Friday, May 31, 2019

Plane spotting ေလယာဥ္ေတြကို ေစာင့္ၿပီး ဓါတ္ပုံ႐ိုက္တဲ့ ဝါသနာ (ေဇာ္ဂ်ီ)


Plane spotting ေလယာဥ္ေတြကို ေစာင့္ၿပီး ဓါတ္ပုံ႐ိုက္တဲ့ ဝါသနာ

ေလယာဥ္ေတြကို ေစာင့္ၿပီး ဓါတ္ပုံ႐ိုက္တဲ့ ဝါသနာဟာစိတ္ဝင္စားစရာေကာင္းပါတယ္။
လူအမ်ားစုဟာေလယာဥ္ေတြ ပ်ံတက္ ပ်ံဆင္းတာ ၾကည့္ရတာ စိတ္ဝင္စားေပမဲ့ အဲဒီေလယာဥ္ေတြကို အခ်ိန္ကုန္ခံ အပင္ပန္းခံၿပီး ေစာင့္ၾကည့္ဖို႔ ဓါတ္ပုံ႐ိုက္ဖို႔အထိ စိတ္ဝင္စားတာကေတာ့နည္းပါတယ္။

Plane spotting ဟာ ငွက္ေတြကို ေစာင့္ၾကည့္ ဓါတ္ပုံ႐ိုက္တဲ့ birding/ bird watching နဲ႔ ဆင္ေပမဲ့ မတူတာေတြ အမ်ားႀကီးရွိပါတယ္။
ငွက္ေတြကို ေစာင့္ၾကည့္တဲ့အခါ ဘာငွက္မ်ိဳးကိုေတြ႕ရမယ္ ဘယ္ေလာက္ ေစာင့္ရမယ္လို႔ ခန႔္မွန္းဖို႔ခက္သလို သူတို႔ရဲ႕ ထူးျခားတဲ့ သဘာဝ၊ အျပဳအမူ၊ မ်ိဳးစိပ္သစ္ေတြကိုလည္း မေမွ်ာ္လင့္ဘဲ ေတြ႕ရွိမွတ္တမ္းတင္ရႏိုင္ပါတယ္။

ဒီဘက္ေခတ္ plane spotting ကေတာ့ ဘယ္အခ်ိန္ ဘယ္ေလယာဥ္လာမယ္ ဘယ္ေလယာဥ္တက္မယ္ ဘာအမ်ိဳးအစား ဘယ္နံပတ္ဆိုတာပါ အင္တာနက္မွာ အခ်ိန္နဲ႔ တေျပးညီ ျပေနပါတယ္။ FlightRadar 24  တို႔ Fligthaware တို႔လို website ေတြမွာ ကိုယ္လိုသလို ရွာတတ္ဖို႔ပဲလိုတယ္။
သူတို႔မသိႏိုင္တာကေတာ့ စစ္ေလယာဥ္ေတြ အတက္အဆင္းကိုပါ။




တခ်ိဳ႕ေလဆိပ္ေတြဟာ plane spotter ေတြ အတြက္ အလြန္ အဆင္ေျပေပမဲ့ တခ်ိဳ႕ေလဆိပ္ေတြကေတာ့ အေတာ့ကိုအဆင္မေျပပါ။
httpswww.bne.com.aupassengershop-dine-exploreexploreplane-spotters

တခ်ိဳ႕ႏိုင္ငံေတြမွာ ေလဆိပ္ ထိန္းခ်ဳပ္ေမွ်ာ္စင္ (ATC) နဲ႔ ပိုင့္ေလာ့ေတြ ေျပာေနၾကတာကို မိမိေရဒီယိုနဲ႔ ဖမ္းယူတာ ခြင့္ျပဳပါတယ္။ ဘယ္ေလဆိပ္က ဘာအတြက္ ဘယ္ဖရီကြင္စီကိုသုံးတယ္ ဆိုတာကိုေတာ့ေလ့လာထားရပါတယ္။ သာမန္ေရဒီယိုေတြက အဲဒီလႈိင္းေတြကို ဖမ္းလို႔မရပါ။
တခ်ိဳ႕ေလဆိပ္ေတြက ေရဒီယိုဆက္သြယ္တာေတြကို ဒီမွာ https://www.liveatc.net/  နားေထာင္လို႔ရပါတယ္။
plane spotter ေတြဟာ ေရဒီယိုကိုဖြင္ၿပီး နားေထာင္ရင္း ေလယာဥ္အတက္အဆင္းကို ၾကည့္ရ ဓါတ္ပုံ၊ ဗီဒီယို ႐ိုက္ရတာ အေတာ္ အရသာရွိပုံရပါတယ္။ အထူးသျဖင့္ ဆိုး႐ြားတဲ့ ရာသီဥတုမွာ ပိုင္းေလာ့နဲ႔ ေလယာဥ္ကြင္း ေမွ်ာ္စင္တို႔ ေျပာတဲ့ စကားေတြကို ေရဒီယိုကဖမ္းရင္း ေလယာဥ္ ခက္ခက္ခဲခဲဆင္းလာတဲ့ ဗြီဒီယိုေတြကိုမွတ္တမ္းတင္ထားတာ ယူတ်ဳဘ္မွာေတြ႕ႏိုင္ပါတယ္။







တခ်ိဳ႕ေလဆိပ္ေတြမွာ ၿခံစည္း႐ိုးစပ္အထိသြားၿပီး ဓါတ္ပုံ႐ိုက္လို႔ ရေပမဲ့ တခ်ိဳ႕ေလဆိပ္ေတြမွာ ေျမအေနအထားက ၿခံစည္း႐ိုးစပ္အထိသြားလို႔မရသလို လုံၿခဳံေရးအရ တားျမစ္ထားတာေတြလည္းရွိပါတယ္။ တခ်ိဳ႕ေလဆိပ္ေတြမွာ ၿခံစည္း႐ိုးပတ္ခ်ာလည္ အပင္ႀကီးေတြက ကာေနတတ္ပါတယ္။


ထူးထူးျခားျခား အလယ္အေမရိက စိန႔္မာတင္ကြၽန္းက Princess Juliana InternationalAirport ကေတာ့ ေလဆိပ္ အစပ္နဲ႔ ပင္လယ္ကမ္းကပ္ေနၿပီး ဆင္းလာတဲ့ ေလယာဥ္ေတြက အလြန္နိမ့္တာေၾကာင့္ ဂ်က္ေလယာဥ္အင္ဂ်င္ေတြရဲ႕ တြန္းကန္မႈေၾကာင့္ ေအာက္တည့္တည့္မွာ နီးကပ္စြာရွိသူကို ထိခိုက္ႏိုင္ေၾကာင္း ဆိုင္းဘုတ္ေတြပါေထာင္ထားရပါတယ္။ အဲဒီက ကမ္း‌ေျခကိုလည္ရင္း ေလယာဥ္မ်ိဳးစုံကို အနီးကပ္ ဗြီဒီယို ၊ဓါတ္ပုံ႐ိုက္ရတဲ့ အေတြ႕အႀကဳံမ်ိဳးကိုေတာ့ တျခားဘယ္မွာမွ ရမယ္မထင္ပါ။
plane spotter အားလုံးနီးပါးဟာ ေလယာဥ္ေတြ၊ ေလဆိပ္၊ ေလေၾကာင္းလိုင္း ေတြ အေၾကာင္း အေတာ္မ်ားမ်ား ေလ့လာထားၾကၿပီး ျမင္တာနဲ႔ ဘာေလယာဥ္ရယ္လို႔ ေျပာႏိုင္ၾကပါတယ္။



သူတို႔လိုတာကေတာ့

(၁) စိတ္ရွည္မႈ၊

(၂) အေဝးကိုဆြဲအား‌ေကာင္းတဲ့ (သာမန္အားျဖင့္ 55 – 500 မီလီမီတာ) မွန္ဘီလူးပါ ကင္မရာေကာင္းေကာင္း။ ( DSLR camera ကိုသာအသုံးမ်ားၾကပါတယ္။ Bridge ကင္မရာေတြက မွန္ဘီလူးဆြဲအားပိုေကာင္းေပမဲ့ အရွိန္နဲ႔ ခ်ည္းကပ္လာတဲ့ ေလယာဥ္ကို လိုက္႐ိုက္တဲ့ အခါ ေမာ္တာနဲ႔ ႀကဳံ႔၊ ဆန႔္တဲ့ မွန္ဘီလူးက ေႏွးလို႔  ေလယာဥ္ရဲ႕ ေ႐ြ႕လ်ားမႈကို လိုက္လို႔ မမွီတာမ်ားပါတယ္။ ေဝးေဝးကေန႐ိုက္ရင္ေတာ့ ရပါတယ္။ ေဝးျပန္ေတာ့ ကင္မရာ နည္းနည္းေ႐ြ႕တာနဲ႔ ျမင္ကြင္း အလြန္ေဝးေဝးကို ေျပာင္းၿပီး မိမိလိုခ်င္တဲ့ ပုံရိပ္ေပ်ာက္သြားတတ္ပါတယ္။ ေခ်ာင္းၾကည့္ေပါက္မပါတဲ့ ကင္မရာေတြမွာ စကရင္ေပၚကပုံကို ေနေရာင္ေအာက္မွာ ၾကည့္လို႔ မလြယ္လို႔ သိပ္ အဆင္မေျပပါ။ )

(၃) အခ်က္ အလက္ေတြကို ႀကိဳတင္စုေဆာင္းမႈ
-      ကိုယ္သြားေစာင့္မည့္ ေလဆိပ္နဲ႔ ပတ္ဝန္းက်င္အေနအထား
-      ကိုယ္သြားေစာင့္မည့္ ေလဆိပ္မွာ spotting လုပ္လို႔ရမည့္ေနရာမ်ားနဲ႔ အဲဒီေနရာေတြကို ဘာနဲ႔ ဘယ္လိုသြားလို႔ရယ္။ (ဒီအေၾကာင္းေတြကို ဝါသနာတူမ်ားအခ်င္းခ်င္းရွဲထားတဲ့ ဘေလာ့ေတြ ဆိုရွယ္မီဒီယာဂ႐ုေတြကေနရႏိုင္ပါတယ္။ )
-      ေလဆိပ္မွာ ဘယ္ေျပးလမ္းကို ဘာအတြက္သုံးတယ္, ( အဆင္းလား အတက္လား) ဘယ္ဘက္ကိုဦးတည္သလဲ ။
-      ရာသီဥတု၊
-      ေလယာဥ္ အတက္ အဆင္းအခ်ိန္ဇယား၊

(၄) လိုအပ္တဲ့ အသုံးအေဆာင္မ်ား
-      ျခင္မကိုက္ေဆးရည္
-      ဦးထုပ္၊ ထီး၊ မိုးကာ
-      ေရဗူး၊ အစားအေသာက္၊
-      ထိုင္စရာ၊ ခင္းစရာ
-      အင္တာနက္ခ်ိတ္ထားတဲ့ ဖုန္းက မရွိမျဖစ္မဟုတ္ေပမဲ့ အလြန္ အသုံးတည့္ပါတယ္။ ဖုန္းထဲကေန ဘယ္ေလယာဥ္ တက္မယ္ ဆင္းမယ္။ အခ်ိန္ ဘယ္ေလာက္လိုေသးတယ္ စသည္တို႔ကို ၾကည့္လို႔ရေတာ့ နားလို႔ရပါတယ္။
- 


