြဟာ နယ္ကလာတဲ့ကုန္သည္ေတြကို လိမ္စားေနတဲ့ဂိုဏ္းမွန္းသိရပါေတာ့တယ္။ 
ေအာင္ႏိုင္၊ ရွမ္းႀကီး၊ သူ႔ညီဆိုသူေတြနဲ႔ အိမ္နီးခ်င္းဆိုသူေတြ အားလုံးက တစုတည္းျဖစ္ၿပီး သူတို႔ သားေကာင္အေၾကာင္းကို အခ်ိန္ယူေလ့လာၿပီးမွ အလြန္ရင္းႏွီးဖူးသူလို လုပ္ၿပီးအဲလို လိမ္ေလ့ရွိတာလို႔ ဆိုပါတယ္။ 
စစ္အစိုးရ လက္ထက္ဆိုေတာ့ ပိုင္တဲ့ဆိုင္တဲ့သူေတြနဲ႔လိုက္လိုက္တာ ပါသြားတဲ့ ေငြ တဝက္ေက်ာ္ေလာက္ျပန္ရပါတယ္။ ပြဲ႐ုံကလဲ ေနာင္ကို ေငြျပန္သိမ္းလာလ်င္ ဟြန္ဒီပဲလႊဲ၊ လႊဲမရလ်င္  ကိုယ့္လူ ၂ေယာက္တြဲပါမွ ျပန္သယ္ခိုင္းပါေတာ့တယ္။ 
ပုဂၢလိက ဘဏ္လုပ္ငန္းေတြ ဆိုတာ စလုံးေရ စဆိုတဲ့ အခ်ိန္ဆိုေတာ့ ဘာမွ ဟုတ္တိပတၱိသုံးမရေသးဘူးေလ။ 
ဖိုးသုည
25-7-19
(မွတ္ခ်က္။ ရွမ္းႀကီး ဆိုသည္မွာ အျဖစ္မွန္ပါအတိုင္းေရးထားတာျဖစ္ပါတယ္။ ဘာလူမ်ိဳးေရးအစြဲမွ မပါပါ။)




Monday, July 15, 2019

ဝဘ္ဆိုဒ္တခုမွာကိုယ္ေရးခ်က္အလက္ေတြကိုမျဖည့္ခင္ ေသေသခ်ာခ်ာ စိစစ္ပါ (သို႔) အင္တာနက္ေပၚကေန လိမ္စားေနသူမ်ား

ဝဘ္ဆိုဒ္တခုမွာကိုယ္ေရးခ်က္အလက္ေတြကိုမျဖည့္ခင္ ေသေသခ်ာခ်ာ စိစစ္ပါ (သို႔) အင္တာနက္ေပၚကေန လိမ္စားေနသူမ်ား 

ညီမေလးတေယာက္က စကရင္ေရွာ့ကေလးတခုပို႔ၿပီး  ေမးလာလို႔ေရးျဖစ္ပါတယ္။
အလားတူေတြ အျဖစ္ေတြအမ်ားႀကီးရွိပါတယ္။


ကေနဒါ

ကေနဒါကို ေ႐ႊ႕ေျပာင္းေနထိုင္လိုသူေတြအတြက္ အေမရိကန္လို မဲႏႈိက္တဲ့ diversity-visa-program- ဆိုတာမရွိေသးပါ။
ေလွ်ာက္လို႔ရႏိုင္တဲ့ နည္းလမ္းေတြကိုေတာ့ ဒီလင့္မွာ ဖတ္လို႔ရပါတယ္။
https://www.canada.ca/en/immigration-refugees-citizenship/services/immigrate-canada.html
ကေနဒါမွာ အဂၤလိပ္စာနဲ႔ ျပင္သစ္စာ၂ မ်ိဳးလုံးကို ႐ုံးသုံးဘာသာျဖစ္လို႔ တရားဝင္ ဝဘ္ဆိုဒ္ေတြမွာ အဂၤလိပ္ဘာသာနဲ႔ျပင္သစ္ဘာသာ  ၂မ်ိဳးလုံးနဲ႔ ေရးပါတယ္။
သူတို႔အစိုးရရဲ႕ ဝဘ္ဆိုဒ္ေတြက **.ca/ နဲ႔ဆုံးပါတယ္။

https://www.canada.ca/en/immigration-refugees-citizenship/services/immigrate-canada.html

