Wednesday, May 29, 2019

Boeing 737 MAX ေလယာဥ္ေတြလာမယ့္ ဩဂုတ္လအထိ ေလဟုန္ဆန္ႏိုင္ေျခမရွိ (Boeing 737 MAX လေယာဉ်တွေလာမယ့် ဩဂုတ်လအထိ လေဟုန်ဆန်နိုင်ခြေမရှိ)

Boeing 737 MAX ေလယာဥ္ေတြလာမယ့္ ဩဂုတ္လအထိ ေလဟုန္ဆန္ႏိုင္ေျခမရွိ


The International Air Transport Association (IATA) အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းပို႔ေဆာင္ေရးအဖြဲ႕ ၫႊန္ခ်ဳပ္ Alexandre de Juniac က သတင္းေထာက္ေတြကို ဆိုးလ္ၿမိဳ႕မွာဒီကေန႔ ေမလ ၂၉ ရက္ေန႔မွာ ေျပာၾကားလိုက္တာပါ။
တိုက္ဆိုင္စြာပဲ ေလာေလာဆယ္ 737 MAX ၁၃စီးပိုက္မိထားတဲ့ အိႏၵိယႏိုင္ငံရဲ႕ ဘတ္ဂ်က္လိုင္း  Spicejet စီးပြားေရးအမႈဆာင္အရာရွိ Kiran Koteshwar က 737 MAX ေတြ ဂ်ဴလိုင္လေလာက္မွာ ျပန္လည္ပ်ံသန္းႏိုင္မယ္လို႔ သူတို႔ကို ဘိုးအင္ကေျပာေၾကာင္းအင္တာဗ်ဴးတခုမွာေျပာ သြားပါတယ္။ 
ၿပီးခဲ့တဲ့ အပတ္က ေမလ ၂၃ ရက္က အေမရိကန္ေလေၾကာင္းအာဏာပိုင္ The Federal Aviation Administration (FAA) က 737 MAX ေတြဇြန္လမကုန္မီျပန္လည္ပ်ံသန္းခြင့္ရႏိုင္မယ္လို႔ ေကနဒါႏိုင္ငံ မြန္ထရီရယ္ၿမိဳ႕မွာ  ေျပာခဲ့တယ္လို႔ သတင္းေတြမွာ ေဖၚျပခဲ့တာပါ။ 

FAA နဲ႔ ဘိုးအင္းကုမၸဏီတို႔က 737 MAX ေတြ အျမန္ဆုံးျပန္သန္းခြင့္ေပးခ်င္ေပမယ့္ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြနဲ႔ ေလေၾကာင္းလိုင္းေတြကေတာ့ အေလာသုံးဆယ္ မလုပ္လိုဘဲ ေဘးအႏၲရာယ္ကင္းရွင္းေရးကို ေသခ်ာေစခ်င္တာပါ။

ဒါ့အျပင္ ခရီးသည္ေတြရဲ႕ ယုံၾကည္မႈ ျပန္ရဖို႔ကလိုပါေသးတယ္။
737 MAX ေတြကို ပ်ံသန္းခြင့္အတြက္ နဲ႔ ေဘးအႏၲရာယ္ကင္းရွင္းေရးဆိုင္ရာ စစ္ေဆးမႈေတြမွာ မလုပ္သင့္တာေတြလုပ္ခဲ့တယ္ဆိုၿပီး FAA ကို ေဝဘန္မႈေတြ မ်ားေနလို႔ပါ။
ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြ၊ ဘိုးအင္းနဲ႔ FAA တို႔  မြန္ထရီရယ္ၿမိဳ႕မွာ ေမလ ၂၃ ကလုပ္ခဲ့တဲ့ 737 MAX ေတြ ကို  ျပန္လည္ပ်ံသန္းခြင့္ျပဳႏိုင္ဖို႔ အစည္းအေဝးမွာ ေရရာတဲ့ ဆုံးျဖတ္ခ်က္ေတြ မခ်မွတ္ႏိုင္ခဲ့လို႔ IATAက လာမယ့္ ဇူလိုင္လထဲမွာ အလားတူ အစည္းအေဝးေနာက္တခုကို ထပ္မံ ေခၚယူဖို႔ရွိေနပါတယ္။ 
737 MAX ေတြျပန္လည္ပ်ံသန္းခြင့္ရႏိုင္ဖို႔အဓိကလုပ္စရာ အပိုင္း ႏွစ္ပိုင္းရွိပါတယ္။

ပထမအပိုင္းက ျပသနာျဖစ္ေနတဲ့ MCAS စနစ္ကို update လုပ္ၿပီး ျပန္လည္စစ္ေဆးကာ အသုံးျပခြင့္ေပးဖို႔ပါ။ ဘိုအင္းက update ကို စမ္းၿပီးေပမယ့္ ၿပီးခဲ့တဲ့အပတ္အထိ FAA ကိုမတင္ေသးပါ။ FAA က ေဆာ့ ဝဲလ္ အသစ္ကို နည္းပညာပိုင္းကို ေသခ်ာစစ္ေဆးၿပီး လက္ခံႏိုင္ၿပီဆို လ်င္စမ္းသပ္ပ်ံသန္း ဦးမွာပါ။ အားလုံး အဆင္ေျပစိတ္ခ်မွအသုံးျပဳခြင့္လက္မွတ္ထုတ္ေပးမွာပါ။

ဒုတိယအပိုင္းက ပိုင္းေလာ့ ေတြကို ေလ့က်င့္ေပးဖို႔ပါ။ 737 Type rating licence ရထားတဲ့ ပိုင္းေလာ့ေတြ ၁နာရီခြဲေလာက္ အိုင္ပက္ေပၚမွာေလ့က်င့္႐ုံနဲ႔ လုံေလာက္တယ္လို႔ ေျပာထဲ့တဲ့ ဘိုးအင္းရဲ႕ စကားကို ေလေၾကာင္းလိုင္းနဲ႔ ပိုင္းေလာ့ေလာကက သံသယျဖစ္ေနပါၿပီ။ ဘိုအင္းကလည္း ထိန္ခ်န္ထာေတြ လုပ္ခဲ့မိတာကိုး။ 

ဒီေတာ့ ေနာက္တႀကိမ္အစည္းေဝးမွာ ပိုင္းေလာ့ေတြ ကို ဘယ္လိုထရိန္နင္ေပးၿပီးမွ 737 မက္စ္ ကို ေမာင္းေစမလဲဆိုတာကို ေဆြးေႏြးၾကဦးမွာကေတာ့ ေသခ်ာပါတယ္။

အကယ္၍ ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြကသာ 737 မက္စ္ ကို ေမာင္းဖို႔ ေလယာဥ္တု (simulator) နဲ႔ က်င့္ဖို႔ လိုတယ္လို႔ ဆုံးျဖတ္ လ်င္ေတာ့ 737 MAX simulator ေတြ အလြန္နည္းေနေသးတဲ့ အတြက္ ပိုင္းေလာ့ေတြကို ထရိန္နင္ေပးဖို႔ အခ်ိန္အေတာ္ၾကာႏိုင္ၿပီး  737 MAX ေတြေျမျပင္မွာ ဆက္ၿပီးအေညာင္းမိေနဦးမွာပါ။

ဖိုးသုည
29-5-19

Boeing 737 MAX လေယာဉ်တွေလာမယ့် ဩဂုတ်လအထိ လေဟုန်ဆန်နိုင်ခြေမရှိ ( Unicode) 


The International Air Transport Association (IATA) အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအဖွဲ့ ညွှန်ချုပ် Alexandre de Juniac က သတင်းထောက်တွေကို ဆိုးလ်မြို့မှာဒီကနေ့ မေလ ၂၉ ရက်နေ့မှာ ပြောကြားလိုက်တာပါ။
တိုက်ဆိုင်စွာပဲ လောလောဆယ် 737 MAX ၁၃စီးပိုက်မိထားတဲ့ အိန္ဒိယနိုင်ငံရဲ့ ဘတ်ဂျက်လိုင်း  Spicejet စီးပွားရေးအမှုဆာင်အရာရှိ Kiran Koteshwar က 737 MAX တွေ ဂျူလိုင်လလောက်မှာ ပြန်လည်ပျံသန်းနိုင်မယ်လို့ သူတို့ကို ဘိုးအင်ကပြောကြောင်းအင်တာဗျူးတခုမှာပြော သွားပါတယ်။
ပြီးခဲ့တဲ့ အပတ်က မေလ ၂၃ ရက်က အမေရိကန်လေကြောင်းအာဏာပိုင် The Federal Aviation Administration (FAA) က 737 MAX တွေဇွန်လမကုန်မီပြန်လည်ပျံသန်းခွင့်ရနိုင်မယ်လို့ ကေနဒါနိုင်ငံ မွန်ထရီရယ်မြို့မှာ  ပြောခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြခဲ့တာပါ။

FAA နဲ့ ဘိုးအင်းကုမ္ပဏီတို့က 737 MAX တွေ အမြန်ဆုံးပြန်သန်းခွင့်ပေးချင်ပေမယ့်နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေနဲ့ လေကြောင်းလိုင်းတွေကတော့ အလောသုံးဆယ် မလုပ်လိုဘဲ ဘေးအန္တရာယ်ကင်းရှင်းရေးကို သေချာစေချင်တာပါ။

ဒါ့အပြင် ခရီးသည်တွေရဲ့ ယုံကြည်မှု ပြန်ရဖို့ကလိုပါသေးတယ်။
737 MAX တွေကို ပျံသန်းခွင့်အတွက် နဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စစ်ဆေးမှုတွေမှာ မလုပ်သင့်တာတွေလုပ်ခဲ့တယ်ဆိုပြီး FAA ကို ဝေဘန်မှုတွေ များနေလို့ပါ။ 
နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေ၊ ဘိုးအင်းနဲ့ FAA တို့  မွန်ထရီရယ်မြို့မှာ မေလ ၂၃ ကလုပ်ခဲ့တဲ့ 737 MAX တွေ ကို  ပြန်လည်ပျံသန်းခွင့်ပြုနိုင်ဖို့ အစည်းအဝေးမှာ ရေရာတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့လို့ IATAက လာမယ့် ဇူလိုင်လထဲမှာ အလားတူ အစည်းအဝေးနောက်တခုကို ထပ်မံ ခေါ်ယူဖို့ရှိနေပါတယ်။
737 MAX တွေပြန်လည်ပျံသန်းခွင့်ရနိုင်ဖို့အဓိကလုပ်စရာ အပိုင်း နှစ်ပိုင်းရှိပါတယ်။

ပထမအပိုင်းက ပြသနာဖြစ်နေတဲ့ MCAS စနစ်ကို update လုပ်ပြီး ပြန်လည်စစ်ဆေးကာ အသုံးပြခွင့်ပေးဖို့ပါ။ ဘိုအင်းက update ကို စမ်းပြီးပေမယ့် ပြီးခဲ့တဲ့အပတ်အထိ FAA ကိုမတင်သေးပါ။ FAA က ဆော့ ဝဲလ် အသစ်ကို နည်းပညာပိုင်းကို သေချာစစ်ဆေးပြီး လက်ခံနိုင်ပြီဆို လျင်စမ်းသပ်ပျံသန်း ဦးမှာပါ။ အားလုံး အဆင်ပြေစိတ်ချမှအသုံးပြုခွင့်လက်မှတ်ထုတ်ပေးမှာပါ။

ဒုတိယအပိုင်းက ပိုင်းလော့ တွေကို လေ့ကျင့်ပေးဖို့ပါ။ 737 Type rating licence ရထားတဲ့ ပိုင်းလော့တွေ ၁နာရီခွဲလောက် အိုင်ပက်ပေါ်မှာလေ့ကျင့်ရုံနဲ့ လုံလောက်တယ်လို့ ပြောထဲ့တဲ့ ဘိုးအင်းရဲ့ စကားကို လေကြောင်းလိုင်းနဲ့ ပိုင်းလော့လောကက သံသယဖြစ်နေပါပြီ။ ဘိုအင်းကလည်း ထိန်ချန်ထာတွေ လုပ်ခဲ့မိတာကိုး။ 

ဒီတော့ နောက်တကြိမ်အစည်းဝေးမှာ ပိုင်းလော့တွေ ကို ဘယ်လိုထရိန်နင်ပေးပြီးမှ 737 မက်စ် ကို မောင်းစေမလဲဆိုတာကို ဆွေးနွေးကြဦးမှာကတော့ သေချာပါတယ်။