ေနရာကို ဘယ္လိုေ႐ြးမလဲ

ဒါကိုေတာ့ အခ်က္၂ခ်က္ေပၚတည္ၿပီး ေ႐ြးၾကပါတယ္။

ဘယ္ေျပးလမ္းကို ဘာအတြက္သုံးေနလဲ။

 တခ်ိဳ႕ေလဆိပ္ေတြမွာ ေလတိုက္တဲ့ လားရာ မၾကာခဏေျပာင္းလို႔ ေလယာဥ္တက္တဲ့ ဆင္းတဲ့ ဦးတည္ရာကို ေျပာင္းေပးရပါတယ္။ သူတို႔အေခၚက Active runway ေပါ့။
ဥပမာ မဂၤလာဒုံေလယာဥ္ကြင္းေျပးလမ္းကို အရွ႕ေျမာက္ဘက္က ခ်ဥ္းကပ္လ်င္ ေျပးလမ္းနံပတ္က ၂၁ ျဖစ္ၿပီး အေနာက္ေတာင္ဘက္ (ေစာ္ဘြားႀကီဂကုန္းဘက္က) ကခ်ဥ္းကပ္လ်င္ေတာ့ ေျပးလမ္းနံပတ္က ၀၃ ျဖစ္သြားပါတယ္။ Active runway 21 ဆိုလ်င္ ေလယာဥ္ေတြ ေျမာက္ဥကၠလာဘက္ကဆင္းၿပီး ေစာ္ဘြားႀကီကုန္ဘက္ကိုပ်ံ တက္ပါတယ္။ Active runway 03 ဆိုလ်င္ ေျပာင္းျပန္ေပါ့။



အဆင္းလား အတက္လား

ကိုယ္က ဆင္းတဲ့ ေလယာဥ္ေတြကို႐ိုက္မွာလား တက္တဲ့ ေလယာဥ္ေတြကို႐ိုက္မွာလားဆိုတာေပၚတည္လို႔ Active runway ရဲ႕ ဘယ္နားက စေပါ့မွာေစာင့္မလဲဆိုတာ‌ေ႐ြးရပါတယ္။

အတက္
ေလယာဥ္ေတြ ဆင္လ်င္း ေျပးလမ္း ဆုံးနားက စဆင္းေပမဲ့ ပ်ံတက္လ်င္ေတာ့ ေလယာဥ္အ႐ြယ္ေပၚတည္လို႔ ေျပးလမ္း အဆုံးကေန စ တက္တာရွိသလို အလယ္နားက စပ်ံတက္တာလည္းရွိပါတယ္။ ဘိုးအင္း ၇၃၇ တို႔ အဲယားဘတ္စ္ ေအ၃၂၀ တို႔လို႔ အလတ္စားေတြ ေျပလမ္းအစက စေျပးေပမဲ့ ေျပးလမ္း တဝက္ေလာက္မွာတင္ ေလထဲပ်ံတက္သြားၿပီးလိုရာကို ေကြ႕သြားပါတယ္။ အဲဒီအခါမွာ ေျပးလမ္း အဆုံးနားကေစာင့္ေနတဲ့ စေပါ့တာ အေနတဲ့ အေတာ္ေဝးေဝး ျမင့္ျမင့္ကိုေရာက္သြားတဲ့ေလယာဥ္ရဲ႕ ပုံပဲရပါတယ္။ ေျပးလမ္းတဝက္ေလာက္ကေနေစာင့္႐ိုက္လို႔ရလ်င္ ပုံေကာင္းရပါတယ္။ ဘိုးအင္း ၇၇၇ လို ၇၄၇ လို, အဲယားဘတ္စ္ ေအ ၃၈၀၊ ေအ၃၅၀ လို ေလယာဥ္အႀကီးစားေတြကေတာ့ ေျပးလမ္း ေလးပုံသုံးပုံေလာက္ကေနမွပ်ံတက္ၾကတာမ်ားပါတယ္.
အတက္မွာ ေလယာဥ္ဟာအရွိန္ျမႇင့္ထားၿပီး ၁၅ ဒီကရီ ေမာ့တက္လို႔ ကိုယ့္ျမင္ကြင္း႐ိုက္ကြက္ထဲမွာ ခဏပဲမိပါတယ္။ ဒါေပမဲ့ အတက္ကိုေအာက္ကေနပင့္႐ိုက္တဲ့အခါ ေလယာဥ္ဘီးေခါက္တဲ့ အဆင့္ေတြကို ပုံထဲမွာ မိႏိုင္ပါတယ္။
အတက္ ေျပးလမ္း အစမွာ႐ိုက္လ်င္ေတာ့ ေျပးလမ္းေပၚေကြ႕တက္တာ အရွိန္တင္တာ တို႔ကိုရႏိုင္သလို ေျပးလမ္းမ်ာေရရွိေနလ်င္ ေရမႈန္မ်ားဖြားသြားတာလည္းရႏိုင္ပါတယ္.










အဆင္း
အဆင္းဘက္ ေျပးလမ္းအစနားမွာေစာင့္လ်င္ေတာ့ ေလယာဥ္က အရွိန္လည္းေလ်ာ့ထားလို႔ ေလထဲကေလယာဥ္ရဲ႕ အနီးကပ္ပုံေကာင္းေကာင္း ရပါတယ္။ အဆင္းကို ေျပးလမ္းေပၚအထိ႐ိုက္ႏိုင္လ်င္ေတာ့ ဘီးက ေျပးလမ္းကိုထိၿပီး မီးခိုးေတြထြက္တာ၊ ဘီးထိၿပီး ခုန္သြားတာ၊ Air break ဖြင့္တာ  Thrust Reversal ေခၚ အင္ဂ်င္တြန္းအားကို ေျပာင္းျပန္ ကန္ေစၿပီး အရွိန္သတ္တာေတြကိုပါ ရႏိုင္ပါတယ္။
မိုး႐ြာ‌ေနတုန္း ဆင္းလာတဲ့ ေလယာဥ္ကိုေျပးလမ္းေပၚမွာ ဗြီဒီယို႐ိုက္လို႔ရလ်င္ Thrust Reversal ဖြင့္တဲ့ အခါ ဂ်က္တြန္းအားက ေျပာင္းျပန္တြန္းေတာ့ အင္ဂ်င္ေတြနားမွ ေရမႈန္ေတြ ဖြားသြားတာကိုေတြ႕ရႏိုင္တယ္ဆိုပါတယ္။ 









ကြင္းထဲ
ကြင္းထဲက ပုံေတြကေတာ့ ေလယာဥ္ တက္စီ ( Taxi) လုပ္တာ, ဂိတ္ထိုးတာ၊ ဂိတ္ကထြက္ၿပီး ရာဒါ ( Redder) တို႔ ေအလာ႐ြန္ ( Aileron) တို႔  အဘ္လီေဗတာ( elevator) စပြိဳင္လာ ( spoiler) တို႔ကို စစ္ေဆးတာ၊ ကြင္းထဲက ဝန္ထမ္းေတြ ေလယာဥ္ အတက္ အဆင္း ျပင္ဆင္တာ ေတြ ဗြီဒီယိုမွတ္တမ္းတင္လို႔ေကာင္းပါတယ္။





သာမန္လူေတြကေတာ့ ဒီေလေၾကာင္းလိုင္းက ဒီေလယာဥ္အမ်ိဳးအစား ဆိုတာေလာက္ပဲသိေပမဲ့ ဝါသနာရွင္ေတြကေတာ့ မ်ိဳးတူေလယာဥ္ေပမဲ့ တစီးခ်င္းစီကိုေသခ်ာမွတ္တမ္းယူၾကပါတယ္။ ေလယာဥ္ေမာင္းခန္းေဘးမွာေရးထားတဲ့ ေလယာဥ္ အမည္၊ သီးသန႔္ေဆးျခယ္ထားတဲ့ေလယာဥ္ ( special livery) စသည္ျဖင့္ေပါ့၊ ရွားပါးေလယာဥ္ေတြေတြ႕ရင္ေတာ့ အႀကိဳက္ေပါ့။ ဥပမာ ဘိုးအင္း၇၄၇ ဂ်မ္ဘိုဂ်က္ ခရီးသည္တင္ေလယာဥ္ေတြ မရွိသေလာက္ရွားသြားပါၿပီ။ ကုန္တင္ ၇၄၇ ေတြပဲက်န္ပါတယ္။ ေနာက္ေပါက္ plane spotter ေတြ အေနနဲ႔ အနားယူသြားတဲ့ ဘိုးအင္း၇၂၇ တို႔ DC 10 တို႔ကို တကယ္ပ်ံေနတာ မေတြ႕ႏိုင္ေတာ့ပါ။ အာရွမွာေတာ့ ႐ုရွားလုပ္ေလယာဥ္ေတြလည္းေတြရခဲပါတယ္။ အျပည္ျပည္ဆိုင္ရာေလယာဥ္ ကြင္းႀကီးေတြမွာ ေဒသတြင္းသုံး ပန္ကာတပ္ေလယာဥ္ငယ္ေတြ  ATR တို႔ တြင္ေအာ္တာတို႔ ေဖၚကာ F50 တို႔ေတြရခဲပါတယ္။ စစ္ေလယာဥ္ေတြကိုေတာ့ တခါတေလ ရွားရွားပါးပါးေတြ႕ရပါတယ္။








ဒီဝါသနာမ်ိဳးက ေလယာဥ္မဆင္းတဲ့နယ္ကလူေတြ အတြက္ မလြယ္ကူသလို အခ်ိန္ကုန္လည္း အလုပ္ရႈပ္ေပမဲ့ ဖုန္းထဲကဂိမ္းေဆာ့တာထက္ေတာ့ ပိုေကာင္းေသးတယ္ေျပာရေလမလား။
ဖိုးသုည

ကမာၻ႔အႀကီးဆုံးခရီးသည္တင္ေလယာဥ္ Airbus A380 ရဲ့အတိုဆုံး ခရီးစဥ္ (အတိုဆုံး Airbus A380 ခရီးစဉ်)

ကမာၻ႔အႀကီးဆုံးခရီးသည္တင္ေလယာဥ္ Airbus A380 ရဲ့အတိုဆုံး  ခရီးစဥ္ 


ကမာၻ႔အႀကီးဆုံးခရီးသည္တင္ေလယာဥ္ ေအ ၃၈၀ အမ်ားဆုံးပိုင္ဆိုင္ထားတဲ့  Emirates ေလေၾကာင္းက အမ်ားမထင္မွတ္ထားတဲ့ခရီးစဥ္သစ္တခုကို ဒီကေန႔ ေမလ ၃၁ရက္မွာ ေၾကျငာလိုက္ပါတယ္။