ကေနဒါဗီဇာနဲ႔ ပတ္သက္ၿပီး ရွိလို႔ရတဲ့ ဆိုဒ္တခ်ိဳ႕ပါ
ခရီးသြား     https://travel.gc.ca/
အလည္အပတ္
https://www.canada.ca/en/immigration-refugees-citizenship/services/visit-canada.html
ႏိုင္ငံသား
https://www.canada.ca/en/services/immigration-citizenship.html
ေျပာင္းေ႐ႊ႕ေနထိုင္ျခင္း
https://www.canada.ca/en/immigration-refugees-citizenship/services/immigrate-canada.html


ဒီဝဘ္ဆိုဒ္ကို ယုံရမလား

အဲဒီညီမေလး ေမးထားတဲ့ ဝဘ္ဆိုဒ္နဲ႔ ပတ္သက္ၿပီး နည္းနည္းေရးပါရေစ။
"Schoolaredu.com" ဆိုတဲ့ domain က အတုမွန္း အရမ္းသိသာပါတယ္။



အင္တာနက္မွာ website domain ကို မွတ္ပုံတင္တဲ့ အခါ အဖြဲ႕အစည္းသဘာဝအလိုက္ ေနာက္က အစက္ကေလးကေလး ရဲ႕ အေနာက္မွာပါတဲ့  extension ကိုခြဲထားပါတယ္။
တခ်ိဳ႕ေတြမွာေတာ့ အဲဒီ extension အေနာက္မွာ ဆိုင္ရာ ႏိုင္ငံကုဒ္ကို အစက္ တစက္ ခံၿပီး ထပ္ထည့္ပါတယ္။
ဥပမာ
**********.com       company
**********.org        Organization
**********.edu       educational body like school, college, university
**********.net      ကေတာ့  .com နဲ႔ မကြာလွပါ
**********.gov.mm        Government with country's code
**********.gov              USA government
**********.ca                Canada government
**********co.uk            UK cooperation
*********.ac.uk            Academic bodies in UK , similar to edu

Schoolaredu.com  ကေတာ့ edu နဲ႔ ဆင္တူယိုးမွားလုပ္ထားေပမယ့္ eduက အေရွ႕ကနာမယ္နဲ႔ တဆက္တည္းပါ။ 
တကယ့္ extension ကေတာ့ .com ပါ။ 
ကိုယ့္ဝဘ္ဆိုဒ္ ဒိုမိန္းကို ထင္ေယာင္ထင္မွားျဖစ္ေအာင္ေရးထားကတည္းက မဟုတ္တာလုပ္ေတာ့မယ္ဆိုတာသံသယထားပါ။
ဥပမာ *************org.com

ေနာက္တခါ ေအာက္မွာ Sponsored ဆိုတဲ့ စာလုံးကေလးကိုေတြ႕မွာပါ။
အဲဒါ ေဖ့ဘြတ္မွာ ပိုက္ဆံေပးၿပီး ေၾကာ္ျငာထားတာကို ဆိုလိုပါတယ္။
အစိုးရေတြကေတာ့ ဆိုရွယ္မီဒီယာေတြမွာအဲလို ပိုက္ဆံေပးၿပီး မေၾကျငာပါ။
သူ႔ရဲ႕ ဝဘ္ဆိုက္ကိုဝင္ဖို႔ ဖြင့္လိုက္တဲ့အခါမွာေတာ့  Bitdefender internet security က အႏၲရာယ္ရွိတယ္ဆိုၿပီး တားထားပါတယ္။
အႏၲရာယ္ရွိတယ္ဆို