အကယ်၍ နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေကသာ 737 မက်စ် ကို မောင်းဖို့ လေယာဉ်တု (simulator) နဲ့ ကျင့်ဖို့ လိုတယ်လို့ ဆုံးဖြတ် လျင်တော့ 737 MAX simulator တွေ အလွန်နည်းနေသေးတဲ့ အတွက် ပိုင်းလော့တွေကို ထရိန်နင်ပေးဖို့ အချိန်အတော်ကြာနိုင်ပြီး  737 MAX တွေမြေပြင်မှာ ဆက်ပြီးအညောင်းမိနေဦးမှာပါ။

ဖိုးသုည
29-5-19


Wednesday, May 22, 2019

အခုတေလာ‌ေဟာ့ေနတဲ့ ဝွီးခ်ဲစီးသူမ်ား (အခုတလော‌ဟော့နေတဲ့ ဝှီးချဲစီးသူများး)


အခုတေလာ‌ေဟာ့ေနတဲ့ ဝွီးခ်ဲစီးသူမ်ား ( Zawgyi)


မသန္စြမ္းသူေတြရဲ႕ ဒုကၡကို သတိထားမိေအာင္ ပညာေပးတာေကာင္းပါတယ္။

ဒါေပမယ့္ အစိုးရက လမ္းစည္းကမ္းၾကတ္မတ္ခ်ိန္မွ ဒီလိုလာၿပီးပညာေပးေနၾကတာ တိုက္ဆိုင္မႈေတာ့ မဟုတ္။
ႏိုင္ငံေရးပေယာဂႀကီးကို အထင္းသားျမင္ေနရတယ္၊
ျမန္မာျပည္မွာ ဘယ္တုန္းကမွအမ်ားျပည္သူသုံးလမ္ေတြမွာ ဝွီးခ်ဲသုံးလို႔ရတဲ့ ပတ္ဝန္းက်င္ မရွိခဲ့ဖူးေသးပါ။
ဒါ‌ေၾကာင့္လမ္းေပၚ လမ္ေဘးပလက္ေဖါင္းေတြမွာ ဝွီးခ်ဲနဲ႔သြားသူလည္းမရွိေသးပါ။
 လက္ေတြ႕မဆန္၊ သဘာဝမက်ေသာ ပညာေပး သ႐ုပ္ျပမႈတခု ( လက်တွေ့မဆန်၊ သဘာဝမကျသော ပညာပေး သရုပ်ပြမှုတခု)   https://www.mmrepublic.com/archives/28358


ဝွီးခ်ဲသုံးလို႔ရတဲ့ ပတ္ဝန္းက်င္ ဆိုတာ (wheelchair friendly environment ) 

လမ္ေဘး ပလက္ေဖါင္းေတြ ညီညာရမယ္။
ကားလမ္းကူးတဲ့ေနရာတိုင္း ပလက္ေဖါင္းအဆုံးမွာ နီမ့္ေလ်ာလုပ္ေပးထားရမယ္။

ဘတ္စ္ကားေတြမွာ ဝွီးခ်ဲတက္ဖို႔ (ထုတ္လို႔ သြင္းလို႔ရတဲ့)ေပါင္းကူးပါရမယ္၊  ကားထဲမွာဝွီးခ်ဲေနဖို႔ ေနရာ၊ ခ်ိတ္ထားဖို႔ ခ်ိတ္ရွိရမယ္၊

ကားကမွတ္တိုင္မွာ ပလက္ေဖါင္းနဲ႔ ကပ္ၿပီးရပ္ရမယ္။

ကာပါကင္ေတြကိုလည္း disabled parking သတ္သတ္မွတ္မွတ္ထားေပးရမယ္။
disabled parking ပါကင္ေတြကပုံမွန္ပါကင္တခုထက္ တဆခြဲေလာက္က်ယ္ရမယ္။

အဲဒါမွကားထဲကေနအျပင္ကို  ဝွီးခ်ဲနဲ႔ ဆင္းလို႔ရေအာင္ေနရာေပးထားတာ။
သူတို႔က သီးသန႔္ လိုင္စင္ေပးထားတဲ့  စပါယ္ရွယ္ကားကို ကိုယ္တိုင္ေမာင္း ကားေပၚက  ဝွီးခ်ဲကိုကိုယ္တိုင္ခ်ၿပီး စီးတာ။
(မသန္မစြမ္းသူမ်ားသုံးေသာကား အထူးလိုင္စင္နံပတ္) မသန်မစွမ်းသူများသုံးသောကား အထူးလိုင်စင်နံပတ်

အဲဒီပါကင္မွာ ႐ိုး႐ိုးလိုင္စင္နဲ႔ကားရပ္မိလို႔ကေတာ့ ဖမ္းခံထိၿပီပဲ။
တခ်ိဳ႕ကကားအတြင္းကေန ‌အေနာက္ခန္းကိုကူး၊ ဝွီးခ်ဲေပၚတက္ၿပီး ကားေဘးမွာလွ်ာထိုးအဆင့္ကိုခလုပ္ႏွိပ္ထုတ္၊ အဲဒီအေပၚ ဝွီးခ်ဲတက္၊ အဲဒီအဆင့္ကို ေျမညီ‌ေရာက္ေအာင္ခ်။ အဆင့္ကိုရီမုဒ္နဲ႔ ျပန္သိမ္းၿပီးမွ ဝွီးခ်ဲကို ေမာင္းထြက္တာ။


စကၤာပူမွာေတာင္ ၂၀၀၀ ခုႏွစ္ေက်ာ္မွ လူကူးတံတားေတြမွာ ဓါတ္ေလွကားေတြ စတတ္တာပါ။ ဒါေတာင္ ၿမိ့ျပင္ လူသုံးနည္းရင္ ဓါတ္ေလွကားအစား နိမ့္‌ေလွ်ာလမ္းကို တေကြ႕တပတ္ႀကီး လုပ္ထားတယ္၊

ရန္ကုန္ကပလက္ေဖါင္းေတြဆို လူေကာင္းေတာင္ မလဲေအာင္ အေတာ္ေလွ်ာက္ရတာ။
ေဈးသည္နဲ႔ ခ်ိဳင့္က်င္းေတြနဲ႔။ လမ္းဆုံေတြမွာလဲ နိမ့္ေလ်ာကမရွိ။ ဘတ္စ္ကားေတြကလည္း ဝွီးခ်ဲသုံးမရေသး၊
အဲဒီေတာ့လမ္းေဘးပလက္ေဖါင္းေတြေေပၚမွာ ဝွီးခ်ဲနဲ႔သြားတာလည္း မျမင္ဖူးဘူးေပါ့ေလ။
ကိုယ့္ဖါသာ‌ကိုယ္ေမာင္းတဲ့ ဝွီးခ်ဲအသာထား တြန္းတဲ့သူနဲ႔ေတာင္ သြားမရ။

ဘယ္လိုလူေတြက မ်ားလမ္းေဘးပလက္ေဖါင္းေတြမွာ သြားမရတဲ့ ဝွီးခ်ဲေတြကို လမ္းကိုကူးေတာ့မွ စီးၾကမယ္ဆိုတာကေတာ့ ေတြးမရ။

ပထမဆုံး လူေကာင္းေတြ လမ္ေဘးပလက္ေဖါင္းကေန ေဘးကင္းကင္းေလွ်ာက္လို႔ရေအာင္၊ ေဘးကင္းကင္း လမ္းကူးလို႔ရေအာင္ အရင္လုပ္ရဦးမွာပါ။
ဒါကိုေတာင္ ျပသနာ‌ေသာင္းေျခာက္ထာင္နဲ႔ လုပ္တိုင္းဖ်က္ေနၾကတာ။
လူေကာင္းေတြၿပီးလ်င္ သက္ႀကီး႐ြယ္အိုေတြကရွိေသး။
အဲဒီသူေတြက လက္ရွိ လမ္း‌ေတြမွာ တကယ္သြားလာေနသူ‌ေတြပါ။
သူတို႔တေတြေကာင္းေကာင္းသြားလို႔ရတဲ့ ပလက္ေဖါင္းေတြျဖစ္လာၿပီးလ်င္ေတာ့ ဝွီးခ်ဲသုံးသူေတြလည္းလမ္းမွာသြားလို႔ရလာမွာပါ။
ဝွီးခ်ဲသုံးသူေတြလမ္းေဘးပလက္ေဖါင္းမွာသြားလို႔ရလာရင္ေတာ့ သူတို႔ လမ္းကူးဖို႔ ကိစၰကို ေဆြးေႏြးဥၾတာေပါ့။
ေလာ‌ေလာဆယ္ ဝမရွိဘဲ ဝိလုပ္ၾကသူမ်ားကေတာ့ ျပည့္သူ႔အဆဲဒါဏ္ကို ခံလို႔ေကာင္းဆဲ။
ဖိုးသုည
22-5-19

အခုတလော‌ဟော့နေတဲ့ ဝှီးချဲစီးသူများ ( Unicode) 



မသန်စွမ်းသူတွေရဲ့ ဒုက္ခကို သတိထားမိအောင် ပညာပေးတာကောင်းပါတယ်။

ဒါပေမယ့် အစိုးရက လမ်းစည်းကမ်းကြတ်မတ်ချိန်မှ ဒီလိုလာပြီးပညာပေးနေကြတာ တိုက်ဆိုင်မှုတော့ မဟုတ်။
နိုင်ငံရေးပယောဂကြီးကို အထင်းသားမြင်နေရတယ်၊
မြန်မာပြည်မှာ ဘယ်တုန်းကမှအများပြည်သူသုံးလမ်တွေမှာ ဝှီးချဲသုံးလို့ရတဲ့ ပတ်ဝန်းကျင် မရှိခဲ့ဖူးသေးပါ။
ဒါ‌ကြောင့်လမ်းပေါ် လမ်ဘေးပလက်ဖေါင်းတွေမှာ ဝှီးချဲနဲ့သွားသူလည်းမရှိသေးပါ။

ဝှီးချဲသုံးလို့ရတဲ့ ပတ်ဝန်းကျင် ဆိုတာ (wheelchair friendly environment ) 

လမ်ဘေး ပလက်ဖေါင်းတွေ ညီညာရမယ်။
ကားလမ်းကူးတဲ့နေရာတိုင်း ပလက်ဖေါင်းအဆုံးမှာ နီမ့်လျောလုပ်ပေးထားရမယ်။
ဘတ်စ်ကားတွေမှာ ဝှီးချဲတက်ဖို့ (ထုတ်လို့ သွင်းလို့ရတဲ့)ပေါင်းကူးပါရမယ်၊  ကားထဲမှာဝှီးချဲနေဖို့ နေရာ၊ ချိတ်ထားဖို့ ချိတ်ရှိရမယ်၊
ကားကမှတ်တိုင်မှာ ပလက်ဖေါင်းနဲ့ ကပ်ပြီးရပ်ရမယ်။
ကာပါကင်တွေကိုလည်း disabled parking သတ်သတ်မှတ်မှတ်ထားပေးရမယ်။
disabled parking ပါကင်တွေကပုံမှန်ပါကင်တခုထက် တဆခွဲလောက်ကျယ်ရမယ်။
အဲဒါမှကားထဲကနေအပြင်ကို  ဝှီးချဲနဲ့ ဆင်းလို့ရအောင်နေရာပေးထားတာ။
သူတို့က သီးသန့် လိုင်စင်ပေးထားတဲ့  စပါယ်ရှယ်ကားကို ကိုယ်တိုင်မောင်း ကားပေါ်က  ဝှီးချဲကိုကိုယ်တိုင်ချပြီး စီးတာ။
အဲဒီပါကင်မှာ ရိုးရိုးလိုင်စင်နဲ့ကားရပ်မိလို့ကတော့ ဖမ်းခံထိပြီပဲ။
တချို့ကကားအတွင်းကနေ ‌အနောက်ခန်းကိုကူး၊ ဝှီးချဲပေါ်တက်ပြီး ကားဘေးမှာလျှာထိုးအဆင့်ကိုခလုပ်နှိပ်ထုတ်၊ အဲဒီအပေါ် ဝှီးချဲတက်၊ အဲဒီအဆင့်ကို မြေညီ‌ရောက်အောင်ချ။ အဆင့်ကိုရီမုဒ်နဲ့ ပြန်သိမ်းပြီးမှ ဝှီးချဲကို မောင်းထွက်တာ။

စင်္ကာပူမှာတောင် ၂၀၀၀ ခုနှစ်ကျော်မှ လူကူးတံတားတွေမှာ ဓါတ်လှေကားတွေ စတတ်တာပါ။ ဒါတောင် မြိ့ပြင် လူသုံးနည်းရင် ဓါတ်လှေကားအစား နိမ့်‌လျှောလမ်းကို တကွေ့တပတ်ကြီး လုပ်ထားတယ်၊