Dubai နဲ႔ Muscat ၿမိဳ႕တို႔ၾကား ေလေၾကာင္းခရီး ၂၁၁ မိုင္ခရီး ( ရန္ကုန္ ေနျပည္ေတာ္ ၂၀၃ မိုင္ထက္ ၈မိုင္ပို )ကို ဇူလိုင္လ တရက္ေန႔ကစၿပီး တေန႔ ၂ ႀကီမ္ေျပးဆြဲမယ္ဆိုပါတယ္။
ကမာၻ႔အႀကီးဆုံးခရီးသည္တင္ေလယာဥ္ Airbus A380 ေျပးဆြဲတဲ့ ခရီးေတြထဲမွာ ေတာ့ အတိုဆုံးစံခ်ိန္တင္လိုက္ပါၿပီ။
ဒီခရီးအတြက္ အီေကာ္ေနာ္မီ  ၄၂၉ခုံ၊ ဘစ္စနက္ ၇၆ခုံနဲ႔ ဖတ္စ္ကလပ္စ္ ၁၄ ခုံပါမွာပါ။
လက္ရွိမွာေတာ့ ၂၀၁၇ မတိုင္ခင္က ေျပးဆြဲခဲ့တဲ့ Dubai နဲ႔ Doha ၾကား ၂၃၅ မိုင္ခရီးစဥ္က Airbus A380 ေျပးဆြဲတဲ့ အတိုဆုံးခရီး စံခ်ိန္တင္ထားတာပါ။
Airbus A380 မနားတမ္းေျပးဆြဲတဲ့ အရွည္ဆုံးခရီး ၁၆ နာရီခရီးစဥ္ကိုလည္း Emirates ေလေၾကာင္းကပဲ Dubai နဲ႔ New Zealan ႏိုင္ငံက Auckland ကို ေျပးစြဲၿပီးစံခ်ိန္တင္ထားပါတယ္။
ကမာၻ႔မွာ မနားတမ္းေျပးဆြဲတဲ့ အရွည္ဆုံးေလၾကာင္းခရီးစဥ္ကိုေတာ့ စကၤာပူေလေၾကာင္းက စကၤာပူ နဲ႔ နယူးေယာက္ၾကား ခရီး အဲယားဘတ္စ္ရဲ႕ Airbus A350-900ULR ေလယာဥ္နဲ႔ ၁၇ နာရီ ၂၅ မိနစ္ပ်ံသန္းၿပီး စံခ်ိန္တင္ထားပါတယ္။
ခရီးရွည္ပ်ံသန္းဖို႔ ထုတ္လုပ္ထားတဲ့ Airbus A380 ေလယာဥ္ေတြကို ဥေရာပက ျပင္သစ္၊ စပိန္ နဲ႔ ဂ်ာမဏီ စတဲ့ ဥေရာပႏိုင္ငံစုံ ပူးေပါင္းထားတဲ့ အဲယားဘတ္စ္ကုမၸဏီက 2007 ခုႏွစ္မွာ စကၤာပူေလေၾကာင္းကို စတင္အပ္ႏွံခဲ့ၿပီး ထုတ္လုပ္ၿပီးတဲ့ ေလယာဥ္ ၂၃၀ မွာ Emirates ေလေၾကာင္းက တရာေက်ာ္ပိုင္ဆိုင္ထားပါတယ္။
အဲဒီ ၂၅  ဘီလီယံတန္ေလယာဥ္ႀကီးေတြကိုေတာ့ ၂၀၂၁ မွာ ေနာက္ဆုံးထုတ္လုပ္ၿပီးလ်င္ ထုတ္လုပ္မႈကို ရပ္ဆိုင္းေတာ့မွာပါ။
ဖိုးသုည
31-05-19
https://edition.cnn.com/travel/article/world-shortest-a380-flight-emirates/index.html


ကမ္ဘာ့အကြီးဆုံးခရီးသည်တင်လေယာဉ် Airbus A380 ရဲ့အတိုဆုံး  ခရီးစဉ် (ယူနီကုဒ်) 

ကမ္ဘာ့အကြီးဆုံးခရီးသည်တင်လေယာဉ် အေ ၃၈၀ အများဆုံးပိုင်ဆိုင်ထားတဲ့  Emirates လေကြောင်းက အများမထင်မှတ်ထားတဲ့ခရီးစဉ်သစ်တခုကို ဒီကနေ့ မေလ ၃၁ရက်မှာ ကြေငြာလိုက်ပါတယ်။
Dubai နဲ့ Muscat မြို့တို့ကြား လေကြောင်းခရီး ၂၁၁ မိုင်ခရီး ( ရန်ကုန် နေပြည်တော် ၂၀၃ မိုင်ထက် ၈မိုင်ပို )ကို ဇူလိုင်လ တရက်နေ့ကစပြီး တနေ့ ၂ ကြီမ်ပြေးဆွဲမယ်ဆိုပါတယ်။


ကမ္ဘာ့အကြီးဆုံးခရီးသည်တင်လေယာဉ်Airbus A380 ပြေးဆွဲတဲ့ ခရီးတွေထဲမှာ တော့ အတိုဆုံးစံချိန်တင်လိုက်ပါပြီ။
ဒီခရီးအတွက် အီကော်နော်မီ  ၄၂၉ခုံ၊ ဘစ်စနက် ၇၆ခုံနဲ့ ဖတ်စ်ကလပ်စ် ၁၄ ခုံပါမှာပါ။
လက်ရှိမှာတော့ ၂၀၁၇ မတိုင်ခင်က ပြေးဆွဲခဲ့တဲ့ Dubai နဲ့ Doha ကြား ၂၃၅ မိုင်ခရီးစဉ်က Airbus A380 ပြေးဆွဲတဲ့ အတိုဆုံးခရီး စံချိန်တင်ထားတာပါ။
Airbus A380 မနားတမ်းပြေးဆွဲတဲ့ အရှည်ဆုံးခရီး ၁၆ နာရီခရီးစဉ်ကိုလည်း Emirates လေကြောင်းကပဲ Dubai နဲ့ New Zealan နိုင်ငံက Auckland ကို ပြေးစွဲပြီးစံချိန်တင်ထားပါတယ်။
ကမ္ဘာ့မှာ မနားတမ်းပြေးဆွဲတဲ့ အရှည်ဆုံးလေကြာင်းခရီးစဉ်ကိုတော့ စင်္ကာပူလေကြောင်းက စင်္ကာပူ နဲ့ နယူးယောက်ကြား ခရီး အဲယားဘတ်စ်ရဲ့ Airbus A350-900ULR လေယာဉ်နဲ့ ၁၇ နာရီ ၂၅ မိနစ်ပျံသန်းပြီး စံချိန်တင်ထားပါတယ်။
ခရီးရှည်ပျံသန်းဖို့ ထုတ်လုပ်ထားတဲ့ Airbus A380 လေယာဉ်တွေကို ဥရောပက ပြင်သစ်၊ စပိန် နဲ့ ဂျာမဏီ စတဲ့ ဥရောပနိုင်ငံစုံ ပူးပေါင်းထားတဲ့ အဲယားဘတ်စ်ကုမ္ပဏီက 2007 ခုနှစ်မှာ စင်္ကာပူလေကြောင်းကို စတင်အပ်နှံခဲ့ပြီး ထုတ်လုပ်ပြီးတဲ့ လေယာဉ် ၂၃၀ မှာ Emirates လေကြောင်းက တရာကျော်ပိုင်ဆိုင်ထားပါတယ်။
အဲဒီ ၂၅  ဘီလီယံတန်လေယာဉ်ကြီးတွေကိုတော့ ၂၀၂၁ မှာ နောက်ဆုံးထုတ်လုပ်ပြီးလျင် ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မှာပါ။
ဖိုးသုည
31-05-19
https://edition.cnn.com/travel/article/world-shortest-a380-flight-emirates/index.html

Thursday, May 30, 2019

ေခတ္စားလာတဲ့ ေဟာ့ေပါ့၊ ဘူေဖး နဲ႔က်န္းမာေရး။ (ခေတ်စားလာတဲ့ ဟော့ပေါ့၊ ဘူဖေး နဲ့ကျန်းမာရေး။)

ေခတ္စားလာတဲ့ ေဟာ့ေပါ့၊ ဘူေဖး နဲ႔က်န္းမာေရး။ (ေဇာ္ဂ်ီ)

ဘူေဖးဆိုတာ ကိုယ့္ေလာဘနဲ႔ ကိုယ့္ကို ျပန္သတ္တဲ့ စားေသာက္နည္းပါ။
ဘူေဖးဆိုင္မွာ ကိုယ္ႀကိဳက္တာကို လိုသေလာက္ပဲေ႐ြးၿပီး ခ်င့္ခ်ိန္စားတယ္ဆိုတာ တစ္ ရာခိုင္ႏႈန္းေတာင္ရွိမယ္မထင္ပါ။ 
ဒီဖက္ေခတ္မွာ ၿမိဳ႕ႀကီးေတြသာမက ၿမိဳ႕အလတ္စားေတြမွာပါ ေဟာ့ေပါ့ ဘူေဖးေတြ အလွ်ိဳလွ်ိဳေပၚလာပါတယ္၊ 
မန္ဘာကဒ္နဲ႔ မန္ဘာဒစ္စေကာင့္၊ ေန႔လည္စာအထူး စသည္ျဖင့္နည္းမ်ိဳးစုံ ပ႐ိုမိုးရွင္းလုပ္ၾကပါတယ္။
မၾကာမၾကာလာစားျဖစ္ေအာင္ နည္းမ်ိဳးစုံနဲ႔ဆြယ္ပါတယ္။ 
ေဟာ့ေပါ့ဘူေဖးေတြရဲ႕ ေယဘူရ အေကာင္းအဆိုးမ်ား-

ဘာေတြေကာင္းလဲ

ေဆြမ်ိဳးေတြ မိသားစုေတြ ဆုံလို႔၊ မိတ္ေဆြ အေပါင္းအသင္းေတြဆုံလို႔၊ အထိမ္းအမွတ္ပြဲတခုခု စုစားခ်င္လို႔ ဆိုတာမ်ိဳး လူအမ်ားစုစားတဲ့အခါ သူ႔အႀကိဳက္ ကိုယ့္အႀကိဳက္ ျပသနာမရွိေတာ့ပါ။ စားသူက ကိုယ္ႀကိဳက္တာကိုယ္ယူစား႐ုံပါ။
ေကြၽးသူက မွာထားတာ မေလာက္မွာမပူရသလို ပိုလွ်ံမွာလည္း ပူစရာမလိုပါ။
အစားႀကီးသူမ်ားအတြက္ တြက္ေျခကိုက္ပါတယ္။

မေကာင္းတာမ်ား

အစားနည္းသူမ်ားအတြက္ စားႏိုင္တာထက္ပိုေပးရလို႔ ေပးရတာမတန္ပါ၊ ေဈးမ်ားပါတယ္။
အျပဳတ္မႀကိဳက္သူမ်ားအတြက္ ေ႐ြးစရာနည္းပါတယ္။
အေရးအႀကီးဆုံးကေတာ့ က်န္းမာေရးနဲ႔ လုံးမညီၫြတ္ပါ။

က်န္းမာေရးအတြက္ မေကာင္းတဲ့ အေၾကာင္းေတြကေတာ့

၁၊ ပမာဏ

ဘူေဖးျဖစ္လို႔  အမ်ားစုက ေပးထားတာ တန္ေအာင္ စားႏိုင္သမွ်စားၾကပါတယ္၊ ပုံမွန္ထက္မ်ားစြာ (ႏွစ္ဆမက) ပိုစားပါတယ္။ 

၂၊ ကိုလက္စထေရာ

 ေဈးႀကီးေသာပင္လယ္စာကို မ်ားမ်ားစားတတ္ၾကပါတယ္၊ ဂဏန္း ပုဇြန္ ကမာ ဆိတ္၊ အမဲ၊ ဝက္သား စသည္တို႔မွာ ကိုလက္စထေရာအလြန္မ်ားသျဖင့္ ဆင္ဆင္ျခင္ျခင္ စားရမည့္ အမ်ိဳးအစားထဲတြင္ပါေသာ္လည္း ဘူေဖးျဖစ္လို႔ ေပးရတာတန္ေအာင္ အဲဒါေတြမ်ားမ်ားစားၾက။

၃။ ဆား နဲ႔ အခ်ိဳမႈန႔္ 

သထူးသျဖင့္ အသားေတြမွာ အလြန္မ်ားပါတယ္။ ပုံမွန္အစားအေသာက္ေတြမွာထက္ပိုငံပါတယ္။ 
ဆားနဲ႔ အခ်ိဳ႕မႈန႔္ပါ ဆိုဒီယံေၾကာင့္ ေသြးေပါင္ခ်ိန္တက္ပါတယ္။ ေက်ာက္ကပ္မေကာင္းလ်င္ ေဖာေယာင္ပါတယ္၊ ႏွလုံးအားနည္းလ်င္ မညႇစ္ႏိုင္ပဲ အေမာေဖါက္ႏိုင္ပါတယ္။  ျပဳတ္ရည္ကို နည္းနည္းၾကာလ်င္ ေရေႏြးေရာ (သို႔) အသစ္လဲသင့္ပါတယ္၊ မေသာက္သင့္ပါ။  
အသားငါးေတြကို အခ်ည္ရည္မ်ိဳးစုံနဲ႔ တို႔စားလို႔ အဲဒီေဆာ့စ္ ေတြထဲကအငံဓါတ္ေတြကို ပိုစားမိၾကျပန္ပါတယ္။ 