အဲဒီဆိုဒ္ကိုဖြင့္လိုက္ရင္ ကိုယ့္ ကြန္ျပဴတာ/ ဖုန္းကိုဒုကၡေပးမယ့္ app တခုခုကို install လုပ္လိမ့္မယ္လို႔ေရးထားပါတယ္။
ေဝးေဝးကေရွာင္ပါ။

Diversity Visa Lottery

လုပ္စားတာမ်ားတဲ့ေနာက္ဆိုဒ္ေတြကေတာ့ Diversity Visa Lottery ဆိုတဲ့ အေမရိကန္ ဒီဗြီ ဗီဇာပါ
အေမရိကန္ ဒီဗြီ ဗီဇာ တရားဝင္ဝဘ္ဆိုဒ္က https://travel.state.gov/content/travel/en/us-visas/immigrate/diversity-visa-program-entry.html ဆိုေတာ့
 https://travel.state.gov ဆိုတာက ပင္မ ဆိုဒ္ပါ။
ဝဘ္ဆိုဒ္လိပ္စာမွာ .state.gov နဲ႔ ဆုံးတာကို ေတြ႕ပါလိမ့္မယ္။
ဒီေနရာမွာ နမူနာျပစရာတခုကေတာ့  https://www.dvlottery.com/ ဆိုတဲ့ လုပ္စားေနတဲ့ ဆိုဒ္တခုပါ
အေမရိကန္ အစိုးရတံဆိပ္ နဲ႔ ခပ္ဆင္ဆင္တင္ထားပါတယ္။
သူရဲ႕ .com/ ဆိုတဲ့ extension  က အေမရိကန္ အစိုးရနဲ႔ မပတ္သက္ဘူးလို႔ျပေနပါတယ္။
 အစစ္နဲ႔ ဆင္တူ ယိုးမွား


မူရင္း ကုမၸဏီက The American Dream ပါ။ လူဝင္မႈနဲ႔ပတ္သက္ၿပီးအႀကံေပး အတိုင္ပင္ခံကုမၸဏီအေနတဲ့ တရားဝင္ မွတ္ပုံတင္ထားတာကို စကားလုံးေတြနဲ႔ လွည့္ၿပီး တရားဝင္ Diversity Visa Lottery ကိုယ္စားလွယ္လိုလိုေရးထားတာပါ။ တရားစြဲမခံရေအာင္
Webpage ေအာက္မွာေတာ့ " The American Dream - US GreenCard Service GmbH is a government licensed immigration consultancy. We are not affiliated with the U.S. Government or any government agency. You can enter the U.S. Diversity Visa Lottery for free at www.state.gov." လို႔ေရးထားပါတယ္။
အစိုးရရဲ႕ တရားဝင္ ဝဘ္ဆိုဒ္ www.state.gov ကိုပါေပးထားပါတယ္။
ေသခ်ာဖတ္သူေတြဆိုရင္ေတြ႕ႏိုင္ေပမယ့္ အမ်ားစု သတိမထားမိၾကပါ။

တျခားဆင္တူ ဝဘ္ဆိုဒ္တခ်ိဳ႕ကေတာ့ https://www.usgreencardoffice.com  နဲ႔  https://www.greencardlottery.expert ဆိုတဲ့ ထင္ေယာင္ထင္မွာျဖစ္ေအာင္လုပ္ထားတဲ့ လုပ္စားဆိုဒ္ေတြပါ။
https://www.usgreencardoffice.com ဆိုလည္းေအာက္မွာ " US Green Card Office is a private company and not a governmental agency. You can enter the U.S. Diversity Visa Lottery for free at www.state.gov " လို႔ေရးထားပါတယ္။
https://www.greencardlottery.expert ဆိုရင္လည္း ေအာက္မွာ " www.greencardlottery.expert website is a private entity proudly serving you! Partners Terms and Conditions Green Card Lottery Site Map"  လို႔ေရးထားပါတယ္။
လက္တလုံးျခားလုပ္ေနတဲ့ webpage ေအာက္ေျခက မွတ္ခ်က္မ်ား