ရန်ကုန်ကပလက်ဖေါင်းတွေဆို လူကောင်းတောင် မလဲအောင် အတော်လျှောက်ရတာ။
ဈေးသည်နဲ့ ချိုင့်ကျင်းတွေနဲ့။ လမ်းဆုံတွေမှာလဲ နိမ့်လျောကမရှိ။ ဘတ်စ်ကားတွေကလည်း ဝှီးချဲသုံးမရသေး၊
အဲဒီတော့လမ်းဘေးပလက်ဖေါင်းတွေေပေါ်မှာ ဝှီးချဲနဲ့သွားတာလည်း မမြင်ဖူးဘူးပေါ့လေ။
ကိုယ့်ဖါသာ‌ကိုယ်မောင်းတဲ့ ဝှီးချဲအသာထား တွန်းတဲ့သူနဲ့တောင် သွားမရ။

ဘယ်လိုလူတွေက များလမ်းဘေးပလက်ဖေါင်းတွေမှာ သွားမရတဲ့ ဝှီးချဲတွေကို လမ်းကိုကူးတော့မှ စီးကြမယ်ဆိုတာကတော့ တွေးမရ။

ပထမဆုံး လူကောင်းတွေ လမ်ဘေးပလက်ဖေါင်းကနေ ဘေးကင်းကင်းလျှောက်လို့ရအောင်၊ ဘေးကင်းကင်း လမ်းကူးလို့ရအောင် အရင်လုပ်ရဦးမှာပါ။
ဒါကိုတောင် ပြသနာ‌သောင်းခြောက်ထာင်နဲ့ လုပ်တိုင်းဖျက်နေကြတာ။
လူကောင်းတွေပြီးလျင် သက်ကြီးရွယ်အိုတွေကရှိသေး။
အဲဒီသူတွေက လက်ရှိ လမ်း‌တွေမှာ တကယ်သွားလာနေသူ‌တွေပါ။
သူတို့တတွေကောင်းကောင်းသွားလို့ရတဲ့ ပလက်ဖေါင်းတွေဖြစ်လာပြီးလျင်တော့ ဝှီးချဲသုံးသူတွေလည်းလမ်းမှာသွားလို့ရလာမှာပါ။
ဝှီးချဲသုံးသူတွေလမ်းဘေးပလက်ဖေါင်းမှာသွားလို့ရလာရင်တော့ သူတို့ လမ်းကူးဖို့ ကိစ္ဏကို ဆွေးနွေးဥြတာပေါ့။
လော‌လောဆယ် ဝမရှိဘဲ ဝိလုပ်ကြသူများကတော့ ပြည့်သူ့အဆဲဒါဏ်ကို ခံလို့ကောင်းဆဲ။
ဖိုးသုည
22-5-19

Sunday, April 14, 2019

ပုံတပုံကို အစြဲမ်ားေဘးဖယ္၍ၾကည့္ျခင္း (ပုံတပုံကို အစွဲများဘေးဖယ်၍ကြည့်ခြင်း )

ပုံတပုံကို အစြဲမ်ားေဘးဖယ္၍ၾကည့္ျခင္း

က်ေနာ္တို႔ဟာ ပုံတပုံ၊ ျမင္ကြင္းတခုကိုေတြ႕တဲ့အခါမွာ မိမိသိထားတဲ့ အေၾကာင္းအရာနဲ႔ ဆက္စပ္ၿပီး အဓိပၸါယ္ေဖၚရပါတယ္။
ဒါေပမဲ့ မိမိရဲ႕ အယူအဆ၊ အစြဲအလန္း၊ ခံစားခ်က္ေတြကိုပါ ထည့္ၿပီးအဓိပၸါယ္ေဖၚမိလ်င္ေတာ့ အရွိကို အရွိအတိုင္းျမင္ဖို႔ အေတာ္ခဲယဥ္းသြားပါၿပီ။
မိမိရဲ႕ ခံစားခ်က္ အျမင္ေတြက ေသေသခ်ာခ်ာဆန္းစစ္တာ မလုပ္ဖို႔ တားဆီးေနလို႔ (သို႔) ဘက္လိုက္ၿပီး ဆန္းစစ္မိလို႔ပါ။

တခါတေလမွာ ကိုယ္သေဘာက်တဲ့ ကိစၥတခုနဲ႔ ပတ္သက္တာကေလးေတြ ေတြ႕လ်င္ ပညာေပးတဲ့ သေဘာလည္းျဖစ္ေအာင္ ဝမ္းသာအားရ ျပန္ၿပီး ရွဲၾကပါတယ္။
ဒါေပမဲ့ ကိုယ္ရွဲတာက တကဲ့ အစစ္အမွန္မဟုတ္တဲ့ အခါမွာ မွားမွန္း လူသိသြားတဲ့အခါ ရည္႐ြယ္ခ်က္ကေကာင္းေသာ္လည္း  လုပ္ရပ္တခုလုံး တန္ဖိုးေလ်ာ့သြားပါတယ္။
အဲဒါေၾကာင့္ အေၾကာင္းအရာတခုခုကို သေဘာက်ၿပီဆိုလ်င္ မိမိရဲ႕ အယူအဆ၊ အစြဲအလန္း၊ ခံစားခ်က္ေတြကို ေဘးခ်ိန္ ၿပီး အရွိအတိုင္းျမင္ႏိုင္ေအာင္ ေဝဘန္ဆန္းစစ္ဖို႔လိုလာပါတယ္။

က်ေနာ္တို႔ဟာ သစ္ေတာျပဳန္းတီးမႈကို ဆန္႔က်င္သူမ်ားျဖစ္လို႔ သစ္ပင္ေတြကို ထိန္းသိမ္း တန္ဖိုးထားတဲ့ ပိုစ့္ေတြကို သေဘာက်ၾက ရွဲၾကပါတယ္။


အခုတင္ထားတဲ့ ပုံကေလးဟာ သစ္ပင္သစ္ေတာကို ခ်စ္ျမတ္ႏိုးသူမ်ားအတြက္ အေတာ္သေဘာက်စရာပါ။
facebook မွာ မၾကာမၾကာျပန္ေပၚလာၿပီး Like ေတြလည္းေပးျဖစ္ေပမဲ့ ေသေသခ်ာခ်ာ မဆန္းစစ္မိပါ။
" သူတို႔တေတြလမ္းကိုတကယ္ပဲ အဲလိုေဖါက္သလား " လို႔ ႐ိုးသားစြာသိလိုစိတ္နဲ႔ ေမးလာတဲ့ ကေလးတေယာက္ကို ေတာ့ " သစ္ပင္ကိုတန္ဖိုးထားသူေတြကဒီလိုလုပ္ပါတယ္" လို႔ ရမ္းေျဖမည့္အစား တကယ္ဟုတ္မဟုတ္ စိစစ္ၾကည္ံရပါေတာ့တယ္။

အဲဒီေတာ့ ပုံကိုသေဘာက်တဲ့စိတ္ ကေလး ကို ေဘးထားလို႔ ဆန္းစစ္ၾကည့္ရေအာင္။
လြင္တီးေခါင္ျပင္မွာ အပင္တပင္တည္း ထီးထီးခ်ဥ္းမို႔ အပင္ကိုမခုတ္ရေအာင္လမ္းကိုေကြ႕ေဖါက္သြားတယ္။

(၁)  လမ္းေဖါက္ပုံက အလြယ္ဆန္လြန္းေနပါတယ္

အပင္ကိုတန္ဖိုးထားတတ္လ်င္ လမ္းအသုံးျပဳသူေတြရဲ႕ ေဘးအႏၲရာယ္ကင္းရွင္းေရးကိုလည္း အေလးအနက္ထားမွာပါ။
ပုံထဲကလမ္းက တေျဖာင့္တည္းသြားေနရာကေန႐ုတ္တရက္ ေကြ႕ေကာက္သြားပါတယ္။
သုံးဆစ္ခ်ိဳးအေတာ္ႀကီးကိုေကြ႕သြားတာပါ။
လြင္တီးေခါင္ျပင္မွာ တေျဖာင့္တည္းသြားေနရာကကေန႐ုတ္တရက္ ေကြ႕ေကာက္သြားကို ကားေမာင္းသူေတြအလြယ္တကူမျမင္ႏိုင္ပါ၊
ညဆိုပိုဆိုးပါတယ္။ ကားအေတာ္မ်ားမ်ား လမ္းေဘးက်ကုန္မွာပါ။
တကယ္သာအပင္ကိုကြင္းၿပီးလမ္းေဖါက္လ်င္လည္း ခပ္ေျပေျပေကြ႕ေအာင္ေဖါက္လို႔ရပါတယ္။ လယ္ေျမေတြသိမ္းစရာလိုမယ္မထင္ပါ။

(၂)  အေကြ႕ရွိသည္ သတိေပးဆိုင္းဘုတ္မရွိ

သုံးဆစ္ခ်ိဳးေကြ႕ျဖစ္လို႔ သတိေပးဆိုင္းဘုတ္ေတြ အမ်ားႀကီး အေဝးကတည္းက ႀကိၿပီး  လမ္း ၂ ဘက္လုံးမွာ ထားရွိရပါမယ္။
ဒီပုံထဲမွာ ဘာဆိုင္းဘုတ္မွ မရွိပါ။
လက္ေမာင္းေလာက္တုတ္နဲ႔ ျမင္းေျခေထာက္ကိုေတာင္ျမင္ႏိုင္တဲ့ ပုံမွာ တေပခြဲေလာက္ဆိုင္းဘုတ္ေတြနဲ႔ သူတို႔ရဲ႕ အရိပ္ေတြတကယ္သာရွိလ်င္ မျမင္ရစရာမရွိပါ။


(၃) ကားအရိပ္၊ အပင္ရိပ္နဲ႔ ျမင္းအရိပ္ ကြဲလြဲ

ကားေတြရဲ႕ အရိပ္ေတြအရ ေနကပုံရဲ႕ ဝဲဘက္အထက္ ၄၅ ဒီဂရီေလာက္က ေစာင္းထိုးေနပုံ အရိပ္က်ေပမဲ့  အပင္ရိပ္ကေတာ့ အပင္ေအာက္တည့္တည့္မ်ာရွိၿပီး ေနမြန္းတည့္ခ်ိန္က်တဲ့ အရိပ္လိုက်ပါတယ္။
ျမင္းကေလးမွာေတာ့ သရဲတေစၦလို ဘာမရိပ္မွကိုမရွိပါ။



အားလုံးကိုၿခဳံရလ်င္ ဒီပုံကေလးဟာ ေကာင္းေသာရည္႐ြယ္ခ်က္နဲ႔ ဖန္တီးထားတဲ့ ပုံကေလးသာျဖစ္ၿပီး အျပင္ေလာကမွာ တကယ္မရွိပါ အစစ္အမွန္မဟုတ္ပါ။
အစစ္အမွန္ မဟုတ္ေသာ္လည္း  သစ္ပင္ေတြကို တန္ဖိုးထားတတ္ဖို႔ ပညာေပးတာျဖစ္လို႔ ရွဲလို႔ ဘယ္သူကိုမွ မထိခိုက္ပါ။

မိမိရဲ႕ အစြဲေတြကို ေဘးဖယ္ၿပီး ေဝဘန္စိစစ္ ၾကည့္လ်င္  ဘာေတြျမင္ရတယ္ဆိုတာကေလးကို ရွဲတာပါ။
ဖိုးသုည
15/14/19

ပုံတပုံကို အစွဲများဘေးဖယ်၍ကြည့်ခြင်း ( ယူနီကုဒ်) 

ကျနော်တို့ဟာ ပုံတပုံ၊ မြင်ကွင်းတခုကိုတွေ့တဲ့အခါမှာ မိမိသိထားတဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြီး အဓိပ္ပါယ်ဖေါ်ရပါတယ်။
ဒါပေမဲ့ မိမိရဲ့ အယူအဆ၊ အစွဲအလန်း၊ ခံစားချက်တွေကိုပါ ထည့်ပြီးအဓိပ္ပါယ်ဖေါ်မိလျင်တော့ အရှိကို အရှိအတိုင်းမြင်ဖို့ အတော်ခဲယဉ်းသွားပါပြီ။
မိမိရဲ့ ခံစားချက် အမြင်တွေက သေသေချာချာဆန်းစစ်တာ မလုပ်ဖို့ တားဆီးနေလို့ (သို့) ဘက်လိုက်ပြီး ဆန်းစစ်မိလို့ပါ။