၄၊ အသား

ေဟာ့ေပါ့စားသူေတြက အသားေတြကိုအစားမ်ားပါတယ္ အသားေတြမွာ ျပည့္ဝအဆီေတြမ်ားသလို အမဲသားဆိတ္သားေတြက ယူရစ္အက္ဆစ္လည္း မ်ားပါတယ္၊ အသားပ႐ိုတိန္းကို တျခားအစားေတြနဲ႔ အခ်ိဳးမမွ်ေအာင္မ်ားမ်ားစားလ်င္ ဝမ္းလည္းခ်ဳပ္ပါတယ္၊ ေက်ာက္ကပ္လည္း ဝန္ပိပါတယ္။ 

၅၊ ၾကာရွည္ခံေအာင္လုပ္ထားေသာအစာမ်ား

အသားလုံး ငါးလုံး ဂဏန္းလိပ္ ပုဇြန္လိပ္ ဖက္ထုပ္ ခဲၿပီးလႊာထားေသာ အသားေတြမွာ က်န္းမာေရးထိခိုက္ေစတဲ့   ၾကာရွည္ခံေစတဲ့ ဓါတုပစၥည္းေတြပါပါတယ္၊ နည္းနည္းပါးပါးက သိပ္မသိသာေပမဲ့ အမ်ားႀကီး မစားသင့္ပါ။ 
မၾကာမၾကာစားသူမ်ား ကင္ဆာေရာဂါျဖစ္ဖို႔ အႏၲရာယ္ပိုမ်ားလာေစပါတယ္။
အသားငါးသာမက ဂ်ဳံလိုကစီဓါတ္မ်ားတဲ့ ပစၥည္းေတြပါလို႔ အစာေျခၿပီးလ်င္ ေသြးထဲမွာ သၾကားဓါတ္တက္ပါတယ္၊ ကိုယ္က ေခါက္ဆြဲ ၾကာဇံထည့္မစားေတာင္ အဲဒီ အသားလုံး ဂဏန္းလိပ္ေတြကေန ကာဗိုဟိုက္ၿဒိတ္ေတြ အမ်ားႀကီး ဝင္ပါတယ္။ ဆီးခ်ိဳသမားမ်ား သတိထားစရာပါ။ 
အစာအိမ္နဲ႔ အူလမ္းေၾကာင္းကင္ဆာအပါအဝင္ကင္ဆာမ်ိဳးစုံကို ျဖစ္ေစႏိုင္ပါတယ္။

၅၊ အ႐ြက္

ဘူေဖးစားတာျဖစ္လို႔ လူအမ်ားက 
အလြယ္တကူ ဗိုက္ျပည့္ေစတဲ့ က်န္းမာေရးအတြက္ တန္ဖိုးရွိတဲ့ ေဈးေပါတဲ့ အ႐ြက္ေတြကို သိပ္မယူတတ္ၾကပါ။ အသားကိုပိုစားၾကတာမ်ားပါတယ္

၆၊ အခ်ိဳပြဲ

ဘူေဖးျဖစ္လို႔ အကန႔္သတ္မရွိတဲ့ အခ်ိဳရည္ေတြမ်ားမ်ားေသာက္တတ္ၾကသလို ေရခဲမုန႔္ေတြ အမ်ိဳးကလည္းစုံေတာ့ အမ်ားႀကီးစားတတ္ၾကပါတယ္ အခ်ိဳမ်ားသလို ေရခဲမုန႔္မွာ အဆီဓါတ္လည္းမ်ားပါတယ္။ မျခားအခ်ိဳမ်ိဳးစုံလည္းရေတာ့ ပုံမွန္  စားေနက်အခ်ိဳထက္ အဆမ်ားစြာပိုစားပါတယ္။ 

သၾကားဓါတ္မ်ားလို႔ ဆီးခ်ိဳ ေသြးခ်ိဳတက္သလို အဝလြန္ေစပါတယ္။ 

ရ။ ေရ

ဗိုက္မဆံ့မွာစိုးလို႔ ေရအေသာက္နည္းတတ္ၾကပါတယ္။

၈၊ အစားအေသာက္ သန႔္ရွင္းမႉ

အသုတ္နဲ႔ အထူးသျဖင့္ အခ်ည္ရည္မ်ိဳးစုံတို႔ဟာ ေသခ်ာခ်က္ျပဳတ္ထားတာမရွိလို႔ မသန႔္လ်င္ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ႏိုင္ပါတယ္။ 

ခ်ဳပ္ရလ်င္ေတာ့ ဒီလို ဘူေဖးေဟာ့ေပါ့ေတြကို 
ေသြးတိုး၊ ႏွလုံး၊ ဆီးခ်ိဳ၊ ေက်ာက္ကပ္နဲ႔ ဆီးေရာဂါရွိသူ၊ အစာအိမ္ေရာဂါရွိသူ၊ အစာအိမ္အက္ဆစ္ အထက္ကို ျပန္ဆန္တတ္တဲ့ ရီဖလက္ရွိသူ၊ သည္းေျခေက်ာက္ရွိသူ သည္းေျခအိတ္ထုတ္ထားသူ၊ အဝလြန္သူတို႔အတြက္ေတာ့  ေဝးေဝးကေရွာင္သင့္ပါတယ္။ 

 ရွားရွားပါးပါး တႏွစ္မွ တေခါက္ ႏွစ္ေခါက္ေလာက္သြားစားသူေတြ အတြက္ သိပ္မဆိုးေပမဲ့ မၾကာခဏသြားစားျဖစ္ေနရင္ေတာ့ ေဆးဖိုးလည္း စုသာထားဖို႔လိုႏိုင္ပါေၾကာင္း အသိေပးရပါတယ္ အမ်ိဳးတို႔ခင္ဗ်ား။

ဖိုးသုည
30-5-19

ခေတ်စားလာတဲ့ ဟော့ပေါ့၊ ဘူဖေး နဲ့ကျန်းမာရေး။ ( ယူနီကုဒ်) 

ဘူဖေးဆိုတာ ကိုယ့်လောဘနဲ့ ကိုယ့်ကို ပြန်သတ်တဲ့ စားသောက်နည်းပါ။
ဘူဖေးဆိုင်မှာ ကိုယ်ကြိုက်တာကို လိုသလောက်ပဲရွေးပြီး ချင့်ချိန်စားတယ်ဆိုတာ တစ် ရာခိုင်နှုန်းတောင်ရှိမယ်မထင်ပါ။
ဒီဖက်ခေတ်မှာ မြို့ကြီးတွေသာမက မြို့အလတ်စားတွေမှာပါ ဟော့ပေါ့ ဘူဖေးတွေ အလျှိုလျှိုပေါ်လာပါတယ်၊
မန်ဘာကဒ်နဲ့ မန်ဘာဒစ်စကောင့်၊ နေ့လည်စာအထူး စသည်ဖြင့်နည်းမျိုးစုံ ပရိုမိုးရှင်းလုပ်ကြပါတယ်။
မကြာမကြာလာစားဖြစ်အောင် နည်းမျိုးစုံနဲ့ဆွယ်ပါတယ်။
ဟော့ပေါ့ဘူဖေးတွေရဲ့ ယေဘူရ အကောင်းအဆိုးများ-

 ဘာတွေကောင်းလဲ

ဆွေမျိုးတွေ မိသားစုတွေ ဆုံလို့၊ မိတ်ဆွေ အပေါင်းအသင်းတွေဆုံလို့၊ အထိမ်းအမှတ်ပွဲတခုခု စုစားချင်လို့ ဆိုတာမျိုး လူအများစုစားတဲ့အခါ သူ့အကြိုက် ကိုယ့်အကြိုက် ပြသနာမရှိတော့ပါ။ စားသူက ကိုယ်ကြိုက်တာကိုယ်ယူစားရုံပါ။
ကျွေးသူက မှာထားတာ မလောက်မှာမပူရသလို ပိုလျှံမှာလည်း ပူစရာမလိုပါ။
အစားကြီးသူများအတွက် တွက်ခြေကိုက်ပါတယ်။

မကောင်းတာများ

အစားနည်းသူများအတွက် စားနိုင်တာထက်ပိုပေးရလို့ ပေးရတာမတန်ပါ၊ ဈေးများပါတယ်။
အပြုတ်မကြိုက်သူများအတွက် ရွေးစရာနည်းပါတယ်။
အရေးအကြီးဆုံးကတော့ ကျန်းမာရေးနဲ့ လုံးမညီညွတ်ပါ။

ကျန်းမာရေးအတွက် မကောင်းတဲ့ အကြောင်းတွေကတော့

၁၊ ပမာဏ

ဘူဖေးဖြစ်လို့  အများစုက ပေးထားတာ တန်အောင် စားနိုင်သမျှစားကြပါတယ်၊ ပုံမှန်ထက်များစွာ (နှစ်ဆမက) ပိုစားပါတယ်။

၂၊  ကိုလက်စထရော

ဈေးကြီးသောပင်လယ်စာကို များများစားတတ်ကြပါတယ်၊ ဂဏန်း ပုဇွန် ကမာ နဲ့ ဆိတ်၊ အမဲ၊ ဝက်သားစသည်တို့မှာ ကိုလက်စထရောအလွန်များသဖြင့် ဆင်ဆင်ခြင်ခြင် စားရမည့် အမျိုးအစားထဲတွင်ပါသော်လည်း ဘူဖေးဖြစ်လို့ ပေးရတာတန်အောင် အဲဒါတွေများများစားကြ။

၃။ ဆား နဲ့ အချိုမှုန့်

သထူးသဖြင့် အသားတွေမှာ အလွန်များပါတယ်။ ပုံမှန်အစားအသောက်တွေမှာထက်ပိုငံပါတယ်။
ဆားနဲ့ အချို့မှုန့်ပါ ဆိုဒီယံကြောင့် သွေးပေါင်ချိန်တက်ပါတယ်။ ကျောက်ကပ်မကောင်းလျင် ဖောယောင်ပါတယ်၊ နှလုံးအားနည်းလျင် မညှစ်နိုင်ပဲ အမောဖေါက်နိုင်ပါတယ်။  ပြုတ်ရည်ကို နည်းနည်းကြာလျင် ရေနွေးရော (သို့) အသစ်လဲသင့်ပါတယ်၊ မသောက်သင့်ပါ။ 
အသားငါးတွေကို အချည်ရည်မျိုးစုံနဲ့ တို့စားလို့ အဲဒီဆော့စ် တွေထဲကအငံဓါတ်တွေကို ပိုစားမိကြပြန်ပါတယ်။

၄၊ အသား

ဟော့ပေါ့စားသူတွေက အသားတွေကိုအစားများပါတယ် အသားတွေမှာပြည့်ဝအဆီတွေများသလို အမဲသားဆိတ်သားတွေက ယူရစ်အက်ဆစ်လည်း များပါတယ်၊ အသားပရိုတိန်းကို တခြားအစားတွေနဲ့ အချိုးမမျှအောင်များများစားလျင် ဝမ်းလည်းချုပ်ပါတယ်၊ ကျောက်ကပ်လည်း ဝန်ပိပါတယ်။ 

၅၊ ကြာရှည်ခံအောင်လုပ်ထားသောအစာများ

အသားလုံး ငါးလုံး ဂဏန်းလိပ် ပုဇွန်လိပ် ဖက်ထုပ် ခဲပြီးလွှာထားသော အသားတွေမှာ ကျန်းမာရေးထိခိုက်စေတဲ့   ကြာရှည်ခံစေတဲ့ ဓါတုပစ္စည်းတွေပါပါတယ်၊ နည်းနည်းပါးပါးက သိပ်မသိသာပေမဲ့ အများကြီး မစားသင့်ပါ။ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာအပါအဝင်ကင်ဆာမျိုးစုံကို ဖြစ်စေနိုင်ပါတယ်။