သူတိုက ဒီဗြီ ဗီဇာတင္ဖို႔ ေလွ်ာက္ရင္ တကယ့္တရားဝင္ ဆိုဒ္က လင့္ကိုတြဲၿပီး ကိုယ့္ကို ပြဲခေတာင္းမွာပါ။
Schoolaredu.com လိုမဆိုးေပမယ့္ ကိုယ္ အခမဲ့ ေလွ်ာက္လို႔ရတဲ့ ဗီဇာကိုသူက ပိုက္ဆံေတာင္းမွာပါ။

 အင္တာနက္ဆိုတာ အမႈိက္ေတြေထာင္ေျခာက္ေတြနဲ႔ျပည့္ေနလို႔ ကိုယ္ေရးအခ်က္အလက္ေပးရေတာ့မယ္ဆိုလ်င္ website ရဲ႕ contact us တို႔  about us, ေအာက္ေျခကမွတ္ခ်က္တို႔ကို ေသခ်ာဖတ္ပါ။ 
တရားဝင္ မွန္မွန္ကန္ကန္လုပ္ထားသူေတြက သူတို႔ရဲ႕ အခ်က္ အလက္ေတြကို ပြင့္ပြင့္လင္းလင္းေဖၚျပထားပါတယ္။
ဖိုးသုည
16-7-19


ဝဘ်ဆိုဒ်တခုမှာကိုယ်ရေးချက်အလက်တွေကိုမဖြည့်ခင် သေသေချာချာ စိစစ်ပါ (သို့) အင်တာနက်ပေါ်ကနေ လိမ်စားနေသူများ (ယူနီကုဒ်) 

ညီမလေးတယောက်က စကရင်ရှော့ကလေးတခုပို့ပြီး မေးလာလို့ရေးဖြစ်ပါတယ်။
အလားတူတွေ အဖြစ်တွေအများကြီးရှိပါတယ်။

ကနေဒါ

ကနေဒါကို ရွှေ့ပြောင်းနေထိုင်လိုသူတွေအတွက် အမေရိကန်လို မဲနှိုက်တဲ့ diversity-visa-program- ဆိုတာမရှိသေးပါ။
လျှောက်လို့ရနိုင်တဲ့ နည်းလမ်းတွေကိုတော့ ဒီလင့်မှာ ဖတ်လို့ရပါတယ်။
https://www.canada.ca/en/immigration-refugees-citizenship/services/immigrate-canada.html
ကနေဒါမှာ အင်္ဂလိပ်စာနဲ့ ပြင်သစ်စာ၂ မျိုးလုံးကို ရုံးသုံးဘာသာဖြစ်လို့ တရားဝင် ဝဘ်ဆိုဒ်တွေမှာ အင်္ဂလိပ်ဘာသာနဲ့ပြင်သစ်ဘာသာ  ၂မျိုးလုံးနဲ့ ရေးပါတယ်။ 
သူတို့အစိုးရရဲ့ ဝဘ်ဆိုဒ်တွေက **.ca/ နဲ့ဆုံးပါတယ်။

ကနေဒါဗီဇာနဲ့ ပတ်သက်ပြီး ရှိလို့ရတဲ့ ဆိုဒ်တချို့ပါ
ခရီးသွား     https://travel.gc.ca/
အလည်အပတ်
https://www.canada.ca/en/immigration-refugees-citizenship/services/visit-canada.html
နိုင်ငံသား
https://www.canada.ca/en/services/immigration-citizenship.html
ပြောင်းရွှေ့နေထိုင်ခြင်း
https://www.canada.ca/en/immigration-refugees-citizenship/services/immigrate-canada.html