တခါတလေမှာ ကိုယ်သဘောကျတဲ့ ကိစ္စတခုနဲ့ ပတ်သက်တာကလေးတွေ တွေ့လျင် ပညာပေးတဲ့ သဘောလည်းဖြစ်အောင် ဝမ်းသာအားရ ပြန်ပြီး ရှဲကြပါတယ်။
ဒါပေမဲ့ ကိုယ်ရှဲတာက တကဲ့ အစစ်အမှန်မဟုတ်တဲ့ အခါမှာ မှားမှန်း လူသိသွားတဲ့အခါ ရည်ရွယ်ချက်ကကောင်းသော်လည်း  လုပ်ရပ်တခုလုံး တန်ဖိုးလျော့သွားပါတယ်။
အဲဒါကြောင့် အကြောင်းအရာတခုခုကို သဘောကျပြီဆိုလျင် မိမိရဲ့ အယူအဆ၊ အစွဲအလန်း၊ ခံစားချက်တွေကို ဘေးချိန် ပြီး အရှိအတိုင်းမြင်နိုင်အောင် ဝေဘန်ဆန်းစစ်ဖို့လိုလာပါတယ်။

ကျနော်တို့ဟာ သစ်တောပြုန်းတီးမှုကို ဆန့်ကျင်သူများဖြစ်လို့ သစ်ပင်တွေကို ထိန်းသိမ်း တန်ဖိုးထားတဲ့ ပိုစ့်တွေကို သဘောကျကြ ရှဲကြပါတယ်။
အခုတင်ထားတဲ့ ပုံကလေးဟာ သစ်ပင်သစ်တောကို ချစ်မြတ်နိုးသူများအတွက် အတော်သဘောကျစရာပါ။
facebook မှာ မကြာမကြာပြန်ပေါ်လာပြီး Like တွေလည်းပေးဖြစ်ပေမဲ့ သေသေချာချာ မဆန်းစစ်မိပါ။
" သူတို့တတွေလမ်းကိုတကယ်ပဲ အဲလိုဖေါက်သလား " လို့ ရိုးသားစွာသိလိုစိတ်နဲ့ မေးလာတဲ့ ကလေးတယောက်ကို တော့ " သစ်ပင်ကိုတန်ဖိုးထားသူတွေကဒီလိုလုပ်ပါတယ်" လို့ ရမ်းဖြေမည့်အစား တကယ်ဟုတ်မဟုတ် စိစစ်ကြည်ံရပါတော့တယ်။
အဲဒီတော့ ပုံကိုသဘောကျတဲ့စိတ် ကလေး ကို ဘေးထားလို့ ဆန်းစစ်ကြည့်ရအောင်။
လွင်တီးခေါင်ပြင်မှာ အပင်တပင်တည်း ထီးထီးချဉ်းမို့ အပင်ကိုမခုတ်ရအောင်လမ်းကိုကွေ့ဖေါက်သွားတယ်။

(၁)  လမ်းဖေါက်ပုံက အလွယ်ဆန်လွန်းနေပါတယ်

အပင်ကိုတန်ဖိုးထားတတ်လျင် လမ်းအသုံးပြုသူတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း အလေးအနက်ထားမှာပါ။
ပုံထဲကလမ်းက တဖြောင့်တည်းသွားနေရာကနေရုတ်တရက် ကွေ့ကောက်သွားပါတယ်။
သုံးဆစ်ချိုးအတော်ကြီးကိုကွေ့သွားတာပါ။
လွင်တီးခေါင်ပြင်မှာ တဖြောင့်တည်းသွားနေရာကကနေရုတ်တရက် ကွေ့ကောက်သွားကို ကားမောင်းသူတွေအလွယ်တကူမမြင်နိုင်ပါ၊
ညဆိုပိုဆိုးပါတယ်။ ကားအတော်များများ လမ်းဘေးကျကုန်မှာပါ။
တကယ်သာအပင်ကိုကွင်းပြီးလမ်းဖေါက်လျင်လည်း (ပုံ ၂မှာလို)  ခပ်ပြေပြေကွေ့အောင်ဖေါက်လို့ရပါတယ်။ လယ်မြေတွေသိမ်းစရာလိုမယ်မထင်ပါ။

(၂)  အကွေ့ရှိသည် သတိပေးဆိုင်းဘုတ်မရှိ

သုံးဆစ်ချိုးကွေ့ဖြစ်လို့ သတိပေးဆိုင်းဘုတ်တွေ အများကြီး အဝေးကတည်းက ကြိပြီး  လမ်း ၂ ဘက်လုံးမှာ ထားရှိရပါမယ်။
ဒီပုံထဲမှာ ဘာဆိုင်းဘုတ်မှ မရှိပါ။
လက်မောင်းလောက်တုတ်နဲ့ မြင်းခြေထောက်ကိုတောင်မြင်နိုင်တဲ့ ပုံမှာ တပေခွဲလောက်ဆိုင်းဘုတ်တွေနဲ့ သူတို့ရဲ့ အရိပ်တွေတကယ်သာရှိလျင် မမြင်ရစရာမရှိပါ။

(၃) ကားအရိပ်၊ အပင်ရိပ်နဲ့ မြင်းအရိပ် ကွဲလွဲ

ကားတွေရဲ့ အရိပ်တွေအရ နေကပုံရဲ့ ဝဲဘက်အထက် ၄၅ ဒီဂရီလောက်က စောင်းထိုးနေပုံ အရိပ်ကျပေမဲ့  အပင်ရိပ်ကတော့ အပင်အောက်တည့်တည့်မျာရှိပြီး နေမွန်းတည့်ချိန်ကျတဲ့ အရိပ်လိုကျပါတယ်။
မြင်းကလေးမှာတော့ သရဲတစ္ဆေလို ဘာမရိပ်မှကိုမရှိပါ။

အားလုံးကိုခြုံရလျင် ဒီပုံကလေးဟာ ကောင်းသောရည်ရွယ်ချက်နဲ့ ဖန်တီးထားတဲ့ ပုံကလေးသာဖြစ်ပြီး အပြင်လောကမှာ တကယ်မရှိပါ အစစ်အမှန်မဟုတ်ပါ။
အစစ်အမှန် မဟုတ်သော်လည်း  သစ်ပင်တွေကို တန်ဖိုးထားတတ်ဖို့ ပညာပေးတာဖြစ်လို့ ရှဲလို့ ဘယ်သူကိုမှ မထိခိုက်ပါ။

မိမိရဲ့ အစွဲတွေကို ဘေးဖယ်ပြီး ဝေဘန်စိစစ် ကြည့်လျင်  ဘာတွေမြင်ရတယ်ဆိုတာကလေးကို ရှဲတာပါ။

ဖိုးသုည
15/14/19

Tuesday, March 26, 2019

ကိုယ္ရွဴးကိုယ္ပတ္ (ကိုယ်ရှူးကိုယ်ပတ်)


သူတပါးကို လက္တေခ်ာင္းထိုးလ်င္ က်န္ေလးေခ်ာင္း ကိုယ္ဖက္ျပန္ထိုးလိမ့္မယ္လို႔ လူႀကီးေတြက ေျပာေလ့ရွိပါတယ္။

Ryanair trolling of British Airways' mistake backfires

Ryanair ဆိုတာ အိုင္ယာလန္ႏိုင္ငံက သက္တမ္း ၃၄ ႏွစ္ရွိ ဘတ္ဂ်က္ေလေၾကာင္းလိုင္းႀကီးတခုပါ။ ေလယာဥ္ေပါင္း ၄၃၉ စီးနဲ႔ ဥေရာပ ၃၅ ႏိုင္ငံက ေလဆိပ္ ၂၂၅ ခုအၾကား ပ်ံသန္းေပးေနတာပါ။ 
25 August 1919 ေန႔မွာAircraft Transport and Travel Limited (AT&T) ဆိုၿပီးစတင္ခဲ့တဲ့ ယူေကရဲ႕ အလံတင္ ေလေၾကာင္းလိုင္း British Airways (BA) ကေတာ့ ကမာၻ႔တိုက္ႀကီးအားလုံးကို ပ်ံသန္းေပးေနတဲ့ ဝန္ေဆာင္မႉအျပည့္ေပးတဲ့ ေလေၾကာင္းလိုင္းႀကီးပါ။ တခ်ိန္ကBOAC ဆိုတဲ့နာမည္နဲ႔လုပ္ေနစဥ္ ျမန္မာႏိုင္ငံကိုလည္း ပ်ံသန္းခဲ့ဖူးပါတယ္။
ၿပီးခဲ့တဲ့ မတ္လ ၂၅ ရက္ေန႔ကေတာ့ BA ရဲ႕ခရီးစဥ္အမွတ္ BA3271ကိုေျပးဆြဲေပးတဲ့ ဂ်ာမဏီရဲ႕ အငွားေလေၾကာင္း WDL ပိုင္ေလယာဥ္တစီး လန္ဒန္ကေန ဂ်ာမဏီရဲ႕ ဒူဆယ္ေဒါ့ဖိကိုပ်ံသန္းရာမွာ ခရီးစဥ္လမ္းေၾကာင္းၫႊန္ၾကားမႈ flight plan မွားယြင္းၿပီး ယူေကႏိုင္ငံေျမာက္ပိုင္းက အီဒင္ဘာရာၿမိဳ႕ကိုေရာက္သြားပါတယ္။ အလြန္ျဖစ္ခဲတဲ့ အဲဒီလိုမွားယြင္းမႈ ဘယ္ကဘယ္လိုျဖစ္တယ္ဆိုတာ စုံစမ္းဆဲပါ။ 
https://www.flightradar24.com/data/flights/ba3271#1fec2463

အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး ဘတ္ဂ်က္ေလေၾကာင္း Ryanairရဲ႕ တရားဝင္ Twitter အေကာင့္ကေန အိမ္နီးခ်င္း အကိုႀကီး BA ကို လွမ္းကလိပါတယ္။

Ryanair က BA ကို Geography for Dummies ပထဝီစာအုပ္လက္ေဆာင္ေပးဖို႔ရွိပါတယ္လို႔ ေနာက္သလိုလိုနဲ႔ တြယ္လိုက္ပါတယ္။ ေလယာဥ္ကြင္းမွားပ်ံသြားတာကို ရည္ၫႊန္းၿပီး သိကၡာခ်လိုက္တာပါ။
သူတိုကိုယ္သူတို႔ ႀကီးျမတ္တဲ့ လူမ်ိဳးလို႔ ဆိုတဲ့ အဂၤလိပ္ႀကီး BA ကေတာ့ "ဘယ္သူမွအမွားမကင္းတတ္ပါဘူး" လို႔ပဲ ယဥ္ယဥ္ေက်းေက်း တုန႔္ျပန္ခဲ့ပါတယ္။ 
ဒါေပမဲ့ ဆိုရွယ္မီဒီယာဆိုတာ ဒီေလာက္နဲ႔ ၿပီးလို႔မရပါ။ 
တျခားတ္ြီတာသုံးသူေတြက Ryanair ကို ပယ္ပယ္နယ္နယ္ တုန႔္ျပန္ၾကပါေတာ့တယ္။ 
အဲလိုတုန႔္ျပန္ၾကရာမွာ Ryanair အတြက္လက္ေဆာင္ ""မိမိတို႔ ေဖါက္သည္မ်ားကိုဝန္ေဆာင္မွု"  တို႔ 
" ဝန္ထမ္းခန႔္ထားျခင္းဆိုင္ရာဥပေဒ" ေတြရွိပါတယ္ဆိုတာေတြပါသလို 

ဇႏၷဝါရီ ၄ ရက္ေန႔က လန္ဒန္ကေနဂရိႏိုင္ငံ Thessalonikiကိုပ်ံတဲ့ Ryanair ခရီးစဥ္ အမွတ္ FR8582 ဟာ ျမဳဆိုင္းလို႔ ဆင္းမရလို႔ဆိုၿပီး အနီးအနားက ဆင္းလို႔ရတဲ့ ေလဆိပ္ေတြကို ေက်ာ္ၿပီး ေျမာက္ဘက္ မိုင္၅၀၀ အကြာ ႐ိုေမးနီးယားႏိုင္ငံ Timisoara ေလဆိပ္မွာဆင္းခဲ့ၿပီး ခရီးသည္ေတြကို ဘတ္စ္ကားအိုေတြနဲ႔ ၁၈ နာရီခရီးကေန သူတို႔သြားရမဲ့ Thessaloniki ၿမိဳ႕ကိုပို႔ေပးခဲ့တဲ့ အေၾကာင္း သည္ျဖင့္ဝိုင္းတိုက္ခိုက္တာခံလိုက္ရပါတယ္၊ 
https://www.independent.co.uk/travel/news-and-advice/ryanair-flight-greece-delayed-fog-romania-layover-stanstead-airport-compensation-a8713811.html