မကြာမကြာစားသူများ ကင်ဆာရောဂါဖြစ်ဖို့ အန္တရာယ်ပိုများလာစေပါတယ်။ 
အသားငါးသာမက ဂျုံလိုကစီဓါတ်များတဲ့ ပစ္စည်းတွေပါလို့ အစာခြေပြီးလျင် သွေးထဲမှာ သကြားဓါတ်တက်ပါတယ်၊ ကိုယ်က ခေါက်ဆွဲ ကြာဇံထည့်မစားတောင် အဲဒီ အသားလုံး ဂဏန်းလိပ်တွေကနေ ကာဗိုဟိုက်ဒြိတ်တွေ အများကြီး ဝင်ပါတယ်။ ဆီးချိုသမားများ သတိထားစရာပါ။

၅၊ အရွက်

ဘူဖေးစားတာဖြစ်လို့ လူအများက
အလွယ်တကူ ဗိုက်ပြည့်စေတဲ့ ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ ဈေးပေါတဲ့ အရွက်တွေကို သိပ်မယူတတ်ကြပါ။ အသားကိုပိုစားကြတာများပါတယ်

၆၊ အချိုပွဲ

ဘူဖေးဖြစ်လို့ အကန့်သတ်မရှိတဲ့ အချိုရည်တွေများများသောက်တတ်ကြသလို ရေခဲမုန့်တွေ အမျိုးကလည်းစုံတော့ အများကြီးစားတတ်ကြပါတယ် အချိုများသလို ရေခဲမုန့်မှာ အဆီဓါတ်လည်းများပါတယ်။ မခြားအချိုမျိုးစုံလည်းရတော့ ပုံမှန်  စားနေကျအချိုထက် အဆများစွာပိုစားပါတယ်။ 
သကြားဓါတ်များလို့ ဆီးချို သွေးချိုတက်သလို အဝလွန်စေပါတယ်။ 

ရ။ ရေ

ဗိုက်မဆံ့မှာစိုးလို့ ရေအသောက်နည်းတတ်ကြပါတယ်။

၈၊ အစားအသောက် သန့်ရှင်းမှူ

အသုတ်နဲ့ အထူးသဖြင့် အချည်ရည်မျိုးစုံတို့ဟာ သေချာချက်ပြုတ်ထားတာမရှိလို့ မသန့်လျင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။

ချုပ်ရလျင်တော့ ဒီလို ဘူဖေးဟော့ပေါ့တွေကို သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်နဲ့ ဆီးရောဂါရှိသူ၊ အစာအိမ်ရောဂါရှိသူ၊ အစာအိမ်အက်ဆစ် အထက်ကို ပြန်ဆန်တတ်တဲ့ ရီဖလက်ရှိသူ၊ သည်းခြေကျောက်ရှိသူ သည်းခြေအိတ်ထုတ်ထားသူ၊ အဝလွန်သူတို့အတွက်တော့  ဝေးဝေးကရှောင်သင့်ပါတယ်။

 ရှားရှားပါးပါး တနှစ်မှ တခေါက် နှစ်ခေါက်လောက်သွားစားသူတွေ အတွက် သိပ်မဆိုးပေမဲ့ မကြာခဏသွားစားဖြစ်နေရင်တော့ ဆေးဖိုးလည်း စုသာထားဖို့လိုနိုင်ပါကြောင်း အသိေပးရပါတယ် အမျိုးတို့ခင်ဗျား။


ဖိုးသုည

30-5-19-

Wednesday, May 29, 2019

Boeing 737 MAX ေလယာဥ္ေတြလာမယ့္ ဩဂုတ္လအထိ ေလဟုန္ဆန္ႏိုင္ေျခမရွိ (Boeing 737 MAX လေယာဉ်တွေလာမယ့် ဩဂုတ်လအထိ လေဟုန်ဆန်နိုင်ခြေမရှိ)

Boeing 737 MAX ေလယာဥ္ေတြလာမယ့္ ဩဂုတ္လအထိ ေလဟုန္ဆန္ႏိုင္ေျခမရွိ


The International Air Transport Association (IATA) အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းပို႔ေဆာင္ေရးအဖြဲ႕ ၫႊန္ခ်ဳပ္ Alexandre de Juniac က သတင္းေထာက္ေတြကို ဆိုးလ္ၿမိဳ႕မွာဒီကေန႔ ေမလ ၂၉ ရက္ေန႔မွာ ေျပာၾကားလိုက္တာပါ။
တိုက္ဆိုင္စြာပဲ ေလာေလာဆယ္ 737 MAX ၁၃စီးပိုက္မိထားတဲ့ အိႏၵိယႏိုင္ငံရဲ႕ ဘတ္ဂ်က္လိုင္း  Spicejet စီးပြားေရးအမႈဆာင္အရာရွိ Kiran Koteshwar က 737 MAX ေတြ ဂ်ဴလိုင္လေလာက္မွာ ျပန္လည္ပ်ံသန္းႏိုင္မယ္လို႔ သူတို႔ကို ဘိုးအင္ကေျပာေၾကာင္းအင္တာဗ်ဴးတခုမွာေျပာ သြားပါတယ္။ 
ၿပီးခဲ့တဲ့ အပတ္က ေမလ ၂၃ ရက္က အေမရိကန္ေလေၾကာင္းအာဏာပိုင္ The Federal Aviation Administration (FAA) က 737 MAX ေတြဇြန္လမကုန္မီျပန္လည္ပ်ံသန္းခြင့္ရႏိုင္မယ္လို႔ ေကနဒါႏိုင္ငံ မြန္ထရီရယ္ၿမိဳ႕မွာ  ေျပာခဲ့တယ္လို႔ သတင္းေတြမွာ ေဖၚျပခဲ့တာပါ။ 

FAA နဲ႔ ဘိုးအင္းကုမၸဏီတို႔က 737 MAX ေတြ အျမန္ဆုံးျပန္သန္းခြင့္ေပးခ်င္ေပမယ့္ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြနဲ႔ ေလေၾကာင္းလိုင္းေတြကေတာ့ အေလာသုံးဆယ္ မလုပ္လိုဘဲ ေဘးအႏၲရာယ္ကင္းရွင္းေရးကို ေသခ်ာေစခ်င္တာပါ။

ဒါ့အျပင္ ခရီးသည္ေတြရဲ႕ ယုံၾကည္မႈ ျပန္ရဖို႔ကလိုပါေသးတယ္။
737 MAX ေတြကို ပ်ံသန္းခြင့္အတြက္ နဲ႔ ေဘးအႏၲရာယ္ကင္းရွင္းေရးဆိုင္ရာ စစ္ေဆးမႈေတြမွာ မလုပ္သင့္တာေတြလုပ္ခဲ့တယ္ဆိုၿပီး FAA ကို ေဝဘန္မႈေတြ မ်ားေနလို႔ပါ။
ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြ၊ ဘိုးအင္းနဲ႔ FAA တို႔  မြန္ထရီရယ္ၿမိဳ႕မွာ ေမလ ၂၃ ကလုပ္ခဲ့တဲ့ 737 MAX ေတြ ကို  ျပန္လည္ပ်ံသန္းခြင့္ျပဳႏိုင္ဖို႔ အစည္းအေဝးမွာ ေရရာတဲ့ ဆုံးျဖတ္ခ်က္ေတြ မခ်မွတ္ႏိုင္ခဲ့လို႔ IATAက လာမယ့္ ဇူလိုင္လထဲမွာ အလားတူ အစည္းအေဝးေနာက္တခုကို ထပ္မံ ေခၚယူဖို႔ရွိေနပါတယ္။ 
737 MAX ေတြျပန္လည္ပ်ံသန္းခြင့္ရႏိုင္ဖို႔အဓိကလုပ္စရာ အပိုင္း ႏွစ္ပိုင္းရွိပါတယ္။

ပထမအပိုင္းက ျပသနာျဖစ္ေနတဲ့ MCAS စနစ္ကို update လုပ္ၿပီး ျပန္လည္စစ္ေဆးကာ အသုံးျပခြင့္ေပးဖို႔ပါ။ ဘိုအင္းက update ကို စမ္းၿပီးေပမယ့္ ၿပီးခဲ့တဲ့အပတ္အထိ FAA ကိုမတင္ေသးပါ။ FAA က ေဆာ့ ဝဲလ္ အသစ္ကို နည္းပညာပိုင္းကို ေသခ်ာစစ္ေဆးၿပီး လက္ခံႏိုင္ၿပီဆို လ်င္စမ္းသပ္ပ်ံသန္း ဦးမွာပါ။ အားလုံး အဆင္ေျပစိတ္ခ်မွအသုံးျပဳခြင့္လက္မွတ္ထုတ္ေပးမွာပါ။

ဒုတိယအပိုင္းက ပိုင္းေလာ့ ေတြကို ေလ့က်င့္ေပးဖို႔ပါ။ 737 Type rating licence ရထားတဲ့ ပိုင္းေလာ့ေတြ ၁နာရီခြဲေလာက္ အိုင္ပက္ေပၚမွာေလ့က်င့္႐ုံနဲ႔ လုံေလာက္တယ္လို႔ ေျပာထဲ့တဲ့ ဘိုးအင္းရဲ႕ စကားကို ေလေၾကာင္းလိုင္းနဲ႔ ပိုင္းေလာ့ေလာကက သံသယျဖစ္ေနပါၿပီ။ ဘိုအင္းကလည္း ထိန္ခ်န္ထာေတြ လုပ္ခဲ့မိတာကိုး။ 

ဒီေတာ့ ေနာက္တႀကိမ္အစည္းေဝးမွာ ပိုင္းေလာ့ေတြ ကို ဘယ္လိုထရိန္နင္ေပးၿပီးမွ 737 မက္စ္ ကို ေမာင္းေစမလဲဆိုတာကို ေဆြးေႏြးၾကဦးမွာကေတာ့ ေသခ်ာပါတယ္။

အကယ္၍ ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြကသာ 737 မက္စ္ ကို ေမာင္းဖို႔ ေလယာဥ္တု (simulator) နဲ႔ က်င့္ဖို႔ လိုတယ္လို႔ ဆုံးျဖတ္ လ်င္ေတာ့ 737 MAX simulator ေတြ အလြန္နည္းေနေသးတဲ့ အတြက္ ပိုင္းေလာ့ေတြကို ထရိန္နင္ေပးဖို႔ အခ်ိန္အေတာ္ၾကာႏိုင္ၿပီး  737 MAX ေတြေျမျပင္မွာ ဆက္ၿပီးအေညာင္းမိေနဦးမွာပါ။

ဖိုးသုည
29-5-19

Boeing 737 MAX လေယာဉ်တွေလာမယ့် ဩဂုတ်လအထိ လေဟုန်ဆန်နိုင်ခြေမရှိ ( Unicode) 


The International Air Transport Association (IATA) အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအဖွဲ့ ညွှန်ချုပ် Alexandre de Juniac က သတင်းထောက်တွေကို ဆိုးလ်မြို့မှာဒီကနေ့ မေလ ၂၉ ရက်နေ့မှာ ပြောကြားလိုက်တာပါ။
တိုက်ဆိုင်စွာပဲ လောလောဆယ် 737 MAX ၁၃စီးပိုက်မိထားတဲ့ အိန္ဒိယနိုင်ငံရဲ့ ဘတ်ဂျက်လိုင်း  Spicejet စီးပွားရေးအမှုဆာင်အရာရှိ Kiran Koteshwar က 737 MAX တွေ ဂျူလိုင်လလောက်မှာ ပြန်လည်ပျံသန်းနိုင်မယ်လို့ သူတို့ကို ဘိုးအင်ကပြောကြောင်းအင်တာဗျူးတခုမှာပြော သွားပါတယ်။
ပြီးခဲ့တဲ့ အပတ်က မေလ ၂၃ ရက်က အမေရိကန်လေကြောင်းအာဏာပိုင် The Federal Aviation Administration (FAA) က 737 MAX တွေဇွန်လမကုန်မီပြန်လည်ပျံသန်းခွင့်ရနိုင်မယ်လို့ ကေနဒါနိုင်ငံ မွန်ထရီရယ်မြို့မှာ  ပြောခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြခဲ့တာပါ။