ဒီဝဘ်ဆိုဒ်ကို ယုံရမလား

အဲဒီညီမလေး မေးထားတဲ့ ဝဘ်ဆိုဒ်နဲ့ ပတ်သက်ပြီး နည်းနည်းရေးပါရစေ။
"Schoolaredu.com" ဆိုတဲ့ domain က အတုမှန်း အရမ်းသိသာပါတယ်။

အင်တာနက်မှာ website domain ကို မှတ်ပုံတင်တဲ့ အခါ အဖွဲ့အစည်းသဘာဝအလိုက် နောက်က အစက်ကလေးကလေး ရဲ့ အနောက်မှာပါတဲ့  extension ကိုခွဲထားပါတယ်။
တချို့တွေမှာတော့ အဲဒီ extension အနောက်မှာ ဆိုင်ရာ နိုင်ငံကုဒ်ကို အစက် တစက် ခံပြီး ထပ်ထည့်ပါတယ်။
ဥပမာ
**********.com       company
**********.org        Organization
**********.edu       educational body like school, college, university
**********.net      ကတော့  .com နဲ့ မကွာလှပါ
**********.gov.mm        Government with country's code
**********.gov              USA government
**********.ca                Canada government
**********co.uk            UK cooperation
*********.ac.uk            Academic bodies in UK , similar to edu

Schoolaredu.com  ကတော့ edu နဲ့ ဆင်တူယိုးမှားလုပ်ထားပေမယ့် eduက အရှေ့ကနာမယ်နဲ့ တဆက်တည်းပါ။ 
တကယ့် extension ကတော့ .com ပါ။ 
ကိုယ့်ဝဘ်ဆိုဒ် ဒိုမိန်းကို ထင်ယောင်ထင်မှားဖြစ်အောင်ရေးထားကတည်းက မဟုတ်တာလုပ်တော့မယ်ဆိုတာသံသယထားပါ။ 
ဥပမာ *************org.com

နောက်တခါ အောက်မှာ Sponsored ဆိုတဲ့ စာလုံးကလေးကိုတွေ့မှာပါ။ 
အဲဒါ ဖေ့ဘွတ်မှာ ပိုက်ဆံပေးပြီး ကြော်ငြာထားတာကို ဆိုလိုပါတယ်။
အစိုးရတွေကတော့ ဆိုရှယ်မီဒီယာတွေမှာအဲလို ပိုက်ဆံပေးပြီး မကြေငြာပါ။
သူ့ရဲ့ ဝဘ်ဆိုက်ကိုဝင်ဖို့ ဖွင့်လိုက်တဲ့အခါမှာတော့  Bitdefender internet security က အန္တရာယ်ရှိတယ်ဆိုပြီး တားထားပါတယ်။ 
အဲဒီဆိုဒ်ကိုဖွင့်လိုက်ရင် ကိုယ့် ကွန်ပြူတာ/ ဖုန်းကိုဒုက္ခပေးမယ့် app တခုခုကို install လုပ်လိမ့်မယ်လို့ရေးထားပါတယ်။
ဝေးဝေးကရှောင်ပါ။