Ryanair ဆိုတာလည္းႏွယ္ႏွယ္ရရ မဟုတ္ပါ။ 
ခရီးသည္ေတြ မေက်နပ္လို႔ မၾကာမၾကာ ျပသနာလုပ္ခံရသလို ဝန္ထမ္းေတြ မေက်နပ္လို႔ ဆႏၵျပၾကတာလည္း မနည္းပါ၊
၂၀၁၈ တႏွစ္တည္းမွာ ၂ႀကိမ္ ပိုင္းေလာ့နဲ႔ တျခားဝန္ထမ္းေတြဆႏၵျပလို႔ ေလယာဥ္ခရီးစဥ္ေပါင္း ရာေက်ာ္ ဖ်က္သိမ္းခဲ့ရၿပီး ခရီးသည္ေတြကို ေလွ်ာ္ေၾကးမေပးလို႔ တရားတေဘာင္းလည္းျဖစ္ခဲ့ပါေသးတယ္။



မိမိကိုယ္တိုင္ အမဲစက္ေတြနဲ႔ ျပည့္ေနတာကိုမျမင္ပဲ သူတပါးအမွားကို လွမ္းၿပီးသိကၡာခ်မိကာမွ ကိုယ္ရွဴးကိုယ့္ပတ္တဲ့ တြီတာထဲက Ryanair အေၾကာင္းဖတ္ၿပီး ျမန္မာ့ေဖ့ဘုတ္ထဲက နာမည္ႀကီးတခ်ိဳကိုလည္းသြားၿပီး သတိရမိပါရဲ႕ 😉။ ဖိုးသုည
၂၇-၃-၂၀၁၉ 
(ေတာ္လွန္ေရးေန႔)



သူတပါးကို လက်တချောင်းထိုးလျင် ကျန်လေးချောင်း ကိုယ်ဖက်ပြန်ထိုးလိမ့်မယ်လို့ လူကြီးတွေက ပြောလေ့ရှိပါတယ်။
Ryanair ဆိုတာ အိုင်ယာလန်နိုင်ငံက သက်တမ်း ၃၄ နှစ်ရှိ ဘတ်ဂျက်လေကြောင်းလိုင်းကြီးတခုပါ။ လေယာဉ်ပေါင်း ၄၃၉ စီးနဲ့ ဥရောပ ၃၅ နိုင်ငံက လေဆိပ် ၂၂၅ ခုအကြား ပျံသန်းပေးနေတာပါ။
25 August 1919 နေ့မှာAircraft Transport and Travel Limited (AT&T) ဆိုပြီးစတင်ခဲ့တဲ့ ယူကေရဲ့ အလံတင် လေကြောင်းလိုင်း British Airways (BA) ကတော့ ကမ္ဘာ့တိုက်ကြီးအားလုံးကို ပျံသန်းပေးနေတဲ့ ဝန်ဆောင်မှူအပြည့်ပေးတဲ့ လေကြောင်းလိုင်းကြီးပါ။ တချိန်ကBOAC ဆိုတဲ့နာမည်နဲ့လုပ်နေစဉ် မြန်မာနိုင်ငံကိုလည်း ပျံသန်းခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကတော့ BA ရဲ့ခရီးစဉ်အမှတ် BA3271ကိုပြေးဆွဲပေးတဲ့ ဂျာမဏီရဲ့ အငှားလေကြောင်း WDL ပိုင်လေယာဉ်တစီး လန်ဒန်ကနေ ဂျာမဏီရဲ့ ဒူဆယ်ဒေါ့ဖိကိုပျံသန်းရာမှာ ခရီးစဉ်လမ်းကြောင်းညွှန်ကြားမှု flight plan မှားယွင်းပြီး ယူကေနိုင်ငံမြောက်ပိုင်းက အီဒင်ဘာရာမြို့ကိုရောက်သွားပါတယ်။ အလွန်ဖြစ်ခဲတဲ့ အဲဒီလိုမှားယွင်းမှု ဘယ်ကဘယ်လိုဖြစ်တယ်ဆိုတာ စုံစမ်းဆဲပါ။
အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဘတ်ဂျက်လေကြောင်း Ryanairရဲ့ တရားဝင် Twitter အကောင့်ကနေ အိမ်နီးချင်း အကိုကြီး BA ကို လှမ်းကလိပါတယ်။
Ryanair က BA ကို Geography for Dummies ပထဝီစာအုပ်လက်ဆောင်ပေးဖို့ရှိပါတယ်လို့ နောက်သလိုလိုနဲ့ တွယ်လိုက်ပါတယ်။ လေယာဉ်ကွင်းမှားပျံသွားတာကို ရည်ညွှန်းပြီး သိက္ခာချလိုက်တာပါ။
သူတိုကိုယ်သူတို့ ကြီးမြတ်တဲ့ လူမျိုးလို့ ဆိုတဲ့ အင်္ဂလိပ်ကြီး BA ကတော့ "ဘယ်သူမှအမှားမကင်းတတ်ပါဘူး" လို့ပဲ ယဉ်ယဉ်ကျေးကျေး တုန့်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ဆိုရှယ်မီဒီယာဆိုတာ ဒီလောက်နဲ့ ပြီးလို့မရပါ။
တခြားတ်ွီတာသုံးသူတွေက Ryanair ကို ပယ်ပယ်နယ်နယ် တုန့်ပြန်ကြပါတော့တယ်။
အဲလိုတုန့်ပြန်ကြရာမှာ Ryanair အတွက်လက်ဆောင် ""မိမိတို့ ဖေါက်သည်များကိုဝန်ဆောင်မှု"  တို့
" ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာဥပဒေ" တွေရှိပါတယ်ဆိုတာတွေပါသလို
ဇန္နဝါရီ ၄ ရက်နေ့က လန်ဒန်ကနေဂရိနိုင်ငံ Thessalonikiကိုပျံတဲ့ Ryanair ခရီးစဉ် အမှတ် FR8582 ဟာ မြုဆိုင်းလို့ ဆင်းမရလို့ဆိုပြီး အနီးအနားက ဆင်းလို့ရတဲ့ လေဆိပ်တွေကို ကျော်ပြီး မြောက်ဘက် မိုင်၅၀၀ အကွာ ရိုမေးနီးယားနိုင်ငံ Timisoara လေဆိပ်မှာဆင်းခဲ့ပြီး ခရီးသည်တွေကို ဘတ်စ်ကားအိုတွေနဲ့ ၁၈ နာရီခရီးကနေ သူတို့သွားရမဲ့ Thessaloniki မြို့ကိုပို့ပေးခဲ့တဲ့ အကြောင်း သည်ဖြင့်ဝိုင်းတိုက်ခိုက်တာခံလိုက်ရပါတယ်၊
Ryanair ဆိုတာလည်းနှယ်နှယ်ရရ မဟုတ်ပါ။
ခရီးသည်တွေ မကျေနပ်လို့ မကြာမကြာ ပြသနာလုပ်ခံရသလို ဝန်ထမ်းတွေ မကျေနပ်လို့ ဆန္ဒပြကြတာလည်း မနည်းပါ၊
၂၀၁၈ တနှစ်တည်းမှာ ၂ကြိမ် ပိုင်းလော့နဲ့ တခြားဝန်ထမ်းတွေဆန္ဒပြလို့ လေယာဉ်ခရီးစဉ်ပေါင်း ရာကျော် ဖျက်သိမ်းခဲ့ရပြီး ခရီးသည်တွေကို လျှော်ကြေးမပေးလို့ တရားတဘောင်းလည်းဖြစ်ခဲ့ပါသေးတယ်။
ယူကေက ခရီးသည်တွေကိုကောက်ယူတဲ့ စစ်တမ်းမှာ အညံ့ဆုံးလေကြာင်းလိုင်း အဖြစ် ၆ နှစ်ဆက်တိုက် သရဖူဆောင်းထားတဲ့ လေကြောင်းလိုင်းပါ။
မိမိကိုယ်တိုင် အမဲစက်တွေနဲ့ ပြည့်နေတာကိုမမြင်ပဲ သူတပါးအမှားကို လှမ်းပြီးသိက္ခာချမိကာမှ ကိုယ်ရှူးကိုယ့်ပတ်တဲ့ တွီတာထဲက Ryanair အကြောင်းဖတ်ပြီး မြန်မာ့ဖေ့ဘုတ်ထဲက နာမည်ကြီးတချိုကိုလည်းသွားပြီး သတိရမိပါရဲ့  😉။ ဖိုးသုည
၂၇-၃-၂၀၁၉
(တော်လှန်ရေးနေ့)

နာမည္ ပ်က္ၿပီးရင္းပ်က္ေနတဲ့ ဘိုးအင္းရဲ႕ ေနာက္ဆုံးေပၚ Boeing 737 max (နာမည် ပျက်ပြီးရင်းပျက်နေတဲ့ ဘိုးအင်းရဲ့ နောက်ဆုံးပေါ် Boeing 737 max )


ဒီႏွစ္ မတ္လ ကေတာ့ ဘိုးအင္းရဲ႕ လငပုပ္ဖမ္းတဲ့လပါ။ (Zawgyi) 


၂၀၁၉ မတ္လ ၁၀ ရက္မွာ အီသီယိုးပီးယားေလေၾကာင္းက ေလယာဥ္ပ်က္ က်ၿပီးေနာက္သုံးရက္အၾကာမတ္လ ၁၃ ကစလို႔ ဘိုးအင္းရဲ႕ ေနာက္ဆုံးေပၚ Boeing 737 max အားလုံးေျမျပင္မွာ ေခတၱနားေနဖို႔ ကမာၻအႏွံ႔က ေလေၾကာင္းအာဏာပိုင္ေတြက ၫႊန္ၾကားထားခဲ့ပါတယ္။

ေလေၾကာင္းလိုင္းေတြလဲ ခရီး စဥ္ေတြ ဖ်က္သိမ္းရ ခရီးသည္ေတြ လက္မွတ္ေျပာင္းရနဲ႔ အေတာ္ ဒုကၡမ်ားသြားပါတယ္။

လက္ရွိမွာ Boeing 737 max အမ်ားဆုံး (၃၄စီး) ပိုင္ဆိုင္ထားတဲ့ အေမရိကားက Southwest ေလေၾကာင္းကေတာ့ အထိ အနာဆုံးပါ။


အဲဒီေလယာဥ္ေတြအတြက္ ဘိုးအင္းက ေဆာ့ဖ္ဝဲ့ အပ္ဒီပ္ကို ဖန္တီးေနၿပီး အဲဒီီေလယာဥ္ေတြဟာ  အနည္းဆုံး ဒီႏွစ္ ေမလ အထိေတာ့ ပ်ံသန္းခြင့္ရဦးမွာ မဟုတ္ပါ။ ‌

ေလေၾကာင္းလိုင္းေတြရဲ႕ ေနာက္ ျပသနာကေတာ့ ေလယာဥ္ေတြကို ေခတၱရပ္နားထားဖို႔ေနရာ ျဖစ္ပါတယ္။

တစီး ၂စီး’ရွိတဲ့လိုင္းေတြက မေထာင္းတာေပနဲ႔ ၃၄ စီးရွိတဲ့ southwest ေလေၾကာင္းက

ႏိုင္ငံအႏွံ႔မွာ ျပန႔္ႀကဲေနတဲ့ Boeing 737 max ေလယာဥ္ေတြ လနဲ႔ ခ်ီရပ္နားဖို႔ စီစဥ္ရပါတယ္။

အတက္အဆင္း အလြန္မ်ားတဲ့ အေမရိကားကေလဆိပ္ေတြမွာ အၾကားႀကီ ရပ္နားထားဖို႔ စားရိတ္ႀကီးတာေၾကာင့္ ေဈးေပါေပါနဲ႔ ေခတၱ ရပ္နားလို႔ရတဲ့ ေနရာေတြကို ေ႐ႊ႕ၾကရပါတယ္။ ( သူတိုလဲ ပါကင္ခေပးရတယ္ေပါ့ဗ်ာ။ )

Southwest ေလေၾကာင္းက ကယ္လီဖိုးနီးယားေတာင္ပိုင္းက Victorville မ်ာရွိတဲ့ Southern California Logistics Airport  ဆိုတဲ့ ေလယာဥ္ေဟာင္းေတြ နားခိုရာေနရာရွိတဲ့ ေလဆိပ္မွာသူ႔ရဲ႕ ေျမနား Boeing 737 max ကို ေခတၱထားပါတယ္။
Southern California Logistics Airport  ေရာက္ southwest ေလေၾကာင္းပိုင္ ေခတၱေျမခငွက္ႀကီးမ်ား

ဒီလိုနဲ႔ မေန႔က မတ္လ ၂၆ ရက္မွာ Southwest ေလေၾကာင္းက အေမရိကေတာင္ပိုင္း ေအာ္လန္ဒိုေလဆိပ္မွာ ရပ္ထားတဲ့ Boeing 737 max တစီးကို သူ႔ ညီအကိုေတာ္ေတြနဲ႔ အတူနားေနဖို႔ ကယ္လီဖိုးနီးယားေတာင္ပိုင္းက Southern California Logistics Airport  ေလဆိပ္ကိုေ႐ႊ႕ဖို႔ လုပ္ပါတယ္ ။ 