FAA နဲ့ ဘိုးအင်းကုမ္ပဏီတို့က 737 MAX တွေ အမြန်ဆုံးပြန်သန်းခွင့်ပေးချင်ပေမယ့်နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေနဲ့ လေကြောင်းလိုင်းတွေကတော့ အလောသုံးဆယ် မလုပ်လိုဘဲ ဘေးအန္တရာယ်ကင်းရှင်းရေးကို သေချာစေချင်တာပါ။

ဒါ့အပြင် ခရီးသည်တွေရဲ့ ယုံကြည်မှု ပြန်ရဖို့ကလိုပါသေးတယ်။
737 MAX တွေကို ပျံသန်းခွင့်အတွက် နဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စစ်ဆေးမှုတွေမှာ မလုပ်သင့်တာတွေလုပ်ခဲ့တယ်ဆိုပြီး FAA ကို ဝေဘန်မှုတွေ များနေလို့ပါ။ 
နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေ၊ ဘိုးအင်းနဲ့ FAA တို့  မွန်ထရီရယ်မြို့မှာ မေလ ၂၃ ကလုပ်ခဲ့တဲ့ 737 MAX တွေ ကို  ပြန်လည်ပျံသန်းခွင့်ပြုနိုင်ဖို့ အစည်းအဝေးမှာ ရေရာတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့လို့ IATAက လာမယ့် ဇူလိုင်လထဲမှာ အလားတူ အစည်းအဝေးနောက်တခုကို ထပ်မံ ခေါ်ယူဖို့ရှိနေပါတယ်။
737 MAX တွေပြန်လည်ပျံသန်းခွင့်ရနိုင်ဖို့အဓိကလုပ်စရာ အပိုင်း နှစ်ပိုင်းရှိပါတယ်။

ပထမအပိုင်းက ပြသနာဖြစ်နေတဲ့ MCAS စနစ်ကို update လုပ်ပြီး ပြန်လည်စစ်ဆေးကာ အသုံးပြခွင့်ပေးဖို့ပါ။ ဘိုအင်းက update ကို စမ်းပြီးပေမယ့် ပြီးခဲ့တဲ့အပတ်အထိ FAA ကိုမတင်သေးပါ။ FAA က ဆော့ ဝဲလ် အသစ်ကို နည်းပညာပိုင်းကို သေချာစစ်ဆေးပြီး လက်ခံနိုင်ပြီဆို လျင်စမ်းသပ်ပျံသန်း ဦးမှာပါ။ အားလုံး အဆင်ပြေစိတ်ချမှအသုံးပြုခွင့်လက်မှတ်ထုတ်ပေးမှာပါ။

ဒုတိယအပိုင်းက ပိုင်းလော့ တွေကို လေ့ကျင့်ပေးဖို့ပါ။ 737 Type rating licence ရထားတဲ့ ပိုင်းလော့တွေ ၁နာရီခွဲလောက် အိုင်ပက်ပေါ်မှာလေ့ကျင့်ရုံနဲ့ လုံလောက်တယ်လို့ ပြောထဲ့တဲ့ ဘိုးအင်းရဲ့ စကားကို လေကြောင်းလိုင်းနဲ့ ပိုင်းလော့လောကက သံသယဖြစ်နေပါပြီ။ ဘိုအင်းကလည်း ထိန်ချန်ထာတွေ လုပ်ခဲ့မိတာကိုး။ 

ဒီတော့ နောက်တကြိမ်အစည်းဝေးမှာ ပိုင်းလော့တွေ ကို ဘယ်လိုထရိန်နင်ပေးပြီးမှ 737 မက်စ် ကို မောင်းစေမလဲဆိုတာကို ဆွေးနွေးကြဦးမှာကတော့ သေချာပါတယ်။

အကယ်၍ နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေကသာ 737 မက်စ် ကို မောင်းဖို့ လေယာဉ်တု (simulator) နဲ့ ကျင့်ဖို့ လိုတယ်လို့ ဆုံးဖြတ် လျင်တော့ 737 MAX simulator တွေ အလွန်နည်းနေသေးတဲ့ အတွက် ပိုင်းလော့တွေကို ထရိန်နင်ပေးဖို့ အချိန်အတော်ကြာနိုင်ပြီး  737 MAX တွေမြေပြင်မှာ ဆက်ပြီးအညောင်းမိနေဦးမှာပါ။

ဖိုးသုည
29-5-19


Wednesday, May 22, 2019

အခုတေလာ‌ေဟာ့ေနတဲ့ ဝွီးခ်ဲစီးသူမ်ား (အခုတလော‌ဟော့နေတဲ့ ဝှီးချဲစီးသူများး)


အခုတေလာ‌ေဟာ့ေနတဲ့ ဝွီးခ်ဲစီးသူမ်ား ( Zawgyi)


မသန္စြမ္းသူေတြရဲ႕ ဒုကၡကို သတိထားမိေအာင္ ပညာေပးတာေကာင္းပါတယ္။

ဒါေပမယ့္ အစိုးရက လမ္းစည္းကမ္းၾကတ္မတ္ခ်ိန္မွ ဒီလိုလာၿပီးပညာေပးေနၾကတာ တိုက္ဆိုင္မႈေတာ့ မဟုတ္။
ႏိုင္ငံေရးပေယာဂႀကီးကို အထင္းသားျမင္ေနရတယ္၊
ျမန္မာျပည္မွာ ဘယ္တုန္းကမွအမ်ားျပည္သူသုံးလမ္ေတြမွာ ဝွီးခ်ဲသုံးလို႔ရတဲ့ ပတ္ဝန္းက်င္ မရွိခဲ့ဖူးေသးပါ။
ဒါ‌ေၾကာင့္လမ္းေပၚ လမ္ေဘးပလက္ေဖါင္းေတြမွာ ဝွီးခ်ဲနဲ႔သြားသူလည္းမရွိေသးပါ။
 လက္ေတြ႕မဆန္၊ သဘာဝမက်ေသာ ပညာေပး သ႐ုပ္ျပမႈတခု ( လက်တွေ့မဆန်၊ သဘာဝမကျသော ပညာပေး သရုပ်ပြမှုတခု)   https://www.mmrepublic.com/archives/28358


ဝွီးခ်ဲသုံးလို႔ရတဲ့ ပတ္ဝန္းက်င္ ဆိုတာ (wheelchair friendly environment ) 

လမ္ေဘး ပလက္ေဖါင္းေတြ ညီညာရမယ္။
ကားလမ္းကူးတဲ့ေနရာတိုင္း ပလက္ေဖါင္းအဆုံးမွာ နီမ့္ေလ်ာလုပ္ေပးထားရမယ္။

ဘတ္စ္ကားေတြမွာ ဝွီးခ်ဲတက္ဖို႔ (ထုတ္လို႔ သြင္းလို႔ရတဲ့)ေပါင္းကူးပါရမယ္၊  ကားထဲမွာဝွီးခ်ဲေနဖို႔ ေနရာ၊ ခ်ိတ္ထားဖို႔ ခ်ိတ္ရွိရမယ္၊

ကားကမွတ္တိုင္မွာ ပလက္ေဖါင္းနဲ႔ ကပ္ၿပီးရပ္ရမယ္။

ကာပါကင္ေတြကိုလည္း disabled parking သတ္သတ္မွတ္မွတ္ထားေပးရမယ္။
disabled parking ပါကင္ေတြကပုံမွန္ပါကင္တခုထက္ တဆခြဲေလာက္က်ယ္ရမယ္။

အဲဒါမွကားထဲကေနအျပင္ကို  ဝွီးခ်ဲနဲ႔ ဆင္းလို႔ရေအာင္ေနရာေပးထားတာ။
သူတို႔က သီးသန႔္ လိုင္စင္ေပးထားတဲ့  စပါယ္ရွယ္ကားကို ကိုယ္တိုင္ေမာင္း ကားေပၚက  ဝွီးခ်ဲကိုကိုယ္တိုင္ခ်ၿပီး စီးတာ။
(မသန္မစြမ္းသူမ်ားသုံးေသာကား အထူးလိုင္စင္နံပတ္) မသန်မစွမ်းသူများသုံးသောကား အထူးလိုင်စင်နံပတ်

အဲဒီပါကင္မွာ ႐ိုး႐ိုးလိုင္စင္နဲ႔ကားရပ္မိလို႔ကေတာ့ ဖမ္းခံထိၿပီပဲ။
တခ်ိဳ႕ကကားအတြင္းကေန ‌အေနာက္ခန္းကိုကူး၊ ဝွီးခ်ဲေပၚတက္ၿပီး ကားေဘးမွာလွ်ာထိုးအဆင့္ကိုခလုပ္ႏွိပ္ထုတ္၊ အဲဒီအေပၚ ဝွီးခ်ဲတက္၊ အဲဒီအဆင့္ကို ေျမညီ‌ေရာက္ေအာင္ခ်။ အဆင့္ကိုရီမုဒ္နဲ႔ ျပန္သိမ္းၿပီးမွ ဝွီးခ်ဲကို ေမာင္းထြက္တာ။


စကၤာပူမွာေတာင္ ၂၀၀၀ ခုႏွစ္ေက်ာ္မွ လူကူးတံတားေတြမွာ ဓါတ္ေလွကားေတြ စတတ္တာပါ။ ဒါေတာင္ ၿမိ့ျပင္ လူသုံးနည္းရင္ ဓါတ္ေလွကားအစား နိမ့္‌ေလွ်ာလမ္းကို တေကြ႕တပတ္ႀကီး လုပ္ထားတယ္၊

ရန္ကုန္ကပလက္ေဖါင္းေတြဆို လူေကာင္းေတာင္ မလဲေအာင္ အေတာ္ေလွ်ာက္ရတာ။
ေဈးသည္နဲ႔ ခ်ိဳင့္က်င္းေတြနဲ႔။ လမ္းဆုံေတြမွာလဲ နိမ့္ေလ်ာကမရွိ။ ဘတ္စ္ကားေတြကလည္း ဝွီးခ်ဲသုံးမရေသး၊
အဲဒီေတာ့လမ္းေဘးပလက္ေဖါင္းေတြေေပၚမွာ ဝွီးခ်ဲနဲ႔သြားတာလည္း မျမင္ဖူးဘူးေပါ့ေလ။
ကိုယ့္ဖါသာ‌ကိုယ္ေမာင္းတဲ့ ဝွီးခ်ဲအသာထား တြန္းတဲ့သူနဲ႔ေတာင္ သြားမရ။

ဘယ္လိုလူေတြက မ်ားလမ္းေဘးပလက္ေဖါင္းေတြမွာ သြားမရတဲ့ ဝွီးခ်ဲေတြကို လမ္းကိုကူးေတာ့မွ စီးၾကမယ္ဆိုတာကေတာ့ ေတြးမရ။

ပထမဆုံး လူေကာင္းေတြ လမ္ေဘးပလက္ေဖါင္းကေန ေဘးကင္းကင္းေလွ်ာက္လို႔ရေအာင္၊ ေဘးကင္းကင္း လမ္းကူးလို႔ရေအာင္ အရင္လုပ္ရဦးမွာပါ။
ဒါကိုေတာင္ ျပသနာ‌ေသာင္းေျခာက္ထာင္နဲ႔ လုပ္တိုင္းဖ်က္ေနၾကတာ။
လူေကာင္းေတြၿပီးလ်င္ သက္ႀကီး႐ြယ္အိုေတြကရွိေသး။
အဲဒီသူေတြက လက္ရွိ လမ္း‌ေတြမွာ တကယ္သြားလာေနသူ‌ေတြပါ။
သူတို႔တေတြေကာင္းေကာင္းသြားလို႔ရတဲ့ ပလက္ေဖါင္းေတြျဖစ္လာၿပီးလ်င္ေတာ့ ဝွီးခ်ဲသုံးသူေတြလည္းလမ္းမွာသြားလို႔ရလာမွာပါ။
ဝွီးခ်ဲသုံးသူေတြလမ္းေဘးပလက္ေဖါင္းမွာသြားလို႔ရလာရင္ေတာ့ သူတို႔ လမ္းကူးဖို႔ ကိစၰကို ေဆြးေႏြးဥၾတာေပါ့။
ေလာ‌ေလာဆယ္ ဝမရွိဘဲ ဝိလုပ္ၾကသူမ်ားကေတာ့ ျပည့္သူ႔အဆဲဒါဏ္ကို ခံလို႔ေကာင္းဆဲ။
ဖိုးသုည
22-5-19