Diversity Visa Lottery

လုပ်စားတာများတဲ့နောက်ဆိုဒ်တွေကတော့ Diversity Visa Lottery ဆိုတဲ့ အမေရိကန် ဒီဗွီ ဗီဇာပါ
အမေရိကန် ဒီဗွီ ဗီဇာ တရားဝင်ဝဘ်ဆိုဒ်က https://travel.state.gov/content/travel/en/us-visas/immigrate/diversity-visa-program-entry.html ဆိုတော့
 https://travel.state.gov ဆိုတာက ပင်မ ဆိုဒ်ပါ။
ဝဘ်ဆိုဒ်လိပ်စာမှာ .state.gov နဲ့ ဆုံးတာကို တွေ့ပါလိမ့်မယ်။
ဒီနေရာမှာ နမူနာပြစရာတခုကတော့  https://www.dvlottery.com/ ဆိုတဲ့ လုပ်စားနေတဲ့ ဆိုဒ်တခုပါ။
အမေရိကန် အစိုးရတံဆိပ် နဲ့ ခပ်ဆင်ဆင်တင်ထားပါတယ်။
သူရဲ့ .com/ ဆိုတဲ့ extension  က အမေရိကန် အစိုးရနဲ့ မပတ်သက်ဘူးလို့ပြနေပါတယ်။
မူရင်း ကုမ္ပဏီက The American Dream ပါ။ လူဝင်မှုနဲ့ပတ်သက်ပြီးအကြံပေး အတိုင်ပင်ခံကုမ္ပဏီအနေတဲ့ တရားဝင် မှတ်ပုံတင်ထားတာကို စကားလုံးတွေနဲ့ လှည့်ပြီး တရားဝင် Diversity Visa Lottery ကိုယ်စားလှယ်လိုလိုရေးထားတာပါ။ တရားစွဲမခံရအောင်
Webpage အောက်မှာတော့ " The American Dream - US GreenCard Service GmbH is a government licensed immigration consultancy. We are not affiliated with the U.S. Government or any government agency. You can enter the U.S. Diversity Visa Lottery for free at www.state.gov." လို့ရေးထားပါတယ်။
အစိုးရရဲ့ တရားဝင် ဝဘ်ဆိုဒ် www.state.gov ကိုပါပေးထားပါတယ်။
သေချာဖတ်သူတွေဆိုရင်တွေ့နိုင်ပေမယ့် အများစု သတိမထားမိကြပါ။

တခြားဆင်တူ ဝဘ်ဆိုဒ်တချို့ကတော့ https://www.usgreencardoffice.com  နဲ့  https://www.greencardlottery.expert ဆိုတဲ့ ထင်ယောင်ထင်မှာဖြစ်အောင်လုပ်ထားတဲ့ လုပ်စားဆိုဒ်တွေပါ။
https://www.usgreencardoffice.com ဆိုလည်းအောက်မှာ " US Green Card Office is a private company and not a governmental agency. You can enter the U.S. Diversity Visa Lottery for free at www.state.gov " လို့ရေးထားပါတယ်။
https://www.greencardlottery.expert ဆိုရင်လည်း အောက်မှာ " www.greencardlottery.expert website is a private entity proudly serving you! Partners Terms and Conditions Green Card Lottery Site Map"  လို့ရေးထားပါတယ်။
သူတိုက ဒီဗွီ ဗီဇာတင်ဖို့ လျှောက်ရင် တကယ့်တရားဝင် ဆိုဒ်က လင့်ကိုတွဲပြီး ကိုယ့်ကို ပွဲခတောင်းမှာပါ။
Schoolaredu.com လိုမဆိုးပေမယ့် ကိုယ် အခမဲ့ လျှောက်လို့ရတဲ့ ဗီဇာကိုသူက ပိုက်ဆံတောင်းမှာပါ။

 အင်တာနက်ဆိုတာ အမှိုက်တွေထောင်ခြောက်တွေနဲ့ပြည့်နေလို့ ကိုယ်ရေးအချက်အလက်ပေးရတော့မယ်ဆိုလျင် website ရဲ့ contact us တို့  about us, အောက်ခြေကမှတ်ချက်တို့ကို သေချာဖတ်ပါ။ 
တရားဝင် မှန်မှန်ကန်ကန်လုပ်ထားသူတွေက သူတို့ရဲ့ အချက် အလက်တွေကို ပွင့်ပွင့်လင်းလင်းဖေါ်ပြထားပါတယ်။
ဖိုးသုည
16-7-19