အဲဒီေလယာဥ္ဟာ ခရီးစဥ္အမွတ္  SWA8701 အျဖစ္ ပ်ံတက္ၿပီးမိနစ္ပိုင္းအတြင္း အင္ဂ်င္ျပသနာျဖစ္လို႔ ခြင့္ေတာင္းၿပီး ကြင္းကို ျပန္လွည့္ကာ အေရးေပၚဆင္းတဲ့ရပါတယ္။

ခရီးသည္မပါတဲ့ ေလယာဥ္ျဖစ္ၿပီး ေခ်ာေခ်ာေမာေမာ ဆင္းသက္ႏိုင္ခဲ့တယ္ဆိုပါတယ္။ အရင္က ပ်က္က်တဲ့ Boeing 737 max ႏွစ္စီး ႀကဳံရတဲ့ ျပသနာနဲ႔ေတာ့ တူပုံမရပါဘူး။

ဘာပဲ ျဖစ္ျဖစ္ ေလယာဥ္ပ်က္က်ေစတဲ့ အဓိက အေၾကာင္းရင္းကို ေသေသခ်ာခ်ာ မသိရမခ်င္း။ တခါ အဲ ဒီခ်ိဳ႕ယြင္းခ်က္ကို ျပင္ဆင္ၿပီး ေသခ်ာ ထပ္မံ စမ္းသပ္မၿပီး မခ်င္းေတာ့ Boeing 737 max ေတြ ေျမမွာနားေနရဦးမွာ ျဖစ္လို႔ လက္ဝယ္ရွိထားတဲ့ ေလေၾကာင္းလိုင္းေတြလည္း ေန႔စဥ္နဲ႔ အမွ် ေဒၚလာေတြ ေသာင္းနဲ႔ သိန္းနဲ႔ ခ်ီၿပီး ဆုံးးရႈံးေနဦးမွာပါ.။



ဖိုးသုည


27-3-2019

ဒီနှစ် မတ်လ ကတော့ ဘိုးအင်းရဲ့ လငပုပ်ဖမ်းတဲ့လပါ။ (Unicode) 
ခရီးသည်မပါတဲ့ ဘိုးအင်းရဲ့ နောက်ဆုံးပေါ် Boeing 737 max တစီးအရေးပေါ်ဆင်းရပြန်ပါပြီ။

၂၀၁၉ မတ်လ ၁၀ ရက်မှာ အီသီယိုးပီးယားလေကြောင်းက လေယာဉ်ပျက် ကျပြီးနောက်သုံးရက်အကြာမတ်လ ၁၃ ကစလို့ ဘိုးအင်းရဲ့ နောက်ဆုံးပေါ် Boeing 737 max အားလုံးမြေပြင်မှာ ခေတ္တနားနေဖို့ကမ္ဘာအနှံ့က လေကြောင်းအာဏာပိုင်တွေက ညွှန်ကြားထားခဲ့ပါတယ်။
လေကြောင်းလိုင်းတွေလဲ ခရီး စဉ်တွေ ဖျက်သိမ်းရ ခရီးသည်တွေ လက်မှတ်ပြောင်းရနဲ့ အတော် ဒုက္ခများသွားပါတယ်။
လက်ရှိမှာ Boeing 737 max အများဆုံး (၃၄စီး) ပိုင်ဆိုင်ထားတဲ့ အမေရိကားက Southwest လေကြောင်းကတော့ အထိ အနာဆုံးပါ။

အဲဒီလေယာဉ်တွေအတွက် ဘိုးအင်းက ဆော့ဖ်ဝဲ့ အပ်ဒီပ်ကို ဖန်တီးနေပြီး အဲဒီီလေယာဉ်တွေဟာ  အနည်းဆုံး ဒီနှစ် မေလ အထိတော့ ပျံသန်းခွင့်ရဦးမှာ မဟုတ်ပါ။ ‌

လေကြောင်းလိုင်းတွေရဲ့ နောက် ပြသနာကတော့ လေယာဉ်တွေကို ခေတ္တရပ်နားထားဖို့နေရာ ဖြစ်ပါတယ်။
တစီး ၂စီး’ရှိတဲ့လိုင်းတွေက မထောင်းတာပေနဲ့ ၃၄ စီးရှိတဲ့ southwest လေကြောင်းက
နိုင်ငံအနှံ့မှာ ပြန့်ကြဲနေတဲ့ Boeing 737 max လေယာဉ်တွေ လနဲ့ ချီရပ်နားဖို့ စီစဉ်ရပါတယ်။

အတက်အဆင်း အလွန်များတဲ့ အမေရိကားကလေဆိပ်တွေမှာ အကြားကြီ ရပ်နားထားဖို့ စားရိတ်ကြီးတာကြောင့် ဈေးပေါပေါနဲ့ ခေတ္တ ရပ်နားလို့ရတဲ့ နေရာတွေကို ရွှေ့ကြရပါတယ်။ ( သူတိုလဲ ပါကင်ခပေးရတယ်ပေါ့ဗျာ။ )
Southwest လေကြောင်းက ကယ်လီဖိုးနီးယားတောင်ပိုင်းက Victorville မျာရှိတဲ့ Southern California Logistics Airport  ဆိုတဲ့ လေယာဉ်ဟောင်းတွေ နားခိုရာနေရာရှိတဲ့ လေဆိပ်မှာသူ့ရဲ့ မြေနား Boeing 737 max ကို ခေတ္တထားပါတယ်။  


ဒီလိုနဲ့ မနေ့က မတ်လ ၂၆ ရက်မှာ Southwest လေကြောင်းက အမေရိကတောင်ပိုင်း အော်လန်ဒိုလေဆိပ်မှာ ရပ်ထားတဲ့ Boeing 737 max တစီးကို သူ့ ညီအကိုတော်တွေနဲ့ အတူနားနေဖို့ ကယ်လီဖိုးနီးယားတောင်ပိုင်းက Southern California Logistics Airport  လေဆိပ်ကိုရွှေ့ဖို့ လုပ်ပါတယ် ။ 
အဲဒီလေယာဉ်ဟာ ခရီးစဉ်အမှတ်  SWA8701 အဖြစ် ပျံတက်ပြီးမိနစ်ပိုင်းအတွင်း အင်ဂျင်ပြသနာဖြစ်လို့ ခွင့်တောင်းပြီး ကွင်းကို ပြန်လှည့်ကာ အရေးပေါ်ဆင်းတဲ့ရပါတယ်။

ခရီးသည်မပါတဲ့ လေယာဉ်ဖြစ်ပြီး ချောချောမောမော ဆင်းသက်နိုင်ခဲ့တယ်ဆိုပါတယ်။ အရင်က ပျက်ကျတဲ့ 
Boeing 737 max နှစ်စီး ကြုံရတဲ့ ပြသနာနဲ့တော့ တူပုံမရပါဘူး။
ဘာပဲ ဖြစ်ဖြစ် လေယာဉ်ပျက်ကျစေတဲ့ အဓိက အကြောင်းရင်းကို သေသေချာချာ မသိရမချင်း။ တခါ အဲ ဒီချို့ယွင်းချက်ကို ပြင်ဆင်ပြီး သေချာ ထပ်မံ စမ်းသပ်မပြီး မချင်းတော့ Boeing 737 max တွေ မြေမှာနားနေရဦးမှာ ဖြစ်လို့ လက်ဝယ်ရှိထားတဲ့ လေကြောင်းလိုင်းတွေလည်း နေ့စဉ်နဲ့ အမျှ ဒေါ်လာတွေ သောင်းနဲ့ သိန်းနဲ့ ချီပြီး ဆုံးးရှုံးနေဦးမှာပါ.။

ဖိုးသုည
27-3-2019


Wednesday, March 13, 2019

အင္တာနက္ေပၚက အမ်ားစိတ္ဝင္စားေနတဲ့ သတင္းတခုကို ဆန္းစစ္ျခင္း (zawgyi font)

အင္တာနက္ေပၚက အမ်ားစိတ္ဝင္စားေနတဲ့ သတင္းတခုကို ဆန္းစစ္ျခင္း


သတင္း ဘယ္ေလာက္မွန္တယ္ဆိုတာကို သိခ်င္လို႔  ဆန္းစစ္ၾကည့္တဲ့ ေလ့က်င့္ခန္းကေလးတခု လုပ္ခဲ့ပါတယ္။



အဓိ ဆန္းစစ္ဖို႔ က႑ ၅ေနရာကိုေ႐ြးပါတယ္။



၁. သတင္းအျပည့္အစုံ

၂. သတင္းကို ေရးတဲ့ သတင္းစာ သတင္းဌာမ်ားကို ယုံၾကည္ႏိုင္မႈ။

၃. သတင္းပါအခ်က္အလက္မ်ားကိုဆန္းစစ္ျခင္း၊

၄. သတင္းျမစ္ဖ်ားခံရာ အရင္း အျမစ္ ကို ဆန္းစစ္ျခင္း၊

၅. သီးျခားအတည္ျပဳႏိုင္ျခင္းရွိမရွိ ကို ဆန္းစစ္ျခင္း၊



၁. သတင္း

ၿပီးခဲတဲ့ သီတင္းပတ္ကုန္ ( မတ္လ ၉ ရက္ နဲ႔ ၁၀ ရက္) မွာ ေဆာ္ဒီႏိုင္ငံ ဂ်က္ဒါၿမိဳ႕ကေန မေလးရွားႏိုင္ငံ ကြာလာလမ္ပြာကို ပ်ံတဲ့  ေဆာ္ဒီယားေလေၾကာင္း ခရီးစဥ္အမွတ္ SV832 ဟာ ေလဆိပ္က ထြက္လာၿပီးမွ ေလယာဥ္ပါခရီးသည္တဦးက သူမရဲ႕ကေလးေလဆိပ္ ထဲမွာက်န္ခဲ့တာ သတိရၿပီး အကူအညီေတာင္းလို႔ ေလဆိပ္ကို ျပန္လွည့္ခဲ့ရပါတယ္။

ဒီသတင္းကို နယူးစ္ဝိခ္၊ ေဖါက္စ္ န႐ုူး။ တယ္လီဂရပ္ဖ္။ န႐ူးေယာက္ တိုင္မ္း။ စထရိတ္တိုင္းမ္း စတဲ့ နာမည္ႀကီးသတင္းစာေတြ အပါဝင္ အင္တာနက္ သတင္းမ်ားမွာ ပလူပ်ံသြားခဲ့ပါတယ္ ။

ေလယာဥ္က ေလထဲေရာက္မွ ျပန္လွည္တာလား ေျပးလမ္းကိုသြားေနတုန္း ျပန္လွည့္တာလားဆိုတာေတာ့ မေသခ်ာဘူးလို႔ တခ်ိဳ႕သတင္းမွာ ျဖည့္ထားသလို ေနာက္ဆက္တြဲ ဘာျဖစ္တယ္ဆိုတာေတာ့ မသိပါလို႔ ဆိုတာေလးေတြလည္းရွိပါတယ္။

https://www.newsweek.com/mother-baby-airport-plane-turn-around-terminal-jeddah-saudia-saudi-arabia-1358072

https://www.telegraph.co.uk/news/2019/03/12/flight-malaysia-forced-turn-around-mother-leaves-baby-airport/

https://simpleflying.com/saudia-flight-makes-a-u-turn-after-passenger-forgets-baby-in-airport/

https://www.independent.co.uk/travel/news-and-advice/saudia-flight-baby-airport-terminal-jeddah-kuala-lumpur-a8817966.html

https://www.foxnews.com/travel/flight-returns-saudi-arabia-airport-mom-left-baby-waiting-area

https://economictimes.indiatimes.com/magazines/panache/leaving-on-a-jet-plane-mother-forgets-baby-at-jeddah-airport-makes-flight-take-a-u-turn-after-take-off/articleshow/68370611.cms








၂. သတင္းကို ေရးတဲ့ သတင္းစာ သတင္းဌာမ်ားကို ယုံၾကည္ႏိုင္မႈ။

- ေရးသားေသာသတင္းစာနဲ႔ သတင္းဌာနမ်ား ကိုၾကည့္ရင္ ႏိုင္ငံတကာက နာမည္ႀကီး သတင္းစာေတြပါသလို ေတြ႕သမွ်သတင္းကိုတင္ေနတဲ့ အေပါစားသတင္းေပ့ခ္်ေတြလည္းမ်ားပါတယ္။