အခုတလော‌ဟော့နေတဲ့ ဝှီးချဲစီးသူများ ( Unicode) 



မသန်စွမ်းသူတွေရဲ့ ဒုက္ခကို သတိထားမိအောင် ပညာပေးတာကောင်းပါတယ်။

ဒါပေမယ့် အစိုးရက လမ်းစည်းကမ်းကြတ်မတ်ချိန်မှ ဒီလိုလာပြီးပညာပေးနေကြတာ တိုက်ဆိုင်မှုတော့ မဟုတ်။
နိုင်ငံရေးပယောဂကြီးကို အထင်းသားမြင်နေရတယ်၊
မြန်မာပြည်မှာ ဘယ်တုန်းကမှအများပြည်သူသုံးလမ်တွေမှာ ဝှီးချဲသုံးလို့ရတဲ့ ပတ်ဝန်းကျင် မရှိခဲ့ဖူးသေးပါ။
ဒါ‌ကြောင့်လမ်းပေါ် လမ်ဘေးပလက်ဖေါင်းတွေမှာ ဝှီးချဲနဲ့သွားသူလည်းမရှိသေးပါ။

ဝှီးချဲသုံးလို့ရတဲ့ ပတ်ဝန်းကျင် ဆိုတာ (wheelchair friendly environment ) 

လမ်ဘေး ပလက်ဖေါင်းတွေ ညီညာရမယ်။
ကားလမ်းကူးတဲ့နေရာတိုင်း ပလက်ဖေါင်းအဆုံးမှာ နီမ့်လျောလုပ်ပေးထားရမယ်။
ဘတ်စ်ကားတွေမှာ ဝှီးချဲတက်ဖို့ (ထုတ်လို့ သွင်းလို့ရတဲ့)ပေါင်းကူးပါရမယ်၊  ကားထဲမှာဝှီးချဲနေဖို့ နေရာ၊ ချိတ်ထားဖို့ ချိတ်ရှိရမယ်၊
ကားကမှတ်တိုင်မှာ ပလက်ဖေါင်းနဲ့ ကပ်ပြီးရပ်ရမယ်။
ကာပါကင်တွေကိုလည်း disabled parking သတ်သတ်မှတ်မှတ်ထားပေးရမယ်။
disabled parking ပါကင်တွေကပုံမှန်ပါကင်တခုထက် တဆခွဲလောက်ကျယ်ရမယ်။
အဲဒါမှကားထဲကနေအပြင်ကို  ဝှီးချဲနဲ့ ဆင်းလို့ရအောင်နေရာပေးထားတာ။
သူတို့က သီးသန့် လိုင်စင်ပေးထားတဲ့  စပါယ်ရှယ်ကားကို ကိုယ်တိုင်မောင်း ကားပေါ်က  ဝှီးချဲကိုကိုယ်တိုင်ချပြီး စီးတာ။
အဲဒီပါကင်မှာ ရိုးရိုးလိုင်စင်နဲ့ကားရပ်မိလို့ကတော့ ဖမ်းခံထိပြီပဲ။
တချို့ကကားအတွင်းကနေ ‌အနောက်ခန်းကိုကူး၊ ဝှီးချဲပေါ်တက်ပြီး ကားဘေးမှာလျှာထိုးအဆင့်ကိုခလုပ်နှိပ်ထုတ်၊ အဲဒီအပေါ် ဝှီးချဲတက်၊ အဲဒီအဆင့်ကို မြေညီ‌ရောက်အောင်ချ။ အဆင့်ကိုရီမုဒ်နဲ့ ပြန်သိမ်းပြီးမှ ဝှီးချဲကို မောင်းထွက်တာ။

စင်္ကာပူမှာတောင် ၂၀၀၀ ခုနှစ်ကျော်မှ လူကူးတံတားတွေမှာ ဓါတ်လှေကားတွေ စတတ်တာပါ။ ဒါတောင် မြိ့ပြင် လူသုံးနည်းရင် ဓါတ်လှေကားအစား နိမ့်‌လျှောလမ်းကို တကွေ့တပတ်ကြီး လုပ်ထားတယ်၊

ရန်ကုန်ကပလက်ဖေါင်းတွေဆို လူကောင်းတောင် မလဲအောင် အတော်လျှောက်ရတာ။
ဈေးသည်နဲ့ ချိုင့်ကျင်းတွေနဲ့။ လမ်းဆုံတွေမှာလဲ နိမ့်လျောကမရှိ။ ဘတ်စ်ကားတွေကလည်း ဝှီးချဲသုံးမရသေး၊
အဲဒီတော့လမ်းဘေးပလက်ဖေါင်းတွေေပေါ်မှာ ဝှီးချဲနဲ့သွားတာလည်း မမြင်ဖူးဘူးပေါ့လေ။
ကိုယ့်ဖါသာ‌ကိုယ်မောင်းတဲ့ ဝှီးချဲအသာထား တွန်းတဲ့သူနဲ့တောင် သွားမရ။

ဘယ်လိုလူတွေက များလမ်းဘေးပလက်ဖေါင်းတွေမှာ သွားမရတဲ့ ဝှီးချဲတွေကို လမ်းကိုကူးတော့မှ စီးကြမယ်ဆိုတာကတော့ တွေးမရ။

ပထမဆုံး လူကောင်းတွေ လမ်ဘေးပလက်ဖေါင်းကနေ ဘေးကင်းကင်းလျှောက်လို့ရအောင်၊ ဘေးကင်းကင်း လမ်းကူးလို့ရအောင် အရင်လုပ်ရဦးမှာပါ။
ဒါကိုတောင် ပြသနာ‌သောင်းခြောက်ထာင်နဲ့ လုပ်တိုင်းဖျက်နေကြတာ။
လူကောင်းတွေပြီးလျင် သက်ကြီးရွယ်အိုတွေကရှိသေး။
အဲဒီသူတွေက လက်ရှိ လမ်း‌တွေမှာ တကယ်သွားလာနေသူ‌တွေပါ။
သူတို့တတွေကောင်းကောင်းသွားလို့ရတဲ့ ပလက်ဖေါင်းတွေဖြစ်လာပြီးလျင်တော့ ဝှီးချဲသုံးသူတွေလည်းလမ်းမှာသွားလို့ရလာမှာပါ။
ဝှီးချဲသုံးသူတွေလမ်းဘေးပလက်ဖေါင်းမှာသွားလို့ရလာရင်တော့ သူတို့ လမ်းကူးဖို့ ကိစ္ဏကို ဆွေးနွေးဥြတာပေါ့။
လော‌လောဆယ် ဝမရှိဘဲ ဝိလုပ်ကြသူများကတော့ ပြည့်သူ့အဆဲဒါဏ်ကို ခံလို့ကောင်းဆဲ။
ဖိုးသုည
22-5-19

Sunday, April 14, 2019

ပုံတပုံကို အစြဲမ်ားေဘးဖယ္၍ၾကည့္ျခင္း (ပုံတပုံကို အစွဲများဘေးဖယ်၍ကြည့်ခြင်း )

ပုံတပုံကို အစြဲမ်ားေဘးဖယ္၍ၾကည့္ျခင္း

က်ေနာ္တို႔ဟာ ပုံတပုံ၊ ျမင္ကြင္းတခုကိုေတြ႕တဲ့အခါမွာ မိမိသိထားတဲ့ အေၾကာင္းအရာနဲ႔ ဆက္စပ္ၿပီး အဓိပၸါယ္ေဖၚရပါတယ္။
ဒါေပမဲ့ မိမိရဲ႕ အယူအဆ၊ အစြဲအလန္း၊ ခံစားခ်က္ေတြကိုပါ ထည့္ၿပီးအဓိပၸါယ္ေဖၚမိလ်င္ေတာ့ အရွိကို အရွိအတိုင္းျမင္ဖို႔ အေတာ္ခဲယဥ္းသြားပါၿပီ။
မိမိရဲ႕ ခံစားခ်က္ အျမင္ေတြက ေသေသခ်ာခ်ာဆန္းစစ္တာ မလုပ္ဖို႔ တားဆီးေနလို႔ (သို႔) ဘက္လိုက္ၿပီး ဆန္းစစ္မိလို႔ပါ။

တခါတေလမွာ ကိုယ္သေဘာက်တဲ့ ကိစၥတခုနဲ႔ ပတ္သက္တာကေလးေတြ ေတြ႕လ်င္ ပညာေပးတဲ့ သေဘာလည္းျဖစ္ေအာင္ ဝမ္းသာအားရ ျပန္ၿပီး ရွဲၾကပါတယ္။
ဒါေပမဲ့ ကိုယ္ရွဲတာက တကဲ့ အစစ္အမွန္မဟုတ္တဲ့ အခါမွာ မွားမွန္း လူသိသြားတဲ့အခါ ရည္႐ြယ္ခ်က္ကေကာင္းေသာ္လည္း  လုပ္ရပ္တခုလုံး တန္ဖိုးေလ်ာ့သြားပါတယ္။
အဲဒါေၾကာင့္ အေၾကာင္းအရာတခုခုကို သေဘာက်ၿပီဆိုလ်င္ မိမိရဲ႕ အယူအဆ၊ အစြဲအလန္း၊ ခံစားခ်က္ေတြကို ေဘးခ်ိန္ ၿပီး အရွိအတိုင္းျမင္ႏိုင္ေအာင္ ေဝဘန္ဆန္းစစ္ဖို႔လိုလာပါတယ္။

က်ေနာ္တို႔ဟာ သစ္ေတာျပဳန္းတီးမႈကို ဆန္႔က်င္သူမ်ားျဖစ္လို႔ သစ္ပင္ေတြကို ထိန္းသိမ္း တန္ဖိုးထားတဲ့ ပိုစ့္ေတြကို သေဘာက်ၾက ရွဲၾကပါတယ္။


အခုတင္ထားတဲ့ ပုံကေလးဟာ သစ္ပင္သစ္ေတာကို ခ်စ္ျမတ္ႏိုးသူမ်ားအတြက္ အေတာ္သေဘာက်စရာပါ။
facebook မွာ မၾကာမၾကာျပန္ေပၚလာၿပီး Like ေတြလည္းေပးျဖစ္ေပမဲ့ ေသေသခ်ာခ်ာ မဆန္းစစ္မိပါ။
" သူတို႔တေတြလမ္းကိုတကယ္ပဲ အဲလိုေဖါက္သလား " လို႔ ႐ိုးသားစြာသိလိုစိတ္နဲ႔ ေမးလာတဲ့ ကေလးတေယာက္ကို ေတာ့ " သစ္ပင္ကိုတန္ဖိုးထားသူေတြကဒီလိုလုပ္ပါတယ္" လို႔ ရမ္းေျဖမည့္အစား တကယ္ဟုတ္မဟုတ္ စိစစ္ၾကည္ံရပါေတာ့တယ္။

အဲဒီေတာ့ ပုံကိုသေဘာက်တဲ့စိတ္ ကေလး ကို ေဘးထားလို႔ ဆန္းစစ္ၾကည့္ရေအာင္။
လြင္တီးေခါင္ျပင္မွာ အပင္တပင္တည္း ထီးထီးခ်ဥ္းမို႔ အပင္ကိုမခုတ္ရေအာင္လမ္းကိုေကြ႕ေဖါက္သြားတယ္။