ဘီဘီစီ၊ စီအန္အန္တို႔လိုသတင္းေတြမွာေတာ့ မပါပါ။

ဒါကလည္း သတင္းေသးေသးေတြကို သူတို႔မထည့္တာလို႔ ယူဆလို႔ရပါတယ္။



၃. သတင္းပါအခ်က္အလက္မ်ားကိုဆန္းစစ္ျခင္း၊

(က) - အေမက ကေလးကို ေလဆိပ္ထဲမွာေမ့ထားခဲ့ၿပီး ေလယာဥ္ေပၚကို တက္သြားတယ္။ ေလယာဥ္ ထြက္မွ သတိရတယ္။ ျဖစ္ႏိုင္ေျခကိုေရးရင္ အေတာ္ရွည္ပါတယ္။ အက်ယ္ကို ေအာက္မွာေရးထားပါတယ္။

ဒါေပမဲ့ ေလာကမွာမျဖစ္ႏိုင္ဘူးဆိုတာရယ္လို႔  " ေမြးၿပီးရင္ မေသဘူးဆိုတာတခုပဲ ရာႏႈန္းျပည့္မျဖစ္ႏိုင္" တာပါ။

အေမကကေလးကို ေလဆိပ္ထဲမွာ ေမ့ခဲ့တယ္ဆိုတာ ( ျဖစ္ႏိုင္ပါတယ္)

ဒါေပမဲ့ ကေလး ေလယာဥ္ေပၚကို ပါမလာတာကို ေလဆိပ္နဲ႔ ေလယာဥ္ဝန္ထမ္းေတြ မသိဘူးဆိုတာ (မျဖစ္ႏိုင္သေလာက္) ပါပဲ။

ဘာေၾကာင့္လဲဆိုေတာ့ လုံၿခဳံေရးအရ ခ်က္အင္လုပ္ထားတဲ့ ခရီးသည္လူစုံ ေလယာဥ္ေပၚေရာက္ မေရာက္ စစ္ေဆးတဲ့ စနစ္ရွိလို႔ပါ။

အထူးသျဖင့္  ပစၥည္းတင္ေပးၿပီး လူကေလယာဥ္ေပၚမတက္ဘဲ ခ်န္ေနခဲ့တဲ့သူမ်ားရွိမွာစိုးလို႔ပါ။

ေနာက္တခုကေတာ့ " ေလယာဥ္ေပၚက ဝန္ထမ္းေတြမွာ ခရီးသည္စာရင္းရွိပါတယ္။ ေလယာဥ္မထြက္ခင္ လူအေရတြက္စစ္ပါတယ္။ စာရင္းနဲ႔ကိုက္မွထြက္တာပါ။

ပိုထူးျခားတာက သူတို႔ေလယာဥ္မွာပါတဲ့ ကေလးစာရင္း အတိအက်စစ္ပါတယ္၊ ကေလးအတြက္ ခါးပတ္၊ ပုခက္၊ ကေလးစာတို႔ကို ႀကိဳတင္ျပင္ဆင္ထားတာပါ၊ ဒါေကာင့္ခရီးသည္ေတြ တက္ၿပီးတာနဲ႔ ကေလးပါတဲ့ ခရီးသည္ေတြဆီ ေလယာဥ္မယ္ ေလယာဥ္ေမာင္ေတြ စာ႐ြက္ကေလးနဲ႔ လာၿပီး ခါးပတ္ဘယ္လို ပတ္၊ ပုခက္ကို ဘယ္ေတာ့ လာတပ္ေပးမယ္၊ ကေလးဘာအစားအစာ စားမယ္ဆိုတာကို ကေလးအတြက္ အ႐ုပ္လက္ေဆာင္လာေပးရင္း ေျပာပါတယ္။ အဲဒီေတာ့ ေလာယာဥ္ေပၚပါဝန္ထမ္းေတြ ကေလးတေယာက္မေတြ႕ရင္ ေလယာဥ္မထြက္မီကတည္းကသိမွာပါ။



(ခ)  သူမက အကူညီေတာင္းလို႔ပိုင္းေလာက ေလဆိပ္ကို ဆက္သြယ္ၿပီး ျပန္လွည့္ခြင့္ေတာင္းတယ္။ (ျဖစ္ႏိုင္ပါတယ္)

ထိန္းခ်ဳပ္ေမွ်ာ္စင္က ေလယာဥ္ကို ဂိတ္ကိုျပန္လာပါလို႔ ေျပာတယ္။

ေလယာဥ္တစီး ဂိတ္ကခြာၿပီးလို႔ ျပန္လွည့္ခ်င္ရင္ ခိုင္လုံေသာ အေၾကာင္းျပခ်က္လိုပါတယ္။ တခါက ကိုးရီးယားလိုင္း ပိုင္ရွင္သမီးျပသနာလုပ္လို႔ ဂိတ္ကိုျပန္လွည့္ေတာ့ေလေၾကာင္းလိုင္းနဲ႔ ေလဆိပ္ ျပသနာေတြ တက္ပါတယ္လိုင္းက ဒါဏ္ေဆာင္ရပါတယ္။

ဒီကိစၥမွာေတာ့ ျပန္လွည့္တယ္ဆိုတာလက္ခံလို႔ရပါတယ္။ ဒါေပမဲ့ ထိန္းခ်ဳပ္ေမွ်ာ္စင္ ATCကေန အိုေက " ဂိတ္ကိုျပန္လာခဲ့" လို႔ ေျပာလို႔မရပါ။ ပ်ံမတက္ရေသးလို႔ ေျပးလမ္းကိုသြားေနတုန္း (Taxi လုပ္တုန္း) ျပန္လွည့္ရင္လည္း ပိုင္းေလာ့က ရန္ကုန္ကကားေတြ ကိုယ္လွည့္ခ်င္တဲ့ေနရာက ဂငယ္ေကြ႕ေကြ႕သလို လွည့္လို႔မရပါ။ တာဝါက ပိုင္းေလ့ာကို ေလယာဥ္ သြားေနတဲ့ ေနရာကေန ဘယ္ထြက္ေပါက္ အမွတ္ကထြက္ ဘယ္အမွတ္ကိုဝင္ စသည္ျဖင့္ အတိအက် ၫႊန္ၾကားေပးရပါတယ္။ ေလထဲေရာက္မွ ျပန္လွည့္လ်င္လည္း အတူတူပါပဲ။ ေမွ်ာ္စင္ကေန လက္ရွိကြင္းကို ဆင္းမည့္ေလယာဥ္ေတြ တန္းစီေနတဲ့ ၾကား ဘယ္ေလာက္ကေန ထည့္လို႔ရမလည္း ၾကည့္ၿပီး ေလယာဥ္ကို ဘယ္ေနရာကေနပတ္ၿပီးေစာင့္ အျမင့္ေပဘယ္ေလာက္ ဦးတည္ရာဘယ္အရပ္ကိုပ်ံ၊ ဘယ္ေလာက္ကို ႏွိမ့္ဆင္း ဆင္းၿပီးရင္ Taxi way နံပတ္ဘယ္ေလာက္ကေန ဘယ္ကိုဝင္ ဘယ္ဂိတ္ကိုသြား စသည္ျဖင့္ အေသးစိပ္ၫႊန္ၾကားရတာပါ၊ လမ္းေပၚကကားေတြလို လမ္းက်ယ္တဲ့ေနရာကေန ကားရွင္းရင္ ျပန္လွည့္ခဲ့ လို႔ လုပ္လို႔မရပါ။

ပိုင္းေလ့ာေတြဟာ ေလထဲ ကြင္းထဲမွာ ေလယာဥ္ကို ဘယ္လိုေ႐ြ႕လ်ားရမယ္ဆိုတာကို ATC ေမ်ာ္စင္က အဆင့္ဆင့္ အေသးစိပ္ ၫႊန္ၾကားၿပီး ထိန္းခ်ဳပ္ထားတာပါ။



(ဂ) သတင္းျမစ္ဖ်ားခံရာ ယူတ်ဳဘ္ ဗြီဒီယို

သတင္းအားလုံးျမစ္ဖ်ားခံရာ ယူတ်ဴဘ္ဗြီဒီယိုမွာ စားပြဲႏွစ္လုံးအဆက္မွာတင္ထားတဲ့ ေရဒီယို၊ အခန္းဖြဲ႕ထားပုံ ဆက္သြယ္ေရးေရဒီယိုဌာနေတြလို ပါတီးရွင္း အရွင္ကေလးေတြနဲ႔၊ ပိုင္ေလာ့ေျပာတဲ့ အသံကို အျပင္ကၾကား တာဝက ထ်န္းခ်ဳပ္သူဆိုသူျပန္ေျပာတာၾကားရ။

ဗြီဒီယိုထဲ့ က အခန္းပုံနဲ႔ ေရဒီယိုဟာ ဂ်က္ဒါက အသစ္ေဆာက္ၿပီးသြားတဲ့ ေလဆိပ္ႀကီဴမ်ိဳးရဲ႕ ATC ေမွ်ာ္စင္ ထိန္းခ်ဳပ္ခန္းနဲ႔ ေရဒီယိုမဟုတ္ပါ။ ATC ထိန္းခ်ဳပ္ခန္း ဆိုတာ မွန္ေတြပတ္လည္ကာထားပီး ေလဆိပ္တခုလုံးကို အေပၚစီးကျမင္ရေအာင္ ၾကည့္ရင္း ထ်န္းခ်ဳပ္သူေတြ သူတို႔ေရွ႕က ေရဒါမွန္ျပင္ကို ၾကည့္၊ စားပြဲေပၚက ေလယာဥ္ေ႐ြ႕လ်ားမႈျပ အမွန္အသားေတြ ကို စီရင္းေျပာင္းရင္းေခါင္းေဆာင္းနားၾကပ္ကေန ေျပာတာပါ။ ေၾကးနန္း႐ုံးက ေရဒီယိုမ်ိဳးမသုံးပါ။


ေျပာဆိုေသာစကားမ်ား။

ေလယာဥ္ကြင္းမွာ ေလယာဥ္ အမ်ားႀကီးက ေရဒီယိုဖြင့္ထားၿပီး ဖရီကြင္စီ တခုထဲမွာ ေျပာရလို႔ ေျပာသူက ကိုယ္ဘယ္သူလို႔ ေျပာရသလို ဘယ္သိုကို ေျပာတယ္ဆိုတာလည္း ထည့္ေျပာရပါတယ္။ ဒီဗြီဒီယိုထဲကေျပာဆိုတာေတြက လက္ေတြ႕မဆန္ပါ။

ကမာၻတလႊားက ေလဆိပ္အေတာ္မ်ားမ်ားရဲ႕ ထိန္းခ်ဳပ္တာဝါနဲ႔ ပိုင္းေလာ့ေတြေျပာဆိုေနၾကတာကို ဒီမွာနားေထာင္လို႔ရပါတယ္။
https://www.liveatc.net/


(ဃ) သတင္း၏ေနာက္ဆက္တြဲ

ဒီေလာက္စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းတပုဒ္ဟာ "ေလယာဥ္က ကြင္းထဲက ဂိတ္ကိုျပန္လွည့္သြဦးေလသည္ "  ဆိုတာႀကီးနဲ႔ ဆုံးတာ ဆံ့တငံ့ငံံ့ျဖစ္ေပဘူးလားဗ်ာ။

ျဖစ္သင့္တာာက

- ကေလးကို ေလဆိပ္ဝန္ထမ္းေတြက ေတြ႕လို႔ေစာင့္ေရွာက္ထားၿပီးေအေမ့လက္ထဲ ျပန္အပ္တာတို႔။

- အေမက ေလဆိပ္ထဲ ေဒါင္းေတာက္ေအာင္ရွာ တျခားခရီးသည္ေတြနဲ႔ ဝန္ထမ္းေတြကဝိုင္းကူ၊ ေနာက္ဆုံး အိမ္သာခန္းေခ်ာင္ကေလးမွာ ကေလးက လက္တြန္းလွည္းကေလးထဲကေန ဝူးဝူးဝါးဝါးေျပာတာၾကားမ် ရွိ ေတြ႕။

- ကေလးျပန္ေတြ႕ေတာ့ အေမက ေလေၾကာင္းလိုင္းနဲ႔ ဝန္ထမ္းေတြကို ေက်းဇူးတင္  ကေလးနဲ႔ အေမပါတြဲၿပီး အမွတ္တရ ဓါတ္ဖမ္းၾက။

- ေလယာဥ္ေပၚပါခရီးသည္ ၂၀၀ ေက်ာ္ကလည္း  သူတို႔ ခရီးစဥ္ေနာက္က် ေပမဲ့ ကေလးနဲ႔ အေမအတြက္ ဝမ္းသာ, ဖုန္းေတြနဲ႔ ဂါတ္ဖမ္း ဆိုရွယ္ မီဒီယာ,ေတြမွာတင္ၾက။