(၁)  လမ္းေဖါက္ပုံက အလြယ္ဆန္လြန္းေနပါတယ္

အပင္ကိုတန္ဖိုးထားတတ္လ်င္ လမ္းအသုံးျပဳသူေတြရဲ႕ ေဘးအႏၲရာယ္ကင္းရွင္းေရးကိုလည္း အေလးအနက္ထားမွာပါ။
ပုံထဲကလမ္းက တေျဖာင့္တည္းသြားေနရာကေန႐ုတ္တရက္ ေကြ႕ေကာက္သြားပါတယ္။
သုံးဆစ္ခ်ိဳးအေတာ္ႀကီးကိုေကြ႕သြားတာပါ။
လြင္တီးေခါင္ျပင္မွာ တေျဖာင့္တည္းသြားေနရာကကေန႐ုတ္တရက္ ေကြ႕ေကာက္သြားကို ကားေမာင္းသူေတြအလြယ္တကူမျမင္ႏိုင္ပါ၊
ညဆိုပိုဆိုးပါတယ္။ ကားအေတာ္မ်ားမ်ား လမ္းေဘးက်ကုန္မွာပါ။
တကယ္သာအပင္ကိုကြင္းၿပီးလမ္းေဖါက္လ်င္လည္း ခပ္ေျပေျပေကြ႕ေအာင္ေဖါက္လို႔ရပါတယ္။ လယ္ေျမေတြသိမ္းစရာလိုမယ္မထင္ပါ။

(၂)  အေကြ႕ရွိသည္ သတိေပးဆိုင္းဘုတ္မရွိ

သုံးဆစ္ခ်ိဳးေကြ႕ျဖစ္လို႔ သတိေပးဆိုင္းဘုတ္ေတြ အမ်ားႀကီး အေဝးကတည္းက ႀကိၿပီး  လမ္း ၂ ဘက္လုံးမွာ ထားရွိရပါမယ္။
ဒီပုံထဲမွာ ဘာဆိုင္းဘုတ္မွ မရွိပါ။
လက္ေမာင္းေလာက္တုတ္နဲ႔ ျမင္းေျခေထာက္ကိုေတာင္ျမင္ႏိုင္တဲ့ ပုံမွာ တေပခြဲေလာက္ဆိုင္းဘုတ္ေတြနဲ႔ သူတို႔ရဲ႕ အရိပ္ေတြတကယ္သာရွိလ်င္ မျမင္ရစရာမရွိပါ။


(၃) ကားအရိပ္၊ အပင္ရိပ္နဲ႔ ျမင္းအရိပ္ ကြဲလြဲ

ကားေတြရဲ႕ အရိပ္ေတြအရ ေနကပုံရဲ႕ ဝဲဘက္အထက္ ၄၅ ဒီဂရီေလာက္က ေစာင္းထိုးေနပုံ အရိပ္က်ေပမဲ့  အပင္ရိပ္ကေတာ့ အပင္ေအာက္တည့္တည့္မ်ာရွိၿပီး ေနမြန္းတည့္ခ်ိန္က်တဲ့ အရိပ္လိုက်ပါတယ္။
ျမင္းကေလးမွာေတာ့ သရဲတေစၦလို ဘာမရိပ္မွကိုမရွိပါ။



အားလုံးကိုၿခဳံရလ်င္ ဒီပုံကေလးဟာ ေကာင္းေသာရည္႐ြယ္ခ်က္နဲ႔ ဖန္တီးထားတဲ့ ပုံကေလးသာျဖစ္ၿပီး အျပင္ေလာကမွာ တကယ္မရွိပါ အစစ္အမွန္မဟုတ္ပါ။
အစစ္အမွန္ မဟုတ္ေသာ္လည္း  သစ္ပင္ေတြကို တန္ဖိုးထားတတ္ဖို႔ ပညာေပးတာျဖစ္လို႔ ရွဲလို႔ ဘယ္သူကိုမွ မထိခိုက္ပါ။

မိမိရဲ႕ အစြဲေတြကို ေဘးဖယ္ၿပီး ေဝဘန္စိစစ္ ၾကည့္လ်င္  ဘာေတြျမင္ရတယ္ဆိုတာကေလးကို ရွဲတာပါ။
ဖိုးသုည
15/14/19

ပုံတပုံကို အစွဲများဘေးဖယ်၍ကြည့်ခြင်း ( ယူနီကုဒ်) 

ကျနော်တို့ဟာ ပုံတပုံ၊ မြင်ကွင်းတခုကိုတွေ့တဲ့အခါမှာ မိမိသိထားတဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြီး အဓိပ္ပါယ်ဖေါ်ရပါတယ်။
ဒါပေမဲ့ မိမိရဲ့ အယူအဆ၊ အစွဲအလန်း၊ ခံစားချက်တွေကိုပါ ထည့်ပြီးအဓိပ္ပါယ်ဖေါ်မိလျင်တော့ အရှိကို အရှိအတိုင်းမြင်ဖို့ အတော်ခဲယဉ်းသွားပါပြီ။
မိမိရဲ့ ခံစားချက် အမြင်တွေက သေသေချာချာဆန်းစစ်တာ မလုပ်ဖို့ တားဆီးနေလို့ (သို့) ဘက်လိုက်ပြီး ဆန်းစစ်မိလို့ပါ။

တခါတလေမှာ ကိုယ်သဘောကျတဲ့ ကိစ္စတခုနဲ့ ပတ်သက်တာကလေးတွေ တွေ့လျင် ပညာပေးတဲ့ သဘောလည်းဖြစ်အောင် ဝမ်းသာအားရ ပြန်ပြီး ရှဲကြပါတယ်။
ဒါပေမဲ့ ကိုယ်ရှဲတာက တကဲ့ အစစ်အမှန်မဟုတ်တဲ့ အခါမှာ မှားမှန်း လူသိသွားတဲ့အခါ ရည်ရွယ်ချက်ကကောင်းသော်လည်း  လုပ်ရပ်တခုလုံး တန်ဖိုးလျော့သွားပါတယ်။
အဲဒါကြောင့် အကြောင်းအရာတခုခုကို သဘောကျပြီဆိုလျင် မိမိရဲ့ အယူအဆ၊ အစွဲအလန်း၊ ခံစားချက်တွေကို ဘေးချိန် ပြီး အရှိအတိုင်းမြင်နိုင်အောင် ဝေဘန်ဆန်းစစ်ဖို့လိုလာပါတယ်။

ကျနော်တို့ဟာ သစ်တောပြုန်းတီးမှုကို ဆန့်ကျင်သူများဖြစ်လို့ သစ်ပင်တွေကို ထိန်းသိမ်း တန်ဖိုးထားတဲ့ ပိုစ့်တွေကို သဘောကျကြ ရှဲကြပါတယ်။
အခုတင်ထားတဲ့ ပုံကလေးဟာ သစ်ပင်သစ်တောကို ချစ်မြတ်နိုးသူများအတွက် အတော်သဘောကျစရာပါ။
facebook မှာ မကြာမကြာပြန်ပေါ်လာပြီး Like တွေလည်းပေးဖြစ်ပေမဲ့ သေသေချာချာ မဆန်းစစ်မိပါ။
" သူတို့တတွေလမ်းကိုတကယ်ပဲ အဲလိုဖေါက်သလား " လို့ ရိုးသားစွာသိလိုစိတ်နဲ့ မေးလာတဲ့ ကလေးတယောက်ကို တော့ " သစ်ပင်ကိုတန်ဖိုးထားသူတွေကဒီလိုလုပ်ပါတယ်" လို့ ရမ်းဖြေမည့်အစား တကယ်ဟုတ်မဟုတ် စိစစ်ကြည်ံရပါတော့တယ်။
အဲဒီတော့ ပုံကိုသဘောကျတဲ့စိတ် ကလေး ကို ဘေးထားလို့ ဆန်းစစ်ကြည့်ရအောင်။
လွင်တီးခေါင်ပြင်မှာ အပင်တပင်တည်း ထီးထီးချဉ်းမို့ အပင်ကိုမခုတ်ရအောင်လမ်းကိုကွေ့ဖေါက်သွားတယ်။

(၁)  လမ်းဖေါက်ပုံက အလွယ်ဆန်လွန်းနေပါတယ်

အပင်ကိုတန်ဖိုးထားတတ်လျင် လမ်းအသုံးပြုသူတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း အလေးအနက်ထားမှာပါ။
ပုံထဲကလမ်းက တဖြောင့်တည်းသွားနေရာကနေရုတ်တရက် ကွေ့ကောက်သွားပါတယ်။
သုံးဆစ်ချိုးအတော်ကြီးကိုကွေ့သွားတာပါ။
လွင်တီးခေါင်ပြင်မှာ တဖြောင့်တည်းသွားနေရာကကနေရုတ်တရက် ကွေ့ကောက်သွားကို ကားမောင်းသူတွေအလွယ်တကူမမြင်နိုင်ပါ၊
ညဆိုပိုဆိုးပါတယ်။ ကားအတော်များများ လမ်းဘေးကျကုန်မှာပါ။
တကယ်သာအပင်ကိုကွင်းပြီးလမ်းဖေါက်လျင်လည်း (ပုံ ၂မှာလို)  ခပ်ပြေပြေကွေ့အောင်ဖေါက်လို့ရပါတယ်။ လယ်မြေတွေသိမ်းစရာလိုမယ်မထင်ပါ။

(၂)  အကွေ့ရှိသည် သတိပေးဆိုင်းဘုတ်မရှိ

သုံးဆစ်ချိုးကွေ့ဖြစ်လို့ သတိပေးဆိုင်းဘုတ်တွေ အများကြီး အဝေးကတည်းက ကြိပြီး  လမ်း ၂ ဘက်လုံးမှာ ထားရှိရပါမယ်။
ဒီပုံထဲမှာ ဘာဆိုင်းဘုတ်မှ မရှိပါ။
လက်မောင်းလောက်တုတ်နဲ့ မြင်းခြေထောက်ကိုတောင်မြင်နိုင်တဲ့ ပုံမှာ တပေခွဲလောက်ဆိုင်းဘုတ်တွေနဲ့ သူတို့ရဲ့ အရိပ်တွေတကယ်သာရှိလျင် မမြင်ရစရာမရှိပါ။

(၃) ကားအရိပ်၊ အပင်ရိပ်နဲ့ မြင်းအရိပ် ကွဲလွဲ

ကားတွေရဲ့ အရိပ်တွေအရ နေကပုံရဲ့ ဝဲဘက်အထက် ၄၅ ဒီဂရီလောက်က စောင်းထိုးနေပုံ အရိပ်ကျပေမဲ့  အပင်ရိပ်ကတော့ အပင်အောက်တည့်တည့်မျာရှိပြီး နေမွန်းတည့်ချိန်ကျတဲ့ အရိပ်လိုကျပါတယ်။
မြင်းကလေးမှာတော့ သရဲတစ္ဆေလို ဘာမရိပ်မှကိုမရှိပါ။

အားလုံးကိုခြုံရလျင် ဒီပုံကလေးဟာ ကောင်းသောရည်ရွယ်ချက်နဲ့ ဖန်တီးထားတဲ့ ပုံကလေးသာဖြစ်ပြီး အပြင်လောကမှာ တကယ်မရှိပါ အစစ်အမှန်မဟုတ်ပါ။
အစစ်အမှန် မဟုတ်သော်လည်း  သစ်ပင်တွေကို တန်ဖိုးထားတတ်ဖို့ ပညာပေးတာဖြစ်လို့ ရှဲလို့ ဘယ်သူကိုမှ မထိခိုက်ပါ။

မိမိရဲ့ အစွဲတွေကို ဘေးဖယ်ပြီး ဝေဘန်စိစစ် ကြည့်လျင်  ဘာတွေမြင်ရတယ်ဆိုတာကလေးကို ရှဲတာပါ။

ဖိုးသုည
15/14/19