သတင္းစာ သတင္းဌာနဆိုတာ လူအမ်ားစိတ္ဝင္စားတဲ့ သတင္းေတြကို ေရဆုံးေရဖ်ားလိုက္ၾကေလ့ရွိတာပါ။

အခုေတာ့ အေမက ဘယ္ႏိုင္ငံသား၊ ခန္႔မွန္း အ႐ြယ္၊ ဘယ္ကေနဘယ္ကိုသြားတဲ့ ခရီး၊ ကေလးက အသက္ဘယ္ေလာက္၊ သူခရီးဆက္ထြက္ျဖစ္သလား၊  ေနခဲ့သလား၊ ေလယာဥ္ ဘယ္ေလာက္ေနာက္က်သြားသလဲ၊ ဘာမွမပါတဲ့ တုံးတိတိသတင္း



(င) အေထာက္အထားမ်ား

သတင္းနဲ႔ တြဲတင္ထားတဲ့ ဓါတ္ပုံေတြကေတာ့ သတင္းပါ အျဖစ္အပ်က္က ပုံေတြတခုမွမဟုတ္ပဲ အဲဒီေလေၾကာင္းပိုင္ေလယာဥ္တစီးစီးရဲ႕ပုံ အမ်ိဳးအစားပင္ မတူၾက၊ အဲဒီေလဆိပ္ထဲကပုံတခုခု ၊ ေလဆိပ္တခုခုထဲက ကေလးတေယာက္ေယာက္ငိုေနတဲ့ပုံ စသည္ျဖင့္ ထင္ေယာင္ထင္မ်ားျဖစ္စရာ ပုံကေလးေတြကိုေတြ႕ရပါတယ္။ အဲဒီျဖစ္စဥ္ျဖစ္တဲ့ ေန႔ကပုံတင္ထားတာ တခုမွ် မရွိပါ။





၄. သတင္းျမစ္ဖ်ားခံရာ အရင္း အျမစ္ ကို ဆန္းစစ္ျခင္း၊ 

သတင္းအမ်ားစုက GulfNews မွာဒီလိူေရးတယ္ဆိုၿပီး ေဖၚျပၾကသလို GulfNews အပါဝင္ တခ်ိဳ႕ သတင္းေတြကေတာ့ ဆိုရွယ္ မီဒီယာေတြမွာေရးေနတဲ့ Youtube video ကို ကိုးကားၾကပါတယ္။

ဘယ္သူကမွ ဗြီဒီယိုထဲက ေျပာဆိုေနတာေတြကို ေသခ်ာဆန္းစစ္ေရးထားတာမေတြ႕ပါ။

အဲဒီဗြီဒီယိုက တကဲ့အျဖစ္မွန္ကို႐ိုက္ထားတာပါလို႔ ေျပာလို႔ မရပါဘူး။

အထက္မွာ ေရးထားသလို သံသယျဖစ္စရာေတြအမ်ားႀကီးပါ။

ခိုင္မာမႈမရွိတဲ့ တခုတည္းေသာ အရင္းအျမစ္ ျဖစ္ေနပါတယ္။





၅. သီးျခားအတည္ျပဳႏိုင္ျခင္းရွိမရွိ ကို ဆန္းစစ္ျခင္း၊

သီးျခားအတည္ျပဳႏိုင္တဲ့ နည္းလမ္းမ်ား

၁. သတင္းေထာက္က သက္ဆိုင္ရာေလေၾကာင္းလိုင္းကို တိုက္႐ိုက္ေမးျမန္းျခင္း

၂. သတင္းေထာက္က သက္ဆိုင္ရာေလယာဥ္ကြင္း အာဏာပိုင္ကိုေမးျမန္းုခင္း

၃. အဆိုပါေလယာဥ္ပါခရီးသည္မ်ားကို သတင္းေထာက္က ေမးျမန္းျခင္း

၄. အဆိုပါေလယာဥ္ပါခရီးသည္မ်ား သူတို႔အေတြ႕အႀကဳံကို ဆိုရွယ္မီဒီယာမ်ားတြင္ ရွဲထားတာကို ကိုးကားျခင္း။

ဒီေလာက္ ျဖစ္ေတာင့္ျဖစ္ခဲ အျဖစ္ကို ႀကဳံသူေတြဟာ ပါလာတဲ့ ဖုန္းေတြနဲ႔ ဓါတ္ပုံ ဗြီဒီယိုေတြ ႐ိုက္ၿပီး တင္ၾကမွာေသခ်ာပါတယ္။

( ၇၈၇ ေလယာဥ္က ခရီးသည္ ၂၀၀ ေက်ာ္ဆံ့ပါတယ္)

ဒီေလာက္ ျဖစ္ေတာင့္ျဖစ္ခဲ အျဖစ္ကို ႀကဳံသူတျခားခ၇ီဂသည္ေတြ တင္ထားတယ္ဆိုတဲ့ သတင္းေတြ ပုံေတြ အင္တာနက္နဲ႔ ဆိုရွယ္ မီဒီယာေတြမွာ ရွိၾကည့္ပါ။ တခုမွ မေတြ႕ရပါဘူး။



 အားလုံးကို ၿခဳံၾကည့္တဲ့ အခါမွာေတာ့
(၁)  သတင္းကို သတင္းစာႀကီးေတြရဲ႕ ဆိုက္မွာေဖၚေျပေပမဲ့ သူတို႔သတင္းေထာက္ကေရးတာမဟုတ္ဘဲ သူမ်ားသတင္းကို ျပန္ေရးျပတာျဖစ္ေနတယ္။

(၂) အခ်က္ အလက္ေတြက သံသယျဖစ္စရာ ျပည့္ေနတယ္။

(၃) သတင္းအရင္းအျမစ္အားလုံးက ဘာမဟုတ္တဲ့ ဗြီဒီယိုကေလးတခုကျမစ္ဖ်ားခံတယ္။

(၄) သီးျခားအတည္ျပဳႏိုင္တဲ့ အေျခအေနေတြအမ်ားႀကီးရွိပါလ်က္ အတည္မျပဳႏိုင္ဘူး။

အခ်ဳပ္ကေတာ့ သတင္းအတုသာျဖစ္ပါတယ္ ခင္ဗ်ား။





အေမက ကေလးကို ေလဆိပ္ထဲမွာေမ့ထားခဲ့ၿပီး ေလယာဥ္ေပၚကို တက္သြားတယ္ဆိုတာျဖစ္ႏိုင္လား

ကေလးအေမေမ့ခဲ့ႏိုင္တဲ့ ဥပမာေတြကေတာ့


- Dury free မွာ ေဈးဝယ္ၿပီး ေလာေလာ ေလာေလာထြက္လာလို႔ကေလးကိုတြန္းလွည္းနဲ႔ဆိုင္ထဲမွေမ့ခဲတာ။

- အိပ္ေနတဲ့ကေလးကို တြန္းလွည္းထဲထည့္အိပ္သာအဝင္ေဘးမွာထားၿပီး အိမ္သာဝင္၊ အထဲမွာဖုန္းပြတ္ရင္း facebook က စိတ္ဝင္စားစရာေတြ႕လို႔ ဖတ္ရင္းရွဲရင္း ျပန္ထြက္လာေတာ့ ကေလးကို ေမ့ၿပီး ေလယာဥ္ေပၚတက္တဲ့အထိဖုန္းဆက္ပြတ္ ေနေတာ့ အိမ္သာအဝမွာကေလး လွည္းနဲ႔ က်န္ခဲ့တာကိုေမ့။

- Boarding gate ထဲမွာ ထိုင္ေစာင့္ရင္း ကေလးတြန္းလွည္းကို လူေတြနဲ႔လြတ္တဲ့ ေခ်ာင္တေနရာကို ေ႐ႊ႕ထား၊ သူက ဖုန္းပြတ္၊ ေလယာဥ္ေပၚတက္ဖို႔ေခၚေတာ့ ဖုန္းထဒက စိတ္ဝင္စားစရာကျဖတ္မရလို႔ ကေလးကိုေမ့ခဲ့ၿပီး ထြက္လာ။



ေလေၾကာင္းလိုင္းမွတ္တမ္းမွာ

ကေလးက passport သတ္သတ္ရွိသည္ျဖစ္ေစ အေမရဲ႕  passportထဲ့မွာျဖည့္စြက္ထားၿပီး နံပတ္တခုထဲသုံးသည္ျဖစ္ေစ လက္မွတ္ကိုေတာ့ ကေလးအတြက္ တေစာင္ သတ္သတ္ဝယ္ရပါတယ္။

အ႐ြယ္မေရာက္ေသးတဲ့ ကေလးအတြက္လက္မွတ္ဝယ္လ်င္ လူႀကီးတေယာက္နဲ႔တြဲ ဝယ္ရတာျဖစ္လို႔ ေလေၾကာင္းလိုင္းရဲ႕ စာရင္းမွာ ကေလးနဲ႔ အေမကို တြဲထားၿပီး ဦးစားေပးထဲမွာ ထားပါတယ္။

ကေလးငယ္မ်ားအတြက္ ေရွ႕ဆုံတန္းနဲ႔ ပုခက္၊  အစာစားတဲ့ကေလးအ႐ြယ္အတြက္ ကေလးစာကို အ႐ြယ္အလိုက္စီစဥ္ေပးရတာျဖစ္လို႔ပါ။



check in

ျပည္ပခရီးစဥ္ျဖစ္လို႔ မျဖစ္မေန ေလဆိပ္ေကာင္တာမွာ check in လုပ္ရပါမယ္။ အကယ္၍ အဲဒီမွာ ကေလးပါမလာလ်င္ ေကာင္တာဝန္ထမ္းက ေသခ်ာေပါက္သိၿပီဂ ေမးမ်ာျဖစ္ပါတယ္။

Boarding pass  ကို ကေလးအတြက္ တေစာင္ထုတ္ေပးရမွာျဖစ္ၿပီး ကေလး passport နဲ႔  Boarding pass ၂ခုလုံး အေမရဲ႕ passport နဲ႔  Boarding pass တို႔ နဲ႔ အတူရွိ အေမထံမွာ။

ေလယာဥ္ေျပာင္းစီးသူျဖစ္လ်င္ေတာ့ ဒီအဆင့္ကို ထည့္တြက္လို႔မရေတာ့ပါ။



Boarding gate

Boarding gate မွာ passport နဲ႔  Boarding pass ကို စစ္ေဆးပါတယ္၊ စစ္ေဆးပုံ ကအမ်ိဳးမ်ိဳးရွိပါတယ္။

တခါတေလ Boarding gate အဝင္မွာကတည္း စစ္ထားၿပီး ေလယာဥ္ေပၚ အတက္မွာ Boarding pass  ကိုပဲ စစ္သလို၊  တခါတေလေတာ့ ေလယာဥ္ေပၚ အတက္မွ Boarding pass နဲ႔ passport  အတူ စစ္ပါတယ္။

ဘယ္လိုပဲစစ္စစ္ ေလယာဥ္ေပၚ အတက္မွာ လူတေယာက္ထဲနဲ႔  Boarding pass ၂ခုျပလို႔မရပါဘူး။ လူကုန္လ်င္ ျဖစ္သြားတဲ့ Boarding pass နဲ႔  ခရီးသည္စာရင္းတိုက္စစ္လို႔ လူက်န္ေနလ်င္ သိပါတယ္။

ေနာက္တခုကေတာ့ ဘယ္ေလဆိပ္မဆို  သက္ႀကီး႐ြယ္အိုနဲ႔ ကေလးငယ္ပါတဲ့ ခရီးသည္ေတြကို အရင္တက္ဖို႔ေခၚပါတယ္။

အဲဒါေၾကာင့္ ကေလးပါတဲ့ အေမကို သတိေပးသလို ျဖစ္ပါတယ္။ ထားပါ ဖုန္းပြတ္ေနလို႔  သတိမထားမိဘူးျဖစ္ျဖစ္။ အေရာက္ေနာက္က်လို႔ လူအမ်ားနဲ႔ ေရာ ဝင္ရတယ္ဆိုဆို ေမ့ႏိုင္ပါေသးတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ေလယာဥ္ေပၚ အတက္မွာ လူတေယာက္ထဲနဲ႔  Boarding pass ၂ခုျပလို႔မရပါဘူး။

လူကုန္လ်င္ ေလယာဥ္ေပၚတက္သြားတဲ့ Boarding pass နဲ႔  ခရီးသည္စာရင္းတိုက္စစ္လို႔ ၊ တက္ဖို႔ လူက်န္ေနလ်င္ သိပါတယ္။

ဒါေၾကာင့္ ကေလးမပါဘဲ အေမပဲေလယာဥ္ေပၚကိုတက္သြားလ်င္  ေလေၾကာင္းလိုင္းဝန္ထမ္းေတြ မသိစရာမရွိပါ။